After The Disabled God Of War Became My Concubine
Follow
ငါ့ရဲ့ မသန်စွမ်းစစ်နတ်ဘုရား။
Author _ Liu gou hua
Type _ Web novel (CN)
Genre _ adult, fantasy, drama, historical, mature, romance, yaoi
Translator _ Galene
*********
နိဒါန်း
နာမည်ကြီးကျော်ကြားလှသည့် ဒဏ္ဍာရီတစ်ခုအရ လျောင်ပြည်ကြီး၏ စစ်နတ်ဘုရားအကျော်အမော် ဟော်ဝူကျို့သည် ရန်သူ့တိုင်းပြည်တွင် အထိန်းသိမ်းခံခဲ့ရသည်ဟု ဆိုသည်။ ထောင်ထဲသို့ မထည့်သွင်းခံရသေးခင်တွင် သူ့လက်နှစ်ဖက်လုံး ချိုးခံခဲ့ရသည်။ သူ့ကို အရှက်ရစေရန်အတွက် တိုင်းပြည်အရှင်က သူ၏ ဝတ်ရုံပြတ်ညီအစ်ကိုကို ကိုယ်လုပ်တော်အဖြစ် ချီးမြှင့်ခဲ့သေးသည်။
စစ်သူကြီး အလွန်တရာ အရှက်ကွဲခဲ့သည်။ သုံးနှစ်မျှ ကြာရှည်အောင် စောင့်စားပြီးသည့်အခါတွင်တော့ သူက အသွင်သစ်နှင့် အမိတိုင်းပြည်ကို ပြန်နိုင်ခဲ့သည်။
ထို့နောက် သုံးလအကြာတွင် သူ့ကိုယ်ပိုင်စစ်တပ်နှင့် ရန်သူ့မြို့တော်ကို သိမ်းပိုက်ရန် ပြန်လည်ဝင်ရောက်လာခဲ့သည်။ အင်ပါယာအရှင်ကို သတ်ဖြတ်ပြီး ဝတ်ရုံပြတ်အမှိုက်သရိုက်ကိုလည်း သုတ်သင်ခဲ့၏။ သူ့ဦးခေါင်းကိုတော့ မြို့တော်နံရံပေါ်တွင် သုံးနှစ်တိတိ ပြသထားခဲ့သည်။
ထိုအချိန်ကစ၍ နယ်မြေတစ်ခွင်သည် ပေါင်းစည်းခဲ့လေ၏။
___
တက္ကသိုလ်သမိုင်းကထိကတစ်ဦးက အကျော်အမော် ဟော်ဝူကျို့ ၏အကြောင်း ရေးသားထားသည့် ကျောင်းသားတစ်ယောက်၏စာတမ်းကို စာမျက်နှာတစ်ရွက်အပြည့် ဝေဖန်စာ ရေးလိုက်သည်။
ထို့နောက်တွင်တော့ သူမျက်တောင်တစ်ချက်မှိတ်လိုက်ချိန်မှာပင် ထိုဝတ်ရုံလက်ပြတ်မင်းသား၏ ကိုယ်ထဲသို့ ကူးပြောင်းရောက်ရှိသွားလေတော့သည်။
နေရာတိုင်းတွင် မီးပုံးများ၊ အလှဆင်ထားသည့် အခင်းအကျင်းများအပြည့်ရှိနေသည်။ ထိုအချိန်တွင် အစေအပါးတစ်ယောက် ဝင်လာသည်။ ရန်သူ့ဘက်မှ မသန်စွမ်းစစ်သူကြီးက အိမ်တော်ထဲသို့ မင်္ဂလာဝေါယာဉ်နှင့် ဝင်လာသည့်အကြောင်း လျှောက်တင်၏။
သူ့အရှေ့က အနီရောင်မင်္ဂလာဝတ်စုံနှင့် ခပ်စူးစူးအကြည့်၊ နှိပ်စက်ခံထားရသည့် ကိုယ်ခန္ဓာအခြေအနေနှင့် စစ်သူကြီးကို ကြည့်ရင်း ဒဏ္ဍာရီများပင် လက်တွေ့ဖြစ်လာနိုင်သည့်အကြောင်း ကျန်းဆွေကျိုး တွေးမိလိုက်သည်။
ထိုဒဏ္ဍာရီကပင် သူ့ကို လူလယ်ကောင်၌ ခေါင်းဖြတ်ခံရစေပြီး နောက်သုံးနှစ်တိတိ တံတိုင်းပေါ်တွင် ပြသခံထားရစေလိမ့်မည်။
ကျန်းဆွေကျိုး၏ တစ်ခုတည်းသော ရွေးချယ်စရာက ထိုစစ်သူကြီးကို ဂရုစိုက်ပေးရန်ပင်။ နန်းတွင်း၏ ထောင်ချောက်များ၊ မြှားပုန်းများအပြင် ရှင်ဘုရင်၏ သူ့ကို အရှက်ခွဲရန် အဆုံးမဲ့ကြိုးစားမှုများအကြား ကျည်ဆန်ကို ကိုက်ရင်း သူ အံကြိတ်ခံခဲ့သည်။ သူ့တစ်ခုတည်းသော ဆုတောင်းက သူ့ခေါင်းသူ ကာကွယ်နိုင်ရန် တစ်ခုတည်းသာ။
၃ မီတာလောက်ရှည်သည့် ကိုယ်လုပ်တော်အား သူ့ကို အလုပ်အကျွေးပေးခိုင်းရန် အိပ်မက်ပင် မမက်ရဲခဲ့ပေ။
သို့သော်လည်း ဗိုလ်ချုပ်ကြီးဟော်၏ ခြေထောက်များက သုံးနှစ်မပြည့်ခင်မှာပင် သူ့အလိုလို ပြန်လည်သက်သာလာခဲ့သည်။
ရှင်ဘုရင်ကို သတ်ပြီး နယ်မြေကို ပြန်ပေါင်းစည်းခဲ့ရုံတင် မကသေးပေ။ သူ့အိပ်ရာပေါ်သို့ တက်ပြီး ပူပြင်းတောက်လောင်လှသည့် အကြည့်နှင့် သူ့ကို အောက်တွန်းချလိုက်ကာ ခေါင်းမာစွာနှင့် သူ့ကိုယ်လုပ်တော်အဖြစ် ထမ်းဆောင်ရန် ကြိုးပမ်းလေတော့သည်။
***********
SWARA WEBNOVEL TRANSLATION
Author Profile
Latest entries
2022September 27, 2023A King Is Born On The Road
Adapted to Drama CD Adapted to Manhua Androgynous Characters Celebrities Cross-dressing Dishonest Protagonist Modern Day Popular Love Interests Power Couple Seme Protagonist Straight SemeSeptember 27, 2023Concealed And Blended
2021September 27, 2023After The Disabled God Of War Became My Concubine
2020September 26, 2023You Can Keep The Male Lead
Sundar
ဘယ်နေ့တွေ တင်တာလဲ
Galene
အင်္ဂါနေ့တိုင်းပါ။
eieiphyu
အရမ်းကြိုက်တယ်