If You Wish For A Married Couple’s Duties
Follow
ဝတ္ထုအမည် – ဇနီးမောင်နှံ ဝတ္တရား
မူရင်းအမည် – 부부의 의무를 원하신다면 (If You Wish for a Married Couple’s Duties)
ဝတ္ထုပုံစံ – Web Novel (ကိုရီးယား)
ဝတ္ထုအမျိုးအစား – စိတ်ကူးယဥ် အချစ်ဇာတ်လမ်း
မူရင်းစာရေးသူ – အာဆိုနာ (아소나)
ဘာသာပြန်သူ – Marilee
****
ဇာတ်လမ်းအကျဉ်း
“မင်းကို ငါ့ဇနီးအဖြစ် လက်ထပ်ယူခဲ့ပေမယ့် တစ်ခန်းတည်း အတူအိပ်ဖို့ စိတ်ကူးမရှိဘူး”
ဘာရှယ်မျိုးနွယ်စုရဲ့ တစ်ဦးတည်းသော မင်းသမီးဖြစ်တဲ့ ဒူဟာ ရယ်လ် ဘာရှယ်။
ဒူဟာက မိန်းကလေးဖြစ်နေတဲ့အတွက် မျိုးနွယ်စုခေါင်းဆောင်နေရာကို ဆက်ခံခွင့်မရှိတာကြောင့် မျိုးနွယ်စုကောင်းစားရေးကို ရှေးရှူပြီး နယ်စားမင်းနဲ့ လက်ထပ်ခဲ့တယ်။
သူ့ရဲ့သတို့သားကတော့ ဟယ်လ်တန်ရဲ့ အုပ်စိုးသူတစ်ဖြစ်လဲ အင်ပါယာရဲ့ အကြံ့ခိုင်ဆုံး ဓားသမားလည်းဖြစ်တဲ့ မဟာနယ်စားမင်း လီယွန်ဟတ် ဗွန် အက်စ်ဘာဒန် ဟယ်လ်တန်ပါပဲ။
“အက်စ်ဘာဒန်ရဲ့ နယ်စားမင်းကြင်ရာတော် အရှင်မဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ နေနိုင်သရွေ့ မင်း ဒီမှာ ဘာပဲလုပ်လုပ် ဂရုမစိုက်ဘူး”
အရောင်အဝါဖြာထွက်နေတဲ့အလား ချောမောလွန်းတဲ့ သူ့မျက်နှာနဲ့ ဆန့်ကျင်စွာ ရေခဲတမျှအေးစက်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ရင်း ပြောလိုက်တယ်။
ဘာကြီးပဲဖြစ်နေပါစေ သူ့နှလုံးသားကို ဒူဟာ့ဆီမပေးဘူးလို့ ကြေညာနေသလိုပါပဲ။
ဟုတ်တာပေါ့။ ဒီအိမ်ထောင်ရေးက မဟာမိတ်အဖြစ် ပေါင်းစည်းရုံသပ်သပ်ပဲ မဟုတ်လား။ ဒီလိုဖြစ်မယ်ဆိုတာ အစကတည်းက အသိသာကြီးလေ။
ဒါပေမဲ့…
“မင်းက ငါ့ဘဝအတွက် တစ်ယောက်အပြင်မရှိတဲ့ မိန်းမဆိုတာ ပြောပြခဲ့သင့်တာ”
ဘယ်အချိန်ကတည်းက စခဲ့မှန်းမသိဘူး။ သူ့ရဲ့ မျက်ဝန်းပြာတွေထဲမှာ ဒူဟာ တစ်ယောက်တည်းကိုပဲမြင်ပြီး ဒူဟာ့ကို ပြင်းပြင်းပြပြ တမ်းတမျှော်လင့်နေတဲ့ အရိပ်အယောင်တွေ အပြည့်ပဲလေ။
ပရမ်းပတာခုန်နေတဲ့ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားရတော့မှ ဒူဟာတစ်ယောက် သဘောပေါက်လိုက်တော့တယ်။
ဒီမဟာမိတ်ဖွဲ့ အိမ်ထောင်ရေးက မဟာမိတ် ပေါင်းစည်းရေးသက်သက် မဟုတ်တော့ဘူးဆိုတာကိုပေါ့။
****
Swara Webnovel Translation
Author Profile
Latest entries
DestinyNovember 19, 2023The Male Protagonists Are Trapped In My Paintings
AristocracySeptember 29, 2023If You Wish For A Married Couple’s Duties
Apathetic ProtagonistSeptember 26, 2023The Villainess Paints A Picture
Aggressive CharactersSeptember 23, 2023Kitsch Wedding
ThingyanMoe
Update လေးမြန်မြန်တင်ပေးပါ ဖတ်ကောင်းနေပါပီလို့
Marilee
Update က စနေနေ့တိုင်း ၄ပိုင်း တင်ပေးသွားပါမယ်ရှင့်။
aye aung
Coin ဘယ်လိုဝယ်ရမလဲ
Marilee
Story to Glory ဆိုတဲ့ facebook page လေးမှာ ဝယ်ရမှာပါရှင့်။