18+

Your Majesty…I Want You

4.3
Your Rating
Your Majesty…I Want You 4.3 (53)
2.6K
Comments
85 Users bookmarked This

🚨Warning🚨

ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်ပြီး အရွယ်မရောက်သေးသူတွေအတွက် လုံးဝမသင့်တော်ပါဘူး။

tw // BDSM, dubious consent, sexual abuse, sadism and masochism, rape

****

ဝတ္ထုအမည် – ကြွေခလှည့်ပါ…မဘုရား

မူရင်းအမည် – 폐하의 밤 (Your Majesty, I Want You/ Her Majesty’s Night)

ဝတ္ထုပုံစံ – Webnovel (ကိုရီးယား)

ဝတ္ထုအမျိုးအစား – စိတ်ကူးယဉ်၊ အချစ်၊ အရွယ်မရောက်သေးသူများ မဖတ်ရ၊ အဆွေး၊ ဒရာမာ

မူရင်းစာရေးသူ – 티야베 (Tiyabe)

ဘာသာပြန်သူ – Marilee

****

ဇာတ်လမ်းအကျဉ်း

အင်ပါယာပြည်ကြီးရဲ့ ဆယ့်ခုနစ်ပါးမြောက် ဧကရာဇ်က အမျိုးသမီးတစ်ယောက်ပါ။ မဟာနယ်စားမင်း ရော့ခ်ရဲ့ ကျေးဇူးကြောင့် သူဟာ အစ်ကိုတော်တွေကိုကျော်ပြီး ထီးနန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လေ။

“အရှင်မဘုရား…အရှင်မဘုရားရဲ့ ဆန္ဒအတိုင်းလိုက်နာဖို့ ကျွန်တော်မျိုး အသင့်ပါပဲ။”

မဟာနယ်စားမင်းက ဧကရာဇ်ရဲ့ သစ္စာခံ အထောက်အပံ့တစ်ယောက်ဖြစ်ပြီး သူ့အမိန့်တစ်ချက်မှာတင် မှူးမတ်တွေအားလုံး ခေါင်းငုံ့အမြီးကုပ်သွားကြရလောက်အောင် အရှိန်အဝါကြီးသူပါ။ ဒါပေမဲ့ သူ့ရဲ့ သစ္စာခံအပ်နှံမှုနဲ့ ဆန့်ကျင်စွာပဲ ဧကရာဇ်က သူ့ကို အေးအေးစက်စက်သာ ဆက်ဆံတယ်လေ။ ပိတ်ထားတဲ့တံခါးတွေရဲ့နောက်ကွယ်မှာ ဧကရာဇ်က မဟာနယ်စားမင်းရဲ့အပိုင်ဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။

****

ညနက်နက်ကာလအချိန်မှာပေါ့…
အခန်းတံခါးက အကျယ်ကြီးပွင့်သွားခဲ့ပြီး မဟာနယ်စားမင်းက ခွင့်ပြုချက်မရှိဘဲ ဧကရာဇ်ရဲ့အခန်းထဲကို ဝင်လာခဲ့တယ်။

“ထွက်သွားကြ။”

သူက ဧကရာဇ်ဆီကနေ အကြည့်မခွာဘဲ အစေခံတွေကို ပြောလိုက်တယ်။
ဧကရာဇ်က သူ့ကိုကြည့်ပြီး ပြောခဲ့တယ်။

“တောင်းပန်ပါတယ်။ ဒီညတော့ မလုပ်ပါနဲ့…”

သူ့ရှေ့မှောက်မှာတော့ ဧကရာဇ်တစ်ပါးရဲ့ ရာဇမာန်ဆိုတာဟာလည်း အသုံးမဝင်သလို အာဏာစက်ဆိုတာဟာလည်း လေလွင့်ပျောက်ကွယ်သွားတာပါပဲ။

“မဘုရား…ဒီည မဘုရားက ကျွန်တော်မျိုးကို ပြုစားခဲ့တာလေ။ စိုးရွံ့မိပေမဲ့ ကျွန်တော်မျိုး ဒီထက်ပိုပြီး ချုပ်တည်းမထားနိုင်တော့ပါဘူး။”

သူ့မျက်လုံးတွေက ဧကရာဇ်ရဲ့ ချိုမြိန်ယစ်မူးဖွယ် ခန္ဓာကိုယ်ဆီ သက်ဆင်းကျရောက်လာပြီး အဲ့ဒီနောက် ဧကရာဇ်ရဲ့ အဝတ်တွေကို တုံ့ဆိုင်းတွေဝေခြင်းမရှိဘဲ ဆုတ်ဖြဲပစ်လိုက်တယ်။

“စိုးရွံ့မိပေမဲ့ ဒီညကတော့ အရိုင်းဆန်တဲ့တစ်ညတာ ဖြစ်တော့မယ်ထင်ပါရဲ့။”

****

Swara Webnovel Translation

Genre(s)
Tags(s)