Extra 1
အခုတလော weibo ပေါ်တွင်ကောလာဟလတစ်ခုပျံ့နေ၏။
ဘယ်သူကစလိုက်မှန်းတော့မသိပါ။ သို့သော် အခြေအနေအရလည်း မှန်နိုင်ခြေရှိ၏။
နာမည်ရနေတာ ၂ နှစ်လောက်ကြာပြီဖြစ်သည့် မိဘနှင့်ကလေးဘဝပုံစံကိုရိုက်ကူးသော variety show တစ်ခုဖြစ်သည့် “ငါ့အဖေက စူပါမန်း” ဟူသော variety show တွင် ရှုရီယန်က သူ၏သုံးနှစ်ခွဲအရွယ်သားဖြစ်သူရှုဟောင်နှင့်ပါဝင်မည်ဟု သတင်းများထွက်နေခြင်းဖြစ်သည်။
သတင်းကလည်း မှန်နိုင်ခြေရှိ၏။
ရှုရီယန်၏ fan ဟောင်းများက ထိုသတင်းကိုကြားပြီးနောက် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။
ကလေးရပြီးကတည်းက မင်းသားက လူရှေ့မထွက်တော့သလောက်ပင်။
သူ အစကပြောခဲ့ဖူးသလို ခင်ပွန်းကောင်း အဖေကောင်းအဖြစ် နေထိုင်ခဲ့၏။ အရောင်အသွေးစုံလင်တောက်ပသော ရုပ်ရှင်လောကကိုစွန့်လွှတ်ပြီး မိသားစုထဲတွင်သာ ဘဝကိုမြှုပ်နှံထားခြင်းဖြစ်သည်။
ထို့သို့နှစ်နှင့်ချီ၍ ကင်မရာရှေ့မှပျောက်နေသောရှုရီယန် ပြန်လည်ထွက်ပေါ်လာမည်ဟူသောသတင်းက မှန်နိုင်ခြေများလာသောအခါ သူ၏ fan ဟောင်းများ စိတ်မလှုပ်ရှားဘဲ၊ မပျော်ရွှင်ဘဲ မနေနိုင်ကြတော့ပါ။
“ငါ့အဖေက စူပါမန်း” page က တရားဝင်မကြေညာသေးသော်လည်း ပရိသတ်များကတော့ weibo ပေါ်တွင် ပျော်နေကြပြီဖြစ်သည်။
[အစ်ကိုပြန်လာတော့မယ်! 】
[အိုး။သူ့ကိုတကယ်လွမ်းနေတာ! 】
[သူ variety show မှာပါရင်….. သူ့ကိုရိုက်တာတွေ ပြန်ကြည့်ခွင့်ရတော့မှာပေါ့။】
[အသက်သုံးဆယ့်ခြောက်နှစ်လောက်ရောက်လာတော့ အစ်ကိုက
ပိုပြီးယောင်္ကျားပီသလာတယ်။】
[တစ်ခါက လူငယ်တစ်ယောက်က အခုတော့ တည်ကြည်ခံ့ညားတဲ့လူကြီးတစ်ယောက်ဖြစ်လာပြီ။]
[နေပါဦး။ရှင်တို့က အသက် ၃၆ နှစ်ရှုရီယန်ကြီးကိုပဲမျှော်နေကြတာလား။ သုံးနှစ်ခွဲအရွယ်ရှုဟောင်လေးကိုမျှော်နေတာ ကျွန်မတစ်ယောက်ပဲလား။]
[အပေါ်က တစ်ယောက်။ ကျွန်မပါပါတယ်! 】
ပရိသတ်များက ထိုသတင်းမှန်မမှန်ခန့်မှန်းနေကြစဉ်ပင် weibo မှ ” ငါ့အဖေက စူပါမန်း” တရားဝင်စာမျက်နှာတွင် ကြေညာချက်တက်လာ၏။
ငါ့အဖေက စူပါမန်း v: ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီး မိတ်ဆွေလေးတွေနဲ့ တွေ့ရတော့မှာဖြစ်တဲ့အတွက် အလွန်ပျော်ရွှင်မိပါတယ်။ ဒီတစ်ခါ variety show မှာ သရုပ်ဆောင်အသစ်တွေချည်းပါပဲ။
သူတို့က ခင်ဗျားတို့ကို လုံးဝမတူတဲ့ ကြည့်ရှုဖွယ်ရသမျိုးစုံကို ပေးစွမ်းကြမှာပါ။ လေယဉ်ကြီးကတော့ စထွက်ပါပြီ။ အရှိန်ကလည်းရလာပါပြီ။ ကလေးတွေ ထိုင်ခုံခါးပတ်ပတ်ထားကြဖို့ မမေ့ပါနဲ့။
[? ? ?]
[မီတာအများကြီးရှည်တဲ့ငါ့ရဲ့ဓားက သည်းမခံနိုင်ဖြစ်နေပြီနော်။ ဒီခွေးသူခိုးတွေက သရုပ်ဆောင်စာရင်းကိုထုတ်ပြဖို့ အချိန်ဆွဲနေတယ်။ 】
[ခွေးသူခိုး ငါ့ကိုပြောစမ်း။ ရှုရီယန်နဲ့သူ့သားလေး ဒီတစ်ခေါက်မှာပါမှာလား! 】
[ငါစောင့်နေတာ ရက်တွေကြာနေပြီ။ လာတော့လည်း ဒါပဲလား။ 】
[ဒီပရိုဂရမ်အဖွဲ့က နှလုံးသားမရှိဘူး! 】
[ငါ့အတွေ့အကြုံအရတော့ ” ငါ့အဖေက စူပါမန်း” က weibo မှာ ဒါမျိုးတင်ပြီးရင် မကြာခင်ကြေညာပေးမှာပါ။ အားလုံးပဲ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးကြပါ။]
ဟုတ်ပါသည်။ လိုင်းပေါ်မှာနာမည်ကြီးလာသောကြောင့် variety show စီစဉ်သောအဖွဲ့က နောက်တစ်နေ့ တွင်ပါဝင်မည့်သရုပ်ဆောင်များစာရင်းကို ကြေညာလိုက်၏။
ငါ့အဖေက စူပါမန်း v: ဒီတစ်ကြိမ်မှာ ” ငါ့အဖေက စူပါမန်း” variety show နဲ့လက်တွဲသွားမဲ့သရုပ်ဆောင်တွေကတော့
• ရှုရီယန်၏သား
• ရှုရီယန်
• ကျန်းခဲ့၏သား
• ကျန်းခဲ့
• တုန်းကျန်၏ သမီး
• တုန်းကျန်
• ယွမ်ရိ၏သား
• ယွမ်ရိ
“အရင် season တွေနဲ့မတူတော့ဘဲ ပါဝင်သူများက လူသစ်များဖြစ်ပါတယ်။ မင်းတို့သိခဲ့တဲ့ တစ်ချိန်ကလူငယ်လေးက အခုဆိုရင် ဖခင်ကောင်းကြီးတစ်ယောက်ဖြစ်နေပါပြီ။ ဒီတစ်ခါတော့ သူက သူ့သားလေးကိုပါခေါ်လာပါပြီ။ “
အောက်တွင် variety show ပရိုမိုးရှင်းအတွက် ဖခင်လေးယောက်က ကလေးကိုယ်စီနှင့်ရိုက်ထားသော ဓာတ်ပုံများရှိနေသည်။
ပုံများ၏အရည်အသွေးက ဒုတိယတန်းစားအဆင့်သာဖြစ်ကြောင်း မြင်ရုံနှင့်သိနိုင်၏။
ရှုရီယန်နှင့် သူ့သားရှုဟောင်၏ပုံလည်းပါသည်။
ရှုရီယန်က အရောင်ဖျော့ဖျော့ ရှပ်အင်္ကျီတစ်ထည်နှင့် နက်တိုင်အနက်ရောင်ကို လျော့ရိလျော့ရွဲစည်းထားသည်။လက်တစ်ဖက်က ကုတ်အင်္ကျီကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်က ရှုဟောင်၏လက်ကလေးကို ဆုပ်ကိုင်ထား၏။
သူက ကင်မရာဘက်ကိုလှည့်၍ အနည်းငယ်ပြုံးနေသည်။
အချိန်က သူ့ကိုပို၍ယောက်ျားပီသသောဆွဲဆောင်မှုတစ်မျိုးကို ပေးစွမ်းလိုက်၏။သူ့မျက်လုံးမျက်ခုံးများက အချိန်ကာလတစ်ခုအတွင်း ပို၍တည်ငြိမ်ပြီးကျက်သရေရှိလာသည်။
ရှုရီယန်က ရှုရီယန်သာဖြစ်သည်။
လိုက်တု၍မရ အစားထိုး၍လည်းမရပါ။
သူ ပရိတ်သတ်မြင်ကွင်းအောက်မှ နှစ်နှင့်ချီပျောက်နေသော်လည်း သူတစ်ချိန်ကရရှိခဲ့သောအောင်မြင်မှုအရှိန်အဝါကို မည်သည့်မင်းသားကမှ ကျော်ဖြတ်နိုင်ခြင်းမရှိသေးပါ။
တစ်ဖက်က ရှုဟောင်ကလည်း သူ့အဖေနှင့်ဆင်တူ suit တစ်စုံကိုဝတ်ဆင်ထား၏။ ကောင်လေးက suit လေးနှင့် စတိုင်ကျနေသည်။
အရပ်မမှီသေးသဖြင့် ခွေးခြေလေးတစ်ခုပေါ်မှာရပ်၍ သူ့အဖေ၏လက်ကိုဆွဲထားရ၏။
အသက်အရွယ်နှင့်ရင့်ကျက်မှုတို့မှလွဲ၍ အဖေနှင့်သားက ဆင်တူလှသည်။
သူတို့နှစ်ယောက်စလုံး၏ဆံပင်ပုံကလည်း အတူတူပင်။ပုံထဲတွင် သူတို့အချင်းချင်းတော့ကြည့်မနေကြပါ။သို့သော် သားအဖနှစ်ယောက်ဘအလွန်ချစ်ကြကြောင်း ပုံကြည့်ရုံနှင့်ပင် သိသာလှ၏။
[ငါအဖွားကြီးကတော့ ပျော်ပြီးထတောင်ခုန်နေပြီ!]
[သတင်းထွက်ထားတာ အမှန်ပဲပေါ့! ! ! 】
[အစ်ကို ပြန်ပေါ်လာတဲ့အထိစောင့်ခဲ့တယ်။ လက်မလျှော့ခဲ့ဘူး။】
[အဖရော သားရော အရမ်းချောကြတယ်! 】
[အား။ ဒီကောင်လေးက ကြီးလာရင်အသည်းတွေလိုက်ခွဲတော့မှာပဲ။ အခုတောင် သူ့အမေရဲ့အသည်းနှလုံးဖြစ်နေပြီ။]
[ကောင်းပြီ။ အစ်မ နောက်ထပ်ဆယ့်ငါးနှစ်စောင့်နေပါ့မယ်။】
[အင်း။ အန်တီ့သမီးနှင့် အရွယ်မကွာဘူးပဲ! 】
[မိန်းကလေးသန်းပေါင်းများစွာရဲ့အိပ်မက်က နောက်ထပ် မိန်းကလေးသန်းပေါင်းများစွာရဲ့ အိမ်မက်တစ်ခုကို ထပ်မွေးလိုက်ပြီ။ ရှင်တို့သားအဖ မိန်းကလေးတွေကို အလွတ်မပေးတော့ဘူးလား ! 】
[ရှုရီယန်နဲ့ သူ့သားက ကြည့်ကောင်းလိုက်တာ။ ဘဝမှာ တကယ်ကံကောင်းတာက ချောင်ဟွေ့လို့ မထင်ကြဘူးလား။ 】
ပရိသတ်များကြား အပြန်အလှန်ဆွေးနွေးမှုများ စိတ်ဝင်စားမှုများ မြင့်တက်လာသောကြောင့် # ရှုရီယန်နဲ့သူ့သား# နှင့် # ရှုရီယန်_ ငါ့အဖေက စူပါမန်း# ဟူသော hot search များက ထိပ်ဆုံးနေရာများသို့တက်လာ၏။
[အခြားမိသားစုများ: နာမည်ကြီးအောင် hot search ဝယ်ကြမယ်။
ရှုမိသားစု : ပိုက်ဆံသုံးစရာမလိုဘဲ hot search ကို package လိုက်ကောင်းကောင်းသုံးလို့ရတယ်။ 】
[နာမည်ကြီးစတားများ: ရှုရီယန်ရဲ့အရှိန်အဝါလွှမ်းမိုးတာခံရဦးမလားမသိဘူး။】
[အခု ရှုရီယန်တောင်မဟုတ်ဘူး။ ဘေးနားမှာ ကောင်လေးတစ်ယောက်ပါပါလာပြီ။ ပိုပြီးအားကြီးသွားပြီ။ ]
လိုင်းပေါ်က ဆွေးနွေးပွဲများမရပ်မနားဖြစ်နေတုန်းမှာပင် ” ငါ့အဖေက စူပါမန်း” season 3 ၏ ပထမပိုင်းကို စတင်ထုတ်လွှင့်တော့၏။
*****
Aurora Novel Translation Team