Extra 16
- Home
- All Mangas
- Film Emperor's Wedding Diary [Entertainment Circle] (Completed)
- Extra 16 - (Final Chapter)
ချယ်ရီ မာရုကိုက အလွန်ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်၏ဇာတ်ရုပ်ဖြစ်သည်။
သို့သော် ရှောင်ဟေးက ကောင်လေးတစ်ယာက်ဖြစ်နေသည်။
သူ့ကို မိန်းကလေးဇာတ်ရုပ်လုပ်ခိုင်းတော့မှာလား။
ရှောင်ဟေး ကြောင်သွား၏။ ထိုကာတွန်းကားကို သူတစ်ခါမှမကြည့်ဖူးပါ။ထို့ကြောင့်
မာရုကိုက ဘယ်လိုမျိုးလဲဆိုတာ သူမသိပါ။
သူ့အဖေကျန်းခဲ့ကတော့ တဟားဟား ရယ်မောနေ၏။
ဒါရိုက်တာက ရှစ်နှစ်အရွယ်ကလေးတစ်ယောက်ကို အရှက်ရစေချင်စိတ်မရှိပါ။ ရှောင်ဟေးကြောင်နေတာမြင်တော့ သူက ရှောင်ဟေးကို စင်ပေါ်ကဆင်းခွင့်ပြုလိုက်၏။
ကလေးတွေ role play လုပ်ပြီးနောက် သရုပ်ဆောင်များ၏အလှည့်ဖြစ်သည်။
ဒါရိုက်တာ၏မျက်လုံးများက တောက်ပသွားပြီး
” သရုပ်ဆောင်များအားလုံး အဆင်သင့်ဖြစ်ကြပြီလားခင်ဗျ။”
ရုတ်တရက်တော့ မည်သူမှပြန်မဖြေကြပါ။
ဒါရိုက်တာက အားရပါးရရယ်မောလိုက်ပြီး
” ဒီလိုပါ။ ကလေးတွေနဲ့လူကြီးတွေကစားရတဲ့စည်းကမ်းက မတူပါဘူး။ သရုပ်ဆောင်စုံတွဲနှစ်ဦးစလုံးက တစ်ယောက် ဇာတ်ရုပ်တစ်မျိုးနဲ့ စင်ပေါ်တက်ပြီး ပါဝင်ကစားရမှာပါ။”
[အဲ့ဒါဆို ယောင်္ကျားနဲ့ မိန်းမက ဇာတ်ရုပ်တစ်ခုစီပေါ့။ ဒါပေမဲ့ အဲ့ဇာတ်ရုပ်တွေကို ပေါင်းလုပ်ရမှာ။ ]
[ဝိုး ပိုပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီ။】
ဒါရိုက်တာက စည်းမျဉ်းစည်းကမ်းများကို ထပ်၍ကြေညာ၏။
” သရုပ်ဆောင်အရေအတွက်က အားလုံးပါင်းခြောက်ယောက်ပဲဆိုတော့ မများပါဘူး။ အဲ့ဒါကြောင့် ပိုပြီးပျော်စရာကောင်းအောင် မဲကို အကြိမ်ကြိမ်နှိုက်ခွင့်ရှိပါတယ်။”
အရှေ့ကနှိုက်သွားသူလုပ်ပြသောဇာတ်ရုပ်ကိုသဘောကျပါက နောက်လူကလည်း ထိုဇာတ်ရုပ်ကျအောင် လိုက်နှိုက်ခွင့်ရှိ၏။
ဘယ်သူမှ စင်ပေါ်ကိုပထမဆုံးတက်ရသောသူမဖြစ်ချင်ပါ။
ထို့နောက် တုန်းကျန်နှင့်သူ့အမျိုးသမီးက စင်ပေါ်တက်လာ၏။
သူ့ဇာတ်ရုပ်က ဆင်းရဲသားကောင်လေးဖြစ်ပြီး သူ့အမျိုးသမီးက ချမ်းသာသော သူဌေးသမီးဖြစ်သည်။
[ဒီဇာတ်ရုပ်ကိုမမျှော်လင့်ထားပေမဲ့ ကြည့်လို့တော့ကောင်းမယ်ထင်တယ်။ 】
[ဟားဟားဟား။ ဆင်းရဲသားကောင်လေးတဲ့။ တုန်းကျန်က အဲ့စရိုက်မဟုတ်ဘူး။】
[ဆင်းရဲသားနဲ့သူဌေးသမီးကြား ကွာခြားလှတဲ့ဆက်ဆံရေးပေါ့။ ]
ဒါရိုက်တာက ရယ်မောလိုက်ပြီး
” သရုပ်ဆောင်များ ကိုယ့်စိတ်ကူးနဲ့ကိုယ် ဖျော်ဖြေပြသနိုင်ပါတယ်။ အချိန်သတ်မှတ်ချက်ကတော့ သုံးမိနစ်ဖြစ်ပါတယ်။”
တုန်းကျန်နှင့်သူ့အမျိုးသမီးက သိပ်တော့ရွှင်လန်းနေပုံမရပါ။နေ့ခင်းတုန်းကကိစ္စကြောင့်ပင်။
သူတို့၏သရုပ်ဆောင်မှုက သာမန်သာဖြစ်၏။
ထူးထူးခြားခြား မရှိပါ။
ညံ့လည်း မညံ့သလို အမှတ်ရစရာလည်း မကောင်းပါ။
ထို့နောက် ရှုရီယန်နှင့်ချောင်ဟွေ့တို့ အလှည့်ဖြစ်သည်။
ရှုရီယန်က ချောင်ဟွေ့ကို အရင်နှိုက်ခိုင်း၏။
ချောင်ဟွေ့က ပြုံး၍ မျက်လုံးမှိတ်ကာနှိုက်လိုက်သည်။
ကျန်းခဲ့၏မိန်းမက မနေနိုင်တော့ဘဲ ချောင်ဟွေ့ ဘာဇာတ်ရုပ်ကျလဲ သွားကြည့်သည်။
စက္ကန့်အနည်းငယ်အတွင်းပင် သူ(မ)၏အော်သံ ထွက်ပေါ်လာ၏။
” လွှမ်းမိုးတတ်တဲ့ဥက္ကဋ္ဌ!”
[လာပြီ!】
[ပရိုဂရမ်အဖွဲ့က ငါတို့ကိုကူညီနေတာ။】
[ဟားဟားဟား ဂျိုဂျိုတစ်ယောက် တကယ်ကြီး ဒီဇာတ်ရုပ်ကိုရသွားတာပဲ။ 】
[အစ်ကိုရော ဘာရလဲကြည့်ရမယ်။ သူ့ဇာတ်ရုပ်ကော ကောင်းပါ့မလား။]
ထို့နောက် ရှုရီယန်၏အလှည့်ဖြစ်သည်။
သူကျသည်က စာရေးဆရာချုချု၏ ရိုးသားသည့်ဆင်းရဲသားကောင်လေး ပိုင်လျန်၏ဇာတ်ရုပ်ပင်။
[ဟားဟားဟား တကယ့် ဂန္ထဝင်တွဲဖက်မှုပဲ။】
[ကောင်းလိုက်တာ! ]
[အားးးးးးးးးးးးး]
! ? ?
ချောင်ဟွေ့ မနေနိုင်ဘဲရယ်မောမိသွားတော့၏။
သူ(မ)မျှော်လင့်ထားသလို green tea ဇာတ်ရုပ်မဟုတ်ပေမဲ့ ရှောင်ပိုင်လျန်ဇာတ်ရုပ်ကလည်း မဆိုးလှပါ။
“ချစ်သူ” နှင့် “မာယာများသူ” ဇာတ်ရုပ်တွေကိုတော့ သူတို့နှစ်ဦးတည်းရှိသည့်အချိန်တွင် ရှုရီယန်ကိုသရုပ်ဆောင်ခိုင်းမည်။
လူတွေရှေ့မှာတော့ မလုပ်တာကောင်း၏။
ဒါက သူ(မ)၏ပုဂ္ဂိုလ်ရေးဖြစ်သည်။ ရှုရီယန်၏ ထိုကဲ့သို့သောပုံစံကို တခြားလူတွေ မြင်တွေ့သွားမှာကိုမလိုချင်ပါ။
သူ(မ)တစ်ဦးတည်းသာလျှင်တွေ့ခွင့်ရှိသည့် ရှုရီယန်၏ပုံစံဖြစ်သည်။
ထို့ကြောင့် ကျန်သောဇာတ်ရုပ်နှစ်ခုကိုတော့ နောက်မှ ရှုရီယန်ကိုလုပ်ခိုင်းရမည်။
သူ(မ)တစ်ဦးတည်းကို သက်သက်ဖျော်ဖြေဖို့အတွက်။
ဒါက မစ္စရှုတစ်ဦးတည်း၏အထူးအခွင့်အရေးဖြစ်ပြီး ဘယ်သူမှမြင်တွေ့ခွင့်မရှိပါ။
ချောင်ဟွေ့က ချက်ချင်းပင် ဇာတ်ရုပ်ထဲကို ဝင်စားလိုက်၏။
ထိုဇာတ်ရုပ်က ရှင်းပါသည်။ နှစ်လိုဖွယ်ကောင်းခြင်းက သုံးပုံတစ်ပုံ၊ ဟာသဆန်မှုနှင့် နမော်နမဲ့နိုင်တတ်သည့်စရိုက်ကလည်း တစ်ပုံစီ အချိုးကျပါဝင်သည့်ဇာတ်ရုပ်ဖြစ်သည်။
ချောင်ဟွေ့ငယ်ငယ်တုန်းက ဝတ္ထုဇာတ်လမ်းများစွာဖတ်ဖူး၏။
သူတို့ခေတ်တုန်းက ခေတ်စားနေသော ဝတ္ထုအမျိုးအစားများဖြစ်သည်။
အခုတွေးကြည့်တော့ ကလေးတော့ဆန်သည်ထင်ရ၏။
သို့သော် သေချာတွေးကြည့်လိုက်ချိန်တွင် တချို့ဇာတ်ကွက်တွေက ယုတ္တိမရှိဘူးထင်ရသော်လည်း စိတ်ဝင်စားစရာတော့ကောင်းသည်။
ချောင်ဟွေ့က ရှုရီယန်၏မေးစေ့ကို ထိလိုက်၏။
ရှုရီယန်က အရပ်မြင့်သဖြင့် သူ(မ)အနေနှင့် ငါးလက်မဒေါက်ကိုစီးထားတာတောင် မော့ကြည့်နေရသေးသည်။
“တော်တယ် ကောင်လေး။ နင် ငါသတိထားမိအောင်လုပ်နိုင်သွားပြီ။”
ရှုရီယန်က ချောင်ဟွေ့၏သရုပ်ဆောင်မှုကို သေချာကြည့်နေသည်။
ရှောင်ပိုင်လျန်ကတော့ သနားစရာကောင်းသော၊ အကူအညီမဲ့သောပုံစံ လုပ်လိုက်ရုံပင်။ အများကြီးကြိုးစားစရာမလိုပါ။
ချောင်ဟွေ့က ပြုံးပြီးပြောလိုက်၏။
” နင့်မျက်လုံးထဲမှာ ငါ့ကိုပဲမြင်နေရမယ်။ နင့်နှလုံးသားထဲမှာ ငါ့ကိုပဲထည့်ထားရမယ်။ နင် ငါ့ဆီကနေမလွတ်မြောက်နိုင်ဘူး။”
ရှုရီယန်ကလည်း ရေရွတ်လိုက်၏။
“ကျွန်တော်ထွက်ပြေးမှာမဟုတ်ပါဘူး။”
ဘာကြောင့်မှန်းတော့မသိ။ ထိုစကားထဲတွင် ခြိမ်းခြောက်မှုတစ်ခုပါနေသလို ချောင်ဟွေ့ ခံစားလိုက်ရ၏။
ထားလိုက်ပါလေ။
အခုတော့ သူ(မ)က ဆွဲ့ဆောင်ရမည့်အပိုင်းဖြစ်သည်။
ရှုရီယန်ကို ဒီနေ့ရအောင် ဆွဲဆောင်နိုင်သည်ဖြစ်စေ မဆွဲဆောင်နိုင်သည်ဖြစ်စေ သူ(မ)ဘက်ကတော့ တာဝန်ကျေအောင်ကြိုးစားရမည်။
[အစ်ကိုက မပြေးချင်ရုံတင်မဟုတ်ဘူး။ အရှေ့တောင် ဆက်တိုးချင်တဲ့အနေအထား ရှိတယ်။ 】
[အစ်ကိုက အလှည့်စားခံချင်နေတာလား။】
[ထွက်ပြေးသွားရင် ဘယ်လိုလုပ်ဇာတ်လမ်းဆက်တော့မှာလဲ။ ]
ချောင်ဟွေ့က ဘဏ်ကဒ်တစ်ခုကို ထုတ်ပေးလိုက်၏။
လွှမ်းမိုးတတ်တဲ့ဥက္ကဋ္ဌမကြီးက တစ်ဖက်လူရဲ့နှလုံးသားကိုပိုင်ဆိုင်ဖို့အတွက် ဘာလို့ငွေမသုံးနိုင်ရမှာလဲ။
သူ(မ)က ဘဏ်ကဒ်ကို လက်ညှိုးနှင့်လက်ခလယ်ကြား ညှပ်၍ထည့်လိုက်ပြီး ရှုရီယန်၏အိပ်ကပ်ထဲသို့ထည့်လိုက်၏။
“ဒီထဲကငွေတွေအားလုံး သုံးလို့ရတယ်။ ဒီထဲကငွေတွေသုံးလို့မကုန်မချင်း နင့်ကို ငါ့အနား ပြန်လာခွင့်မပြုဘူး။””
[ဟားဟားဟား]
“ကျွန်တော်က အဲ့ဒါနဲ့ဘာလုပ်ရမှာလဲ။”
[အာ …..? 】
[အခွင့်အရေးတစ်ခု လက်လွတ်သွားပြီလို့မထင်ဘူးလား။]
ချောင်ဟွေ့က ရှုရီယန်နား အနည်းငယ်ထပ်တိုးလာပြီး သူတို့၏ နှာဖျားလေးတွေအချင်းချင်းထိသည်အထိ ကပ်လိုက်သည်။ တစ်ယောက်၏အသက်ရှူသံများကို တစ်ယောက်ကကြားနေရ၏။
“နင်က ငါ့ရဲ့လူပဲ။ ဘာလုပ်သင့်တယ်လို့ နင်ထင်လဲ။
ရှုရီယန်က သူ့ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။ သူ၏ ထူထပ်ရှည်လျားသော မျက်တောင်များက သူ့မျက်ခွံများကို အနည်းငယ်ကာထားသည်။ ထိုအချိန်တွင်
ရှုရီယန်က ကြာပန်းဖြူလေးကဲ့သို့ သနားစရာကောင်းနေ၏။
သူ့အသံက ပျော့ပြောင်းနူးညံ့နေသော်လည်း ဆွဲဆောင်နေသယောင်ထင်ရသည်။
” ခင်ဗျားပြောတာ အကုန်နားထောင်မယ်။”
အရှုံးပေးတတ်သော၊ သားကောင်ဆန်သော၊သနားစရာကောင်းသော၊ ရိုးသားဖြူစင်သော ရှောင်ပိုင်လျန်။
လွှမ်းမိုးတတ်သောဥက္ကဋ္ဌမ၏ အပြည့်အဝထိန်းချုပ်ခြင်းကိုခံနေရသောကြာပန်းဖြူလေး။
သူစေလိုရာစေနိုင်သော ရိုးသားသည့်ကြာပန်းဖြူလေး။
ချောင်ဟွေ့ကိုယ်တိုင်တောင် ခန္ဓာကိုယ်ထဲ အပူတက်လာသလိုဖြစ်သွား၏။
ဒီလောက်အပြစ်ကင်းပြီးဖြူစင်တဲ့ရှုရီယန်ကို သူ(မ)မမြင်ဖူးသေးပါ။
သူ(မ)က သူ့မေးစေ့ကိုသေချာကိုင်ထားရင်း သတိပေးလိုက်၏။
” နင် မီးနဲ့ကစားနေတာကိုသိရဲ့လား။”
[ဟားဟားဟား။ ဒါမှ တကယ့်အစဉ်အလာမပျက်ပါနေတဲ့စကားလုံးတွေ။ 】
[မီးနဲ့ကစားနေတာ။ 】
[ဟုတ်တယ်။ ကစားမယ်။ ဘယ်သူက ဘယ်သူ့ကိုကြောက်ရမှာလဲကြည့်ပေါ့။】
Live ကြည့်နေသောပရိသတ်များထဲတွင်လည်း မီးနှင့်ကစားချင်သောသူ များပုံရ၏။
ထိုအချိန်တွင် ရှုဟောင်၏ချစ်စဖွယ်အသံက ရုတ်တရက်ထွက်ပေါ်လာသည်။
” မာမီ မီးနဲ့ဆော့လို့မရဘူးလေ။ မီးစွဲသွားရင် ဘယ်လိုလုပ်မလဲ။”
ချောင်ဟွေ့က ဇာတ်ရုပ်ထဲတွင်အနည်းငယ်မျောနေ၏။ သူ(မ)သားနှင့်တခြားကလေးနှစ်ယောက်လည်းရှိနေတာ မေ့တော့သလိုဖြစ်သွားသည်။
ဒီ role play game မျိုးက ကလေးတွေကစားဖို့မသင့်တော်ပါ။
ကလေးတွေဝင်ကစားဖို့ မသင့်တော်ရုံသာမက ပရိသတ်အနေနှင့် live room မှကြည့်ရှုဖို့လည်းမသင့်တော်ပါ။
ထို့ကြောင့် သူ(မ)ဆက်မလုပ်တော့။
ချောင်ဟွေ့က ဇာတ်လမ်းကိုရပ်လိုက်၏။တခြားလူတွေကတော့ ဇာတ်ကွက်ပြီးသွားပြီဟုယူဆလိုက်ကြသည်။
သူတို့အလှည့်ပြီးလျှင်တော့ နောက်ဆုံးကျန်နေသည့် ကျန်းခဲ့နှင့်သူ့အမျိုးသမီး၏ အလှည့်ဖြစ်သည်။
ချောင်ဟွေ့ စင်ပေါ်ကဆင်းလာတော့ ရှုရီယန်က ရုတ်တရက် နားနားကပ်၍
” မစ္စချောင် ညကျရင် ပြောထားတဲ့အတိုင်းတာဝန်ကျေပေးဖို့ မမေ့နဲ့နော်။”
လွှမ်းမိုးတတ်တဲ့ဥက္ကဋ္ဌမကြီးချောင်ဟွေ့ : ….
ရှုရီယန်တို့ စင်ပေါ်ကဆင်းသွားပြီးနောက် ကျန်းခဲ့နှင့်သူ့မိန်းမတို့ တက်လာကြ၏။
ကျန်းခဲ့နှင့်သူ့အမျိုးသမီး၏ဖျော်ဖြေမှုသည်လည်း မဆိုးပါ။ သို့သော် ရှုရီယန်နှင့် ချောင်ဟွေ့တို့ကိုယှဉ်လျှင်တော့ မှေးမှိန်သွားသည်။။
[သူတို့ ဘာမှမတတ်နိုင်ဘူး။ လူတွေက လွှမ်းမိုးတတ်တဲ့ဥက္ကဋ္ဌမစ္စချောင်ကိုပဲ တမ်းတနေကြပြီ။】
[ငါထပ်ကြည့်ချင်သေးတယ်။】
[ခုနကကြည့်ရတာလေးနဲ့ အားမရဘူး။】
[ရှုရီယန်က ရှောင်ပိုင်လျန်ပုံစံလုပ်တာ ကောင်းလွန်းတယ်။]
[ချောင်ဟွေ့က တကယ်တော်တာ!】
[နှစ်ယောက်စလုံးရဲ့သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းတယ်။ 】
ထိုနေ့ညပိုင်းအစီအစဉ်ကတော့ ချောမောစွာဖြင့် ပြီးသွားခဲ့၏။
**
နောက်နေ့တွင် “ငါ့အဖေက စူပါမန်း” variety show ပြီးဆုံးသွားလေပြီ။
နေ့လယ်ပိုင်းတွင် သူတို့သရုပ်ဆောင်ခြောက်ဦးက နောက်ဆုံးအနေနှင့် နေ့လယ်စာ အတူတူစားကြ၏။
ဒါရိုက်တာကတော့ ကြားထဲမှာပြဿနာတစ်ခုခုဖြစ်သွားမှာကို ကြောက်နေသည်။
သို့သော် နောက်ဆုံးနေ့လယ်စာစားပွဲလေးက အဆင်ပြေ၏။
ဘာပြဿနာမှမဖြစ်ကြပါ။
Variety show လည်း အောင်မြင်စွာပင် ပြီးဆုံးသွားတော့သည်။
သို့မှသာ ဒါရိုက်တာလည်း စိတ်ချနိုင်တော့၏။
အားလုံးခွဲခွာခါနီးတွင် ဒါရိုက်တာက နှုတ်ဆက်ဆုတောင်းစကားပြောသည်။
” ဒီ variety show ရဲ့ season တစ်ခုပြီးသွားပေမဲ့ အားလုံးရဲ့ဘဝတွေကတော့ ဆက်သွားနေကြရဦးမှာပါ။နောင်တစ်ချိန် ကျွန်တော်တို့ ပြန်ဆုံချင်ဆုံကြရဦးမှာပါ။အားလုံး အဆင်ပြေတိုးတက်ကြပါစေလို့လည်း မျှော်လင့်ပါတယ်။”
” ကျေးဇူးပါ ဒါရိုက်တာ။”
” Goodbye ဒါရိုက်တာ။”
လူတွေက ခွဲခွာခါနီးကျလျှင်တော့ လွယ်လွယ်နှင့်ဝမ်းနည်းတတ်ကြ၏။
ကလေးတွေက ဝမ်းအနည်းရဆုံးဖြစ်သည်။
သူတို့က ခဏလေးအတွင်း သူငယ်ချင်းများဖြစ်သွားခဲ့ကြသည်။အခု သူတို့ကြားထဲကသူငယ်ချင်းသံယောဇဉ်က ခိုင်မာလာခဲ့လေပြီ။ထို့ကြောင့် သူတို့မခွဲခွာချင်ကြပါ။
ရှောင်ဟေးနှင့်ရှုဟောင်က ဖက်ထားကြ၏။
“နောက်ကျလို့ဆုံရင် အတူတူကစားကြမယ်လေ။”
“အိုကေ အစ်ကိုမည်းလုံးလေး ။”
“ငါ့ကို အစ်ကိုမည်းလုံးလေးလို့မခေါ်နဲ့။ နားထောင်လို့ မကောင်းဘူး။”
“အိုကေ အစ်ကိုမည်းလုံးလေး။”
“…”
ချောင်ဟွေ့ကတော့ ခွဲခွာရလို့ ဘာမှမခံစားရပါ။သို့သော် ကလေးတွေရဲ့ အပြစ်ကင်းကာရိုးရှင်းသောစကားများကိုကြားပြီး ဒီကာလလေးကို အနည်းငယ်ပိုကြာစေချင်စိတ်ဖြစ်မိသွားသည်။
ချောင်ဟွေ့ အနည်းငယ်မျက်နှာမကောင်းဖြစ်သွားတာကိုတွေ့တော့ ရှုရီယန်က သူ့နှုတ်ခမ်းများကို သူ(မ)၏နားနားကပ်၍
” မစ္စချောင် မနေ့က ကိုယ့်ကိုပြောတဲ့အတိုင်း တာဝန်ယူရမယ်နော်။”
မစ္စချောင်: …
ချောင်ဟွေ့က ခေါင်းမော့ပြီး နေရောင်ကိုမျက်နှာမူ၍ပြုံးလိုက်၏။
” ဒီည။”
Variety show က ပြီးသွားသော်လည်း ရှုရီယန်နှင့်သူ(မ)၏ဇာတ်လမ်းကတော့ ပြီးဖို့အများကြီးလိုပါသေးသည်။
သူ(မ)ရဲ့ကြာပန်းဖြူလေးရှုရီယန်တစ်ယောက် ဒီဘ၀တော့ သူ(မ)လက်ထဲကနေ ဘယ်တော့မှမလွတ်မြောက်နိုင်ပါ။
*****
Aurora Novel Translation Team