Chapter – 5
ရုပ်ရှင်ဧကရာဇ် ရွေးချယ်လိုက်တဲ့နာမည်
_____________________________
အဲ့ဒီ variety showမှာ ပါဝင်ဖို့ကိစ္စကို ကျန်ရှင်းဆွေ့ စဉ်းစားပြီးသွားပြီ။
သူအရင်ဘဝတုန်းက အမှားဆုံးကိစ္စကတော့ ကိုယ့်အသက်ကို တန်ဖိုးမထားပဲနဲ့ ဇာတ်လိုက်shouနဲ့ ပြိုင်ဆိုင်မိတာပဲ။ ကျန်မိသားစုကို မခွဲခွာချင်ပဲနဲ့ သူ့အရင်လိုဘဝမျိုးကို ပြန်ရနိုင်သေးမယ် ထင်နေခဲ့တာ။ အဲ့တာကြောင့် အရင်ဘဝလိုမျိုး အဆုံးသတ်သွားရတာပေါ့။ အခုကနေစပြီး ဇာတ်လိုက်shouနဲ့ လိုက်မပြိုင်ပဲနဲ့ ဝေးဝေးရှောင်ရင် အဆင်ပြေလောက်ပြီမလား။
အဲ့တာမှ သူမလွတ်မြောက်သေးရင် ဒီvariety showထဲ ဝင်ပြီးတာနဲ့ ပိုက်ဆံနှစ်သောင်းယူပြီး ထွက်သွားတော့မယ်။ အဲ့အချိန်ရောက်တော့မှ တခြားအလုပ်ထပ်ရှာတော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်ဆုံး ငတ်မသေရင်ရပြီ။
auditionဖြေဖို့သွားနေတဲ့ကားထဲမှာ ကျန်ရှင်းဆွေ့က ဝမ်ကောပြောတာကို နားထောင်လျက်ရှိတယ် “ဒီအခွင့်အရေးကို မင်းသေချာဆုပ်ကိုင်ထားရမယ်နော် ကြားလား? ဒီတစ်ခေါက် နည်းပြအဖြစ် ဖုကျင်းရှောင်းကို ဖိတ်ထားတယ်လို့ ငါပြောသံကြားတယ် အဲ့တာကဘာကိုရည်ညွှန်းတာလဲ…… အဲ့တာကကျော်ကြားမှုကို ဖော်ပြနေတာပဲ! ဒီshowကသေချာပေါက်ကို ပေါက်မှာပဲ ဒီshowက တော်တော်ကို ကျော်ကြားလိမ့်မယ်ဆိုတာ ငါသေချာတယ် ဖုကျင်းရှောင်းရှိတဲ့နေရာက ဒီနှစ်ရဲ့နာမည်အကြီးဆုံး showဖြစ်မှာပဲ”
ဘာလို့နာမည်ကြီးမှာလဲ?
ဘယ်showမှာပဲဖြစ်ဖြစ် ဖုကျင်းရှောင်းနာမည်ကြားရင်ကို လုံးဝကျော်ကြားသွားလိမ့်မယ်။
ကျန်ရှင်းဆွေ့ ရုတ်တရက် ကိစ္စတစ်ခုကိုစဉ်းစားမိသွားတယ် “ဒီတစ်ခေါက် auditionကို ဖုကောလာလောက်လား?”
ဒီမေးခွန်းက အေးဂျင့်ရဲ့ စိတ်ကူးယဉ်မှုတွေကို ရပ်တန့်သွားစေခဲ့တယ်။
ဝမ်ကောက ခေါင်းကုတ်လိုက်ပြီးတော့ ချီတုံချတုံဖြစ်စွာပြောတယ် “အဲ့တာက မဖြစ်နိုင်လောက်ဘူး ရုပ်ရှင်ဧကရာဇ်ဖု အရမ်းအလုပ်များတာ auditionလေးတစ်ခုအတွက် ဘယ်လိုလုပ်ပြီးလာပါ့မလဲ showစမှပဲလာလိမ့်မယ်ထင်တယ်”
ကျန်ရှင်းဆွေ့ ခေါင်းငြိမ့်လိုက်ပြီး “ဖြစ်နိုင်တယ်”
ဝမ်ကောက သူ့ပုခုံးကိုပုတ်လိုက်ပြီးတော့ “အရမ်းကြီးတွေးမနေနဲ့ ငါလာခါနီး ဇာတာခွင်ကြည့်ခဲ့တာ ဒီနေ့ကမင်းကံကောင်းတဲ့နေ့ပဲ သေချာပေါက်လုပ်နိုင်မှာပါ”
ကျန်ရှင်းဆွေ့ပြုံးပြီးပြောလိုက်တယ် “အဲ့လိုဖြစ်ဖို့ မျှော်လင့်ပါတယ်”
ဒီနေ့က ကံကောင်းတဲ့နေ့လားဘာလား သူမသိပေမဲ့ auditionဖြေတဲ့နေရာကို ခြေချလိုက်ပြီး သူဝေးဝေးမရောက်ခင်မှာပဲ သူနဲ့ရင်းနှီးနေတဲ့ကျောပြင်တစ်ခုကို တွေ့လိုက်ရတယ်။ နောက်တစ်မျိုးပြောရရင် အထူးသဖြင့်အရင်ဘဝမှာ ရင်းနှီးခဲ့တဲ့ကျောပြင်ပေါ့။
အစက အန်းရန်သူ့ဘေးကသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေတယ်။ ကျန်ရှင်းဆွေ့ ကော်ရစ်တာဘက်ကို လမ်းလျှောက်ဝင်လာတဲ့အချိန်မှာပဲ သူလည်းဘေးကိုလှည့်ကြည့်လိုက်တယ်။ အန်းရန်ရဲ့မျက်နှာကတောင့်ခဲသွားပြီးတော့ သူ့ခန္ဓာကိုယ်လည်းတစ်ချက်တုန်သွားတယ်။
ကျန်ရှင်းဆွေ့ “ဘာကိုကံကောင်းတဲ့နေ့လဲ!!”
အန်းရန်ရဲ့ အမူအရာအပြောင်းအလဲကြောင့် အန်းရန်ဘေးမှာရပ်နေတဲ့သူကလည်း သူ့ကိုကြည့်လာခဲ့တယ်။ ကံမကောင်းစွာပဲ အဲ့ဒီသူက ကျန်ရှင်းဆွေ့သိတဲ့ တစ်ယောက်ဖြစ်နေတယ်။ သူက မူလဝတ္ထုရဲ့အစောပိုင်းကာလက ဇာတ်လိုက်shouအန်းရန်ရဲ့ ပထမဆုံးသောနောက်လိုက်ခွေးဖြစ်တယ်။ အဲ… မဟုတ်ဘူး။ သူ့ကိုဘယ်လိုလုပ်ခွေးလို့ပြောလို့ရမှာလဲ။ သူကကြင်နာတတ်တဲ့ အမျိုးသားဇာတ်ပို့’ကျိုးရွှင်’လေ။ သူဌေးလက်သစ်တစ်ယောက်ရဲ့သား။ သူကပိုက်ဆံလည်း အနည်းငယ်ရှိပြီးတော့ အင်အားလည်းအနည်းငယ်ရှိတယ်။ ဇာတ်လိုက်အန်းရန် ဆန်ကိတ်ဆိုင်မှာ စင်ဒရဲလားလုပ်နေတဲ့အချိန်တုန်းက ထွက်ပေါ်လာခဲ့တယ်။ အဓိကအသုံးဝင်မှုကတော့ အန်းရန်ရဲ့အလုပ်သမားလေးပေါ့။ ပိုက်ဆံပေးတယ်၊ ပန်းပေးတယ်၊ နွေးထွေးမှုပေးတယ်။
ဇာတ်လိုက်ကိုကူပြီး သူ့လိုဆိုးသွမ်းတဲ့ အမြှောက်စာခံဇာတ်ကောင်လေးတွေကို မျက်နှာဖျတ်ရိုက်ပေးတာတို့ အမြစ်ဖြတ်ချေမှုန်းတာတို့မှာလည်း သေချာပေါက်ပါတာပေါ့။
အရင်ဘဝတုန်းက သူ(ကျိုးရွှင်)က သူ့(ကျန်ရှင်းဆွေ့)ကို အမြဲလိုက်ပြီးဆန့်ကျင်နေတာ။ သူကျန်မိသားစုကနေ နှင်ထုတ်ခံရပြီးတဲ့နောက်မှာတော့ ပေါ်တင်ကိုအနိုင်ကျင့်လာပြီးတော့ ဇာတ်လိုက်အစား သူ့ကိုချေမှုန်းဖို့ ဦးဆောင်လာခဲ့တော့တယ်။ ကံမကောင်းစွာပဲ အန်းရန် အနုပညာလောကထဲမှာ ကျော်ကြားလာပြီးတဲ့နောက် သံသယဝင်ခံရတာတွေကို ရှောင်ရှားဖို့နဲ့ အေးချမ်းစွာနဲ့ပဲ အလုပ်လုပ်ကိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်အောက်မှာ ကျိုးရွှင်က ကန်ထုတ်ခံလိုက်ရတော့တယ်။
သေချာတာပေါ့
ကျန်ရှင်းဆွေ့ ရှေ့ဆက်မလှမ်းရသေးခင်မှာပဲ ကျိုးရွှင်ကရှေ့တက်လာပြီးတော့ အန်းရန်ကိုနောက်မှာကွယ်လိုက်ကာ သူ့ကိုကြမ်းကြုတ်စွာကြည့်ရင်းပြောလိုက်တယ် “မင်းဒီကို ဘာလာလုပ်တာလဲ?”
သူ့နောက်ကအန်းရန်ကလည်း ရှုံ့တွန့်နေတဲ့မျက်နှာနဲ့ သူ့ကိုရန်သူကြီးကိုရင်ဆိုင်နေရသလိုမျိုး စိုက်ကြည့်နေတယ်။
ကျန်ရှင်းဆွေ့ ပြောစရာစကားမဲ့စွာပဲ “ငါကဘာလို့မလာရမှာလဲ?”
“မင်းရန်ရန်ကိုထိခိုက်အောင်လုပ်ချင်နေတာလား?” ကျိုးရွှင်က အရပ်မြင့်ပြီး သန်လည်းသန်မာတယ်။ ကျန်ရှင်းဆွေ့ကို ထသတ်တော့မလိုပုံစံနဲ့ “ငါမင်းကိုပြောလိုက်မယ် ရှင်းစရာရှိရင်ငါ့ဆီလာရှင်း ဒီနေ့ငါရှိနေသေးသရွေ့ လှည့်ကွက်တွေလုပ်ဖို့စဉ်းစားမနေနဲ့”
“……”
ကျန်ရှင်းဆွေ့ပါးစပ်တောင်မဟရသေးခင်မှာပဲ ကျိုးရွှင်ရဲ့နောက်က အန်းရန်က မတ်တပ်ရပ်လာခဲ့တယ်။ အခုလိုကြည့်တော့ ဇာတ်လိုက်shouက တကယ်ကို အသားဖြူဖြူနဲ့ လှပတဲ့မျက်လုံးကောင်းတစ်စုံရှိပြီး ချောမောပြီးလှလွန်းတယ်။ သူ့မှာညင်သာတဲ့အသက်ရှူသံတစ်စုံရှိပြီးတော့ အားနည်းတဲ့ပုံစံပေါက်နေတာက တစ်စုံတစ်ယောက်ကို သူ့ကိုကာကွယ်ပေးဖို့ အသင့်ရှိနေစေတယ်။
အန်းရန်က ကျိုးရွှင်ရဲ့ရှေ့မှာရပ်လိုက်တယ်။ သူ့ကြည့်ရတာ အားနည်းပုံပေါ်ပေမဲ့ တစ်ချိန်နည်းမှာပဲ အရမ်းကိုသန်မာနေသယောင် ခံစားရတယ် “ကျန်ရှင်းဆွေ့ အားရွှင့်ကို ထိခိုက်အောင်မလုပ်နဲ့ ငါ့ကိုရှာတာဆို ငါနဲ့ပဲရှင်း”
“……”
ကျန်ရှင်းဆွေ့တကယ်ကို ပြောစရာစကားပျောက်နေပြီ။
ဒီစကားကိုအန်းရန်ဆီက ပြောသံကြားရတော့ ကျိုးရွှင်စိတ်လှုပ်ရှားနေမိတယ်။ အန်းရန်က ရိုးသားဖြူစင်တဲ့သူဆိုတာ သူသိတယ်။ ကိုယ့်အတွက် ဒီလိုသတ္တိရှိလိမ့်မယ်လို့ မထင်ထားမိဘူး။
ကျိုးရွှင်က အန်းရန်ကိုသူ့နောက်ပြန်ပို့လိုက်ပြီးတော့ ကျန်ရှင်းဆွေ့ကို ပြင်းပြင်းထန်ထန်ပြောတယ် “မင်းရန်ရန်ကိုထိရင် ငါမင်းကိုအလွတ်ပေးမှာမဟုတ်ဘူး”
ဒါပေမဲ့ အန်ရန်ကခေါင်းခါလိုက်တယ်။ သူကကျိုးရွှင်ရဲ့လက်ကိုဆွဲထားပြီးတော့ပြောတယ် “အားရွှင် အဲ့လိုမလုပ်ပါနဲ့ ငါမင်းကိုမထိခိုက်စေချင်ဘူး”
ကျိုးရွှင်ကပိုပြီးတောင် စိတ်လှုပ်ရှားလာပြီးတော့ ကြင်နာစွာနဲ့ပြောတယ် “ရန်ရန် ဘာမဟုတ်တာတွေပြောနေတာလဲ မင်းငါ့ကိုအားနာစရာမလိုပါဘူး မင်းစိတ်ချ နောက်ဆို မင်းကိုဘယ်သူမှ အနိုင်မကျင့်စေရဘူး”
ဒီလူနှစ်ယောက်ရဲ့ အသံနဲ့လှုပ်ရှားမှုတွေကြောင့် auditionလာဖြေတဲ့သူတွေက သူတို့ကိုဝိုင်းကြည့်နေကြတယ်။ တစ်ချို့ကတော့ စိတ်ဝင်စားစရာစရာပွဲတစ်ခုခုရှိမလားလို့ ကြည့်နေကြတယ်။ ဒီလိုအခြေအနေကြီးမှာ ကျန်ရှင်းဆွေ့သာ ပြဿနာရှာရဲရင် အဲ့တာကလုံးဝကို အချိန်ဖြုန်းနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အန်းရန်ကဉာဏ်ကောင်းတယ်လို့ပြောရမယ်။ ဒီလိုမျိုးရှေ့ထွက်လာတာက ပတ်ဝန်းကျင်ကို သူ့အပေါ်အမြင်ကောင်းတွေရစေရုံသာမကပဲ အမြှောက်စာခံဇာတ်ကောင်ကိုလည်း အလွယ်တကူဖြေရှင်းနိုင်သွားစေတယ်။
တကယ်ပဲတစ်ချို့သူတွေက တီးတိုးပြောဆိုနေကြပြီ။
“ဘာဖြစ်ကြတာလဲ?”
“တစ်ယောက်ယောက်ကအနိုင်ကျင့်နေတာထင်တယ်!”
“အန်းရန်ကအနိုင်ကျင့်ခံရတာလား?”
ကျန်ရှင်းဆွေ့ ပတ်ဝန်းကျင်က စကားသံတွေကိုနားထောင်ပြီးတော့ သက်ပြင်းချလိုက်ကာ ကျိုးရွှင်ကိုကြည့်ပြီးပြောလိုက်တယ် “မင်းတို့နှစ်ယောက် ပြောလို့ပြီးကြပြီလား? ငါစကားပြောလို့ရပြီလား??”
ကျိုးရွှင်က သတိကြီးစွာ “မင်းဘာပြောချင်တာလဲ?”
ကျန်ရှင်းဆွေ့ သူ့ရဲ့စာရင်းပေးထားတဲ့ဖောင်ကို ထုတ်လိုက်ပြီးတော့ “ငါကauditionဖြေဖို့လာတာ ဒီနေရာကိုဘာလို့လာလဲဆိုရင် ဒီနေရာက auditionဖြေမဲ့သူတွေကိုစောင့်ခိုင်းထားတဲ့နေရာမလို့ပဲ”
……………
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက်ကြီးတိတ်ဆိတ်သွားကြတယ်။
နောက်တော့ တစ်ယောက်ကမနေနိုင်တော့ပဲ “ဖူး”ဆိုတဲ့အသံနဲ့အတူ စပြီးရီတော့တယ်။ စောနကတော့ ပွဲလာကြည့်တဲ့သူတွေက အန်းရန်ကိုသနားနေကြသေးတယ်။ အခုတော့ နှစ်ယောက်သားရဲ့ရယ်စရာစကားတွေကို နားထောင်နေရသလိုပဲ။ အဲ့ဒီအရှက်မရှိတဲ့နှစ်ယောက်က ဘယ်သူကဘယ်သူ့ကိုကာကွယ်၊ ဘယ်သူကဘယ်သူ့ကိုကာကွယ်နဲ့ အချင်းချင်းကာကွယ်ပေးနေကြတယ်။
ကျိုးရွှင်ရဲ့မျက်နှာကလည်း ကြည့်ရဆိုးနေပြီ။ အနောက်ကအန်းရန်ကလည်း စိတ်ပျက်နေတဲ့ပုံပေါ်တယ်။
ကျန်ရှင်းဆွေ့သက်ပြင်းချလိုက်တယ်။ သူ့ဖောင်တွေကိုချလိုက်ပြီးတော့ ကော်ရစ်တာရဲ့အဆုံးမှာရှိတဲ့ ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။ သူကအဲ့ဒီ့လူနှစ်ယောက်ကိုကြည့်လိုက်ပြီးတော့ “မင်းတို့သဘော”
အန်းရန်ကကျန်ရှင်းဆွေ့ကို သတိနဲ့ကြည့်နေပြီးတော့ တစ်ခုခုပြောချင်နေပုံရတယ်။ ဒါပေမဲ့ ကျိုးရွှင်က သူ့လက်မောင်းကိုကိုင်ပြီး ဆွဲခေါ်သွားတယ်။ “ငါတို့သွားရအောင် သူနဲ့ဝေးဝေးနေ”
နှစ်ယောက်သားလှည့်ထွက်ပြီး နောက်ဆုတ်သွားတော့မှ ကျန်ရှင်းဆွေ့လည်း သက်ပြင်းချမိလိုက်တော့တယ်။ သူတို့နဲ့ဘယ်တော့မှ ထပ်မတွေ့ရတော့ရင် အကောင်းဆုံးပဲ။ ဒီတစ်ခေါက်auditionက အရွေးခံရရင်ကိုယွမ်၂သောင်းရပြီ။ သူပိုက်ဆံကိစ္စကိုဖြေရှင်းပြီးရင် ဘယ်တော့မှဇာတ်လိုက်shouရှေ့မသွားတော့ဘူး။
သူစဉ်းစားနေတုန်း တစ်စုံတစ်ယောက်က သူ့ဆီကို လှေကားအိမ်ကနေလျှေက်လှမ်းလာတယ်။ သူမက maskတပ်ထားပြီးတော့ ရွှေအိုရောင်ဆံပင်ရှိတယ်။ သူမ ပထမဆုံးမြင်လိုက်တဲ့သူက ကျန်ရှင်းဆွေ့ဖြစ်တာကြောင့် သူမက ထိုင်းလိုချစ်စရာကောင်းစွာ ပြောလိုက်တယ် “ဟိုင်း! နှောင့်ယှက်ရတာအားနာပါတယ်”
ကျန်ရှင်းဆွေ့ မှင်သက်သွားရတယ်။ ထိုင်းကနေ လာပြိုင်တဲ့သူရှိလိမ့်မယ်လို့ မထင်ထားဘူး။
အရင်တုန်းက ဖုကျင်းရှောင်းကထိုင်းalbumတစ်ခုထွက်ဖူးလို့ အချိန်အနည်းငယ်လောက် ထိုင်းစာသင်ဖူးလို့ တော်သေးတယ်။ အဲ့တာကြောင့် ထိုင်းလိုပြန်ဖြေလိုက်တယ် “ဟိုင်း!”
“အာ…ကောင်းလိုက်တာ” ရွှေရောင်ကောင်မလေးက မျက်လုံးတွေမှေးကျသွားတဲ့အထိ ပြုံးလိုက်ပြီးတော့ “တစ်ခုလောက်မေးချင်လို့ပါ ပင်မအသံလွှင့်တဲ့နေရာက ဘယ်မှာလဲဟင် ကျွန်မရှာတာမတွေ့လို့”
ပင်မအသံလွှင့်တဲ့နေရာ??
အဲ့တာက ဒါရိုက်တာနဲ့ နည်းပြတွေပဲသွားတဲ့နေရာမလား?
ကျန်ရှင်းဆွေ့စိတ်ထဲမှာရှုပ်ထွေးနေပေမဲ့ လမ်းပြရင်းပြောလိုက်တယ် “ဒီမှာမဟုတ်ဘူး ဒီကနေတည့်တည့်သွား၊ ပြီးရင်ဘယ်ဘက်ချိုး၊ အဲ့တာဆိုရောက်ပြီ”
ရွှေရောင်ကောင်မလေးက ခေါင်းငြိမ့်လိုက်တယ်။ ဒါပေမဲ့သူမနည်းနည်းတော့ တွေဝေနေတုန်းပဲ။
ကျန်ရှင်းဆွေ့မတ်တပ်ရပ်လိုက်ကာ လက်နဲ့အမူအရာလုပ်ပြပြီး ထိုင်းလိုပြောလိုက်တယ် “ဒီလမ်းအတိုင်း10မီတာလောက်တည့်တည့်သွား၊ အဲ့ဒီမှာဆိုင်းဘုတ်တစ်ခုကိုတွေ့လိမ့်မယ်၊ ဆိုင်းဘုတ်ကိုတွေ့ရင် ဘယ်ဘက်ကိုချိုးလိုက်ပြီးတော့ တည့်တည့်ဆက်သွားရင်ရောက်ပြီ”
ရွှေရောင်ကောင်မလေးကသဘောပေါက်သွားပြီးတော့ “နားလည်ပြီ”
ကျန်ရှင်းဆွေ့ပြုံးလိုက်ပြီးတော့ “အားမနာပါနဲ့”
ရွှေရောင်ကောင်မလေးက သွားတော့မယ့်အချိန်မှမေးတယ် “အိုး…မင်းနာမည်ဘယ်လိုခေါ်လဲ?”
ကျန်ရှင်းဆွေ့သူ့နာမည်ကို ပြောပြလိုက်တယ်။
ရွှေရောင်ကောင်မလေးက လက်နှစ်ဖက်ကိုပူးလိုက်ကာ ခါးကိုင်းပြီးတော့ ယဉ်ကျေးစွာပြောတယ် “ကောင်းပြီ ကျေးဇူးပါ”
ကျန်ရှင်းဆွေ့လည်း ခါးကိုင်းပြီးပြန်နှုတ်ဆက်လိုက်တယ်။
စောနကမိန်းကလေးကိုမမှတ်မိတာက အရင်ဘဝတုန်းက သူဒီshowမှာမပါခဲ့လို့ပဲ။ သူပြန်ထိုင်ပြီးစဉ်းစားကြည့်လိုက်တော့မှ သူမှတ်မိတယ်။ အရင်ဘဝတုန်းက ဒီ’StarLight’showမှာ ‘ထူရာ’လို့ခေါ်တဲ့ နိုင်ငံခြားသူနည်းပြတစ်ယောက်ပါတယ်။ သူမကလည်းထိုင်းနိုင်ငံကပဲ။ အဲ့တုန်းက သူဒီshowကိုတစ်ပတ်ပဲကြည့်လိုက်တာ။ သူမinterviewဖြေတုန်းက ဇာတ်လိုက်shouက ရိုးသားကြင်နာပြီး လမ်းပျောက်နေတဲ့သူမကို လမ်းပြပေးဖူးတယ်လို့ ထည့်ပြီးပြောဖူးတယ်။
ဒီကိုစဉ်းစားမိတော့ ကျန်ရှင်းဆွေ့တုန်လှုပ်သွားတယ်။
မဟုတ်မှ သူမပြောတဲ့လမ်းပျောက်တယ်ဆိုတာ အခုဟာကိုပြောတာလား? ဒါပေမဲ့ ဒီဟာကဇာတ်လိုက်shou လုပ်ပေးရမဲ့ဟာမဟုတ်ဘူးလား။ သူကဘာလို့ လာပြီးလမ်းမညွှန်ပေးတာလဲ? သူထပ်ပြီးစဉ်းစားကြည့်တော့ စောနကအန်းရန်က ဒီနေရာမှာထိုင်နေတာ။ သူ(ကျန်ရှင်းဆွေ့)လာလိုက်တဲ့အတွက်ကြောင့် သူ(အန်းရန်)နဲ့ကျိုးရွှင်က သူ့ကိုမမြင်ချင်လို့ ထသွားကြတာ။
အဲ့တာဆို……သူဇာတ်လိုက်shouရဲ့ရောင်ဝါကို မတော်တဆခိုးယူမိသွားတာလား?
ကျန်ရှင်းဆွေ့ ဇာတ်လိုက်shouနဲ့ပြိုင်မိလို့ဖြစ်သွားရတဲ့ သူ့ရဲ့အဆုံးသတ်ကိုပြန်တွေးမိသွားပြီး ကူရာကယ်ရာမဲ့စွာ သက်ပြင်းချလိုက်တယ်။ ဒီဟာတွေကို သူတမင်လုပ်တာမဟုတ်ဘူးဆိုတာ ဒီကမ္ဘာကြီးသိဖို့မျော်လင့်ပါတယ်။ သူ့လိုအမြောက်စာခံဇာတ်ကောင်လေးအပေါ်ပဲ အရာအားလုံးကိုပုံမချပဲနဲ့ပေါ့။
……………
တစ်ခြားတစ်ဖက်မှာတော့
ရိုက်ကူးရေးအဖွဲ့က ဖုန်းကောတစ်ခုလက်ခံရရှိခဲ့တယ်။
ဖုန်းဆက်တဲ့သူက ဒီနှစ်ပိုင်းမှာ နာမည်ကြီးနေတဲ့ ‘ကျန်ကျစ်’ပဲပါ။ ကျန်မိသားစုရဲ့ အင်အားတွေနဲ့ အရင်းအမြစ်တွေကြောင့် ဖန်အချို့နဲ့ ကျော်ကြားမှုရရှိလာခဲ့တယ်။
ကျန်ကျစ်ဘာလို့ဖုန်းခေါ်လဲဆိုတာကတော့ အရမ်းရိုးရှင်းပါတယ်။ ရိုက်ကူးရေးအဖွဲ့ကို သူ့ညီလေးကို ဂရုစိုက်ပေးဖို့ လှမ်းပြောတာပါပဲ။ မကြာသေးခင်က သူ့ညီလေးနဲ့ဖုန်းပြောခဲ့တယ်။ အခြေအနေတချို့ကို သိရှိပြီးတဲ့နောက်မှာပဲ ရိုက်ကူးရေးအဖွဲ့ကို လှမ်းပြီးဆက်သွယ်လိုက်တာ။ သူ့ညီလေးကို ဘာမှမနစ်နာစေချင်ဘူး။ အထူးသဖြင့် ကျန်ရှင်းဆွေ့က သူ့ညီလေးကို တစ္ဆေတစ်ကောင်လို နောက်ကလိုက်နေတယ်ဆိုတာ သိရပြီးတဲ့နောက်မှာ သူပိုပြီးစိုးရိမ်သွားခဲ့ရတယ်။
ကျန်ရှင်းဆွေ့က auditionလာဖြေယုံသက်သက်ပဲလို့ ဖုန်းထဲမှာအန်းရန်ကပြောပေမဲ့ အန်းရန်ရဲ့ချီတုံချတုံဖြစ်နေတဲ့အသံကိုနားထောင်ပြီး ဒီကိစ္စကအဲ့လောက်မရိုးရှင်းဘူးဆိုတာ ကျန်ကျစ်သေချာတယ်။ သူ့ရဲ့ညီငယ်လေးက အရမ်းကို ကြင်နာတတ်လွန်းတယ်။ တခြားသူတွေရဲ့ အတင်းအဖျင်းတွေကို ဘယ်တော့မှ ပြောလေ့မရှိဘူး။ ပြောရရင် သူကျန်ရှင်းဆွေ့ဆီကနေ အနိုင်ကျင့်ခံထားရတာသေချာတယ်။ သူအခုကျန်အိမ်တော်ကိုပြန်ရောက်ပြီ။ သေချာပေါက် ဒီတိုင်းတော့ အလကားထိုင်မနေနိုင်ဘူးလေ။
ရိုက်ကူးရေးအဖွဲ့ကပြန်ဖြေတယ် “စိတ်မပူပါနဲ့ ကျွန်တော်တို့သူ့ကိုသေချာလေး ဂရုစိုက်လိုက်ပါ့မယ် ပြီးတော့ အန်းရန်ရဲ့အရည်အချင်းကလည်းမဆိုးဘူး ဒီauditionကိုအေးဆေးအောင်ပါတယ်”
“အင်း” ကျန်ကျစ်ကပြောတယ် “မင်းတို့မှာအမြင်ကောင်းရှိလိမ့်မယ်လို့ ယုံကြည်ပါတယ် ပြီးတော့ အထက်စီးဆန်တဲ့သူတွေကို မဝင်စေဖို့ဂရုစိုက် မင်းတို့ရဲ့နာမည်စာရင်းကို ကြည့်ပြီးသွားပြီ အဲ့ထဲက တစ်ယောက်က သိပ်ပြီးမသင့်တော်ဘူးလို့ထင်တယ်……”
ဒီဖုန်းခေါ်ဆိုမှုက အဓိပ္ပာယ်တွေနဲ့ရည်ရွယ်ချက်တွေအများကြီးပါတယ်။ အဲ့ဒါက တစ်စုံတစ်ယောက်ကို လုံးဝကိုအရွေးမခံရစေချင်တာပဲ။
ဖုန်းချလိုက်ပြီးတဲ့နောက်မှာ လက်ထောက်ဒါရိုက်တာက သက်ပြင်းချလိုက်တယ်။ သူ့ဘေးကဒါရိုက်တာနဲ့ဆွေးနွေးလိုက်တယ်။ ဒါပေမဲ့ ဒါရိုက်တာကအဲ့တာကိုကြားတဲ့အခါမှာ သိပ်ပြီးဘာမှမတုံ့ပြန်ဘူး “ကျန်ကျစ်ရှိတဲ့ ‘Phoenix entertainment’က ဒီနှစ်လွှတ်လိုက်တဲ့ လူသစ်လေးတွေကိုမနည်းဘူး သူ့ရဲမျက်နှာကြောင့် လူတစ်ယောက်လောက်ဖြုတ်လိုက်တာဘာမှမဖြစ်ဘူး နာမည်သာမှတ်ထားလိုက် မမှားစေနဲ့”
လက်ထောက်ဒါရိုက်တာကတုံ့ပြန်လိုက်တယ်။
ကျန်ရှင်းဆွေ့လို့ခေါ်တဲ့တစ်ယောက်လည်း တခြားသူကိုအပြစ်မတင်ပဲ သူ့ပါသူပဲကံဆိုးတယ်မှတ်ရမှာပဲ။
……………
တခြားတစ်ဖက်……စတူဒီယိုထဲမှာ…
“အိုကေ! ကတ်! အားလုံးခဏနားမယ်”
ဒါရိုက်တာရဲ့ပြောသံကြောင့် စင်ပေါ်မှာဇာတ်ကားရိုက်နေတဲ့သူက အောက်ကိုဆင်းလာတယ်။ ဖုကျင်းရှောင်းက တစ်ကိုယ်လုံးနွေရာသီဝတ်စုံ ဝတ်ဆင်ထားတယ်။ အလင်းရောင်အောက်မှာ အရမ်းကိုချောမောပြီးတော့ လူတွေကိုခြိမ်းခြောက်နိုင်စွမ်း အပြည့်အဝရှိတယ်။ တကယ့်ကို နန်းတော်ထဲကထွက်လာတဲ့ မြင့်မြတ်ပြီးထူးချွန်လှတဲ့ မင်းသားတစ်ပါးလိုပဲ။
သူလာတဲ့တစ်လျှောက်လုံးကဝန်ထမ်းတွေကနွေးထွေးကြတယ်။
“ဖုကောပင်ပန်းသွားပြီ”
“ဖုကောရေသောက်မလား?”
“ဖုကောမင်္ဂလာပါ”
ဖုကျင်းရှောင်းကခေါင်းငြိမ့်ပြပြီးတော့ ယဉ်ကျေးစွာပြုံးလိုက်တယ်။ သူ့အပြုံးက ဝန်ထမ်းတွေအားလုံးကို ရှက်သွေးဖြာသွားစေတယ်။
သူအဝတ်လဲခန်းကိုပြန်ရောက်တော့ ပျင်းရိစွာနဲ့ထိုင်ချလိုက်တယ်။ အပြုံးကပျောက်ကွယ်သွားပြီးတော့ ရွှေရောင်မျက်မှန်ကိုင်းနောက်မှာ နက်ရှိုင်းပြီး တမူထူးခြားလှတဲ့မျက်လုံးတစ်စုံရှိတယ်။ လက်ထောက်ရဲ့လက်ထဲကရေဘူးကို ယူလိုက်ပြီးတော့ အေးဂျင့်ကိုမေးလိုက်တယ် “ကိစ္စရှိလို့လား?”
ဝမ်မိန်စန့်ကပြောတယ် ” ‘StarLight’ကဒီတစ်ခေါက်လာပြိုင်တဲ့သူတွေရဲ့ နာမည်စာရင်းကိုပို့ပေးထားတယ်။ သူတို့က မင်းမလာမှာသိလို့ နာမည်စာရင်းကိုပို့ပေးလိုက်တာ ငါတို့ကို လူလည်းရွေးခိုင်းလိုက်သေးတယ်”
ဖုကျင်းရှောင်းကစိတ်မဝင်စားပဲနဲ့ “မင်းပဲနှစ်ယောက်လောက် ရွေးပေးလိုက်ရင်ရပြီ”
ဝမ်မိန်စန့်က ဒီလိုပဲလာမယ်ဆိုတာသိပြီးသား။ သူမကစာရင်းကိုစားပွဲပေါ်မှာချလိုက်တယ်။ ဒီတိုင်းပဲကြည့်နေလိုက်ပြီးတော့ “အဲ့တာဆိုလည်းငါတို့companyကလူပဲရွေးတာပေါ့”
ဖုကျင်းရှောင်းလည်းတစ်ချက်အသံပြုလိုက်တယ်။
သူကတကယ်ကိုစိတ်မဝင်စားတာ။ ရေခွက်ကိုစားပွဲပေါ်ပြန်တင်လိုက်ပြီးတော့ မျက်လုံးနဲ့တစ်ချက်ဝေ့ကြည့်လိုက်တယ်။ စာရွက်တစ်ရွက်ပေါ်မှာ အနည်းငယ်ရင်းနှီးနေတဲ့မျက်နှာနဲ့ ဓာတ်ပုံကိုတွေ့လိုက်ရတယ်။
ဝမ်မိန်စန့် စာရင်းကိုကြည့်နေရင်း သူဓာတ်ပုံကိုစိုက်ကြည့်နေတာမြင်တော့ မေးလိုက်တယ် “ဘာပြဿနာရှိလို့လဲ?”
ဖုကျင်းရှောင်းက အချက်အလက်တွေရေးထားတဲ့စာရွက်ကို ကောက်ယူလိုက်တယ်။ စာရွက်ကိုသူ့ရဲ့သွယ်လျတဲ့လက်တွေနဲ့ညှပ်ထားတယ်။ သူ့ရဲ့ခေါင်းမာတဲ့အကြည့်က ဓာတ်ပုံရဲ့ဘေးကနာမည်ပေါ်ရောက်သွားတယ် ___ကျန်ရှင်းဆွေ့…
သူကဆန်ကိတ်ရောင်းတဲ့ဆိုင်မှာ သူ့ကိုanti-fanတွေဆီကနေ ကာကွယ်ပေးခဲ့တဲ့ကလေးပဲ။
အရင်တစ်ခေါက်တုန်းက သူ(ကျန်ရှင်းဆွေ့)က သူ့(ဖုကျင်းရှောင်း)ရဲ့ ဆေးအိတ်ကိုလက်ခံလိုက်ပြီးတော့ နောက်တစ်ခေါက်တွေ့ရင် ကောင်းကောင်းကျေးဇူးတင်ပါ့မယ်လို့ တောင်ပြောသေးတယ်။
ဝမ်မိန်စန့်က သံသယဖြစ်စွာမေးတယ် “ဘာဖြစ်လို့လဲ? မင်းသူ့ကိုသိတာလား?”
“မသိဘူး”
ဖုကျင်းရှောင်းပြန်ဖြေလိုက်ပြီးတော့ သူ့အချက်အလက်တွေကို တစ်ချက်ပြန်ကြည့်လိုက်တယ်။ ‘အကြိုက်ဆုံးidol’ ဆိုတဲ့နေရာမှာက ကွက်လပ်ကြီးပဲဖြစ်နေတယ်။ ‘အကြိုက်ဆုံးသီချင်း’ ဆိုတဲ့နေရာမှာတော့ သူအစောပိုင်းကာလတုန်းကထွက်ခဲ့တဲ့ သီချင်းတွေကိုဖြည့်ထားတယ်။ သူ့နှုတ်ခမ်းအထက်မှာတော့ အဓိပ္ပာယ်ရှိတဲ့ အပြုံးတစ်ပွင့်ပေါ်လာခဲ့တယ်။
ဝမ်မိမ်စန့်က လေပူတွေမှုတ်ထုတ်လိုက်ပြီးတော့မှ “ငါကမင်းတို့သိတယ်ထင်သွားတာ အနုပညာလောကထဲက လူသစ်လေးတွေတော်တော်များများက မင်းနည်းပြအဖြစ်ပါမှာလဲသိရော တော်တော်လေးကိုစိတ်လှုပ်ရှားနေကြတာ တစ်ချို့ကျတော့လည်း သူတို့ရဲ့ကျော်ကြားမှုအတွက် မင်းကိုအသုံးချချင်နေကြတာ”
ဖုကျင်းရှောင်းက အဲ့ဒီအချက်အလက်ရေးထားတဲ့စာရွက်ကို ဝမ်မိန်စန့်ရှေ့ချပေးလိုက်ပြီးတော့ “သူပဲ”
ဝမ်မိန်စန့်ကြောင်သွားပြီး “ဘာကြီး?”
“ရိုက်ကူးရေးအဖွဲ့ဘက်ကို ပြန်ပြီးအကြောင်းကြားလိုက်” ဖုကျင်းရှောင်းရဲ့အသံက အနည်းငယ်ပျင်းရိနေတဲ့ပုံပေါက်နေပေမဲ့ မလွန်ဆန်နိုင်လောက်တဲ့အရှိန်အဝါလည်းရှိနေပြန်တယ် “ဒါကငါရွေးလိုက်တဲ့သူပဲ”
____________________
Word – 3689
Xiao Dream