ရှောင်ပုန်းဖို့မကြိုးစားနဲ့

4.3
Your Rating
ရှောင်ပုန်းဖို့မကြိုးစားနဲ့ 4.3 (6)
271
Comments
21 Users bookmarked This

Original Author – 今闲

Associated Names – 你再躲试试 don’t hide from me

Status in COO

55 Chapters + 26 Extras

 

꙳꙳꙳꙳꙳

ယဲ့ယောင်က သူငယ်ချင်းဖြစ်သူ လုရွှမ်းအပေါ်ချစ်နေမိပြီဖြစ်ကြောင်း သိလိုက်ရတယ်။

 

သူတို့ကအတူသွား၊ အတူစားကာ တပူးတွဲတွဲနှင့်ခွဲမရလုနီးပါးဖြစ်ကာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေပေါ့။

 

ဒီနှစ်တွေတစ်လျှောက်လုံး သူလေ့လာခဲ့ရတာက လုရွှမ်းသည် စတီးချောင်းလိုဖြောင့်နေတဲ့ အဖြောင့်ကောင်တစ်ကောင်ဆိုတာပင်။ ရုပ်ရည်လေးကကြည့်ကောင်းတော့ မျိုးတူအပေါ်လိင်စိတ်တိမ်းညွှတ်တဲ့အမျိုးသားတွေအတွက် ဆွဲဆောင်မှုရှိနေတဲ့လူပေါ့။

 

ဒီလိုမျိုးလူတစ်ယောက်ပေါ်လာတဲ့ ဘယ်အချိန်မဆိုလုရွှမ်းက သူတို့ကိုအကြင်နာမဲ့စွာနဲ့အဆက်အသွယ်ဖြတ်ပစ်တယ်။ အရင်က မိတ်ဆွေကောင်းတွေဖြစ်နေခဲ့ရင်တောင် တုံးဆိုင်းမနေပဲ blacklistထဲတန်းထည့်ပစ်ပြီး သူ့ကမ္ဘာထဲကနေ လုံးဝထုတ်ပစ်လိုက်တော့တယ်။

 

ဒီသူငယ်ချင်းဆက်ဆံရေးကို ဆက်ထိန်းထားနိုင်ရန် ယဲ့ယောင်က လုရွှမ်းနဲ့အချိန်ကုန်ခြင်းကို နည်းနိုင်သမျှနည်းအောင်လျှော့ချခဲ့သည်။ မပေါ်ပေါက်လာသင့်တဲ့ဆက်ဆံရေးတစ်ခုကို အလွယ်တကူရှာမတွေ့သွားစေဖို့အတွက်ပေါ့။

 

လုရွှမ်းကသူနဲ့အတူ နှစ်ယောက်တည်းခရီးထွက်ချင်သည်။ ဒါပေမယ့်သူငြင်းလိုက်တယ်။

 

လုရွှမ်းကသူနဲ့အတူ ရေချိုးချင်သည်။ ဒါပေမယ့်သူငြင်းလိုက်တယ်။

 

လုရွှမ်းကသူနဲ့အတူ အိပ်ချင်သည်။ ဒါပေမယ့်သူငြင်းနေတုန်းပဲ။

 

•••••••

 

လုရွှမ်းနဲ့ ထိတွေ့ဆက်ဆံမှုကို လျှော့ချစေရန် ယဲ့ယောင်စီမံနိုင်ခဲ့သော်လည်း တစ်နေ့တွင်အိမ်၌ သူတစ်ယောက်တည်းရှိနေစဥ် လုရွှမ်းရဲ့ပိတ်ဆို့ထားစီးခြင်းကို ခံလိုက်ရသည်။

 

သူ့နဲ့ဆို အမြဲတမ်းရွှင်လန်းတက်ကြွနေတဲ့လူက ယခုတွင်ကြောက်စရာကောင်းစွာ မဲမှောင်နေတဲ့မျက်နှာနဲ့ သူ့ကိုနံရံပေါ်တွင်ဖိထားလေရဲ့။

 

“ငါ့ကို ရှောင်ပုန်းနေတာလား?” လုရွှမ်းကအေးစက်စွာ ရယ်လိုက်တယ်။ ” မင်းအကြောင်းပြချက်ကောင်းကောင်းမပေးနိုင်ရင်…..တစ်ချိန်လုံး ငါမင်းနောက်လိုက်နေမှာကို အပြစ်မတင်နဲ့”

 

ယဲ့ယောင် ဝန်ခံလိုက်တယ်။

 

သူက ယောက်ျားလေးတွေကိုသာကြိုက်ကြောင်း လုရွှမ်းကိုပြောပြလိုက်တယ်။ ဒါပေမယ့် သူလုရွှမ်းကိုကြိုက်နေတာကိုတော့ မပြောလိုက်ဘူး။

 

လုရွှမ်းက လိင်တူဆက်ဆံခြင်းကို မြွေတစ်ကောင်ကိုရှောင်သလိုမျိုး ရှောင်ရှားသည့်သူဖြစ်ကာ သူ့ကိုတော့ ထူးထူးခြားခြား ကုသပေးလာသည်။

 

သူနဲ့အဝေးမှာနေဖို့ မပြောရုံသာမက ယဲ့ယောင်ကို ရုပ်ရှင်တွေကြည့်စေပြီး ပြန်ဖြောင့်အောင်ကြိုးစားလေသည်။

 

“အနံ့ပြင်းပြီး မာနေတဲ့ယောက်ျားတွေကဘာများကောင်းလို့လဲ? ရွံစရာကြီးပါကွာ” လုရွှမ်းက ယဲ့ယောင်ရဲ့ပုခုံးတွေပေါ် သူ့လက်မောင်းကိုတင်လိုက်ပြီး လက်တစ်ဖက်နဲ့ကွန်ပျူတာစခရင်ပေါ်ရှိ အလုပ်ကြိုးစားနေသော ယောက်ျားတစ်ယောက်ကိုညွှန်ပြလိုက်ကာ ယဲ့ယောင်ကိုပြောလိုက်တယ်။ ” သူတို့က မာနေပြီးအနံ့ပြင်းတွေထွက်နေမှာ။ မင်းအောက်မှာအဲ့လိုယောက်ျားတစ်ယောက်ရှိနေတယ်လို့စိတ်ကူးကြည့်လိုက်။ ယောက်ျားတွေကိုထပ်မကြိုက်နဲ့တော့နော်။ အိုကေ?”

 

ယဲ့ယောင်က တိတ်ဆိတ်သွားကာ “မင်းပြောတာမှန်တယ်…ဒါပေမယ့်ငါကအဲ့လိုအောက်မှာ ရှိနေရတာကြိိုက်တဲ့လူလေ”

 

လုရွှမ်းကြက်သေ,သေသွားခဲ့ကာ အဲ့ဒီနောက်ထွက်ပြေးသွားတော့သည်။

 

လုရွှမ်းနဲ့သူငယ်ချင်းဆက်ဆံရေးက ဒီမှာပဲပြီးဆုံးသွားခဲ့ပြီလို့ ယဲ့ယောင်တွေးလိုက်တယ်။ တစ်ခုသောလူမူရေးပွဲတွင် အမှောင်ထဲ၌ သူသည်ရင်းနှီးသောပွေ့ဖက်မှုဖြင့် လွှမ်းခြုံခံလိုက်ရသည်။

 

အမြဲတမ်းပေါ့ပေါ့ပါးပါး ဖြစ်နေတတ်တဲ့အသံက ယခုအခါတွင် ဒေါသများဖြင့်ပြည့်နှက်လို့နေသည်။ “မင်းဘယ်လိုတောင် တစ်ခြားယောက်ျားကို ထိခွင့်ပေးရဲတာလဲ?”

 

꙳꙳꙳꙳꙳

 

ယဲ့ယောင်နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။

 

လုရွှမ်းကိုယ်တိုင်တောင်မသိပဲ စတီးချောင်းလိုဖြောင့်နေတဲ့ လုရွှမ်းကို ခြင်ဆေးခွေလိုကွေးအောင် သူလုပ်လိုက်မိပြီဆိုတာကိုပေါ့။

 

ᕯᕯᕯᕯ

 

 

Genre(s)
Tags(s)