Confession
Follow
1 – တက္ကသိုလ်တက်နေစဥ်အရွယ် ‘ကျိုးကျင်းဇယ်’ နဲ့ ‘ရွှီဆွေ’ ဟာ ပလဲပနှံသင့်ဖို့ မဖြစ်နိုင်သလို လုံးဝမတူတဲ့ လူနှစ်ယောက်။တစ်ယောက်က အစစ အရာရာပြည့်စုံပြီး အလေလိုက်ဖြစ်သလိုနေတတ်တဲ့သူ တစ်ယောက်က ဆိတ်ငြိမ်သက်ပြီးအေးအေးဆေးဆေးနေတတ်တဲ့ ဖြစ်တည်မှု။ ‘ရွှီဆွေ’က စာကြည့်တိုက်ထဲမှာထိုင်ပြီး စာတွေ ကူးရေးနေတဲ့အချိန်တိုင်း ‘ကျိုးကျင်းဇယ်’ရဲ့ တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲနေတဲ့ ရည်းစားကောင်မလေးတွေနဲ့ မမြင်သင့်မမြင်အပ်တဲ့အပြုအမူတွေကို မကြာခဏတွေ့ရနေကြ။ ပါတီပွဲတစ်ခုမှာတော့ ‘ရွှီဆွေ’ က ရှိသမျှသတ္တိတွေစုပြီး အကျယ်လောင်ဆုံး ဖွင့်ဟဝန်ခံခဲ့မိတယ်။ ‘ကျိုးကျင်းဇယ်’က ရုတ်တရက်ကြောင်သွားခဲ့သလို ခပ်ရေးရေးလေးလည်း ပြုံးရင်း ဆိုခဲ့တဲ့စကားတစ်ခွန်းက “အားနာပါတယ်..မင်းက အရမ်းလိမ္မာလွန်းနေတယ်”
2 – နောက်တစ်ကြိမ် ပြန်လည်ဆုံစည်းကြတဲ့အခါမှာလည်း ‘ကျိုးကျင်းဇယ်’ က ကောင်းကင်မင်းကြီးရဲ့အလိုလိုက်ခံသားတော်လေး ဖြစ်နေဆဲ။ မတော်တဆရော ရည်ရွယ်ချက်ရှိရှိပါ အကြိမ်ဖန်များစွာ တွေ့ဆုံကြတဲ့အခါမှာတော့ ‘ရွှီဆွေ’က မဖြစ်သင့်တော့တဲ့စိတ်ကို သေသေချာချာသိုဝှက်ထားပြီး ‘ကျိုးကျင်းဇယ်’ နဲ့ ဝေးနိုင်သမျှ ဝေးဝေးမှာနေဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် ‘ကျိုးကျင်းဇယ်’ က တစ်လှမ်းပြီးတစ်လှမ်းတိုးလာတာကြောင့် ‘ရွှီဆွေ’ မှာ နောက်ဆုတ်စရာနေရာလွတ် မကျန်တော့တဲ့အဆုံး။ နံရံမှာ ချောင်ပိတ်ပြီး ကပ်ခံထားရတဲ့ ‘ရွှီဆွေ’ က မေးလိုက်တယ်။
“ဘာဖြစ်လို့ ‘ငါ’ လဲ”
‘ကျိုးကျင်းဇယ်’ က ခေါင်းငုံ့ ၊ အနီးဆုံးထိကပ်လာပြီး ပူနွေးနွေးအသက်ရှူငွေ့တွေကပါ နားရွက်ဖျား အရိုးထဲထိစိမ့်ဝင်လာရသလိုလိုနဲ့
“ဘာဖြစ်လို့ဆိုတဲ့အကြောင်းပြချက် မရှိဘူး..အရင်က လောင်ဇစ် မျက်လုံးကန်းနေခဲ့လို့”
–ကောင်းကင်ပြင်ကြီး ခြားနားထားမှန်း သိနေတာတောင် ချစ်ခြင်းမေတ္တာတွေကို နေ့တိုင်း စာအိတ်လေးထဲ ထည့်ထားတုန်းပါပဲ–
Author Note – လေယာဥ်မောင်းဆိုင်ရာပညာရပ် ၊ လေကြောင်းကယ်ဆယ်ရေး ၊ ဆေးပညာဆိုင်ရာအချက်အလက်များကို Online မှတဆင့်ရှာဖွေထားခြင်းသာ ဖြစ်သည့်အတွက် လက်ခံနိုင်မှ ဖတ်ပေးကြပါရန်။ ကျေးဇူးတင်ပါတယ်။
>>>>>>
ကိုယ့်ရဲ့ Novel Description ကို ဆက်ရအောင်..
Male Lead – ကျိုးကျင်းဇယ်
– လေယာဥ်မှူး ( လေကြောင်းအထူးပြုတက္ကသိုလ် )
Female Lead – ရွှီဆွေ
– ဆရာဝန် ( ဆေးပညာအထူးပြုတက္ကသိုလ် )
‘ကျိုးကျင်းဇယ်’ ဆိုတဲ့ ကောင်ကလေးဟာ ‘ကြယ်တွေဝန်းရံ လမင်းခြံရံ’ စကားစုနဲ့ ခိုင်းနှိုင်းရတဲ့အထိ အစစ အရာရာ ပြည့်စုံပါတယ်။ မလုပ်နိုင်တဲ့အရာ ဆိုတာမရှိ ၊ မသင်ယူနိုင်တဲ့ပညာ ဆိုတာမရှိ ၊ မရနိုင်တဲ့အရာ ဆိုတာမရှိ တဲ့အထိပါပဲ။ အသိုင်းအဝိုင်းလည်းရှိ ရုပ်ရှိရေလျှံတဲ့အတွက် အမျိုးသမီးလေးတွေ ဝိုင်းဝိုင်းလည် ၊ ကောင်မလေးတွေ ထည်လဲတွဲနေတဲ့ Playboy ကောင်လေး။
‘ရွှီဆွေ’ ဆိုတဲ့ ကောင်မလေးက အထက်တန်းကျောင်းတုန်းက ရောဂါတစ်မျိုးကြောင့် တိုင်းရင်းဆေးတွေသောက်ပြီး ခန္ဓာကိုယ်ဖောယောင်နေခဲ့တဲ့ ခပ်ဝဝ ကောင်မလေး။ ဆယ်ကျော်အရွယ်ကောင်မလေးဟာလည်း အစစအရာရာ ပြည့်စုံတဲ့ကောင်ကလေးကို အရိုးရှင်းဆုံး သဘောကျမိသွားတဲ့သူတစ်ယောက်ပေါ့။
မလိုက်ဖက်ခြင်းများစွာ ရှိတာကြောင့် တိတ်တိတ်လေးခိုးချစ်နေခဲ့တဲ့ကောင်မလေး ‘ရွှီဆွေ’က တက္ကသိုလ်ရောက်တဲ့အထိ အချစ်တွေကို ဖုံးကွယ်ထားခဲ့ပါတယ်။
ဖွင့်ဟဝန်ခံပြီးတဲ့နောက်မှာ ဘာတွေ ဖြစ်မလဲ…
ပြန်ဆုံတွေ့ပြီးနောက်မှာရော ဘာတွေဖြစ်မလဲ…
—ငါ ပြန်လာပြီ ကျိုးကျင်းဇယ်..
ရွှီဆွေ ; တွေ့ရတာဝမ်းသာပါတယ်..ကုသကယ်ဆယ်ရေးအဖွဲ့က ရွှီဆွေပါ
ကျိုးကျင်းဇယ် ; တွေ့ရတာဝမ်းသာပါတယ်..လေကြောင်းကယ်ဆယ်ရေးအဖွဲ့က ကျိုးကျင်းဇယ်ပါ
တွေ့ရတာဝမ်းသာပါတယ်..ငါရဲ့ ချစ်ရသူ..ငါ့ရဲ့ လက်တွဲမယ့်အသင်းဖော်..
တွေ့ရတာဝမ်းသာပါတယ်..ကိုယ့်ရဲ့ချစ်ရသူ..ကိုယ့်ရဲ့ လက်တွဲမယ့်အသင်းဖော်လေး…—
Author Profile
Latest entries
LoveNovember 18, 2023Lets Fall In Love
DramaOctober 21, 2023Goodbye My Princess
Handsome Male LeadOctober 11, 2023Confession
Khwint Wah
HeeHee လိုက်လာပီ
PhyoSu
အပြေးလေးလာပြီ
Aell Mon Ko
ရန်ကောလေးကို သတိရတယ်