Extra 3
” ငါ့အဖေက စူပါမန်း” season 3 ပရိုဂရမ်အဖွဲ့မှ သရုပ်ဆောင်များအား တောရွာဘဝကို တစ်ပတ်ကြာအပန်းဖြေခံစားစေမည်ဖြစ်သည်။
သွားရမည့်နေရာရောက်ပြီးလျှင် သရုပ်ဆောင်များက မိသားစုကိုဖုန်းခေါ်၍ စကားပြောနိုင်၏။ အန္တရာယ်ကင်းကင်းရောက်ရှိကြောင်း ပြောကြားနိုင်၏။ ဖုန်းမခေါ်ချင်လျှင်လည်းရသည်။။ ထိုသို့ဖုန်းခေါ်ပြီးလျှင်တော့ ဖုန်းများ၊ မုန့်များကို သိမ်းဆည်းထားမည်ဖြစ်၏။
တောရွာဘဝဆိုသည်မှာ သဘာဝတရားနှင့်စိမ်းလန်းမှုတို့ကို ကိုယ်စားပြုသည်။ တိုးတက်ကြွယ်ဝသော မြို့ပြဘဝနှင့်တော့ ဆန့်ကျင်ဘက်ပင်။
လူနေမှုအဆင့်အတန်းအားဖြင့်နှိုင်းယှဉ်မည်ဆိုပါက ကောင်းသည်ဟုပြောလို့မရပါ။
ထိုရွာကလေး၏စီးပွားရေးတိုးတက်မှုကလည်း အလွန်နောက်ကျနေ၏။ ကတ္တရာလမ်းခင်းရန်ပင် ရန်ပုံငွေမရှိပါ။ လမ်းတွေက ချိုင့်တွေ ဗွက်တွေနှင့်ပြည့်နေသည်။
မိုးရွာထားသည်မှာ မကြာသေးသဖြင့် ရွံ့များပို၍ထူထပ်လာ၏။ ခြေလှမ်းတိုင်းက ရေညှိတောထဲလျှောက်နေရသလို ရွံ့ထဲနစ်ဝင်နေ၀င်။
ထို့ကြောင့်ပင် ပရိုဂရမ်အဖွဲ့က ဒီနေရာကို လာဖို့ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
တိုးတက်မှု နောက်ကျနေသော ဆင်းရဲမွေတေမှုရှိနေသာနေရာများကို ကူညီပေးရန်လိုအပ်သည်မဟုတ်ပါလား။
ရှုရီယန်က ရွံ့ဝါထဲတွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း ချောင်ဟွေ့ကို video call ခေါ်လိုက်၏။
သူ မတ်တတ်ရပ်၍ခေါ်လိုက်ပါက ရှုဟောင်ပါ ကင်မရာထဲမပေါ်မည်စိုး၍ ဆောင့်ကြောင့်ထိုင်ကာ ဖုန်းခေါ်ရခြင်းဖြစ်သည်။
သူ ဒီလိုမထိုင်၍မရပါ။
ရှုဟောင်ကလည်း ခြေဆောင့်၍ သူ့မာမီနှင့်ပြောချင်ကြောင်း ဂျီကျနေပြီဖြစ်သည်။
ဖုန်းက connect မဖြစ်သေးခင်အချိန်မှာပင် ရှုဟောင်က ကင်မရာရှေ့လာပြီး ရှုရီယန်ကိုယ်ပေါ်ကို နောက်မှတွယ်တက်နေပြီဖြစ်သည်။
သူ့မျက်နှာပဲ ကင်မရာမှာအပြည့်ပေါ်နေပါက မာမီက ဒယ်ဒီ့ကိုမမြင်နိုင်တော့။ သူ့ကိုသာမြင်နိုင်တော့မည်။
ဒီဘက်ခေတ်ကလေးများက အတော်ထူးဆန်းလာသည်ဟုပင်ပြောရမည်။ ဒီအရွယ်ကတည်းက သဝန်တိုတတ် မျက်နှာအလိုက်ခံချင်တတ်နေပြီ။
ခဏကြာတော့ ချောင်ဟွေ့၏ နူးညံ့ကျက်သရေရှိသောမျက်နှာက ဖုန်း screen ပေါ်တွင်ပေါ်လာ၏။
ထို့နောက် သူ(မ) ကြင်နာသောအသံဖြင့် ” ရောက်သွားကြပြီလား။”
ပထမဆုံးဝင်ပြောလိုက်သူက ရှူဟောင်ဖြစ်သည်။
” မာမီ သားတို့ရောက်နေပြီ။”
ချောင်ဟွေ့က နှုတ်ခမ်းများကို ဖိကိုက်လိုက်ပြီး
” သားဒယ်ဒီနဲ့ လိမ်လိမ်မာမာနေနော်။”
” ဟုတ်။”
ရှုဟောင်က ခေါင်းအနည်းငယ်ခါလိုက်၏။ သူ့ဒယ်ဒီနမ်းတာပိုကောင်းတယ်ဟု သူတို့ထွက်မလာခင် ချောင်ဟွေ့ပြောတာကို သူသတိရသွားခြင်းကြောင့်ပင်။ အခြားကလေးများဆိုလျှင်တော့ မေ့သွားလောက်ပြီဖြစ်သည်။ သို့သော် ရှုဟောင်ကတော့ ထိုကလေးမျိုးမဟုတ်ပါ။
” မာမီ့ကို ဘာလို့နမ်းလို့မရတာလဲ။”
ချောင်ဟွေ့ပင် ကြောင်သွား၏။
သူ(မ)သားစိတ်ထဲ ဒီလောက်မှတ်ထားလိမ့်မည်ဟု သူ(မ)မထင်ခဲ့ပါ။
သူ(မ)ထင်သည်က သားဖြစ်သူကငယ်သေး၍ လှည့်စားရလွယ်မည်ထင်နေခြင်းဖြစ်သည်။
သို့သော် ရှုဟောင်၏နားလည်နိုင်စွမ်းက သူ(မ)ထိန်းကျောင်းသင်ကြားမှု မှန်ကန်ကြောင်းကိုပြသနေ၏။
အမှန်တော့ မိသားစုတချို့တွင် မိဘများက ကလေးငယ်များကို အိမ်တွင် သို့မဟုတ် အဝေးရောက်နေစဉ် နမ်း၍နှုတ်ဆက်တတ်ကြသောထုံးစံရှိ၏။
သို့သော် ချောင်ဟွေ့က ထိုထုံးစံကို သဘောမကျပါ။ ထို့ကြောင့် သားဖြစ်သူကိုချော့ပြောလိုက်၏။
” ဘာလို့လဲဆိုတော့ ဒါက ချစ်ကြတဲ့လူနှစ်ယောက်ပဲလုပ်လို့ကောင်းတာ။သားလည်း ကြီးလာလို့ ချစ်သူကောင်မလေးတွေ့တဲ့အခါကျရင် နမ်းလို့ရတယ်။”
ထိုစကားက အသက်သုံးနှစ်ခွဲသာရှိသေးသောရှုဟောင်အတွက်တော့ နားလည်ရန်ခက်ခဲလှ၏။
ရှုဟောင်က သာမန်ကလေးများထက် နားလည်တတ်သော်လည်း သူက မိဘများ၏အလိုလိုက်ခံထားရသော သုံးနှစ်ခွဲကလေးငယ်တစ်ဦးသာဖြစ်သည်။
သို့သော် ထိုအထဲတွင် သူမနားလည်သော စကားတစ်ခုပါ၏။
“ကောင်မလေးတစ်ယောက်ကိုတွေ့ရင် နမ်းလို့ရတယ်။” ထိုစကားကိုတော့ ရှုဟောင်နားမလည်နိုင်ပါ။
သို့သော် သူနားမလည်လည်း ကိစ္စတော့မရှိ။ ပြဿနာမရှိလောက်ပါ။
ရှုရီယန်က ချောင်ဟွေ့နှင့်စကားပြောနေသည့်အချိန်တွင် ရှုဟောင်က သူတို့အုပ်စုထဲက တစ်ဦးတည်းသောမိန်းကလေးတုန်းတုန်းဆီသို့ပြေးသွားပြီး နမ်းလိုက်လေသည်။
တုန်းတုန်းကတော့ ကြောင်သွား၏။
တုန်းကျန်က အလန့်တကြားဖြင့် ရှုဟောင်ကို တားလိုက်ရသည်။
” ကလေး မင်းဘာလုပ်နေတာလဲ။”
ရှုဟောင်က တုန်းတုန်းကို လက်ညှိုးထိုးလိုက်သည်။တရုတ်ဇီးသီးမှည့်လေးများကဲ့သို့ ကြည်လင်ရှင်းသန့်နေသောမျက်လုံးများကို မြင်နေရ၏။
” သူ့ကိုနမ်းနေတာ။”
ကလေးတွေက သူတို့ရင်းနှီးမှုကို ပုံစံတစ်မျိုးနှင့်ဖော်ပြတတ်ကြသည်။ဤသည်မှာ ရှုဟောင်၏ ရင်းနှီးမှုကိုဖော်ပြသောပုံစံဖြစ်ပုံရ၏။
နမ်းတာက မသင့်တော်ပါ။ အထူးသဖြင့် တုန်းကျန်၏သမီးကိုဖြစ်သည်။သူက ခါးကိုင်း၍ အနားကပ်ပြီး ချော့ပြောလိုက်သည်။
” အဲ့ဒီလိုမလုပ်ရဘူးကလေး။”
ရှုဟောင် နားမလည်နိုင်ဖြစ်သွားပြီး မျက်တောင်များကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
” ဒယ်ဒီက မာမီ့ကို အဲ့ဒီလိုအမြဲလုပ်တယ်။”
နောက်ပြီး သူ့အမေက ခုနကပင် ကောင်မလေးတစ်ယောက်ကိုတွေ့ရင် နမ်းလို့ရတယ်ဟု မှာလိုက်သည်မဟုတ်ပါလား။
[ဟားဟားဟား။ ရယ်ရလို့သေတော့မယ်။ အခု မင်းသားက ရွှယ်ပါးကို အိမ်မှာ အမြဲနမ်းတယ်ဆိုတာ live ကြည့်နေတဲ့ လူနှစ်သန်းကျော်သိသွားပြီ။】
[နှုတ်ခမ်းချင်း နမ်းကြတာတဲ့။]
[သူ့သားက သူ့အကြောင်းတွေ ဖော်ကောင်လုပ်နေတာ မင်းသားသိသွားပြီလား။]
[ဖော်ကောင်လုပ်တာ?။ ငါကတော့ ချစ်ဖို့အရမ်းကောင်းတာလို့ပဲခံစားရတယ်! 】
[ကောင်းလိုက်တာ။ လက်ထပ်ပြီး နှစ်တွေကြာလာလည်း သူတို့အချင်းချင်း အချစ်မလျော့သေးဘူးဆိုတာ ပြလိုက်တာပဲ။】
[အရမ်းချစ်ကြပုံပါ။]
တုန်းကျန်ကတော့ ကလေးက ဒီလိုပြန်ပြောလိမ့်မည်ဟုမမျှော်လင့်ခဲ့။
ရှုဟောင်က မလုံလောက်သေးဘူး ခံစားရလို့လားမသိ။ထပ်ပြောလာသည်။
” ဒယ်ဒီက မာမီ့ကိုနမ်းတဲ့အခါကျရင် သူ့လက်နဲ့မာမီ့မျက်နှာကို ကိုင်ထားသေးတယ်။”
ထိုသို့ပြောပြီး ရှုဟောင်တစ်ယောက် တစ်ခုခုမှားနေတာကိုခံစားလိုက်ရသည်။
သူက မာမီ့ရဲ့ တစ်ခုတည်းသောရတနာလေးမဟုတ်ဟု ထပ်မံခံစားမိသွားခြင်းဖြစ်၏။
*****
Aurora Novel Translation Team