Goodbye My Princess

4.3
Your Rating
Goodbye My Princess 4.3 (4)
44
Comments
21 Users bookmarked This

‘သူမ’ ဆိုတာ ​ထောင်​သောင်းမကပြည်သူ​တွေရဲ့ ချစ်မြတ်နိုးခြင်းကိုခံရတဲ့ ‘ရှီးလျန်’တိုင်းပြည်ကြီးရဲ့ နဝမ​မြောက်မင်းသမီး​လေး ၊ ‘ကျုံးယွမ်’ အလယ်ပိုင်း​ဒေသဆီကို လက်ဆက်ဖို့​ ​ခြေချလာရတဲ့သူ….

‘သူ’ ဆိုတာ လူတစ်​ယောက်တည်းရဲ့​အောက် ထောင်​သောင်းချီတဲ့လူ​တွေရဲ့အထက်မှာရှိတဲ့ အိမ်​ရှေ့စံမင်းသား ၊ တိုင်းပြည်​ရေးရာလက်ဆက်မှု​ကြောင့် တိုင်းတပါးမင်းသမီးကို လက်ဆက်ရမယ့်သူ….

‘သူ့’ဆီမှာ ချစ်မြတ်နိုးရပါတဲ့ ကိုယ်လုပ်​တော်မိဖုရား ‘​ကျောက်လျန်တိ’ ရှိနှင့်ပြီးသား။

‘သူမ’ ဆီမှာလည်း နန်း​တော်ထဲက မြင်းစီးဖို့ခိုးထွက်တတ်တယ် ၊ မ​ကောင်းတဲ့လူဆိုး​လေး​တွေ ရိုက်တယ် ၊ သူခိုး​တွေလိုက်ဖမ်းမယ် ၊ လမ်း​ပျောက်​နေတဲ့က​လေး​တွေ အိမ်ပြန်ပို့​ပေးမယ် ၊ ​သေရည်သောက်မယ် ၊ အ​ပျော်မယ်​ဂေဟာ​တွေကို သွားလည်တတ်တဲ့ ကိုယ်ပိုင်ဘဝမျိုး ရှိ​နေခဲ့ပါတယ်။

အစ,ကတည်းကိုက ဘယ်​တော့မှမဆုံစည်းနိုင်မယ့် ပြိုင်မျဥ်းနှစ်​ကြောင်း….

ဒါ​ပေမယ့် အ​ရှေ့နန်း​ဆောင်ရဲ့ ​နေရာနဲ့အာဏာလုတဲ့ပဋိပက္ခ​တွေကြား ၊ အမှားအမှန် မသဲကွဲတဲ့ကြား ၊ ပုန်းကွယ်သတ်ဖြတ်လျှို့ဝှက်ကြံစည်မှု​တွေကြားထဲကို​တော့ ‘သူမ’ တစ်လှမ်းချင်း ဆက်နွယ်သွားခဲ့မိပါ​သတဲ့….

​သေခြင်းတရားနဲ့အနီးကပ်ဆုံးဖြစ်ခဲ့တဲ့ ကပ်​ဘေးကြီးအဆုံးမှာ​တော့ ‘သူမ’ဟာ လွန်ခဲ့တဲ့သုံးနှစ်တာက မှတ်ဥာဏ်များကို ရုတ်တရက်ပြန်အမှတ်ရသွားခဲ့ပါ​တော့တယ်။

‘သူ’ နဲ့ ‘သူမ’က ကန္တာရလွင်ပြင်ကြီးထဲမှာ မ​မျှော်လင့်ပဲ ​တွေ့ဆုံခဲ့ကြတယ်….

‘သူ’က ‘သူမ’ အတွက်နဲ့ ‘ထျန်းဂန်း’​တောင်​ပေါ်က မျက်လုံးဖြူဝံပု​လွေဘုရင်ကို သတ်​ပေးခဲ့တယ်….

‘သူ’ နဲ့ ‘သူမ’ တို့ မြက်ခင်းပြင်ကြီးထဲမှာ ခမ်းခမ်းနားနား လက်ထပ်မင်္ဂလာယူခဲ့ဖူးကြတယ်….

သည့်ထက်ပိုပြီး​တော့ သူက သူမဆီကို ​သွေး​ချောင်းသွင်သွင်စီးတဲ့မျိုးနွယ်စုလိုက်သတ်ဖြတ်မှုကြီးပါ ယူ​ဆောင်လာ​ပေးခဲ့တယ်….

​မေ့​လျောခြင်းမြစ်​ရေဟာ နှလုံးသားခံစားချက်​တွေအားလုံးကို ​မေ့​ပျောက်သွား​စေခဲ့​ပေမယ့်….

အရာအားလုံး ပြန်လည်သတိရလာတဲ့အခါမှာ​တော့ သူမ ဘယ်လို​ရွေးချယ်ရပါ့တော့မလဲ?

————

Male Lead

လီချန်းရင်/ကု​ရှောင်ဝူ – ‘ကျုံးယွမ်’ အလယ်ပိုင်း​ဒေသ၏ အိမ်​ရှေ့စံမင်းသား

Female Lead

ချွီ​ရှောင်ဖုန်း – ‘ရှီးလျန်’တိုင်းပြည် နဝမ​မြောက်မင်းသမီး

Genre(s)