Film Emperor’s Wedding Diary [Entertainment Circle] (Completed)

5
Your Rating
Film Emperor’s Wedding Diary [Entertainment Circle] (Completed) 5 (1)
494
Comments
20 Users bookmarked This

ချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။

လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခေါက် ညတစ်ခေါက်နမ်းတတ်ပြီး ရုပ်ရှင်ရိုက်ဖို့အတွက်အပြင်သွားတိုင်းမှာလည်း အချိန်ပြည့် အကြောင်းစုံသတင်းပို့တတ်သည်။

ပွတ်သီးပွတ်သပ်လုပ်သည့်အချိန်များတွင်ပင် သူ့အနမ်းတွေကသိမ်မွေ့ညင်သာနေသည်။

ချောင်ဟွေ့တစ်ယောက် သူ(မ)ခံစားချက်များကို သူငယ်ချင်းအား ရင်ဖွင့်မိတော့သည်။

“သူကလေ ငါ့ကိုဆို သူ့သမီးလိုသဘောထားပြီး အလိုလိုက်ဖျက်ဆီးနေတာ။” နောက်ဆုံးတွင်မူ အနည်းငယ်ပိုဆိုးလာဆဲပင်။

တစ်နေ့တွင် ရှုရီယန်၏ဇာတ်လမ်းအသစ် နာမည်ကြီးသွားလေရာ သူနှင့် ဇာတ်လမ်းထဲမှ အမျိုးသမီးဇာတ်လိုက်တို့အကြောင်း ကောလာဟလသတင်းတွေထွက်ပြီးနောက် မရေမတွက်နိုင်သော CP (couple) fan များက တစ်ညလုံးဝမ်းသာရွှင်မြူးနေခဲ့ကြသည်။

ချောင်ဟွေ့သည် အိပ်ရာပေါ်တွင်တင်ပျဥ်ခွေ ထိုင်လျက် ထိုအကြောင်းကိုထပ်ခါထပ်ခါစဥ်းစားပြီးနောက် ကွာရှင်းဖို့တောင်းဆိုလိုက်သည်။

ထိုညတွင်ပင် ရှုရီယန်သည် ဆိုးဝါးလှသောမုန်တိုင်းနှင့် ရင်ဆိုင်ရပြီး ရိုက်ကွင်းမှ အိမ်သို့ အလျင်အမြန် ပြန်လာခဲ့သည်။ သူ့တစ်ကိုယ်လုံးစိုရွှဲနေပြီး မျက်လုံးများဟာလည်း မိုးရေများကြောင့်နီရဲနေလေသည်။

“ဘာလို့လဲ” ရှုရီယန် အော်မေးလိုက်မိ၏။

မိန်းကလေးသည် ပန်းရောင်ဝက်ဝံပုံပါသောညအိပ်ဝတ်စုံကိုဝတ်ထားပြီး တည်ငြိမ်နေသောမျက်နှာထားဖြင့်ပြောလိုက်သည်။

“ကျွန်မတို့ကြားကွာဟချက်က အရမ်းကြီးလွန်းတယ်။ကျွန်မတွေးထားသလိုမျိုး ကျွန်မတို့နှစ်ယောက်ကသင့်တော်တယ်လို့ ဘယ်သူကမှတွေးမှာမဟုတ်ဘူး။”

နောက်တစ်နေ့တွင် ဓာတ်ပုံတစ်ပုံက Hot search ထဲသို့ ရောက်သွားသည်။

လူပြတ်သောလမ်းထဲတွင် [ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသော ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ရုပ်ရှင်ဧကရာဇ်ကြီးသည် ပူပူနွေးနွေးလက်ထပ်ထားသောသူ့ဇနီးလေးအားပွေ့ဖက်ထားရင်း ချစ်စိတ်ပြင်းပြစွာနမ်းရှိုက်နေခဲ့သည်။ ]

*****

Aurora Novel Translation Team

Update Schedule – Everyday

Genre(s)
Tags(s)