Goodbye My Princess
Follow
‘သူမ’ ဆိုတာ ထောင်သောင်းမကပြည်သူတွေရဲ့ ချစ်မြတ်နိုးခြင်းကိုခံရတဲ့ ‘ရှီးလျန်’တိုင်းပြည်ကြီးရဲ့ နဝမမြောက်မင်းသမီးလေး ၊ ‘ကျုံးယွမ်’ အလယ်ပိုင်းဒေသဆီကို လက်ဆက်ဖို့ ခြေချလာရတဲ့သူ….
‘သူ’ ဆိုတာ လူတစ်ယောက်တည်းရဲ့အောက် ထောင်သောင်းချီတဲ့လူတွေရဲ့အထက်မှာရှိတဲ့ အိမ်ရှေ့စံမင်းသား ၊ တိုင်းပြည်ရေးရာလက်ဆက်မှုကြောင့် တိုင်းတပါးမင်းသမီးကို လက်ဆက်ရမယ့်သူ….
‘သူ့’ဆီမှာ ချစ်မြတ်နိုးရပါတဲ့ ကိုယ်လုပ်တော်မိဖုရား ‘ကျောက်လျန်တိ’ ရှိနှင့်ပြီးသား။
‘သူမ’ ဆီမှာလည်း နန်းတော်ထဲက မြင်းစီးဖို့ခိုးထွက်တတ်တယ် ၊ မကောင်းတဲ့လူဆိုးလေးတွေ ရိုက်တယ် ၊ သူခိုးတွေလိုက်ဖမ်းမယ် ၊ လမ်းပျောက်နေတဲ့ကလေးတွေ အိမ်ပြန်ပို့ပေးမယ် ၊ သေရည်သောက်မယ် ၊ အပျော်မယ်ဂေဟာတွေကို သွားလည်တတ်တဲ့ ကိုယ်ပိုင်ဘဝမျိုး ရှိနေခဲ့ပါတယ်။
အစ,ကတည်းကိုက ဘယ်တော့မှမဆုံစည်းနိုင်မယ့် ပြိုင်မျဥ်းနှစ်ကြောင်း….
ဒါပေမယ့် အရှေ့နန်းဆောင်ရဲ့ နေရာနဲ့အာဏာလုတဲ့ပဋိပက္ခတွေကြား ၊ အမှားအမှန် မသဲကွဲတဲ့ကြား ၊ ပုန်းကွယ်သတ်ဖြတ်လျှို့ဝှက်ကြံစည်မှုတွေကြားထဲကိုတော့ ‘သူမ’ တစ်လှမ်းချင်း ဆက်နွယ်သွားခဲ့မိပါသတဲ့….
သေခြင်းတရားနဲ့အနီးကပ်ဆုံးဖြစ်ခဲ့တဲ့ ကပ်ဘေးကြီးအဆုံးမှာတော့ ‘သူမ’ဟာ လွန်ခဲ့တဲ့သုံးနှစ်တာက မှတ်ဥာဏ်များကို ရုတ်တရက်ပြန်အမှတ်ရသွားခဲ့ပါတော့တယ်။
‘သူ’ နဲ့ ‘သူမ’က ကန္တာရလွင်ပြင်ကြီးထဲမှာ မမျှော်လင့်ပဲ တွေ့ဆုံခဲ့ကြတယ်….
‘သူ’က ‘သူမ’ အတွက်နဲ့ ‘ထျန်းဂန်း’တောင်ပေါ်က မျက်လုံးဖြူဝံပုလွေဘုရင်ကို သတ်ပေးခဲ့တယ်….
‘သူ’ နဲ့ ‘သူမ’ တို့ မြက်ခင်းပြင်ကြီးထဲမှာ ခမ်းခမ်းနားနား လက်ထပ်မင်္ဂလာယူခဲ့ဖူးကြတယ်….
သည့်ထက်ပိုပြီးတော့ သူက သူမဆီကို သွေးချောင်းသွင်သွင်စီးတဲ့မျိုးနွယ်စုလိုက်သတ်ဖြတ်မှုကြီးပါ ယူဆောင်လာပေးခဲ့တယ်….
မေ့လျောခြင်းမြစ်ရေဟာ နှလုံးသားခံစားချက်တွေအားလုံးကို မေ့ပျောက်သွားစေခဲ့ပေမယ့်….
အရာအားလုံး ပြန်လည်သတိရလာတဲ့အခါမှာတော့ သူမ ဘယ်လိုရွေးချယ်ရပါ့တော့မလဲ?
————
Male Lead
လီချန်းရင်/ကုရှောင်ဝူ – ‘ကျုံးယွမ်’ အလယ်ပိုင်းဒေသ၏ အိမ်ရှေ့စံမင်းသား
Female Lead
ချွီရှောင်ဖုန်း – ‘ရှီးလျန်’တိုင်းပြည် နဝမမြောက်မင်းသမီး
Author Profile
Latest entries
LoveNovember 18, 2023Lets Fall In Love
DramaOctober 21, 2023Goodbye My Princess
Handsome Male LeadOctober 11, 2023Confession