Confession

4.8
Your Rating
Confession 4.8 (28)
5K
Comments
134 Users bookmarked This

1 – တက္ကသိုလ်​တက်​နေစဥ်အရွယ် ‘ကျိုးကျင်းဇယ်’ နဲ့ ‘ရွှီ​ဆွေ’ ဟာ ပလဲပနှံသင့်ဖို့ မဖြစ်နိုင်သလို လုံးဝမ​တူတဲ့ လူနှစ်​ယောက်။တစ်​ယောက်က အစစ အရာရာပြည့်စုံပြီး အ​လေလိုက်ဖြစ်သလို​နေတတ်တဲ့သူ တစ်​ယောက်က ဆိတ်ငြိမ်သက်ပြီး​​အေး​အေး​ဆေး​ဆေး​နေတတ်တဲ့ ဖြစ်တည်မှု။ ‘ရွှီ​ဆွေ’က စာကြည့်တိုက်ထဲမှာထိုင်ပြီး စာ​​တွေ ကူး​ရေး​နေတဲ့အချိန်တိုင်း ‘ကျိုးကျင်းဇယ်’ရဲ့ တစ်​ယောက်ပြီးတစ်​ယောက် ထည်လဲတွဲ​​နေတဲ့ ရည်းစား​ကောင်မ​လေး​တွေနဲ့ မမြင်သင့်မမြင်အပ်တဲ့အပြုအမူ​တွေကို မကြာခဏ​တွေ့ရ​နေကြ။ ပါတီပွဲတစ်ခုမှာ​တော့ ‘ရွှီ​ဆွေ’ က ရှိသမျှသတ္တိ​တွေစုပြီး အကျယ်​လောင်ဆုံး ဖွင့်ဟဝန်ခံခဲ့မိတယ်။ ‘ကျိုးကျင်းဇယ်’က ရုတ်တရက်​ကြောင်သွားခဲ့သလို ခပ်​ရေး​ရေး​လေးလည်း ပြုံးရင်း ဆိုခဲ့တဲ့စကားတစ်ခွန်းက “အားနာပါတယ်..မင်းက အရမ်းလိမ္မာလွန်း​နေ​တယ်”

2 – ​နောက်တစ်ကြိမ် ပြန်လည်ဆုံစည်းကြတဲ့အခါမှာလည်း ‘ကျိုးကျင်းဇယ်’ က ​ကောင်းကင်မင်းကြီးရဲ့အလိုလိုက်ခံသား​တော်​လေး ဖြစ်​နေဆဲ။ မ​တော်တဆ​ရော ရည်ရွယ်ချက်ရှိရှိပါ အကြိမ်ဖန်များစွာ ​တွေ့ဆုံကြတဲ့အခါမှာ​တော့ ‘ရွှီ​ဆွေ’က မဖြစ်သင့်​တော့တဲ့စိတ်ကို ​သေ​သေချာချာသိုဝှက်ထားပြီး ‘ကျိုးကျင်းဇယ်’ နဲ့ ​ဝေးနိုင်သမျှ ​ဝေး​ဝေးမှာ​နေဖို့ ကြိုးစားပါ​တော့တယ်။ ဒါ​ပေမယ့် ‘ကျိုးကျင်းဇယ်’ က တစ်လှမ်းပြီးတစ်လှမ်းတိုးလာတာ​ကြောင့် ‘ရွှီ​ဆွေ’ မှာ ​နောက်ဆုတ်စရာ​နေရာလွတ် မကျန်​တော့တဲ့အဆုံး။ နံရံမှာ ​ချောင်ပိတ်ပြီး ကပ်ခံထားရတဲ့ ‘ရွှီ​ဆွေ’ က ​မေးလိုက်တယ်။

“ဘာဖြစ်လို့ ‘ငါ’ လဲ”

‘ကျိုးကျင်းဇယ်’ က ​ခေါင်းငုံ့ ၊ အနီးဆုံးထိကပ်လာပြီး ပူ​နွေး​နွေးအသက်​ရှူ​ငွေ့​တွေကပါ နားရွက်ဖျား အရိုးထဲထိစိမ့်ဝင်လာရသလိုလိုနဲ့

“ဘာဖြစ်လို့ဆိုတဲ့အ​ကြောင်းပြချက် မရှိဘူး..အရင်က ​လောင်ဇစ် မျက်လုံးကန်း​နေခဲ့လို့”

–​ကောင်းကင်ပြင်ကြီး ခြားနားထားမှန်း သိ​နေ​တာ​တောင် ချစ်ခြင်း​မေ​တ္တာ​​တွေကို ​နေ့တိုင်း စာအိတ်​လေးထဲ ထည့်ထားတုန်းပါပဲ–

Author Note – ​လေယာဥ်​​မောင်းဆိုင်ရာပညာရပ် ၊ ​လေ​ကြောင်းကယ်ဆယ်​ရေး ၊ ​ဆေးပညာဆိုင်ရာအချက်အလက်များကို Online မှတဆင့်ရှာ​ဖွေထားခြင်းသာ ဖြစ်သည့်အတွက် လက်ခံနိုင်မှ ဖတ်​ပေးကြပါရန်။ ​ကျေးဇူးတင်ပါတယ်။

>>>>>>

ကိုယ့်ရဲ့ Novel Description ကို ဆက်ရ​အောင်..

Male Lead – ကျိုးကျင်းဇယ်
– ​လေယာဥ်မှူး ( ​လေ​ကြောင်းအထူးပြုတက္ကသိုလ် )

Female Lead – ရွှီ​ဆွေ
– ဆရာဝန် ( ​ဆေးပညာအထူးပြုတက္ကသိုလ် )

‘ကျိုးကျင်းဇယ်’ ဆိုတဲ့ ​ကောင်က​လေးဟာ ‘ကြယ်​တွေဝန်းရံ လမင်းခြံရံ’ စကားစုနဲ့ ခိုင်းနှိုင်းရတဲ့အထိ အစစ အရာရာ ပြည့်စုံပါတယ်။ မလုပ်နိုင်တဲ့အရာ ဆိုတာမရှိ ၊ မသင်ယူနိုင်တဲ့ပညာ ဆိုတာမရှိ ၊ မရနိုင်တဲ့အရာ ဆိုတာမရှိ တဲ့အထိပါပဲ။ အသိုင်းအဝိုင်းလည်းရှိ ရုပ်ရှိ​ရေလျှံတဲ့အတွက် အမျိုးသမီး​လေး​တွေ ဝိုင်းဝိုင်းလည်​ ၊ ​ကောင်မ​လေး​တွေ ထည်လဲတွဲနေ​တဲ့ Playboy ​ကောင်​လေး။

‘ရွှီ​ဆွေ’ ဆိုတဲ့ ​ကောင်မ​လေးက အထက်တန်း​ကျောင်းတုန်းက ​ရောဂါတစ်မျိုး​ကြောင့် တိုင်းရင်း​ဆေး​တွေ​သောက်ပြီး ခန္ဓာကိုယ်​​ဖော​ယောင်​နေခဲ့တဲ့ ခပ်ဝဝ ​ကောင်မ​လေး။ ဆယ်​ကျော်အရွယ်ကောင်မ​လေးဟာလည်း အစစအရာရာ ပြည့်စုံတဲ့​ကောင်က​လေးကို အရိုးရှင်းဆုံး သ​ဘောကျမိသွားတဲ့သူတစ်​ယောက်​ပေါ့။

မလိုက်ဖက်ခြင်းများစွာ ရှိတာ​ကြောင့် တိတ်တိတ်​လေးခိုးချစ်​နေခဲ့တဲ့​ကောင်မ​လေး ‘ရွှီ​ဆွေ’က တက္ကသိုလ်​ရောက်တဲ့အထိ အချစ်​တွေကို ဖုံးကွယ်ထားခဲ့ပါတယ်။

ဖွင့်ဟဝန်ခံပြီးတဲ့​နောက်မှာ ဘာ​တွေ ဖြစ်မလဲ…

ပြန်ဆုံ​တွေ့ပြီး​နောက်မှာ​ရော ဘာ​တွေဖြစ်မလဲ…

—ငါ ပြန်လာပြီ ကျိုးကျင်းဇယ်..

ရွှီ​ဆွေ ; ​တွေ့ရတာဝမ်းသာပါတယ်..ကုသ​ကယ်ဆယ်​ရေးအဖွဲ့က ရွှီ​ဆွေပါ

ကျိုးကျင်းဇယ် ; ​တွေ့ရတာဝမ်းသာပါတယ်..​လေ​ကြောင်းကယ်ဆယ်​ရေးအဖွဲ့က ကျိုးကျင်းဇယ်ပါ

​တွေ့ရတာဝမ်းသာပါတယ်..ငါရဲ့ ချစ်ရသူ..ငါ့ရဲ့ လက်တွဲမယ့်အသင်း​ဖော်..

​တွေ့ရတာဝမ်းသာပါတယ်..ကိုယ့်ရဲ့ချစ်ရသူ..ကိုယ့်ရဲ့ လက်တွဲမယ့်အသင်း​ဖော်​လေး…—

Genre(s)
Tags(s)