Chapter 62

ည ၈နာရီတွင် live room ထဲ၌ ပထမဆုံးအကြိမ်အနေနှင့် viewer ၅ သန်းကျော်သွား၏။ live room အတွင်း viewer ဦးရေက များစွာတစ်ပြိုင်တည်း သိပ်သည်းသွား၏။
အားလုံးက မီးရှူးမီးပန်းများ လွှတ်တင်မည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
ဒီညကတော့ သူတို့ကို စိတ်ပျက်သွားစေမည့်ည မဟုတ်ခဲ့ပါ။ ဒီညက အံ့ဩမှုများနှင့်ပြည့်နှက်နေပြီး ပြီးခဲ့သောညများနှင့်မတူသည့် ညတစ်ညဖြစ်လာပေလိမ့်မည်။
စက္ကန့်အနည်းငယ်အတွင်းပင် စီစဉ်ထားသည့်အတိုင်း ကောင်းကင်ယံ၌ မီးရှူးမီးပန်းများတက်လာပြီး ညကောင်းကင်ယံကို တစ်မဟုတ်ချင်း လင်းလက်သွားစေတော့၏။ လှပသောမီးပန်းများ ကောင်းကင်ယံ၌ တစ်ခုပြီးတစ်ခုပေါ်လာသည်။
မီးပန်းများ၏အလှသည် ခဏတာမျှသာကြာမြင့်သော်လည်း ကြည့်ရှုသူတို့၏ မျက်လုံးထဲ နှလုံးသားထဲတို့တွင်မှု ကြာမြင့်စွာ စွဲထင်နေနိုင်၏။
ရွာမှ ကလေးလူကြီးများအားလုံးလည်း live room ထဲမှလူတွေကဲ့သို့ပင် ၈ နာရီမတိုင်ခင်ကတည်းက အပြင်ထွက်စောင့်ဆိုင်းနေကြသည်။
နေ့အလင်းရောင်ကဲ့သို့လင်းထိန်သောမီးပန်းများကို ပြုံးပျော်၍ ကြည့်ရှုအားပေးကြ၏။
ဒီနေ့ည မီးရှူးမီးပန်းဖောက်သည့် အချိန်က အရင်နေ့တွေထက်ပို၏။
[နောက်ဆုံးတော့ ဒီမြင်ကွင်း live လွှင့်တာ တွေ့ဖူးသွားပြီ။ 】
[အူးးးးး။ လှလိုက်တာ။ ကောင်းလိုက်တဲ့ variety show 】
[အရင်နေ့တွေက ဆယ်မိနစ်ပဲ ဖောက်ပြတာ။ဟုတ်တယ်မလား။ အခု ဆယ်မိနစ်ကျာ်နေပြီ။ 】
သတိထားမိသော ပရိသတ်များရှိသော်လည်း အများစုက ရှုမောဖွယ်မြင်ကွင်းထဲ မျောနေကြ၏။
[တစ်နေ့ထက်တစ်နေ့ မီးပန်းတွေက ပိုကောင်းလာတယ်။】
【ဒီနေ့လည်း ကောင်းတာပဲ 】
[ဟားဟားဟား။ ဒီနေ့ကြည့်ပြီးရင်တော့ ပြီးပြီလေ။ 】
မီးပန်းများပျောက်သွားပြီးတိုင်းလည်း လေထဲ၌ ငွေရောင်မျှင်တန်းရှည်တစ်ခု ချန်ခဲ့၏။
Live room ထဲမှပရိသတ်များ မီးရှူးမီးပန်းများအပေါ်အာရုံရောက်နေစဉ် ရွာထဲမှလူများကတော့ ခပ်သွယ်သွယ်ပုံရိပ်တစ်ခု၏ဖမ်းစားမှုကို ခံလိုက်ရ၏။
လူအုပ်ထဲမှ အာမေဋိတ်သံအနည်းငယ်ထွက်လာသည်။ သရုပ်ဆောင်များလည်း အာရုံပြောင်းသွားတော့၏။
ရှုရီယန်က အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် လက်ထဲတွင် အနီရောင်နှင်းဆီပန်းတစ်စည်းကိုကိုင်ထားသည်။ မင်းသားတစ်ပါးက မင်းသမီးထံသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာနေသလိုပင်။
သူ့ပုံစံက ဒီညတွင် အထူးဆွဲဆောင်မှုရှိနေ၏။ idol drama များမှမင်းသားများအားလုံး သူ့ကိုယှဉ်နိုင်မည်မဟုတ်ပါ။ထိုအချိန်မှာတော့ သူက မျက်လုံးအားလုံး၏ဆုံရာဖြစ်နေသည်။
ကျန်းရှောင်ဟွမ်က အံ့ဩလွန်း၍ ပါးစပ်ပွင့်သွား၏။အော်ပင်အော်မိမတတ်ဖြစ်သွားသည်။သို့သော် သူ(မ)ပါးစပ်ကို လက်နှင့် အလျင်အမြန်ပြန်အုပ်လိုက်နိုင်သည်။
ရှုယွဲ့လည်း အလွန်အံ့အားသင့်သွား၏။ သူ(မ)က ဘေးနားက ချန်ဘိုဘိုကို
“ကျွန်မတို့က ရှုရီယန် ချောင်ဟွေ့ကို လက်ထပ်ခွင့်တောင်းတာ ကြည့်ရတော့မှာလား။”
ချန်ဘိုဘိုကတော့ သူ variety show တွင် ပါဝင်နေစဉ် လက်ထပ်ခွင့်တောင်းမှုတစ်ခုကိုကြည့်ရလိမ့်မည်ဟု မထင်ထားခဲ့ပါ။
ရှုယွဲ့က သူ့ကိုစိတ်ဆိုးစွာကြည့်လိုက်ပြီး
“အရင်တုန်းက ရှင်ဘာလို့ ရှုရီယန်လောက် romantic မဆန်ခဲ့ရတာလဲ။”
ချန်ဘိုဘိုက သူ(မ)ကို လက်ထပ်ခွင့်ပင် မတောင်းခဲ့ပါ။ ဒီလိုပဲ သူတို့အတူနေဖြစ်သွားကြခြင်းဖြစ်သည်။
အခုတော့ သူတို့က ငယ်လင်ငယ်မယားများပင်ဖြစ်နေပြီ။ လူအများကြီးရှေ့မှာ အခုလို လက်ထပ်ခွင့်တောင်းတာက မလိုအပ်မှန်းသိသော်လည်း ရှုယွဲ့ နည်းနည်းနောင်တရသွားသလို ခံစားလိုက်ရ၏။
သူ(မ)အနေနှင့် ချောင်ဟွေ့ကို အားကျမနာလိုဖြစ်ရုံကလွဲ၍ ဘာမှမတတ်နိုင်ပါ။
ကလေးငယ်တစ်ဦးက သူ့ဘေးနားက အဖွားကို မေးလိုက်၏။
” အဖွား ဒီအစ်ကိုက ဘယ်လိုဘဲမျိုးဖမ်းမလို့လဲ။”
အဖွားလုပ်သူက ပြုံးလိုက်ပြီး
” ရှူး။ ကြီးလာရင်နားလည်လာလိမ့်မယ်။”
ကလေးက နားလည်စွာဖြင့် သက်ပြင်းချလိုက်သည်။
ရှုရီယန်တစ်ယောက် ပန်းစည်းကိုင်ပြီး သူ(မ)ဆီလျှောက်လာတာတွေ့တော့ ချောင်ဟွေ့ကိုယ်တိုင်လည်း အနည်းငယ်အံ့ဩသွားရ၏။
ရှုရီယန်နှင့်သူ(မ)က ချစ်ကြောင်းဝန်ခံတာတို့၊ လက်ထပ်ခွင့်တောင်းတာတို့လို အဆင့်မျိုးတွေ ဖြတ်သန်းရန်မလိုတော့ဟု ချောင်ဟွေ့ယူဆထား၏။
လွန်ခဲ့တဲ့ခြောက်လလောက်ကပင် သူတို့လက်မှတ်ထိုးထားခဲ့ပြီးသား မဟုတ်ပါလား။
သို့သော် သူကတော့ သူ(မ)ကို အခြားမိန်းကလေးများရရှိသည့်အရာများရအောင် လုပ်ပေးနေသည်။
[အားးးးးး အစ်ကိုက လက်ထပ်ခွင့်တောင်းတော့မလို့လား။ 】
[အစ်ကိုက အရမ်း romantic ဆန်တာပဲ။ 】
[ပထမက wedding photo ရိုက်တာ၊ အခု လက်ထပ်ခွင့်တောင်းနေပြီ။ နောက်ထပ် ဘာသက်သေလိုသေးလဲ။】
[ဝိုး။ သူတို့လက်ထပ်စာချုပ် ထုတ်ပြတဲ့အထိစောင့်ကြပေါ့။】
သရုပ်ဆောင်များ၊ ကင်မရာသမားများ၊ ရွာသားများ၊ live room ထဲမှ ပရိသတ်များတို့၏ မရေမတွက်နိုင်သောမျက်လုံးများရှေ့တွင် ရှုရီယန်က သူ(မ)ရှေ့ ဒူးတစ်ဖက်ထောက်ပြီး ပန်းစည်းကိုပေး၏။
ကောင်းကင်ပေါ်က မီးရှူးမီးပန်းများ၏ပုံရိပ်များက သူ့မျက်လုံးထဲ ထင်ဟပ်နေသည်။ သူ့နှုတ်ခမ်းများက အနည်းငယ်ကွေးနေပြီး မျက်လုံးများကလည်း အရောင်လက်နေ၏။
[အစ်ကိုက ရင်ခုန်သံတွေလတ်ဆတ်နေတဲ့ လူငယ်လေးတစ်ယောက်ကျနေတာပဲ။ ပြုံးနေတဲ့ နှုတ်ခမ်းတွေရယ်၊အရောင်လက်နေတဲ့ မျက်ဝန်းတွေရယ်။ 】
[ဒါအချစ်ပဲ။】
[အစ်ကို မိန်းကလေးတစ်ယောက်ရှေ့မှာ ဒူးတစ်ဖက်ထောက်နေတာ တစ်ခါမှမမြင်ဖူးဘူး။】
[ချောင်ဟွေ့ကိုယ်ထဲ ငါ့ဝိညာဉ်သာ ဝင်ပူးလိုက်ချင်တော့တယ်။】
[အပေါ်ကတစ်ယောက်က တော်တော်… ဟားဟားဟား။】
ရှုယွဲ့နှင့်ကျန်းရှောင်ဟွမ်ကလည်း အော်ဟစ်အားပေးလိုက်ကြ၏။လင်းမင်မင်က ပြုံး၍ပြောလိုက်သည်။
” လက်မထပ်ရသေးတဲ့ ယောင်္ကျားလေးတွေအားလုံးအတွက် သင်ယူစရာတစ်ခုပါပဲ။ ပန်းပေးပြီး လက်ထပ်ခွင့်တောင်းတာက ခေတ်မမှီတော့ဘူးဆိုပေမဲ့ မိန်းကလေးတော်တော်များများကတော့ လိုချင်နေကြတုန်းပဲ။ မိန်းကလေးတွေစိတ်ထဲ တန်ဖိုးထားတယ် ခံစားရဖို့ ဒီလိုအစဉ်အလာလေးတစ်ခုက လိုကိုလိုအပ်ပါတယ်။”
[ထန်မော်: ဘာအစဉ်အလာတွေလဲ။ ငါ့အတွက်ကတော့ ငါစကားကောင်းကောင်းပြောရင် ပြီးတာပဲ။ 】
[ဒါရိုက်တာထန် မိန်းကလေးတစ်ယောက်ရှေ့မှာ ဒီလိုဒူးထောက်မယ်ဆိုတာကို စိတ်ကူးထဲ မြင်ကြည့်လို့တောင်မရဘူး။ 】
[ထန်မော်: ဘယ်သူက နှုတ်သီးကောင်း အဆိပ်လျှာ ဧကရာဇ်ထန်မော်ကို ဒူးထောက်သွားအောင်လုပ်နိုင်မှာလဲ။】
[အပေါ်ကလူတွေ။ ထန်မော်တရားစွဲတာခံချင်နေကြတာလား။ 】
ထန်မော်က နှုတ်သီးကောင်း အဆိပ်လျှာဟု နာမည်ကြီးသူတစ်ယောက်ဖြစ်သည့်အတွက် လူတွေက သူ့ကိုစချင်ကြသည်။
ထန်မော်က single ဖြစ်နေသည့်အတွက် အမြဲ single ဖြစ်မည်ဟု သူတို့ထင်ကြ၏။ အခု သူ့သူငယ်ချင်းရှုရီယန်က သူ့ရှေ့မှာပင် လက်ထပ်ခွင့်တောင်းပြနေပြီဖြစ်သည်။ သူ့မှာတော့ ရည်းစားပင်မရှိသေး။ ပရိသတ်အချို့က သူ့အတွက် စိတ်ပူပေးနေကြခြင်းဖြစ်သည်။
ထိုအချိန်တွင် ရှုရီယန်က ဒူးတစ်ဖက်ထောက်ထားရင်း ခေါင်းအနည်းငယ်မော့ကာ ချောင်ဟွေ့ကို ပြုံး၍ကြည့်လိုက်၏။
” ချောင်ဟွေ့၊ ကိုယ့်တစ်ဘ၀လုံး မင်းနဲ့လက်တွဲပြီး ဆက်လျှောက်သွားချင်တယ်။ ကိုယ့်ကိုလက်ထပ်နိုင်မလား။”
ပတ်ဝန်းကျင်တစ်ခုလုံး ခဏမျှတိတ်ဆိတ်သွား၏။ ထို့နောက် သရုပ်ဆောင်များက သံပြိုင်အော်ဟစ်လိုက်ကြသည်။
” လက်ခံလိုက်။ လက်ခံလိုက်။”
ရွာမှကလေးများကလည်း လက်ခုပ်တီးပြီး လိုက်အော်ကြ၏။
” လက်ခံလိုက်။ လက်ခံလိုက်။”
ကျန်းရှောင်ဟွမ်က သူ(မ)ဖုန်းကိုထုတ်၍ ဗီဒီယိုရိုက်ကာ မှတ်တမ်းတင်တော့၏။
မြင်ရခဲသောမြင်ကွင်းမျိုးဖြစ်တာကြောင့် မှတ်တမ်းတင်ထားသင့်သည်။
ချောင်ဟွေ့စိတ်ထဲ ရယ်ချင်သွား၏။သူ(မ)က သူ့ကိုလက်ထပ်ထားပြီးပြီမဟုတ်ပါလား။
ဒါပေမဲ့ သူက ဒီလိုအဆင့်တွေဖြတ်သန်းချင်လျှင်တော့ သူ(မ)အနေနှင့် အလိုက်အထိုက် ပါဝင်ဆောင်ရွက်ပေးရလိမ့်မည်။
” လက်ခံပါတယ်။ လက်ခံပါတယ် မစ္စတာရှု။”
[အားးးးး။ ကွန်ဂရက်ကျူလေးရှင်းပါ! 】
[လက်ထပ်ခွင့်တောင်းတာ အောင်မြင်သွားပြီ! 】
[ဟားဟား။ မေးလိုက်။ ဘယ်တော့မင်္ဂလာဆောင်မှာလဲလို့။ 】
[မင်္ဂလာအရက် ဘယ်တော့သောက်ရမှာလဲ @ ကြောင်ပုံ။]
နောက်ဆုံးည၏ မီးရှူးမီးပန်းပစ်ဖောက်ခြင်းက တစ်နာရီတိတိကြာ၏။ သို့သော် လူတွေကတော့ တစ်နာရီလုံး အားမပေးနိုင်တော့ပါ။
ထိုညက # ရှုရီယန်နှင့်ချောင်ဟွေ့ # ဟူသော hot search က ထိပ်ဆုံးရောက်သွားပြန်၏။
အားပေးဆုတောင်းကြသူများရှိသလို ဝေဖန်ချင့်ချိန်ကြသူများလည်းရှိသည်။
[ဆယ်လီလောက’ကလူတွေ ဒီကိစ္စတွေနဲ့ပဲ ပတ်ချာလည်ရိုက်နေတာ ဘယ်တော့ပြီးမှာလဲ။ 】
[ဒီပရိုဂရမ်တွေက လူတွေကို လိမ်ပြနေတာထက် ဘာမှမပိုဘူး။ 】
[ဟားဟားဟား။ ယုံနေတဲ့လူတွေက ရှိသေးတယ်။ 】
[အဲ့ဒီအတွဲက hot search ထဲတက်တက်နေတာ ဘယ်နှစ်ခါရှိနေပြီလဲ။အဖြီးအဖြန်းတွေ။】
[ငါ့အထင် သူတို့ လက်မှတ်ထိုးတဲ့အဆင့်ထိတောင်ရောက်လိုက်မှာမဟုတ်ဘူး။ ကွဲမှာပဲ။ 】
[လက်တွေ့မှာက ဒီပွဲတွေ အရေးမပါပါဘူး။ ပြီးရင် အိပ်ရာပေါ်တက်ကြမှာပဲ။ စူပါမင်းသားမပြောနဲ့။ ဘယ်သူကကော ခံစားချက်စစ်မှန်ကြလို့လဲ။ 】
လူတွေ အပြန်အလှန်ဝေဖန်ဆွေးနွေးနေကြစဉ် သူတို့ကတော့ လှပသော ညချမ်းလေးကို ခံစားနေ၏။
သာယာပျော်ရွှင်ဖွယ်အချိန်များက တိုတောင်း၏။ နှစ်ယောက်အတူတူရှိနေသောအချိန်တိုင်းကို တန်ဖိုးထားရပေမည်။
hot search အကြောင်းကို ရှုရီယန်က မနက်ကျမှ သူ့အေးဂျင့်ဆီက တစ်ဆင့် သိရခြင်းဖြစ်သည်။
သူ့အေးဂျင့်ကတော့ hot search ကို ဖြုတ်ချခိုင်းလိုက်ပြီဖြစ်သည်။ ရှုရီယန်က ဒီလိုပေါ်ပင်လုပ်ပြစရာမလိုမှန်း၊ မကြိုက်မှန်း သူသိ၏။
အစ်ကိုရက ပြောလာသည်။
” တကယ်တော့ မင်းပျော်နေတာကို မနှောင့်ယှက်ချင်ပါဘူး။ ဒါပေမဲ့ စဉ်းစားကြည့်ပြီးမှ မင်းကိုအသိပေးသင့်တယ်ထင်လို့။ ဒါပေမဲ့ ခေါင်းထဲသိပ်မထည့်ပါနဲ့။ အေးအေးဆေးဆေး အပန်းဖြေပါ။”
ဖုန်းချပြီးတော့မှ ရှုရီယန်က weibo ကိုဖွင့်ပြီး comment တွေဖွင့်ကြည့်လိုက်၏။
မနေ့ညက တစ်ယောက်ယောက် ဖုန်းခေါ်မည်စိုးသဖြင့် စက်ပိတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် လိုင်းပေါ်မှာ ဘာတွေဖြစ်နေမှန်း သူမသိပါ။
ဝေဖန်တိုက်ခိုက်သော comment တော်တော်များများကို ဖျက်ပြီးသွားပြီဖြစ်သော်လည်း တချို့ကတော့ ကျန်နေသေး၏။
[ငါ့အထင် သူတို့လက်မှတ်ထိုးတဲ့အဆင့်ထိတောင်ရောက်လိုက်မှာမဟုတ်ဘူး။ ကွဲမှာပဲ။] ဟူသော comment ကိုတွေ့ပြီးနောက် သူ မျက်မှောင်အနည်းငယ်ကြုတ်သွား၏။
ချောင်ဟွေ့က အိပ်နေရာမှ တစ်ဖက်လှည့်ကြည့်လိုက်၏။
” ဘာဖြစ်လို့လဲ။”
ရှုရီယန်က မျက်ခုံးတစ်ချက်ပင့်ကာ ကိုယ်ကိုဆန့်လိုက်ပြီး
” ဘာမှမဟုတ်ပါဘူး။ ဆက်အိပ်။”
ချောင်ဟွေ့လည်း တစ်ဖက်လှည့်အိပ်လိုက်တော့၏။
အရင်ကတော့ ချောင်ဟွေ့ အခုလောက်မပင်ပန်းခဲ့။ သို့သော် နောက်ဆုံးတစ်ခါဖြစ်သွားပြီးကတည်းက ရှုရီယန်က လူမဟုတ်တော့။ သူ့ရဲ့စိတ်အမှန်ကို
ပြပြီးသွားပြီဖြစ်၍ ထပ်ပြီးဖုံးကွယ်ရန်မလိုတော့ဟု ရှုရီယန် ယူဆထား၏။
ရှုရီယန်က သူ့အကောင့်ထဲ log in ဝင်လိုက်ပြီး weibo မှာ ပိုစ့်တင်လိုက်သည်။
[လက်မှတ်ထိုးပြီးပါပြီ။ စိတ်ပူပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
@ ဓာတ်ပုံတစ်ပုံ】
ထိုဓာတ်ပုံက ချောင်ဟွေ့နှင့်ရှုရီယန်၏ လက်ထပ်စာချုပ်ဖြစ်သည်။တစ်နေ့နေ့ အသုံးဝင်လာနိုင်သည်ဟုယူဆ၍ ထိုပုံကို သူ့ဖုန်းထဲမှာ အမြဲသိမ်းထားခြင်းပင်။
မထင်မှတ်ပဲ ထိုနေ့က အလျင်အမြန်ရောက်လာ၏။
မိနစ်အနည်းငယ်အတွင်း သူ၏ weibo post အောက်တွင် comment များရာချီသွားတော့သည်။
[အစ်ကိုက နောက်တစ်ခေါက် သူကိုယ်တိုင် ဇာတ်လမ်းကိုအဆုံးသတ်ပေးလိုက်ပြန်ပြီ။ 】
[ချောင်ဟွေ့အတွက် အစ်ကိုက အားလုံးလုပ်ပေးထားတာပဲ။ ငါအရမ်းမနာလိုဖြစ်နေပြီ။ 】
[ပုံလေးကြည့်ရတာ ချိုမြိန်လိုက်တာ။ 】
[မနေ့ကပဲ လက်ထပ်ခွင့်တောင်းတယ်။ ဒီနေ့ပဲ လက်မှတ်ထိုးတယ်။ မြန်လိုက်တာ။】
[အပေါ်ကတစ်ယောက်က ငတုံးပဲ။ လက်မှတ်ထိုးတဲ့ရက်စွဲကို မတွေ့ဘူးလား။ 】
【!】
[ဒီလူကြီးက အားလုံးစီစဉ်ထားပြီးသား။ သူတို့ လက်မှတ်ထိုးပြီးတာတောင် ၇ လကျော်နေပြီ။ 】
တချို့ပရိသတ်တွေကတော့ ချောင်ဟွေ့နှင့်ရှုရီယန်က ” ကျောင်းအတူသွားကြစို့” variety show မှာ ကြိုက်သွားကြသည်ဟု ယူဆထားခဲ့ကြသည်။ သို့သော် သူတို့အထင်တွေမှားနေလိမ့်မည်ဟု ထင်မထားကြပါ။သူတို့ variety show မှာအတူတူပါကြခြင်းက သူတို့က နဂိုကတည်းက လက်ထပ်ထားကြသောကြောင့်ဖြစ်သည်။
[သူတို့က အရင်လက်ထပ်ထားတယ်၊ ပြီးတော့ချစ်ကြတယ်။ ကောင်းလိုက်တာ။ 】
[အဲ့ဒီတော့ လက်ထပ်ခွင့်တောင်းဖို့က မလိုဘူးပေါ့။ ဒါပေမဲ့ လိုအပ်တဲ့အဆင့်တွေအကုန် ပြီးအောင်လုပ်ကြတယ်။ 】
[ရှုရီယန်: တခြားမိန်းကလေးတွေရတဲ့အရာမှန်သမျှ ငါ့မိန်းကလေးလည်း ရရမယ်။ 】
[အဲ့ဒါကြောင့် wedding photo ရိုက်ပေးတဲ့ ဓာတ်ပုံဆရာက ချောင်ဟွေ့ကို မစ္စရှုလို့ခေါ်နေတာကိုး။ 】
[တချို့လူတွေက တော်တော်တော်တယ်။ သူတို့ယူပြီးသွားကြလောက်ပြီဆိုတာ ခန့်မှန်းနိုင်ကြတယ်။ 】
ချောင်ဟွေ့နိုးလာသည့်အချိန်မှာတော့ တခြားသရုပ်ဆောင်ရှစ်ယောက်က လိုင်းပေါ်မှာဖြစ်နေတာတွေကို သိပြီးသွားကြလေပြီ။
လင်းမင်မင်က ချောင်ဟွေ့ကိုတွေ့တော့ ပြုံးလိုက်ပြီး
” အစ်မ တကယ်မသိခဲ့ဘူး။”
ချောင်ဟွေ့နှင့်ရှုရီယန်က တိတ်တိတ်လေးကြိုက်နေကြတာဟု သူ(မ)ထင်ထားခဲ့သည်။ သူတို့က လင်မယားတွေဖြစ်နေကြမယ်လို့တော့ သူ(မ)
လုံးဝမမျှော်လင့်ဖူးပါ။
ချောင်ဟွေ့က သူ(မ)နှုတ်ခမ်းများကိုဖိကပ်လိုက်ပြီး
” အစ်မကို မပြောမိတာ ဆောရီးပါ။”
” ကိစ္စမရှိပါဘူး။”
လူတွေမသိအောင် လက်ထပ်ထားကြသူတွေက မနည်းပါ။
” အဲ့ဒါဆို ချောင်ဟွေ့တို့က ဟန်းနီးမွန်းထွက်လာကြသလိုပဲပေါ့။”
ချောင်ဟွေ့ ခေါင်းညိတ်ပြလိုက်၏။
လင်းမင်မင်လည်း သူ(မ)ကို လက်မထောင်ပြလိုက်သည်။
*****
Aurora Novel Translation Team