I Married Because I Wanted To Live A Normal Life

4.8
Your Rating
I Married Because I Wanted To Live A Normal Life 4.8 (4)
112
Comments
31 Users bookmarked This

ဝတ္ထုအမည် – တူနှစ်ကိုယ်ရွှေလက်တွဲ အေးချမ်းတဲ့ဘဝကို လိုချင်တယ်

မူရင်းအမည် – 평범하게 살고 싶어 결혼했는데 (I Married Because I Want to Live a Normal Life)

ဝတ္ထုပုံစံ – Webnovel (ကိုရီးယား)

ဝတ္ထုအမျိုးအစား – စိတ်ကူးယဥ် အချစ်ဇာတ်လမ်း

မူရင်းစာရေးသူ – 온소망 (Warm Wish)

ဘာသာပြန်သူ – Marilee

****
ဇာတ်လမ်းအကျဥ်း

ကျွန်မ မကြာခင်မှာ ဖျက်ဆီးခံရတော့မယ့် ကမ္ဘာမှာ အရံဇာတ်ကောင် ဖြစ်လာခဲ့တယ်လေ။
ကျွန်မကိုယ်ကျွန်မ ဘယ်သူမှန်းတောင် မသိခဲ့ပါဘူး။
ကိုယ့်ဘဝကိုယ် ရှင်သန်ဖို့ပဲ ကြိုးပမ်းမယ်ဆိုတဲ့စိတ်နဲ့ စံအိမ်တော်တစ်လုံးကို တင်တောင်းစရိတ်အဖြစ် အမွေဆက်ခံပြီး ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့မိတယ်။ အဲဒီလိုအတွေးနဲ့ ကျွန်မတို့အိမ်တော်မှာ ပန်းပင်တွေကို ကြည့်ရှုထိန်းသိမ်းရတဲ့ ဥယျာဥ်မှူးတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ပြီး လက်ထပ်ပွဲကျင်းပခဲ့တော့တယ်။

“ရစ်ဒဲလ် ဒီနေ့ ပင်ပန်းတယ်မဟုတ်လားဟင်”

“ရစ်ဒဲလ် အရင်ဆုံး ထမင်းစားချင်လား”

“အခုက အားလပ်ရက်ဆိုတော့ အတူတူအပြင်ထွက်ကြမလား”

ကျွန်မတစ်ယောက်တည်းကိုပဲကြည့်ပြီး အကောင်းဆုံးကြိုးစားနေတဲ့ လူသားလေး!

ကျွန်မကလည်း အကောင်းဆုံးကြိုးစားပြီး ငွေရှာမှာဆိုတော့ ကျွန်မတို့နှစ်ယောက် ပျော်ရွှင်စရာ အိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ထင်ခဲ့မိတယ်လေ။

“မင်း ဘာဖြစ်လို့ ဘာအရိုက်အရာမှမရှိ၊ ဘာစည်းစိမ်အာဏာမှမရှိတဲ့လူကို လက်ထပ်ခဲ့တာလဲ”

ရုတ်တရက် ကောက်ခါငင်ခါ စေ့စပ်မှုကို ဖျက်သိမ်းတုန်းက ဖျက်သိမ်းခဲ့ပြီး အခုမှလာပြီးတော့ ကျွန်မကို လိုချင်လှချည်ရဲ့ဖြစ်နေတဲ့ ကျွန်မရဲ့ တစ်ချိန်က ခင်ပွန်းလောင်းဖြစ်ခဲ့သူက မေးလာခဲ့တယ်။

“ရစ်ဒဲလ် မင်းရဲ့အိမ်ထောင်ရေးက အဆင်ရောပြေရဲ့လား”

“ပြေတာပေါ့။ အဆင်မပြေစရာ ဘာများရှိတာမို့လဲ”

“ဘာကြောင့်များ မင်းရဲ့ခင်ပွန်းက လက်ထပ်ပြီးတဲ့နောက်မှာ ငါထင်ထားတာနဲ့ တခြားစီဖြစ်နေတာလဲ…သူက သာမန်လူမဟုတ်ဘူးလား”

ကျွန်မရဲ့ အဆက်ဟောင်းက ဘာဖြစ်လို့ အဲဒီလိုမေးလာရတာပါလိမ့်။
အဲ့ဒါအပြင် သိမ်မွေ့ချိုသာတဲ့လူလို့ပဲ ထင်ထားခဲ့တဲ့ ကျွန်မရဲ့ခင်ပွန်းက…

“ဟစ်ရှ် အဲ့ဒါ…အဲ့ဒါက ဘာကြီးလဲ”

ဟစ်ရှ်က အိမ်တစ်လုံးစာလောက်ရှိတဲ့ မိစ္ဆာကြီးကို ကိုင်ထားတဲ့လက်ကို ကျောနောက်မှာ ကွယ်ဝှက်ရင်း မျက်ရည်အဝဲသားနဲ့ ပြောလာခဲ့တယ်။

“ဒါပေမဲ့ ရစ်ဒဲလ်…ရစ်ဒဲလ် ထိခိုက်သွားမှာကို မလိုချင်ဘူး”

ကျွန်မ သာမန်ဘဝလေးနဲ့ အေးအေးချမ်းချမ်းနေချင်လို့ လက်ထပ်ခဲ့တာလေ။ ဒါပေမဲ့ အပြစ်ကင်းတဲ့ ခွေးပေါက်လေးလို လင်တော်မောင်ရဲ့ သရုပ်မှန်က မသင်္ကာစရာအကောင်းဆုံး ဖြစ်နေပါရောလား…

*****

Swara Webnovel Translation

Genre(s)
Tags(s)