Chapter – 3
ကျွန်တော်က ဖုကောရဲ့ အမာခံပရိသတ်ပါ
____________________________________
သူအခန်းထဲဝင်လိုက်ပြီးတော့ အနားယူဖို့ အိပ်ရာရဲ့ဘေးမှာ ထိုင်လိုက်တယ်။
အိပ်ရာဘေးမှာထိုင်နေတုန်း မတော်တဆ သူ့ရဲ့အနာကိုထိမိလိုက်တယ်။ အင်္ကျီလက်ကို လှန်လိုက်တဲ့ အချိန်မှာတော့ ခြစ်ရာတွေအများကြီးကိုတွေ့လိုက်ရတယ်။ အဲ့ဒီခြစ်ရာတွေက သူ အတွန်းခံလိုက်ရပြီး လဲကျသွားတဲ့အချိန်မှာ ရခဲ့တာတွေဖြစ်တယ်။ သေချာတာပေါ့။ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ဇာတ်လိုက်ကြီးအန်းရန် ကိုယ်တိုင်တွန်းလိုက်တာတော့ ဘယ်ဟုတ်မလဲ။ ကင်းလှည့်နေတဲ့ အစောင့်တစ်ယောက်က တွန်းလိုက်တဲ့ အချိန်မှာ ကျွန်တော်လဲသွားတာဖြစ်တယ်။
လူတိုင်းကပြောကြတယ် အန်းရန်က ရိုးစင်းပြီး ကြင်နာတတ်တယ်တဲ့။ ကျွန်တော်ကတော့အဲ့လိုမထင်ဘူး။ အန်းရန်ကိုယ်တိုင် ကျွန်တော်ကိုလာရှာပြီး သူ့ကိုရန်လုပ်မိအောင် တမင်သက်သက် လာပြီးစော်ကားတာ။ လုံခြုံရေးအစောင့်လာတဲ့ အချိန်နဲ့ကိုက်ပြီး ဒဏ်ရာရအောင်လုပ်တယ်။ ပြီးတော့ အောင်မြင်စွာပဲ အားနည်းပြီး အနိုင်ကျင့်ခံနေရတဲ့ ပုံစံဖြစ်အောင်လုပ်သွားတာ။ ထင်ရှားစွာပဲ သူ့မှာဒဏ်ရာရှိမနေဘူး။ ဒါပေမဲ့ တခြားသူတွေက ကျွန်တော်ကပဲ မှားပြီးတော့ ကျွန်တော်ကပဲအနိုင်ကျင့်နေတယ် လို့မြင်သွားကြတယ်။ သူတို့မျက်လုံးထဲမှာ ကျွန်တော်ကအပြစ်အရှိဆုံးသောသူပဲ။
ကျန်ရှင်းဆွေ့ဒဏ်ရာကို သတိမမူမိပဲဆိတ်နေပြီးတော့ လေကိုရှိုက်လိုက်ရင်း “ဟင်း…”
အဲ့တာက နာတယ်……
ဒီလိုမှန်းသိရင် ညနေက ဆေးသွားဝယ်ပါတယ်။
ဒီအိမ်မှာ ပိုးသတ်ဆေးတွေ ဘာတွေများရှိမလား မသိဘူး။ ဒါမှမဟုတ် ကိုယ့်ပါသာကိုယ်ပဲ ထွက်ဝယ်လိုက်ရမလား။
ကျန်ရှင်းဆွေ့ အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဟိုလင်မယားနှစ်ယောက်ကိုတော့ မတွေ့မိဘူး။ နှုတ်မဆက်ချင်တာနဲ့ အတော်ပဲပေါ့။ ဒါပေမဲ့ ဒီအချိန်က တော်တော်များများ အလုပ်ဆင်းတဲ့အချိန်ဖြစ်တယ်။ ကျွန်တော် လင်မယားနှစ်ယောက်ရဲ့ ဆိုင်ထဲကနေ ထွက်လာတာမြင်တဲ့အခါ သူတို့တွေက ကြည့်တော့ကိုကြည့်ပြီး အသံတိုးတိုးလေးနဲ့ ပြောနေကြတယ်။
“မင်းပြောနေတာ အဲ့ဒီကောင်လေးမလား?”
“သူ့ အပြုအမူတွေက အရမ်းဆိုးဝါးတယ်လို့ ကြားတယ်”
“သူဝတ်ထားတဲ့ ပုံစံကိုလည်းကြည့်ပါအုံး tsk…tsk”
ကျန်ရှင်းဆွေ့ သူတို့တွေပြောနေတာကိုကြားတော့ မှန်တံခါးတစ်ခုရှေ့မှာ ရပ်လိုက်ပြီး သူ့ကိုယ်သူ ကြည့်လိုက်တယ်။ သူက ဘောင်းဘီဒူးပြဲတစ်ထည်ကို ဝတ်ဆင်ထားတယ်။ သူ့ဆံပင်ကို အဝါရောင်ဆိုးထားပြီးတော့ ရှေ့ကျနေတဲ့ဆံပင်တွေကလည်း မျက်လုံးကိုဖုံးတဲ့အထိရှည်နေပြီ။ သူ့ရဲ့ပုံစံက လူဆိုးလူမိုက်တစ်ယောက် ဒါမှမဟုတ် လမ်းသရဲတစ်ယောက်လိုပဲဖြစ်နေတယ်။
သူဆေးဆိုင်ဆီ သွားမဲ့အတွေးကို ပယ်လိုက်ပြီးတော့ ဆံပင်ညှပ်ဆိုင်ဆီ ဦးတည်လိုက်တယ်။
ဆံပင်ညှပ်ဆိုင်ပိုင်ရှင်က သူ့ကိုမြင်တဲ့အခါမှာ အံ့ဩသွားပြီး “ကောင်လေး ခေါင်းလျှော်ချင်လို့လား ဒါမှမဟုတ် ဘယ်လိုဆံပင်ပုံစံညှပ်ချင်လို့လဲ?”
သူပြန်လည်မွေးဖွားပြီးတဲ့နောက်မှာ သူ့ရဲ့ အပြင်အဆင်တွေအပေါ် အမြင်က လုံးဝ မတူတော့ဘူး။ သူ့အရင်ဘဝတုန်းက ဘာဖြစ်လို့လဲတော့ မသိဘူး ခေတ်ဆန်ပြီး ဖက်ရှင်ကျတဲ့ပုံစံမျိုးတွေ ဝတ်ရတာကြိုက်တယ်။ သူ့ စိတ်ထဲမှာရှိသလိုပဲ ဝတ်တယ်။ ဖက်ရှင်ကျကျ ခေတ်ဆန်ဆန် နေတာက သူ့ကိုပိုပြီး coolဖြစ်စေတယ်လို့ထင်တယ်။ ဘာလို့လဲတော့ မသိပေမဲ့ ပြန်လည်မွေးဖွားလာပြီးနောက်မှာ မတူညီတဲ့အကြံတစ်ခုရသွားပြီ “ဒီတိုင်းပဲညှပ်လိုက်ပါ။ ပြီးတော့ ကျွန်တော် အနက်ရောင်ပြန်ဆိုးမယ်”
ဆံပင်ညှပ်ဆိုင်ပိုင်ရှင်ကလည်း ပြန်ပြောလိုက်တယ် : “okay ကောင်းပြီ”
နှစ်ဖက်လုံးညှိနှိုင်းလို့ပြီးသွားတော့ သူတို့မြန်မြန်လုပ်ပေးကြတယ်။ သူ့ရဲ့ဆံပင်တွေက အနက်ရောင်းပြန်ပြောင်းသွားပြီးတော့ ရှေ့ကျနေတဲ့ဆံပင်တွေကိုလည်း ညှပ်လိုက်ပြီ။ စိတ်ဓာတ်ကျနေတဲ့ပုံစံပေါက်တဲ့ မျက်နှာလေး ပေါ်လာခဲ့ပြီ။ တကယ်တော့ သူ့မှာ မှော်ဆန်တဲ့မျက်လုံးတွေ ရှိပေမဲ့ သူ့ရဲ့ cool ဖြစ်လွန်းတဲ့ ဆံပင်တွေနဲ့ ဖုံးအုပ်ခံထားရတယ်။ သူအခုတော့ အခြားတစ်ယောက်ပြောင်းသွားသလိုပဲ သပ်သပ်ရပ်ရပ် ဖြစ်သွားပြီ။
ဆံပင်ညှပ်ဆိုင်ပိုင်ရှင်က “လူတစ်ယောက်ရဲ့ အပြင်ပန်းပုံစံမှာ ဆံပင်ပုံစံက အဓိကပဲ။ မင်းအခု ဆံပင်နည်းနည်းလေးပဲ ညှပ်လိုက်တာတောင် ပုံစံက လုံးဝပြောင်းသွားတယ်။ ကောင်လေးမင်းက တော်တော်ကြည့်ကောင်းတာပဲ”
ကျန်ရှင်းဆွေ့ ကြင်နာစွာကြည့်လိုက်ပြီးတော့ ပေါ့ပေါ့ပါးပါးလေး ပြုံးပြလိုက်တယ် “ကျေးဇူးပါ”
နှုတ်ခမ်းနီနီရဲရဲ သွားဖြူဖြူလေးတွေနဲ့ ကောင်လေးက မှန်ထဲကနေ တောက်ပစွားပြုံးပြနေတယ်။ ဆံပင်ညှပ်ဆိုင်ပိုင်ရှင်က ရပ်တန့်သွားပြီး ခံစားချက်အနည်းငယ်နဲ့ပြောလိုက်တယ် “မင်းပြုံးလိုက်တဲ့ အချိန်မှာတော်တော်လှတာပဲ မင်းဆိုင်ထဲဝင်လာတုန်းက ငါနည်းနည်းစိုးရိမ်နေခဲ့တာ”
ကျန်ရှင်းဆွေ့လည်း မထင်မှတ်ထားစွာ “ဘာလို့လဲ?”
“အဲ့တာ…ငါလည်းသေချာမသိဘူး” ဆံပင်ညှပ်ဆိုင်ပိုင်ရှင်က အရမ်းရိုးသားတဲ့သူဖြစ်တယ်။ သူ့ခေါင်းသူကိုင်လိုက်ပြီးတော့ သူ့ပင်ကိုအတိုင်း ပြောလာတယ် “ဖြစ်နိုင်တာက မင်းဝင်လာလာခြင်းတုန်းက ထုတ်လွှတ်ထားတဲ့ အရှိန်အဝါကြောင့်ထင်တယ်။ အဲ့တာကို ဘယ်လိုဖော်ပြရမှန်းမသိဘူး…”
သူ မပြောတတ်ပေမဲ့ ကျန်ရှင်းဆွေ့ကတော့ ဘာကြောင့်ဆိုတာ အနည်းငယ်လောက်ခန့်မှန်းမိသွားပြီ။
ဒီစာအုပ်ထဲက ကမ္ဘာထဲမှာ သူက ဆိုးယုတ်တဲ့ အမြောက်စာခံ ဇာတ်ကောင်လေးလေ။ အဲ့တာကြောင့် သဘာဝကျစွာ ဆိုးယုတ်တဲ့အမြောက်စာခံတွေရဲ့ အရောင်အဝါတွေကို ထုတ်လွှတ်တာပေါ့။ အဲ့တာကြောင့်ပဲ သူကိုတွေ့တဲ့သူတွေက အမြင်မကြည် ဖြစ်ကြပြီး ဝေးဝေးမှာပဲ သတိရှိရှိနဲ့နေချင်ကြတာ။ အဲ့ဒီ အရောင်အဝါက ဇာတ်လိုက်ရဲ့ မြင်ရသူတိုင်းကို နှစ်သက်စေတဲ့ အရောင်အဝါနဲ့တော့ ဆန့်ကျင်ဘက်ပဲ။
တစ်ချို့သူတွေက ကောင်းကင်မှာ မြင့်တက်နေတဲ့ နေဖြစ်ဖို့ မွေးဖွားလာကြတာ။ ဒါပေမဲ့ သူကတော့ ကွဲပြားတယ်။ သူက မြေကြီးပေါ်က ရွှံ့လေးသာသာပါပဲ။
သူ့အမူအရာ သိပ်မကောင်းတာ တွေ့တော့ ဆိုင်ရှင်ကစိတ်ပူသွားပြီး “ငါစကားပြောမှားသွားလို့လား?”
“ဟင့်အင်း” ကျန်ရှင်းဆွေ့ရဲ့မျက်လုံးတွေကတော့ မပြောင်းလဲဘဲ ရှိနေတုံးပဲ “ခင်ဗျားပြောတာလည်းမှန်တာပဲ”
ရွှံ့ဆိုတော့ရော ဘာဖြစ်လဲ? အရင်ဘဝတုန်းက လူတိုင်းကျေနပ်အောင်လို့ သေအောင်ကြိုးစားခဲ့ရပေမဲ့ ဝမ်းနည်းစရာ ဇာတ်သိမ်းနဲ့ပဲ အဆုံးသတ်ခဲ့ရတာ။ ဒီဘဝတော့ ကျန်မိသားစုက အရှုပ်တွေနဲ့ မပတ်သတ်ချင်တော့ဘူး။ ပြီးတော့ ဘယ်သူမှကျေနပ်အောင်လည်း ထပ်ပြီး မကြိုးစားပြချင်တော့ဘူး။
သူတိတ်ဆိတ်နေတာကို ဆိုင်ရှင်ကမြင်တော့ သူပျင်းနေတယ်လို့ ထင်တာနဲ့ “ငါမင်းကိုTVဖွင့်ပြမယ်လေ”
TVကိုဖွင့်လိုက်တယ်။ TVမှာပြနေတာကတော့ “The Battle of The World”ဆိုတဲ့ဇာတ်ကားဖြစ်တယ်။ အဲ့ဒီ့ဇာတ်ကားက ‘ရုပ်ရှင်ဧကရာဇ် ဖုကျင်းရှောင်း’ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပြီးတော့ အခုခေတ်မှာ ဆွေးနွေးမှု အများဆုံးနဲ့ အကျော်ကြားဆုံး ဇာတ်ကားဖြစ်တယ်။
ဆိုင်ရှင်က ကျန်ရှင်းဆွေ့ နားမလည်မှာစိုးတာကြောင့် သူ့ကိုတောင် ရှင်းပြလိုက်သေးတယ် “ဒီကားကို သာမန်စစ်ကားတစ်ကားမလို့ဆိုပြီး မကြည့်ပဲမနေနဲ့ အဲ့တာထက်ပိုတယ် ရုပ်ရှင်ဧကရာဇ်ဖုရဲ့ သရုပ်ဆောင်စကေးက အရမ်းနာမည်ကြီးတာ ငါ့မိန်းမရော ကလေးတွေရော သူ့ကိုကြိုက်ကြတယ် ငါ့ဆိုင်မှာဆံပင်လာညှပ်တဲ့ ကောင်မလေးတွေတော်တော်များများကလည်း သူ့ရဲ့ဖန်တွေချည်းပဲ မင်းသူ့ကိုသိလား? ဒီကားကို သရုပ်ဆောင်တာ ကောင်းလိုက်တာကို သူအဲ့ဒီအရင်တုန်းက တော်လှန်ရေးကားတစ်ကား ရိုက်ဖူးတယ် အဲ့ကားနာမည်က……”
ကျန်ရှင်းဆွေ့က ပါးစပ်ဖွင့်လိုက်ပြီးတော့ “Mission”
ဆိုင်ရှင်ကလက်ခုပ်တီးလိုက်ပြီးတော့ “ဟုတ်တယ်။ Missionပဲ ဟေး…ကောင်လေး မင်းအဲ့ဒါကို ဘယ်လိုသိတာလဲ? အဲ့ဒီကားက သိပ်လည်းနာမည်မကြီးခဲ့ပါဘူး ပြောရရင် အဲ့ဒီကားက ဖုကျင်းရှောင်းရဲ့ အစောပိုင်းတုန်းက ရိုက်ထားတဲ့ကားပဲ”
ကျန်ရှင်းဆွေ့ အသံတိုးတိုးနဲ့ပြန်ဖြေလိုက်တယ် “ကျွန်တော်ကသူ့ရဲ့ဖန်ပါ”
အရင်ဘဝမှာရော အခုဘဝမှာရော ပြောင်းမသွားတာကိုပြောပါဆိုရင် အဲ့တာသူကြိုက်တဲ့ Idolပဲ။ သူငယ်ငယ်လေးကတည်းက ဖုကျင်းရှောင်းကို လေးစားပြီးအရမ်းကြိုက်တာ။ ရုပ်ရှင်ဧကရာဇ်ဖုရဲ့ဇာတ်ကားသာဖြစ်မယ်ဆိုရင် သူအကြိမ်ကြိမ်ကြည့်နိုင်တယ်။ ကျွန်တော်က သူ့ရဲ့ကျော်ကြားမှုကြောင့် ရောက်လာတဲ့တခြားfanတွေလိုမဟုတ်ဘူး။ သူပထမဆုံး first albumနဲ့ debut လုပ်ကတည်းက ကျွန်တော်ကကြိုက်လာတာ။ ဖုကျင်းရှောင်းရဲ့ Weibo accမှာ ဖန်နည်းနည်းပဲ ရှိသေးတဲ့အချိန်ကတည်းက နှစ်တွေအများကြီး ကြိုက်လာခဲ့တာ။ တစ်ခါမှ လက်မလျော့ဖူးဘူး။
သူသေသွားတဲ့အထိတောင် သူ့ရဲ့idolကိုမတွေ့လိုက်ရတာ တော်တော်နှမြောဖို့ကောင်းတာပဲ။
ဒီကမ္ဘာကြီးက ဝတ္ထုတစ်အုပ်လို့ သိပြီးတဲ့နောက်မှာ သူ တကယ့်သခင်လေးအစစ်အမှန်ဖြစ်တဲ့ အန်းရန်က ဇာတ်လိုက်တစ်ယောက်ဆိုတာ မတော်တဆသိရှိသွားခဲ့တယ်။
သူကအလုပ်ကြိုးစားပြီးတော့ ရုပ်ရှင်ဧကရာဇ်ဖုရဲ့ အာရုံစိုက်ခြင်းခံရအောင် ပြုလုပ်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ အန်းရန်ရဲ့ အနုပညာလမ်းကြောင်းက ချောမွေ့သွားပြီး ရုပ်ရှင်ဧကရာဇ်ဖုနဲ့အတူ ဇာတ်ကားတွေအများကြီးရိုက်ခဲ့ကြတယ်။ နှစ်ယောက်အတူတူရိုက်ခဲ့တဲ့ ဇာတ်ကားတစ်ခုကြောင့် အတူတူပေါင်းစည်းပြီး လက်ထပ်ခဲ့ကြတယ်။ ကျန်ရှင်းဆွေ့ လူမသိသူမသိလမ်းပေါ်မှာ သေသွားတဲ့အချိန်မှာပေါ့။
ဆိုင်ရှင်ကပြောတယ် “ကောင်လေး ငါဆံပင်ညှပ်တာ မင်းကိုများထိမိသွားလို့လား? ဘာလို့မျက်လုံးတွေနီနေတာလဲ?”
ကျန်ရှင်းဆွေ့ သူ့မှတ်ဉာဏ်တွေထဲကနေ ပြန်ထွက်ခဲ့ပြီးတော့ သူ့ကိုယ်သူ မှန်ထဲမှာကြည့်လိုက်ပြီးတော့ ပြုံးလိုက်တယ် “ဟင့်အင်း ဒီရက်ပိုင်းတွေ ကောင်းကောင်းမအိပ်ရသေးတော့ နည်းနည်းအိပ်ချင်နေလို့ပါ”
“လူငယ်တွေက ညလုံးပေါက်နေရတာ ကြိုက်ကြတာပဲကိုး” ဆိုင်ရှင်ကပြောတယ် “အဲ့လိုလုပ်လို့ ဘယ်ဖြစ်မလဲ။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံရမှာပေါ့။ မင်းအခု နိုးထသင့်နေပြီ…”
ကျန်ရှင်းဆွေ့ ခေါင်းငြိမ့်လိုက်ပြီးတော့ သူ့ကိုယ်သူပြောနေတာလား ဆိုင်ရှင်ကိုပြောနေတာလား မသေချာတဲ့လေသံနဲ့ “ဟုတ်တယ် နိုးထသင့်ပြီ…”
……………
နောက်တစ်နေ့
နာနီကားလေးက လမ်းမကြီးပေါ်မှာမောင်းနှင်နေတယ်။ အဲ့ဒီကားရဲ့နောက်ခန်းထဲမှာတော့ နေကာမျက်မှန်တစ်လက်တပ်ထားပြီး မျက်လုံးမှိတ်ထားတဲ့ လူတစ်ယောက်ထိုင်နေတယ်။ သူက ကော်ဖီဖျော့ရောင် coatတစ်ထည်ကို ဝတ်ဆင်ထားတယ်။ သူ့ရဲ့သွယ်လျတဲ့ ခြေထောက်တွေကို ကွေးထားတယ်။ ပျင်းရိစွာနဲ့ထိုင်ခုံနောက်မှီကို မှီထားလျက်ရှိတယ်။ သူ့ရဲ့ ပြီးပြည့်စုံတဲ့ မေးရိုးကြီးက သူ့ကိုတမူထူးခြားတဲ့ ပုံစံပေါက်အောင် ပေးစွမ်းထားတယ်။ သူ့ဘေးမှာတော့ အဆက်မပြတ် ပွစိပွစိပြောနေတဲ့ သူတစ်ယောက်ရှိတယ်။
သူ့ရဲ့အေးဂျင့် ဝမ်မိန်စန့်က အကူညီမဲ့စွာပြောလိုက်တယ် “ငါ့ရဲ့အစ်ကိုကြီးရေ မင်းနားရောထောင်နေရဲ့လား?”
ဖုကျင်းရှောင်း ဒီတိုင်းလေးပဲ အသံပြုလိုက်တယ်။
ဝမ်မိန်စန့်က ဆေးထုပ်ကိုကိုင်ထားပြီးတော့ “လေယာဉ်ပေါ်က နေ့လည်စာက သေအောင်ကြောက်ဖို့ကောင်းတာပဲ အဲ့တာက ချွန်ထက်တဲ့ဓားတစ်ချောင်းလိုပဲ မင်းလက်ကဒဏ်ရာကို သန့်ရှင်းပြီးပြီလား? ဆေးရုံသွားပြီးစစ်ကြည့်ချင်သေးလား? ငါအချိန်မမှီလို့ ဆေးထုပ်ပဲဝယ်ခဲ့ရတယ်”
ဖုကျင်းရှောင်း ဆေးထုပ်ကို ယူလိုက်ပြီး လက်ထဲမှာဆော့နေလိုက်တယ် “အဲ့တာက အရမ်းကြီးမပြင်းထန်ပါဘူး”
ဒါပေမဲ့ အေးဂျင့်ကတော့ဆက်ပြောချင်နေတုံးပဲ “ငါမင်းကိုခဏခဏပြောဖူးပါတယ် သဘောကောင်းတယ်ဆိုတာလည်း အတိုင်းအတာရှိသင့်တယ်လို့ မင်းမနက်စောကြီး လေယာဉ်ဆင်းတာ ဒီလိုပုံစံတောင်ဖြစ်နေပြီကို fanတွေအတွက် VIPပေါက်ကနေမသွားပဲ ရိုးရိုးအပေါက်ကနေပဲ သွားတယ် မင်း……”
ဖုကျင်းရှောင်း အသံပြုလိုက်တယ် “ငါ့မှာလည်း ငါ့အတိုင်းအတာနဲ့ငါရှိပါတယ်”
အေးဂျင့်ကဆက်ပြောချင်သေးပေမဲ့ အမျိုးသားရဲ့ “tsk” ဆိုတဲ့အသံကြားလိုက်ရတယ်။ သူ နေကာမျက်မှန်ကို ချွန်လိုက်တယ်။ အဲ့ဒီမည်းနက်ပြီး နက်ရှိုင်းလွန်းလှတဲ့ မျက်လုံးတစ်စုံ။ သူက လေသံတိုးတိုး ဖြည်းဖြည်းလေးနဲ့ ပေါ့ပေါ့ပါးပါးလေးရယ်လိုက်ပြီးတော့ “ငါ့ရဲ့ချစ်လှစွာသော အေးဂျင့်ကြီး ဒဏ်ရာကသေးသေးလေးပါ နှစ်ကြောင်းလောက် တရားဟောပြီးရင် တော်လောက်ပြီမလား?”
အမေးသဘောနဲ့ မေးတယ်ဆိုပေမဲ့ ဝမ်မိန်စန့် ကတော့ ပါးစပ်ပိတ်သွားလေပြီ။
သူမ ဖုကျင်းရှောင်း နောက်ကိုလိုက်လာတာ ကြာလှပြီ။ သူ့အကြောင်းကို ကောင်းကောင်း နားလည်တာပေါ့။
ဒီအမျိုးသားက အနုပညာလောကထဲမှာ သဘောကောင်းတယ်။ styleကျပြီး မာန်မကြီးဘူး။ ဒါပေမဲ့ တကယ်ဘဝမှာတော့ အေးစက်လှပြီး ရယ်ခဲပြုံးခဲတယ်။ ဖုကျင်းရှောင်းဆီမှာ အလုပ်လုပ်ရင် သေချာပေါက် သဘောပေါက် နားလည်လွယ်မှရမယ်။ မဟုတ်လို့ကတော့ ဘယ်နားကနေအသက်ထွက်သွားလို့ ထွက်သွားမှန်းမသိအောင်ဖြစ်သွားလိမ့်မယ်။
အရှေ့ထိုင်ခုံက driverကပြောတယ် “ဆရာ အရှေ့ကဟာကတော့ ဆရာရှာနေတဲ့ ဆိုင်ပါပဲ”
ဒါက နည်းနည်းကျဉ်းတဲ့လမ်းလေးပါပဲ။ ပတ်ဝန်းကျင်က အကုန်လုံးဆိုင်တွေပဲ ဖြစ်ပြီးတော့ စားစရာတွေနဲ့ ကစားစရာတွေကို အဓိကထားရောင်းတယ်။ သွားလာနေကြတဲ့သူတွေဟာလည်း မနည်းလှဘူး။ ဒါပေမဲ့ ဒီနေရာက ရုပ်ရှင်ဧကရာဇ်ဖု လာနေကြနေရာတော့ လုံးဝမဟုတ်ဘူး။
အေးဂျင့်က “မင်းပစ္စည်းတစ်ခုခုဝယ်ချင်တာဆိုရင် ငါသွားဝယ်ပေးမယ်လေ”
“မလိုဘူး” ဖုကျင်းရှောင်းလက်ကာပြလိုက်ပြီးတော့ “တစ်လမ်းလုံးထိုင်လာရတာ ဆင်းပြီး လေလေးဘာလေးရှုလိုက်အုံးမယ်”
အေးဂျင့်ကတော့လက်လျှော့လိုက်ရပြီ။
ဩဂုတ်လရဲ့ ရာသီဥတုက ပူပြင်းလှတယ်။ ဆန်ကိတ်ရောင်းတဲ့ ဆိုင်လေးရဲ့အပြင်ဘက်မှာ အမိုးတစ်ခုထိုးထားပြီးတော့ အဲ့ဒီအမိုးအောက်မှာ လူတွေအများကြီးထိုင်ပြီး စားလိုက်သောက်လိုက်နဲ့ စကားပြောနေကြတယ်။ အဲ့ဒီဆိုင်ရဲ့ ရောင်းအားက တကယ်ကောင်းတယ်။ ဆိုင်အပြင်မှာကို တန်းစီနေကြတဲ့ သူတွေအများကြီးပဲ။ ဖုကျင်းရှောင်းလည်း နောက်ဆုံးကနေဝင်ပြီး တန်းစီလိုက်တယ်။ တန်းစီနေတုန်း ကောင်မလေးတစ်ချို့ နောက်ဆုံးထွက် သတင်းတွေကို အတင်းတုတ်နေတာကို ကြားလိုက်ရတယ်။
“မင်းWeiboကြည့်ပြီးပြီလား?”
“ကြည့်ပြီးပြီ ရုပ်ရှင်ဧကရာဇ်ဖုက သူ့ဖန်တွေကို ဘာမှမဟုတ်တာတဲ့အရာအတွက် စောင့်ခိုင်းထားတာပဲ”
“ငါက ရုပ်ရှင်ဧကရာဇ်ဖုကို တကယ်ကြိုက်တာပါ ဒါပေမဲ့ သူဒီလိုလုပ်လိုက်မယ်လို့ မထင်ထားဘူး”
“လွန်ခဲ့တဲ့နှစ်နှစ်တုန်းက သူ့မှာဘာဖြစ်ခဲ့လို့လဲမသိဘူး သူ့ရဲ့အရင်ဇာတ်ကား ‘JianHua’က flopသွားတယ်လို့ ကြားတယ်”
ဖုကျင်းရှောင်းက မနီးမဝေးမှာနားထောင်နေတယ်။ ဘာတုံ့ပြန်မှုမှတော့မလုပ်ဘူး။
ဒီအနုပညာလောကထဲမှာ ကျော်ကြားမှလိုက်လာတဲ့ဖန်တွေကို တွေ့ဖူးတာများပြီ။ သူတို့မကြိုက်တဲ့ အပြုအမူတစ်ခုခု လုပ်လိုက်မိတာနဲ့ သူတို့ရဲ့Idolအဖြစ်ကနေ ဖယ်ရှားပြစ်လိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီစကားတွေက သူ့အပေါ်မှာတော့ အလုပ်မဖြစ်ပါဘူး။
အဲ့ဒီအချိန်မှာ အဖြူရောင်ဦးထုပ်နဲ့ ကောင်လေးတစ်ယောက်က မုန့်တွေထည့်ထားတဲ့ ဗန်းကိုကိုင်ပြီး ဆိုင်ထဲကနေထွက်လာတယ်။ သူဘယ်လောက်ထိ ကြားသွားလည်းတော့ မသိဘူး။ ကောင်မလေးတွေရဲ့စားပွဲဝိုင်းမှာ မုန့်တွေတင်ပြီးတာနဲ့ သူကပြောလိုက်တယ် “ဆောရီးနော် အမှားလေးပြင်ပေးချင်လို့ပါ ‘JianHua’ရဲ့ အဓိကဇာတ်ကောင်က မစ္စတာဖု မဟုတ်ဘူး”
အဲ့ဒီကောင်မလေးတွေရဲ့ လှုပ်ရှားမှုတွေရပ်တန့်သွားကြတယ်။
ကျန်ရှင်းဆွေ့ လက်ကောက်ဝတ်ကို အကြောဆန့်လိုက်တယ်။ သူ့ရဲ့လေသံက ဗလာဖြစ်နေပေမဲ့ ရှင်းလင်းနေတယ် “မစ္စတာဖုက ‘JianHua’ထဲမှာ ဇာတ်ပို့အနေနဲ့ပဲပါတာ အဓိကဇာတ်ဆောင်မဟုတ်ဘူး ပြီးတော့ဇာတ်ကားကလည်း flopမသွားခဲ့ဘူး 2018တုန်းက အဲ့ဒီဇာတ်ကားက မွန်ဂိုလီးယားမှာ ‘အကောင်းဆုံးဇာတ်ကားတည်းဖြတ်မှုဆု’ နဲ့ ‘အကောင်းဆုံးအစီအစဉ်တင်ဆက်မှုဆု’ ကိုရခဲ့တယ် တစ်ချိန်ထဲမှာပဲ မစ္စတာဖုက အဲ့ဒီဇာတ်ကားနဲ့ ‘အကောင်းဆုံးဇာတ်ပို့ဆု’ ကိုရခဲ့သေးတယ်”
အဲ့ဒီစကားတွေကိုပြောနေတဲ့အချိန်မှာ သူ့အသံကလုံးဝတုန်ခါမသွားဘူး။ အဲ့ဒီစကားကို ကြားတဲ့အခါ ကောင်မလေးတစ်သိုက် တုန်လှုပ်သွားကြလေတယ်။ ဖြတ်လျှောက်ဖန်တွေက အမာခံဖန်တွေနဲ့ တွေ့ရင်တော့ ပြန်ခံပြောဖို့ အားမရှိတော့ပါဘူး။
တစ်ချိန်လုံး စိတ်မဝင်စားခဲ့တဲ့ ဖုကျင်းရှောင်းတောင်မှ ခေါင်းထောင်ပြီး နေရောင်ခြည်အောက်က ကောင်လေးကို ကြည့်လာခဲ့တယ်။ သူ့ရဲ့ရေသေလို မျက်လုံးထဲမှာလည်း စိတ်ဝင်စားမှုအချို့ ဖြတ်ပြေးသွားခဲ့တယ်။
ကောင်မလေးတစ်ယောက်က အသံတိုးတိုးလေးနဲ့ ပြန်ပက်လာခဲ့တယ် “အဲ့ဒါဆို သူ့ရဲ့ဖန်တွေကို ဘာမှမဟုတ်ပဲစောင့်ခိုင်းထားတဲ့ သတင်းကရော အမှန်ပဲမဟုတ်ဘူးလား?? ”
ကျန်ရှင်းဆွေ့ လှောင်ပြုံးပြုံးလိုက်တယ်။ ဗန်းကိုကိုင်ထားလျက် အကြောက်အရွံ့ကင်းမဲ့တဲ့ပုံစံနဲ့ ပြန်ဖြေလိုက်တယ် “အဲ့ဒီvideoက သေချာပေါက်editထားတာဆိုတာ ငါပြောရဲတယ် မစ္စတာဖုက 2016တုန်းက interviewတစ်ခုမှာ သူကဖန်တွေဆီက စာတွေကိုပဲလက်ခံပြီးတော့ လက်ဆောင်တွေကို လက်မခံဘူးလို့ပြောဖူးတယ် အဲ့တော့ ဖန်တွေဆီက စျေးကြီးတဲ့လက်ဆောင်တွေကို လက်မခံတာ ဘာများပြဿနာရှိလို့လဲ?”
ဆံပင်အရှည်နဲ့ကောင်မလေးက မကျေနပ်သေးပဲ “ဒါပေမဲ့သူ ဖန်တွေရဲ့မျှော်လင့်ချက်ကိုတော့ ဖျက်ဆီးမပြစ်သင့်ဘူးလေ”
ကျန်ရှင်းဆွေ့ရဲ့ အတွေးကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ သူတုံ့ဆိုင်းမနေပဲ ပြန်ဖြေလိုက်တယ် “လေယာဉ်ကွင်းတွေမှာ VIPတွေအတွက်ထားထားတဲ့ VIPပေါက်သက်သက်ရှိတယ် ဒါပေမဲ့ သူ့ရဲ့လေယာဉ်ချိန်က မနက်အစောကြီးဖြစ်တဲ့အတွက် ဖန်တွေကတစ်ညလုံးစောင့်နေရတာ အဲ့တာကြောင့် ဖန်တွေမျှော်လင့်ထားတာမဖျက်ဆီးစေချင်လို့ VIPပေါက်ကသွားရမဲ့အစား ရိုးရိုးလမ်းကပဲသွားခဲ့တာ အဲ့တာလား မင်းပြောတဲ့ သူကဖန်တွေကို ဘာမှမဟုတ်တဲ့အရာအတွက် စောင့်ခိုင်းခဲ့တယ်ဆိုတာ??”
အဲ့ဒီ့စားပွဲကကောင်မလေးတွေအကုန်ဆွံ့အသွားကြလေတယ်။
အမာခံဖန်တွေနဲ့ ဖြတ်လျှောက်ဖန်တွေကြားက တိုက်ပွဲက ဘယ်သူနိုင်မလဲဆိုတာ သိသာနေပါပြီ။
ဆံပင်အရှည်နဲ့ကောင်မလေးက ကသိကအောင့်ဖြစ်စွာနဲ့ “မင်းကဘာလို့သူ့ကို အဲ့လောက်တောင်ကာကွယ်ပေးနေတာလဲ? မင်းကသူနဲ့ဘာပတ်သတ်တာလဲ? ဘာလို့သူနဲ့ပတ်သတ်တာမှန်သမျှ အကုန်ရှင်းရှင်းလင်းလင်းကြီးကို မှတ်မိနေတာလဲ?”
……
ပတ်ဝန်းကျင်တစ်ခုလုံး တစ်ခဏလောက် တိတ်ဆိတ်သွားတယ်။
ခဏကြာတော့
ကျန်ရှင်းဆွေ့က ကောင်မလေးတွေရှိတဲ့ဘက်ကို နည်းနည်းယိမ်းလိုက်တယ်။ သူ့ရဲ့လေသံက တည်ငြိမ်လွန်းတဲ့အတွက် လေသံထဲက ဝမ်းနည်းမှုတွေကို ဖုံးကွယ်ထားလိုက်နိုင်လေတယ်။ သူကပြန်ပြောလိုက်တယ် “ကျွန်တော်က ဘယ်သူမှမဟုတ်ပါဘူး။ ဒီတိုင်းဖြတ်သွားဖြတ်လာတစ်ယောက်သက်သက်ပါ”
ကျန်ရှင်းဆွေ့ကိုကြည့်နေတဲ့ ကောင်မလေးသုံးယောက်တင် အံ့အားသင့်သွားတာမဟုတ်ပဲ အဲ့ဒီကောင်မလေးတွေရဲ့နောက်မှာရှိနေတဲ့ ရုပ်ရှင်ဧကရာဇ်ဖုပါ မျက်ခုံးပင့်သွားရလေတယ်။
ကျန်ရှင်းဆွေ့ တန်းစီနေတဲ့လူတန်းကြီးကို ဖြတ်သွားတော့ သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့မျက်နှာမှာ မရင့်ကျက်မှုအနည်းငယ် ထွက်ပေါ်နေဆဲပဲ။ အသက်တော်တော်ငယ်သေးမဲ့ ကောင်လေးတစ်ယောက် ဆိုတာတော့သူသေချာတယ်။ ဒါပေမဲ့ မထင်မှတ်စရာက နှစ်တွေအများကြီးကြာပြီဖြစ်တဲ့ အချိန်ကကိစ္စတွေကို အဲ့ဒီကောင်လေးက ရှင်းရှင်းလင်းလင်းကြီးကို မှတ်မိနေတာပဲ။
သူကတကယ်ပဲ……ဖြတ်သွားဖြတ်လာတစ်ယောက်သက်သက်လား?
ဖုကျင်းရှောင်းရဲ့မျက်လုံးထဲမှာ ကောင်လေးရဲ့ကျောပြင်က နေရာအပြည့်ယူထားပြီး နှုတ်ခမ်းထောင့်မှာ အပြုံးသေးသေးလေးဖြစ်တည်လာခဲ့တယ်။ အဲ့ဒီကောင်လေးက……စိတ်ဝင်စားစရာကောင်းတာပဲ။
……………
မူရင်းစာရေးသူမှာပြောစရာရှိပါတယ်။
ရုပ်ရှင်ဧကရာဇ်ဖု : “ကောင်လေး မင်းကငါ့ရဲ့အာရုံစိုက်မှုကို ရသွားပြီပဲ! ”
_______________
Word – 3111
Xiao Dream