Chapter 63

နောက်ရက် ၂၀ အတွင်း သူတို့ မော်ဒိုက်၊ ထိုင်း စသည်တို့ကိုသွားလည်ပြီး တရုတ်ပြည်ပြန်လာကြ၏။
ပျော်ရွှင်ဖွယ်အချိန်ကာလတို့သည် အလျင်အမြန်ကုန်ဆုံးရစမြဲပင်။ တစ်လကြာသော variety show လည်း မကြာခင် အဆုံးသတ်သွားတော့၏။
Variety show တစ်ခုဟုပြောသော်လည်း တကယ်တော့ သရုပ်ဆောင်များက အေးဆေးလည်ပတ်ရခြင်းဖြစ်သည်။
ဒီ variety show က အလှုပ်မခတ်မရှိ။ လှုပ်ရှားမှုလည်းနည်း၏။များသောအားဖြင့် အေးသည်။ သရုပ်ဆောင်များကြားလည်း ဘာပြဿနာမှမပေါ်ခဲ့။ ထို့ကြောင့် ဒါရိုက်တာကိုယ်တိုင်ပင် ဒီ variety show က သာမန် rating သာရနိုင်မည်ဟုခန့်မှန်းထားသည်။ အစကတည်းကလည်း သူ သိပ်မျှော်လင့်ထားခဲ့သည်မဟုတ်ပါ။ သို့သော် variety show က သာမန်အောင်မြင်ခြင်းပင်မဟုတ်ဘဲ အလွန်ပေါက်သွားခဲ့၏။
နာမည်ကြီးသရုပ်ဆောင်များစွာကပင် နောက် season တွင်ပါဝင်ရန် စာရင်းပေးလာကြသည်။
ဒီ variety show ကအေးဆေး၏။ လွယ်ကူ၏။ ဖြစ်စဉ်များက နှေးကွေး၏။ ပါဝင်သောသရုပ်ဆောင်များအနေနှင့် ခရီးသွားနိုင်သည်။ ငွေရှာနိုင်သည်။ လူသိများလာနိုင်သည်။ ထို့ကြောင့် သရုပ်ဆောင်များအတွက်တော့ အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။
…
ထို variety show ပြီးတော့ ရှုရီယန်က ရက်အနည်းငယ်အနားယူပြီး ချောင်ဟွေ့ကို သူ့အမေအိမ်ခေါ်သွားခဲ့သည်။
ယောက္ခမကောင်းတစ်ယောက်ကိုပြပါဆိုလျှင် ရှုရီယန်၏အမေကိုပြသင့်၏။ နောက်ဆုံးတော့ သားဖြစ်သူက သူ(မ)အတွက် ချွေးမလေးခေါ်လာခဲ့ပြီဖြစ်၍ ထိုချွေးမလေးကို သူ(မ)အလွန်ဂရုစိုက်သည်။
ချောင်ဟွေ့ကတော့ သူ(မ)၏ယောက္ခမအိမ်ကိုသွားတိုင်း စိတ်မွန်းကျပ်မှုမရှိပါ။ သူ(မ)၏အမေအိမ်ကိုသွားရသလိုပင်ခံစားရ၏။
အမေရှုက သူ(မ)ယောင်္ကျားဆုံးပြီးကတည်းက တစ်ဦးတည်းနေခဲ့သည်။ နေ့စဉ် ဖဲကစားခြင်း၊ ပန်းပင်များစိုက်ပျိုးခြင်းဖြင့်အချိန်ကုန်၏။သူ(မ)၏နေ့စဉ်ဘဝက ပျော်စရာမကောင်းပေမဲ့ နွေးထွေးမှူရှိ၏။တစ်ခါတရံမှသာ အထီးကျန်သလိုခံစားရသည်။
ထိုအရာကလည်း ရှောင်လွှဲ၍မရပါ။
အိုမင်းလာသည်နှင့်အမျှ အထီးကျန်မှုကလည်း ပိုပိုပြင်းထန်လာမည်ဖြစ်သည်။
ထို့ကြောင့် သူ(မ)သားနှင့်ချွေးမလာတော့ အလွန်ပျော်သွား၏။သူ(မ)ချွေးမလေး၏လက်ကိုကိုင်ကာ စကားပြောတော့သည်။
” သမီးနဲ့ရီယန်ကိစ္စ ကြေညာထားပြီးပြီဆိုတော့ မင်္ဂလာပွဲလည်း ပြင်ထားလို့ရပြီပေါ့။”
ချောင်ဟွေ့ မျက်လုံးအနည်းငယ်ပြူးသွားပြီး
” ဒါက …. “
” ဘာလို့ ကြိုမစီစဉ်ထားရမှာလဲ။ မင်္ဂလာကိစ္စတွေစီစဉ်ရတာ အလုပ်အရမ်းရှုပ်တယ်။ အဲ့ဒါကြောင့် အရင်ဆုံး နေ့ကောင်းရက်သာတစ်ရက်ရွေးပြီး ပြင်ဆင်စရာတွေ အများကြီးပြင်ဆင်ရမယ်။
အမေရှုက ထိုသို့ပြောတော့ ချောင်ဟွေ့လည်း မငြင်းနိုင်တော့ပေ။
” ဟုတ်ကဲ့။ အမေပြောတဲ့အတိုင်းနားထောင်ပါ့မယ်။”
ထိုအခါ အမေရှုက
” နောက်နှစ်မေလဆို အဆင်ပြေမယ်ထင်တယ်။ မေဒေးနေ့။ အခုကနေ ခုနှစ်လဆိုတော့ ပြင်ဆင်ချိန်လုံလောက်တယ်လေ။”
ချောင်ဟွေ့က အမေရှုကို အချိန်အကြာကြီး အလုပ်မရှုပ်စေချင်၍
“အဲ့ဒီလောက် အကြာကြီးပြင်ဆင်ဖို့မလိုပါဘူး။ ရိုးရိုးရှင်းရှင်း အကျဉ်းချုံးပြီးလုပ်လိုက်ရင် အဆင်ပြေပါတယ်။”
အမေရှုက ကန့်ကွက်လိုက်၏။
” ဘယ်လိုလုပ်ဖြစ်မှာလဲ။ သမီးနဲ့ရီယန်ရဲ့ပွဲကို အသိဆွေမျိုးတွေအများကြီးလာကြမှာ။”
ထိုအချိန်တွင် ရှုရီယန်က နို့တစ်ခွက်ကိုင်၍ မီးဖိုခန်းထဲမှထွက်လာ၏။ ထို့နောက် ချောင်ဟွေ့ရှေ့ချထားပေးလိုက်ပြီး
” ဘာတွေသေချာလုပ်မလို့လဲ။”
သူက တစ်စွန်းတစ်စသာကြားလိုက်ပုံရသည်။
အမေရှုက ပြုံး၍
” သားတို့ မင်္ဂလာပွဲအကြောင်းပြောနေကြတာလေ။”
မင်္ဂလာပွဲဟူသောစကားကိုကြားပြီး ရှုရီယန်လည်း စိတ်ဝင်စားသွား၏။သူက ချောင်ဟွေ့ဘေးနားဝင်ထိုင်လိုက်သည်။အရပ်မြင့်သောကြောင့် သူထိုင်လိုက်သောအခါ ဆိုဖာပင် သေးသွားသလို ခံစားလိုက်ရ၏။
ဧည့်ခန်းထဲတွင် ရှုရီယန်၏အသက်ရှူသံကလည်း လွှမ်းမိုးနေသည်။
ရှုရီယန်က ချောင်ဟွေ့လက်ကိုဆွဲ၍
” အဲ့တော့ ဘယ်လိုလုပ်မှာလဲ။”
အမေရှုက သူ(မ)ပါးစပ်ကို လက်ဖြင့်အုပ်ပြီးပြုံးလိုက်၏။
” အမေက နေ့ကောင်းတစ်ရက်ရွေးနေတာ။ အမေကတော့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားလုပ်စေချင်တာပဲ။ သားရော ဘယ်လိုထင်လဲ။”
ရှုရီယန်က မျက်ခုံးများပင့်၍ ပြုံးလိုက်ပြီး
” လုပ်ရမှာပေါ့။”
“ရီယန်တောင် အဲ့ဒီလိုပြောနေပြီ” ဟူသောအကြည့်ဖြင့် အမေရှုက ချောင်ဟွေ့ကိုကြည့်လိုက်၏။
ချောင်ဟွေ့လည်း ရယ်ချင်သွားသည်။
အမေရှုက ပြက္ခဒိန်ကိုကြည့်၍
” အမေကတော့ မေဒေးနေ့က ကောင်းမယ်ထင်တာပဲ။ စနေနေ့ကျတယ်။”
မေလနှင့်နိုဝင်ဘာလတို့သည် မင်္ဂလာဆောင်အများဆုံးလများဖြစ်သည်။ ရာသီဥတုအမျှတဆုံးအချိန်များဖြစ်၏။ မင်္ဂလာဆောင်နေ့ ဓာတ်ပုံ ဗီဒီယို ရိုက်ကူးလျှင်လည်း မင်္ဂလာဝတ်စုံကြောင့် ချွေးမထွက်ရသလို အနွေးထည်ဝတ်ရအောင်လည်း မအေးသောကြောင့်ပင်။
ရှုရီယန်က ဘာထင်မြင်ချက်မှမပေးတော့ပါ။ သူ့အမေက ဒီလိုကိစ္စမျိုးမှာ သူ့ထက်အတွေ့အကြုံပိုရှိသည် မဟုတ်ပါလား။
” အမေ့သဘောအတိုင်းပါပဲ။”
အမေရှုက အလွန်အလိုက်သိတတ်၏။
” သတို့သမီးကတော့ ဘာမှမလုပ်ဘဲ အေးဆေးစောင့်နေ။ အလုပ်ရှုပ်မဲ့ကိစ္စတွေကို အမေနဲ့ရီယန်ကိုသာ လွှဲထားလိုက်။”
ချောင်ဟွေ့ အံ့အားသင့်သွား၏။
” ဘယ်လိုလုပ်ဖြစ်မှာလဲ။”
“ဘာလို့မဖြစ်ရမှာလဲ။ အမေကအားနေတာလေ။ဒီကိစ္စတွေ အမေကောင်းကောင်းလုပ်နိုင်တယ်။ သတို့သမီးတင်တောင်းတဲ့ကိစ္စတော့ သမီးအဖေနဲ့ နောက်မှပြောမယ်။သမီးက ဘာမှစိတ်ရှုပ်စရာမလိုဘူး။ စိတ်အေးအေးထားပြီး ရုပ်ရှင်ရိုက်နေ။”
အမှန်တော့ မျက်နှာလိုက်တတ်သော သူ(မ)အဖေမစ္စတာချောင်ကို ချောင်ဟွေ့ သွားမတွေ့လိုပါ။အမေရှု တစ်ယောက်တည်းအထီးကျန်နေတာကို သူ(မ)နားလည်၏။ ထို့ကြောင့် သူ(မ)သဘောတူလိုက်ရသည်။
သူ(မ)နှင့်ရှုရီယန်က များသောအားဖြင့် အလုပ်များနေပြီး အမေရှုဆီလာလည်ခဲ၏။ဒီလိုစီစဉ်လိုက်လျှင်တော့ အမေရှုလည်း အလုပ်များနေပြီး အထီးကျန်တော့မည်မဟုတ်ပေ။
မင်္ဂလာရက်သတ်မှတ်ပြီးတော့ ချောင်ဟွေ့အိမ်မက်မက်နေသလိုပင် ခံစားနေရ၏။ဒီကြားထဲမှာ အဖြစ်အပျက်တွေ အများကြီးဖြစ်ပျက်ခဲ့သည်။
သူ(မ)နှင့်ရှုရီယန်တို့ တရားဝင်ကြေညာပြီး wedding photo တွေရိုက်ကြသည်။
သိပ်မကြာခင်မှာပဲ သူတို့ရဲ့မင်္ဂလာရက်ကို သတ်မှတ်လိုက်ကြ၏။
နောက်နှစ်မေလတွင် သူ(မ)သည် မင်္ဂလာဝတ်စုံအဖြူရောင်ကိုဝတ်ဆင်ပြီးအားလုံးရှေ့မှာ သူ့ကိုလက်ထပ်ယူရတော့မည်။
…
“ပျောက်ဆုံးခြင်း” ရုပ်ရှင်က နောက်နှစ် New year နေ့တွင် ရုံတင်ပြသမည်ဖြစ်သည်။
ပြီးခဲ့သည့်တစ်နှစ်လုံး “ပျောက်ဆုံးခြင်း” အတွက် အကြီးအကျယ်ပရိုမိုးရှင်းဆင်းခဲ့၏။ချောင်ဟွေ့နှင့်ရှုရီယန်၏အချစ်ဇာတ်လမ်းကြောင့် လူတွေကလည်း “ပျောက်ဆုံးခြင်း” ကို စိတ်အားထက်သန်စွာမျှော်လင့်နေကြသည်။ နောက်နှစ် new year တွင် ချင်ချင်းဝင်ကြည့်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားကြ၏။
“ပျောက်ဆုံးခြင်း” ထွက်မည့်ရက်ကိုရှောင်၍ ရုံတင်သောရုပ်ရှင်ကား အနည်းငယ်လည်းရှိသည်။
နှစ်ဦးတွင်ထွက်ရှိမည့်ရုပ်ရှင်ကားများတွင် “ပျောက်ဆုံးခြင်း” က လူတွေအမျှော်လင့်ဆုံးကားတစ်ကားဟုပြော၍ရ၏။
ချောင်ဟွေ့၏ဇာတ်ကောင်ဖန်ယန်သည်လည်း လူအများ၏စိတ်ဝင်စားခြင်းကို ခံနေရသည်။
သရုပ်ဆောင်သစ်ဖြစ်သော ချောင်ဟွေ့က ရှုရီယန်ကြောင့်သာ “ပျောက်ဆုံးခြင်း” ဇာတ်ကားတွင် တတိယမင်းသမီးနေရာရခြင်းဖြစ်ပြီး သူ(မ)၏ သရုပ်ဆောင်ချက်များကမကောင်းနိုင်ဟု လှောင်ချင်သူတချို့လည်းရှိသည်။ တချို့ကတော့ တတိယမင်းသမီးက ဒုတိယနှင့်ပထမမင်းသမီးလောက် အရေးမကြီးဟု သဘောထားကာ သူ(မ)ကို အာရုံပင်မထား။ အမှန်တော့ တတိယမင်းသမီးက သူတို့မျှော်လင့်ထားသလိုမဟုတ်။
အထူးသဖြင့် ဒါရိုက်တာထန်မော်ရိုက်ကူးသောကားသည် အပြစ်အနာအဆာ ကင်းရမည်ဖြစ်သည်။
ဇာတ်ကောင်တစ်ခု၏သရုပ်ဆောင်အဆင်မပြေပါက သူက လိုသလောက် လူစားလဲလိမ့်မည်။
ချောင်ဟွေ့ကို တိုက်ခိုက်နေကြသောလူများရှိသလို ချောင်ဟွေ့ကို ချီးကျူးကြသောလူများလည်းရှိသည်။
ချောင်ဟွေ့၏ ကိုယ်ပိုင် fan များလည်းရှိလာ၏။
” ကျောင်းအတူသွားကြစို့” variety show တွင် သူ(မ)၏အလွန်ကောင်းသော ကကွက်များဖြင့်ဖျော်ဖြေနိုင်မှုကြောင့် fan များစရခဲ့သည် ။ရွှယ်ပါးဆိုသော nick name ကိုလည်းရခဲ့သည်။ စက္ကန့်သုံးဆယ်ကြာထွေလာမှ ဖန်ယန်အဖြစ်လည်း weibo တွင် fan ၈သန်းနီးပါးရလာခဲ့လေပြီ။
ထို fan များက သူ(မ)ကို တကယ်ချစ်ကြသော fan အစစ်များဖြစ်သည်။
သူ(မ)၏ weibo account တွင်လည်း လာရောက်ချီးကျူးကြ၏။
[ရွှယ်ပါးရဲ့ “ပျောက်ဆုံးခြင်း ကို မျှော်နေမယ်။】
[အစ်ကို့ကိုအားပေးလို့ ရှင့်ကိုလည်း အားပေးတာ။ ရှင်တို့က လိုက်ဖက်ပါတယ်။】
[ချောင်ဟွေ့က တတိယမင်းသမီးနေရာဖြစ်ထိုက်ပါတယ်။ နောင်ဆို ပထမမင်းသမီးပါဖြစ်လာတော့မှာ! 】
ထိုနွေးထွေးသော comment များက ချောင်ဟွေ့၏နှလုံးသားကို နွေးထွေးစေ၏။
…
နှစ်သစ်ကူးပွဲတော်ရက်ညရောက်တော့ ချောင်ဟွေ့က ရှုရီယန်၏အမေအိမ်သို့သွားပြီး ညစာပြင်ရန် ကူညီလုပ်ကိုင်ပေးခဲ့သည်။ သူ့အိမ်သွားသည်ဆိုသော်လည်း အမေရှုက များသောအားဖြင့် အလုပ်များနေ၏။ချောင်ဟွေ့နှင့် စကားသိပ်မပြောဖြစ်ပါ။
ရှုရီယန်ကတော့ New year ဖျော်ဖြေပွဲတက်ရမည်ဖြစ်ကာ ပွဲမပြီးမချင်းတော့ အိမ်ပြန်လာမည်မဟုတ်။
ည ၈ နာရီတွင် New year ဖျော်ဖြေပွဲစမည်ဖြစ်သည်။ ချောင်ဟွေ့နှင့် အမေရှုကတော့ TV ရှေ့မှာ ကြိုစောင့်နေခဲ့ကြသည်။
ညကိုးနာရီခွဲပြီး ဆယ့်ငါးမိနစ်လောက်တွင် ရှုရီယန်၏အလှည့်သို့ ရောက်လာ၏။
ဒီနှစ် New year တွင်တော့ သူက ဝိုင်နီအရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ထက်ငယ်သောမင်းသားများနှင့် အတူရပ်နေ၏။
အခြားမင်းသားများနှင့် အတူတူရပ်နေသော်လည်း သူ့ကိုပဲပိုကြည့်ဖြစ်ကြသည်။
ရှုရီယန်ပေါ်လာတိုင်း ချောင်ဟွေ့က ဖုန်းထုတ်၍ ဓာတ်ပုံရိုက်၏။
ပွဲမစခင် presenter က ပရိသတ်များကို စကားအနည်းငယ်ပြောမည်ဖြစ်သည်။
Presenter ကပြုံး၍
“မင်းသားရှုရီယန်… ပရိသတ်ကို ဘာများပြောချင်လဲခင်ဗျ။”
ရှုရီယန်က မိုက်ကရိုဖုန်းကို ကိုင်၍
” TV ကတစ်ဆင့်ကြည့်ရှုနေကြတဲ့ ပရိသတ်များအပါအဝင် အားလုံးပဲ လိုချင်တာတွေရပြီး ပျော်ရွှင်စွာနေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ကိုယ်ချစ်ခင်တဲ့အရာတွေ ကိုယ်ချစ်ခင်တဲ့လူတွေနဲ့ အတူနေနိုင်ပါစေလို့ မျှော်လင့်ပါတယ်။”
” တကယ်ကိုစေတနာပါတဲ့ ဆုတောင်းပါပဲ။နောက်ဆုံးဆုတောင်းကတော့ ရှုရီယန်က သူ့ကိုယ်သူအတွက်လည်း ဆုတောင်းသွားတာပါ။ “
” ဟုတ်ပါတယ်။ ကျွန်တော်ရဲ့ဇနီးနဲ့ နှစ်တွေအကြာကြီးဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်။
ထိုအချိန်တွင် အနောက်ကမင်းသားများက နားလည်စွာပြုံးနေသည်ကို ကင်မရာက လှည့်ရိုက်ပြလိုက်၏။
ချောင်ဟွေ့ကတော့ အဲ့ဒီမှာရှိမနေသော်လည်း မျက်နှာနည်းနည်းပူသွားမိသည်။
ညဆယ်နာရီခွဲခန့်တွင် ရှုရီယန်တစ်ယောက် new year ဖျော်ဖြေပွဲမှပြန်ရောက်လာ၏။သူတို့မိသားစုဆုံကြပြီး နှစ်သစ်ကူးညစာအတူစားကြသည်။
ချောင်ဟွေ့နှင့်အမေရှုကိုယ်တိုင်လုပ်ထားသော ဒင်းဆမ်းများဖြစ်သည်။ ရှုရီယန်က ဒင်းဆမ်းအခု ၃၀ ခန့် အားပေးခဲ့၏။
ညစာစားပြီးနောက် ညဆယ့်နှစ်နာရီထိုးခါနီးပြီဖြစ်သည်။ရှုရီယန်၏ အမေက သူ(မ)အခန်းထဲ စောစောဝင်သွား၏။ဒီတစ်ကြိမ်က သူတို့၏ ပထမဆုံး New year ဖြစ်သည်။
အနာဂတ်တွင် မြောက်မြားလှစွာသော new year များတွင်လည်း သူတို့အတူတူရှိနေကြဦးမည်ပင်။
ညဆယ့်နှစ်နာရီထိုးသည်နှင့် ရှုရီယန်က ချောင်ဟွေ့နား’နားကပ်၍
” Happy New Year မစ္စရှု။”
…
ဒီနှစ် နှစ်သစ်ကူးနွေဦးပွဲတော်အချိန်သည် “ပျောက်ဆုံးခြင်း” ၏အချိန်ဟုပင် ပြော၍ရ၏။
အင်တာနက်တစ်ခုလုံးတွင် “ပျောက်ဆုံးခြင်း” ၏ review များဖြင့်ပြည့်နှက်နေသည်။
အားလုံးကလည်း အလွန်ကောင်းသည်ဟု ချီးကျူးကြ၏။
“ပျောက်ဆုံးခြင်း” က rating အဆင့်သတ်မှတ်ချက် ၉.၈ အထိရ၏။ဒီရုပ်ရှင် အလွန်အောင်မြင်သွားသည်မှာ သံသယဝင်စရာမရှိပါ။
နွေဦးပွဲတော်ကာလမှာပင် box office ဝင်ငွေ ၄ ဘီလီယံ အထိရရှိခဲ့၏။
( T/N – box office ၀င်ငွေဆိုတာ လက်မှတ်ရောင်းရငွေကိုပြောတာပါ။)
ရုပ်ရှင်၏အောင်မြင်မှုနှင့်အတူ ရှုရီယန်၏နာမည်သည်လည်း ပို၍ခိုင်မာလာခဲ့သည်။
ရုပ်ရှင်နှင့်အတူ ချက်ချင်းနာမည်ကြီးသွားသူကိုပြပါဆိုလျှင်တော့ ချောင်ဟွေ့ကိုပြရလိမ့်မည်။
အစကဝေဖန်လိုသူများပင် ချောင်ဟွေ့၏သရုပ်ဆောင်စွမ်းရည်ကိုတွေ့ပြီး အသံတိတ်သွားကြ၏။ ရုပ်ရှင်ကိုကြိုက်ကြသူအများစုက ဖန်ယန်ကိုလည်း ကြိုက်ကြသည်။
[ဖွင့်ပြောရခက်တဲ့ ခံစားချက်မျိုးပဲ။သဘောကျပေမဲ့ သဘောမကျချင်ယောင်ဆောင်နေရတယ်။ 】
[ရုပ်ရှင်ထဲမှာတော့ သူတို့ဇာတ်လမ်းက ရက်စက်တယ်။ ဒါပေမဲ့ အိုကေပါတယ်။ လက်တွေ့ဘဝမှာ ပိုပြီးချိုမြိန်နိုင်တာပေါ့။ 】
[ရုပ်ရှင်ထဲမှာတော့ ကုန်းရောင်နဲ့ဖန်ယန်တို့အတွဲအတွက် ဝမ်းနည်းမိတယ်။ ဒါပေမဲ့ လက်တွေ့ဘဝကိုတွေးလိုက်ရင်တော့ ဝမ်းမနည်းတော့ဘူး ဟားဟားဟား 】
[ ချောင်ဟွေ့သရုပ်ဆောင်တာ တကယ်ကောင်းတယ်။ တစ်ဖက်လှည့်ပြီး ငိုလိုက်တဲ့အခန်းတုန်းကဆို အရမ်းစိတ်မကောင်းဖြစ်ရတယ်။ကုန်းရောင်ဆိုတဲ့ ဝက်က အဲ့ဒါကိုမမြင်ဘူး။ 】
( T/N – ဒီနေရာမှာပြောတဲ့၀က်ဆိုတာ ငတုံးလို့ပြောချင်တာပါ။)
[ဇာတ်ညွှန်းရေးဆရာက ကုန်းရောင်ကိုမမြင်အောင်လုပ်ထားတာ။ @ ခွေးခေါင်းပုံ]
ပြီးခဲ့သောရက်များ၏ hot search များသည် ” ပျောက်ဆုံးခြင်း”ရုပ်ရှင်၊ ရှုရီယန်နှင့်ချောင်ဟွေ့အကြောင်းများပင်ဖြစ်နေသည်။
သူတို့စုံတွဲက hot search များတွင် ရေပန်းစားနေကြ၏။ ချောင်ဟွေ့က တတိယမင်းသမီးဖြစ်သော်လည်း ပထမမင်းသမီး ကျန်းဆုလီထက်ပင် နာမည်ကြီးနေသည်။
ချောင်ဟွေ့ နာမည်ကြီးလာလေပြီ။
အနုပညာလောကမှလူများလည်း အသိအမှတ်ပြုလာကြ၏။
*****
Aurora Novel Translation Team