If You Wish For A Married Couple’s Duties
ဝတ္ထုအမည် – ဇနီးမောင်နှံ ဝတ္တရား
မူရင်းအမည် – 부부의 의무를 원하신다면 (If You Wish for a Married Couple’s Duties)
ဝတ္ထုပုံစံ – Web Novel (ကိုရီးယား)
ဝတ္ထုအမျိုးအစား – စိတ်ကူးယဉ် အချစ်ဇာတ်လမ်း
မူရင်းစာရေးသူ – အာဆိုနာ (아소나)
ဘာသာပြန်သူ – Marilee
****
ဇာတ်လမ်းအကျဉ်း
“မင်းကို ငါ့ဇနီးအဖြစ် လက်ထပ်ယူခဲ့ပေမဲ့ တစ်ခန်းတည်း အတူအိပ်ဖို့ စိတ်ကူးမရှိဘူး”
ဘာရှယ်မျိုးနွယ်စုရဲ့ တစ်ဦးတည်းသော မင်းသမီးဖြစ်တဲ့ ဒူဟာ ရယ်လ် ဘာရှယ်။
ဒူဟာက မိန်းကလေးဖြစ်နေတဲ့အတွက် မျိုးနွယ်စုခေါင်းဆောင်နေရာကို ဆက်ခံခွင့်မရှိတာကြောင့် မျိုးနွယ်စုကောင်းစားရေးကို ရှေးရှူပြီး နယ်စားမင်းနဲ့ လက်ထပ်ခဲ့တယ်။
သူ့ရဲ့သတို့သားကတော့ ဟယ်လ်တန်ရဲ့ အုပ်စိုးသူတစ်ဖြစ်လဲ အင်ပါယာရဲ့ အကြံ့ခိုင်ဆုံး ဓားသမားလည်းဖြစ်တဲ့ မဟာနယ်စားမင်း လီယွန်ဟာ့တ် ဗွန် အက်စ်ဘာဒန် ဟယ်လ်တန်ပါပဲ။
“အက်စ်ဘာဒန်ရဲ့ နယ်စားမင်းကြင်ရာတော် အရှင်မဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ နေနိုင်သရွေ့ မင်း ဒီမှာ ဘာပဲလုပ်လုပ် ဂရုမစိုက်ဘူး”
အရောင်အဝါဖြာထွက်နေတဲ့အလား ချောမောလွန်းတဲ့ သူ့မျက်နှာနဲ့ ဆန့်ကျင်စွာ ရေခဲတမျှအေးစက်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ရင်း ပြောလိုက်တယ်။
ဘာကြီးပဲဖြစ်နေပါစေ သူ့နှလုံးသားကို ဒူဟာ့ဆီမပေးဘူးလို့ ကြေညာနေသလိုပါပဲ။
ဟုတ်တာပေါ့။ ဒီအိမ်ထောင်ရေးက မဟာမိတ်အဖြစ် ပေါင်းစည်းရုံသက်သက်ပဲ မဟုတ်လား။ ဒီလိုဖြစ်မယ်ဆိုတာ အစကတည်းက အသိသာကြီးလေ။
ဒါပေမဲ့…
“မင်းက ငါ့ဘဝအတွက် တစ်ယောက်အပြင်မရှိတဲ့ မိန်းမဆိုတာ ပြောပြခဲ့သင့်တာ”
ဘယ်အချိန်ကတည်းက စခဲ့မှန်းမသိဘူး။ သူ့ရဲ့ မျက်ဝန်းပြာတွေထဲမှာ ဒူဟာ တစ်ယောက်တည်းကိုပဲမြင်ပြီး ဒူဟာ့ကို ပြင်းပြင်းပြပြ တမ်းတမျှော်လင့်နေတဲ့ အရိပ်အယောင်တွေ အပြည့်ပဲလေ။
ပရမ်းပတာခုန်နေတဲ့ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားရတော့မှ ဒူဟာတစ်ယောက် သဘောပေါက်လိုက်တော့တယ်။
ဒီမဟာမိတ်ဖွဲ့ အိမ်ထောင်ရေးက မဟာမိတ် ပေါင်းစည်းရေးသက်သက် မဟုတ်တော့ဘူးဆိုတာကိုပေါ့။
****
Swara Webnovel Translation
ThingyanMoe
Update လေးမြန်မြန်တင်ပေးပါ ဖတ်ကောင်းနေပါပီလို့
Marilee
Update က စနေနေ့တိုင်း ၄ပိုင်း တင်ပေးသွားပါမယ်ရှင့်။
yunan dar
အပိုင်းဘယ်လောက်ကျန်သေးလဲရှင့်
Marilee
အပိုင်း ၁၈၃ မှာ ဇာတ်သိမ်းမှာဆိုတော့ ၄၁ ပိုင်းကျန်ပါသေးတယ်။ Side story ကတော့ ၁၁ပိုင်း ရှိပါမယ်။
wcho7813@gmail.com
ဖတ်လို့မရတော့ဘူးနော်
Marilee
ဟုတ်တယ်ရှင့်။ Website ဘာဖြစ်သွားလဲမသိဘူး၊ site ထဲ ဝင်လို့ရပေမဲ့ စာဖတ်မရဖြစ်နေတာပါ။ Admin ဘက်က developer ကို ဆက်သွယ်ထားတယ်လို့ ပြောပါတယ်။ အဖြေရှာ ပြင်ဆင်ပြီးသွားလို့ သုံးလို့ရပြီဆိုရင် Story to Glory page မှာ ကြေညာပေးပါလိမ့်မယ်ရှင့်။
aye aung
Coin ဘယ်လိုဝယ်ရမလဲ
Marilee
Story to Glory ဆိုတဲ့ facebook page လေးမှာ ဝယ်ရမှာပါရှင့်။
sandi htet
.
Gg3333
ဒီနေ့ updateတွေအများကြီးတင်ပေးတာ ကျေးဇူးပါ။ ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေရှင်
Marilee
Very welcome ပါ

ရီဒါလေးလည်း ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကို ကြိုဆိုနိုင်ပါစေနော်။
ThingyanMoe
Update တွေများကြီးတင်ပေးလို့ ကိုယ့်မျက်လုံးတောင်မယုံနိုင်ဖြစ်သွားတယ် ကျေးဇူးပါသာသာ နှစ်သစ်မှာပျော်ရွှငိပါစေနော်
Marilee
Surprise ပေါ့နော…

ရီဒါလေးလည်း နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် ကြိုဆိုနိုင်ပါစေ။
Morgan
Oops, updateအများကြီးပဲ!!! အား ဟိဟိ
Marilee
Surprise!!…

Morgan
Endဖို့တောင်မလိုတော့ဘူးပဲ
Marilee
ဟုတ်ပါ့ မendချင်သေးဘူး
ThingyanMoe
အပိုင်းသစ်ထပ်မတင်တာလားရှင့်
Marilee
Website error ဖြစ်နေလို့ပါ။ လောလောဆယ် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Morgan
အားး ending ကြီးက တအားထိမိသောပဲ
Side story လေးတွေ မျှော်နေပါပြီနော် ဟင့်
Marilee
Side story လည်း လာမယ်နော်။ မကြာတော့ဘူး။
violette
အခုမှစသုံးတာမို့ပါ တစ်ပိုင်းကိုcoinဘယ်လောက်လဲဟင် ဘယ်လောက်ဝယ်ရမလဲတွက်ကြည့်ချင်လို့
Marilee
အပိုင်း ၁ ကနေ ၅၀ အထိက free ဖတ်လို့ရပါတယ်။
၅၁ ကနေ ၁၆၈ အထိက တစ်ပိုင်းကို 5 coins ပါ။
၁၆၉ ကစပြီး နောက်ပိုင်းအပိုင်းတွေက တစ်ပိုင်း 10 coins ပါ။
Loilin
Manghua link လေးရချင်လို့ပါ
Marilee
Manhwa က မြန်မာဘာသာပြန်တော့ မတွေ့မိသေးဘူး။
E tran ကတော့ Webtoon ဆိုတဲ့ app မှာ ရှိပါတယ်။
“A Couple of Obligations” ဆိုတဲ့ နာမည်နဲ့ official translation ပါ။