18+

An Empire as a Betrothal Gift

5
Your Rating
An Empire as a Betrothal Gift 5 (1)
1.7K
Comments
10 Users bookmarked This

ကျီယွဲ့၊ ချင်နိုင်ငံ၏ဘုရင်၊ သူ့နာမည်ကိုကြားလိုက်ရရုံနှင့် ခုနစ်ပြည်ထောင်ကလူတိုင်းကို ကြောက်ရွံ့သွားစေနိုင်သည့် အာဏာရှင်မင်းတစ်ပါး။ သို့ပေမဲ့ လှပသောသွင်ပြင်လက္ခဏာတွေပိုင်ဆိုင်ထားသည့် နှစ်လိုဖွယ်ကောင်းကာ ထိခိုက်လွယ်၊ အားနည်းသူတစ်ယောက်ကတော့ သူ့လိုလူရှေ့မှာတောင် အာဏာရှင်တစ်ဦးလိုပြုမူရဲလေသည်။

ဘုရင်ငယ်လေးက သူ့အရှေ့ရှိ မည်သည့်ယောက်ျားသားကိုမဆို တုန်လှုပ်သွားစေနိုင်သောအလှတရားကိုပိုင်ဆိုင်ထားသည့် လူငယ်လေးအား စိုက်ကြည့်နေရင်း သူ၏လည်ပင်းထက်၌ အေးစက်စက်ဓားမြှောင်တစ်ချောင်းကို တင်ထားလေသည်။ ထို့နောက် နားထောင်နေသူမည်သူမဆို တစ်ကိုယ်လုံးတောင့်တင်းသွားစေနိုင်သော စကားလုံးတွေကို ကြားလိုက်ရ၏။

“ဝေ့လျန်၊ မင်း ပုန်ကန်ချင်လား။”

ဝေ့လျန်က ပြုံးလိုက်ကာ အသံပိုင်ရှင်၏နှုတ်ခမ်းပါးတွေကို သူ့လက်ချောင်းလေးဖြင့် ပွတ်သပ်လိုက်လေသည်။ ” တကယ်လို့ ကျွန်တော့်ကိုကောင်းကောင်းဆက်ဆံမယ်ဆိုရင် ကျွန်တော် ခင်ဗျားရဲ့ ရှစ်ကျွင်းလုပ်ပေးမယ်။ ခင်ဗျားသာ ကျွန်တော့်ကို ဆိုးဆိုးဝါးဝါးဆက်ဆံမယ်ဆိုရင်တော့ ခင်ဗျားပြောတဲ့ပုန်ကန်မှုကိုပဲ လုပ်ရတော့မှာပေါ့။”

(T/N – ‘ရှစ်ကျွင်း’ဆိုတာက ကိုယ်လုပ်တော်သဘောမျိုးပါပဲ။)

– ကျွန်တော်မျိုးတို့အနေနဲ့ ဒီဟာကို ထိမ်းမြားပဏ္ဏာအဖြစ် ဆက်သလိုက်ပါတယ်။ အရှင် စိတ်ကျေနပ်တော်မူပါရဲ့လား။

– ထိမ်းမြားပဏ္ဏာအဖြစ် အင်ပါယာကြီးတစ်ခု

~~~

အကြင်နာတရားကင်းမဲ့သော gong ၊ သို့သော် shou နှင့်ပတ်သက်လာချိန်မှာတော့ ကူကယ်ရာမဲ့သွားတတ်သူ vs တုနှိုင်းမဲ့အလှတရားကိုပိုင်ဆိုင်ထားသည့် ဝမ်းတွင်းမည်း shou

Sweet Sweet Sweet and No Tragedy !!!

Novel Tags: Power couple, Court drama, Enemies to lovers, Sweet & fluffy story.

စာတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : နတ်ဆိုးလိုဘုရင်နှစ်ပါးကြားက ထာဝရတည်မြဲနေမဲ့ ချစ်ခြင်းတရား

*****

Aurora Novel Translation Team

Update Schedule – Everyday

Genre(s)
Tags(s)