စာကြည့်တိုက်မှ လွတ်မြောက်ခြင်း

5
Your Rating
စာကြည့်တိုက်မှ လွတ်မြောက်ခြင်း 5 (4)
30
Comments
69 Users bookmarked This

Escape From Library (စာကြည့်တိုက်မှလွတ်မြောက်ခြင်း)

Author(s) – Die Zhiling/蝶之灵

Status in COO – 314 Chapters(Volume 14) + 16 Extras(Completed)/

Translator – TK Novel Translation

 

Description –

 

တစ်နေ့၌ ညသန်းခေါင်အချိန်တွင် ယွဲ့ရှင်းဝမ်သည် အချက်အလက်အချို့ကို စစ်ဆေးရန် စာကြည့်တိုက်သို့သွားကာ တံခါးထဲသို့ ဝင်လိုက်သည်နှင့် သူ့နားထဲတွင် အေးစက်စက်စက်သံတစ်ခု မြည်လာသည် — ‘စာကြည့်တိုက်မှ လွတ်မြောက်ခြင်း’ လက်တွေ့ဘဝရှင်သန်ခြင်းဂိမ်းမှ ကြိုဆိုပါတယ်။

 

စာကြည့်တိုက်စည်းမျဉ်းများ-

 

1. ရှင်းလင်းချက်တစ်ခုစီအတွက် အမှတ်များရယူနိုင်ပြီး အမှတ်များကို လေ့လာခြင်းဆိုင်ရာ စွမ်းရည်စာအုပ်များ သို့မဟုတ် အသုံးအဆောင်ပစ္စည်းများအတွက် လဲလှယ်နိုင်သည်။

 

2. ဌာနတစ်ခုစီတွင် မတူညီသောဘာသာရပ်သင်တန်းတစ်ခုရှိသည်။

 

3. သင်တန်းမအောင်မြင်ပါက သင် ချေမှုန်းခံရလိမ့်မည်။

 

စာကြည့်တိုက်မှာ အကျပ်အတည်းတွေနဲ့ ပြည့်နက်နေသည်။ စာကြည့်တိုက်ထဲမှာ ပိတ်မိနေသည့် ကျောင်းသားတွေဟာ လွတ်မြောက်ဖို့အတွက် ပင်လယ်ကိုဖြတ်ပြီး သူတို့၏ထူးခြားသော စွမ်းရည်များကို ပြသခဲ့ကြသည်-

 

ဓာတုဗေဒဌာနမှ ကျောင်းနေဖက်ဖြစ်သူ: အက်စစ်၊ ဘေ့စ်၊ ဆား၊ ဓာတုဗေဒ တုံ့ပြန်မှုက အားလုံးကို အရည်ပျော်စေတယ်!

 

ရူပဗေဒဌာနမှ အတန်းဖော်: အလင်း၊ လျှပ်စစ်၊ စပရင်၊ သံလိုက်စက်ကွင်း၊ ဆွဲငင်အား၊ နတ်ဆိုးတွေနဲ့ သရဲတစ္ဆေတွေ ငါနဲ့ ဝေးဝေးကြ!

 

ဆေးပညာဌာနမှ စီနီယာ: ခွဲစိတ်ဓား၊ ခွဲစိတ်ချုပ်ရိုး၊ ဆေးပတ်တီး၊ လျှပ်စစ်လွှက ဘာကြီးလဲ?

 

ဇီဝသိပ္ပံဌာနမှ ကျောင်းသားတစ်ဦးသည် သူ့ကိုယ်သူ မရေမတွက်နိုင်သော ကိန်းဂဏန်းများအဖြစ် တိုက်ရိုက်ခွဲထုတ်နိုင်ရန် mitosis အဖြစ် ပြုလုပ်နိုင်တာလား?

 

သဘာဝပတ်ဝန်းကျင်ဌာနမှ စီနီယာအစ်မသည် နေရာမှာတင် သစ်ပင်များစိုက်နိုင်ပြီး ဗိသုကာဌာနမှ ဂျူနီယာညီလေးဖြစ်သူသည် ဥမင်လိုဏ်ခေါင်းများပြုလုပ်ရန် မြေကျင်းတူးနိုင်သည်…

 

တရုတ်ဘာသာစကားနှင့် စာပေဌာန၏ အဓိကဇာတ်ကောင်: မကြောက်ကြနဲ့!

 

〈ခေတ်သစ် idiom အဘိဓာန်〉ကို အဆင်ပြေပြေ ထုတ်ယူလိုက်သည်။

 

ကျောင်းနေဖက်များ: ……???

 

ဤလွတ်မြောက်ရေးအဖွဲ့က ပိုပိုပြီးထူးဆန်းလာသည်။

 

*****

 

1. ကျောင်းတွင်းအဆုံးမရှိစာကြည့်တိုက်သည် အဆုံးမရှိတက္ကသိုလ်တစ်ခုနှင့် ဆင်တူသည်။ အခြေခံနောက်ခံများသည် မသင်မနေရသင်တန်းများ၊ စိတ်ကြိုက်သင်တန်းများ၊ အမှတ်များ၊ ဌာနဆိုင်ရာများ၊ ‌ဘာသာရပ်များနှင့် အဓိကပြည်တွင်းတက္ကသိုလ်များရှိ သုတေသနအဖွဲ့များနှင့် ပတ်သက်သည့် သဘောတရားများမှ ဆင်းသက်လာခြင်းဖြစ်သည်။ အဓိကနောက်ခံများသည် မတူညီသောပုံစံများ၏ “ဌာနဆိုင်ရာပုံစံသင်တန်းများ”နှင့် ပျော်စရာကောင်းသော “တက္ကသိုလ်ကျွမ်းကျင်မှုစွမ်းရည်များ”ဖြစ်သည်။

 

2. အပြင်ဘက်တွင်အေးစက်ပြီး အတွင်း၌နွေးထွေးသော သင်္ချာဌာနမှ Gong x တောက်ပပြီး ရိုးသားသော တရုတ်ဘာသာစကားဌာနမှ Shou၊ ‘စာနတ်ဘုရားနှစ်‌ယောက်’က အဆုံးမရှိစာကြည့်တိုက်ကို ရှင်းပစ်ရန် အဖွဲ့ကိုဉီးဆောင်ခဲ့သည်။

 

3. အဓိကဇာတ်ကောင်များစွာရှိသော်လည်း ဒုတိယအတွဲကို မဖော်ပြထားချေ။

 

〈အဓိကဇာတ်ကောင်များ ၁၂ ယောက်ရှိပါသည်။〉

 

MC (Shou) – ယွဲ့ရှင်းဝမ် (တတိယနှစ်/တရုတ်ဘာသာစကားဌာန)

ML (Gong) – ကျန်းဖျင်စစ် (တတိယနှစ်/သင်္ချာဌာန)

Supporting Characters –

– လျှိုကျောက်ချင်း(ဘွဲ့လွန်ဒုတိယနှစ်/ဆေးပညာဌာန)

– ခယ်ရှောင်ပင်း(တတိယနှစ်/ကွန်ပျူတာသိပ္ပံဌာန)

– ကျန်းရှောင်နျန်(ပထမနှစ်/မြို့ပြအင်ဂျင်နီယာဌာန)

– ကျိုဖုန်း(စတုတ္ထနှစ်/သိပ္ပံနှင့်နည်းပညာဌာန)

– လင်းမန့်လော်(စတုတ္ထနှစ်/သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအင်ဂျင်နီယာဌာန)

– ရွှီယိရှန်း(စတုတ္ထနှစ်/ဇီဝသိပ္ပံဌာန)

– ရှင်းယန်(တတိယနှစ်/ဒြပ်ဝတ္ထုဓာတုဗေဒဌာန)

– ချင်လု(တတိယနှစ်/ပထဝီဝင်စီမံကိန်းဌာန)

– ချင်မြောင်(တတိယနှစ်/သမိုင်းဌာန)

– လန်ယာရုန်(ဘွဲ့လွန်တတိယနှစ်/နိုင်ငံရေးသိပ္ပံနှင့်ဥပဒေဌာန)

 

မှတ်ချက် : တရုတ်ကတက္ကသိုလ်တွေမှာ ပဉ္စမနှစ်ဆိုတာမရှိပါဘူး၊ နောက်ဆုံးနှစ်လို့ပြောရင် စတုတ္ထနှစ်မှန်း အားလုံးသိကြပါတယ်။ စတုတ္ထနှစ်ပြီးမှ ဘွဲ့လွန်ပထမနှစ်၊ ဘွဲ့လွန်ဒုတိယနှစ်… လာပါတယ်။

 

*****

– တရုတ်ဘာသာစကားဌာနနဲ့ သမိုင်းဌာနက လူမှုဘာသာရပ်များဌာနရဲ့ ဘာသာရပ်အခွဲတွေဖြစ်ပါတယ်။

– ကွန်ပျူတာသိပ္ပံဌာနက ကွန်ပျူတာဌာနရဲ့ ဘာသာရပ်အခွဲဖြစ်ပါတယ်။

– မြို့ပြအင်ဂျင်နီယာဌာနက ဗိသုကာဌာနရဲ့ ဘာသာရပ်အခွဲဖြစ်ပါတယ်။

– သိပ္ပံနှင့် နည်းပညာဌာနက ရူပဗေဒဌာနရဲ့ ဘာသာရပ်အခွဲဖြစ်ပါတယ်။

– သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအင်ဂျင်နီယာဌာနက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ ဘာသာရပ်အခွဲဖြစ်ပါတယ်။

– ဇီဝသိပ္ပံဌာနက ဇီဝဗေဒဌာနရဲ့ ဘာသာရပ်အခွဲဖြစ်ပါတယ်။

– ဒြပ်ဝတ္ထုဓာတုဗေဒဌာနက ဓာတုဗေဒဌာနရဲ့ ဘာသာရပ်အခွဲဖြစ်ပါတယ်။

– ပထဝီဝင်စီမံကိန်းဌာနက ပထဝီဌာနရဲ့ ဘာသာရပ်အခွဲဖြစ်ပါတယ်။

– နိုင်ငံရေးသိပ္ပံနှင့် ဥပဒေဌာနက ဥပဒေဌာနရဲ့ ဘာသာရပ်အခွဲဖြစ်ပါတယ်။

 

 

Genre(s)
Tags(s)