Kitsch Wedding
ဝတ္ထုအမည် – တွယ်ငြိခြင်း ၃၆၅
မူရင်းအမည် – 키치 웨딩 (Kitsch Wedding)
ဝတ္ထုပုံစံ – Webnovel (ကိုရီးယား)
ဝတ္ထုအမျိုးအစား – ခေတ်ပေါ်အချစ်ဇာတ်လမ်း၊ အရွယ်မရောက်သေးသူများ မဖတ်ရ
မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee
****
ဇာတ်လမ်းအကျဥ်း
“ကျွန်မကို လက်ထပ်ပါ။”
ပုဂ္ဂလိက စစ်ဘက်ရေးရာ ကုမ္ပဏီတစ်ခုက ကြေးစားတစ်ယောက်ဆီကို ဝမ် ၂ဘီလီယံတန်တဲ့ တာဝန်တစ်ခု ကျရောက်လာခဲ့တယ်။
လုပ်ရမယ့်တာဝန်က တစ်နှစ်တာ ဟန်ဆောင်လက်ထပ်ပေးဖို့တဲ့။
“အလုပ်ရှင် မဟုတ်မှလွဲရော ခင်ဗျား ရူးနေတာများလား။”
“ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင်မှာ ကွာရှင်းဖူးတယ်ဆိုတဲ့ မှတ်တမ်းပါနေလည်း အဆင်ပြေတယ်ဆိုတဲ့ ရှင်ကမှ ရူးနေတာမဟုတ်ဘူးလား။”
ဒယ်ဆန်း ဆောက်လုပ်ရေးရဲ့ တစ်ဦးတည်းသောသမီး လီရယ်ဟွာ။
ပထွေးဖြစ်သူရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်လွတ်မြောက်ပြီး ပန်းချီဆွဲနိုင်ဖို့အတွက်…
ရယ်ဟွာတစ်ယောက် သူ့ကို တစ်နှစ်တာ ကာကွယ်ပေးနိုင်မဲ့ တရားဝင်အုပ်ထိန်းသူတစ်ယောက်ကို ငှားရမ်းခဲ့တော့တယ်။
ဒါပေမဲ့ သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် ငှားရမ်းခဲ့တဲ့ ဂွမ်ရီထယ်ဆိုတဲ့လူဟာ ခန့်မှန်းရခက်တဲ့ အရူးတစ်ယောက် ဖြစ်နေခဲ့တယ်လေ။
ဒီလိုနဲ့ စာချုပ်ပေါ်က ပတ်သက်မှုအဖြစ် စတင်ခဲ့တဲ့ အိမ်ထောင်ရေးနဲ့ အတူနေထိုင်မှုဟာ တဖြည်းဖြည်းနဲ့ ထူးဆန်းတဲ့လမ်းကြောင်းဆီ ဦးတည်လာပါတော့တယ်…
****
သူက ရယ်ဟွာရဲ့ ကုပ်ပေါ် လက်တင်လာခဲ့တယ်။ ကုပ်သားလေးတွေကို အသာလေး ဖျစ်ညှစ်နေတဲ့လက်က ကြီးမားပြီး ပူနွေးလှပါတယ်။
“အခု ဒီမှာပဲ နမ်းလိုက်မယ်ဆိုရင်ရော။”
ရယ်ဟွာတစ်ယောက် အောင့်ထားမိတဲ့အသက်ကို ဖြေလွှတ်လိုက်မိတယ်။ သူ့ရဲ့ တောင့်တင်းနေခဲ့တဲ့ ခန္ဓာကိုယ်က ပြေလျော့လာခဲ့တယ်။ ဒီလူ ဘယ်လိုလုပ်ပြီးတော့များ ဘာမဟုတ်တာလေးလောက်နဲ့ မုဒ်ဝင်အောင် လုပ်နိုင်တာပါလိမ့်။
“ရတယ်လေ ကိစ္စမရှိပါဘူး။”
ဂွမ်ရီထယ်က မျက်ခုံးတစ်ဖက်ပင့်လိုက်တယ်။ ရယ်ဟွာက ခပ်ရေးရေးပြုံးရင်း စကားဆက်လိုက်တယ်။
“ဟန်ဆောင်လင်မယားအဖြစ် ရင်းနှီးတဲ့ပုံစံဖြစ်ချင်တယ်ဆိုရင် နမ်းတာလောက်ကတော့…”
ဒါပေမဲ့ ရယ်ဟွာ စကားဆုံးအောင်တောင် မပြောလိုက်နိုင်ပါဘူး။ ရုတ်တရက် ဂွမ်ရီထယ်က သူ့ကို အားနဲ့ဆွဲယူလိုက်တာမို့ မွေးညင်းလေးတွေအကုန် ထောင်တက်သွားတော့တယ်။
ရယ်ဟွာရဲ့ မျက်လုံးတွေ ပြူးကျယ်သွားချိန်မှာတော့ သူ့မျက်နှာက နီးနီးကပ်ကပ်လေးတင် ရှိနေခဲ့ပါပြီ။ ရယ်ဟွာရဲ့ မြင်ကွင်းတစ်ခုလုံးကို ဂွမ်ရီထယ်ကပဲ နေရာယူသိမ်းပိုက်ထားခဲ့တယ်လေ။
သူက ရယ်ဟွာ့ကို မျက်လုံးခပ်စိုက်စိုက်တွေနဲ့ ကြည့်နေခဲ့တယ်။ သူ့နှုတ်ဖျားက ထွက်လာတဲ့ ပူနွေးနွေးတီးတိုးစကားက ရယ်ဟွာ့ အသားနုနုလေးအပေါ် တို့ထိကျီစယ်လာတော့တယ်။
“အဲ့ဒီလိုမလုပ်ချင်ဘူး အရူးမလေး။”
သူ စကားပြောလိုက်တိုင်းမှာ သူတို့နှစ်ယောက်ရဲ့ နှုတ်ခမ်းတွေက မထိတထိ ရှပ်တိုက်ပွတ်သပ်ထိတွေ့မိတော့တယ်။ စူးရဲရဲအကြည့်နဲ့အတူ ချိုမြိန်မှုလေး မသိမသာရောစွက်နေတဲ့ ခြိမ်းခြောက်မှုတစ်ခု ထွက်ပေါ်လာခဲ့တယ်။
“အနမ်းလေးတစ်ပွင့်လောက်နဲ့ အဆုံးသတ်မှာမဟုတ်ဘူး။”
****
Swara Webnovel Translation
admin
12345679
小月白
✌️
angle khaing
Yes
Aye Aye Thwe
😍
[email protected]
ဘာသာပြန်မဖတ်ဖူးတော့စိတ်ဝင်စားဖို့ကောင်းတယ်။
Marilee
ဟုတ်တယ် ဘာသာပြန်ဝတ္ထုလေးတွေက ဖတ်စရှိလို့ ဖတ်တတ်သွားရင် တကယ်ကောင်းတာ။ ဒါလေးဆိုရင် ဇာတ်ကောင်တွေရော၊ဇာတ်လမ်းရော သမားရိုးကျနဲ့ ကွဲထွက်ပြီး တော်တော်ဆွဲဆောင်မှုရှိတယ်။
THUNTHUN
ဝယ်ပြီးပြီဖတ်လို့မရဘူး
Marilee
Coin ခတ်ထားတဲ့ chapter တွေကိုက log in ဝင်ထားမှ ဖတ်လို့ရတာပါ။
Chrome ဒါမှမဟုတ် browser တစ်ခုခုကနေ mmstoryglory.com လို့ရိုက်ရှာပြီး ဝင်လိုက်ပါ။ ပြီးရင် Menu bar က sign in ဆိုတာကို နှိပ်ပြီးတော့ ကိုယ့်ရဲ့ email နဲ့ password ကိုဖြည့်ပြီး log in ဝင်လိုက်ရင် ဖတ်လို့ရပါပြီ။
Log in လည်း ဝင်ထားတယ်၊ coin လည်းရှိရဲ့သားနဲ့ ဖွင့်မရဘူးဆိုရင်တော့ StoryGlory page မှာ admin ကို အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းကြည့်လိုက်ပါရှင့်။
kyu kyu
yes
Swe Swe
အရမ်းကောင်းတာဘဲ
Marilee
💖💖
thuzar aung
၃၄ ပဲရသေးတာလား
Marilee
ဟုတ်ပါတယ်ရှင့်။ Ongoing ပါ။ ဗုဒ္ဓဟူးနေ့တိုင်း အပိုင်းသစ် ၂ ပိုင်း update ပါတယ်။
Swe Swe
သော့ခတ်ထားတဲ့အပိုင်းတွေကိုဖတ်ချင်ပါတယ် SG Pointရှိပါတယ်ဖတ်လို့မရဘူးဖြစ်နေတယ်မင်မင်ရေ
Marilee
Log in လည်း ဝင်ထားတယ်၊ coin လည်းရှိရဲ့သားနဲ့ ဖွင့်မရဘူးဆိုရင်တော့ Story To Glory page မှာ admin ကို အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းကြည့်လိုက်ပါရှင့်။
Swe Swe
အပိုင်းသစ်တွေမျှော်နေပီ
Marilee
အပိုင်းသစ် တင်ထားပြီးပါပြီရှင့်။
Theingisan
စဆုံးပြီးတဲ့စာအုပ်မရှိဘူးလား
Marilee
အစအဆုံးပြီးထားတာဆိုရင် ‘ဇနီးမောင်နှံ ဝတ္တရား’ ရှိပါတယ်။ Search bar မှာ If You Wish For A Married Couple’s Duties လို့ ရိုက်ရှာလိုက်ရင် ရပါတယ်ရှင့်။
Khin Thuzar Htwe
ဖတ်မရဖြစ်နေလို့ပါ
Marilee
ဟုတ်တယ်ရှင့်။ Website ဘာဖြစ်သွားလဲမသိဘူး၊ site ထဲ ဝင်လို့ရပေမဲ့ စာဖတ်မရဖြစ်နေတာပါ။ Admin ဘက်က developer ကို ဆက်သွယ်ထားတယ်လို့ ပြောပါတယ်။ အဖြေရှာ ပြင်ဆင်ပြီးသွားလို့ သုံးလို့ရပြီဆိုရင် Story to Glory page မှာ ကြေညာပေးပါလိမ့်မယ်ရှင့်။
Gyu Ming
ကျဲရေ update ပါအုန်း
Marilee
ဒါလေးက ဗုဒ္ဓဟူးနေ့တိုင်း ၂ပိုင်းစီ update ရှိပါမယ်နော်🥰
Hello World
ဒီ Marilee ရဲ့လက်ရာတွေကိုတော့ တော်တော်သဘောကျနေပါပြီနော်။ ဒီ novel ရယ် Majesty ရယ်အပြင် ပြန်ထားတဲ့ တခြား novel တွေရှိသေစလားဟင်
Marilee
အဲ့ဒီ ၂ပုဒ်အပြင် ကိုယ့်ရဲ့ project က နောက်ထပ် ၄ပုဒ် ရှိပါတယ်။
1. “If You Wish For A Married Couple’s Duties”
2. “The Villainess Paints A Picture”
3. “Death Can’t Sleep”
4. “I Married Because I Wanted To Live A Normal Life”
If You Wish For A Married Couple’s Duties ကတော့ complete ဖြစ်ပြီးသားပါ။ ကိုယ်ဘာသာပြန်ထားတဲ့ project တွေထဲမှာတော့ အကြိုက်ဆုံးပဲ။ Romance က လှတယ်၊ ML နဲ့ FL ရဲ့ dynamic က refresh ဖြစ်တယ်၊ ဖတ်မယ်ဆိုရင်တော့ အထူး recommend ပေးပါတယ်။
Villainess Paints A Picture ကတော့ ongoingပါ။ သူက rebirth, drama ။ တွေးစရာလေးတွေနဲ့ ထင်မထားရအောင် ဆွဲဆောင်မှုရှိပါတယ်။
ကျန်တဲ့ ၂ပုဒ်ကိုတော့ လောလောဆယ် ခဏရပ်နားထားပါတယ်။
Search bar မှာ Marilee လို့ ရိုက်ရှာလိုက်ရင် ကိုယ့် project တွေ ကျလာပါလိမ့်မယ်။
ဖတ်ရှုအားပေးပြီး နှစ်သက်သဘောကျပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်💗
ThingyanMoe
ဒါလေးခုမှစဖတ်မလို့စဉ်းစားနေတာ normal လားဟင် ကောင်းလား ဘယ်လိုမျိုးလေးလည်းပြောပြကြပါလား
Marilee
Normal, modern ပါ။ ကိုယ်တိုင် ကြိုက်လွန်းလို့ရွေးထားတဲ့ project ဆိုတော့ ကောင်းလားမေးရင် ကောင်းတယ်ပဲ ပြောရမှာပေါ့နော်😁
ML က ကြေးစားစစ်သား၊ FL က ပန်းချီဆွဲတယ်။ အကြောင်းကိစ္စလေးတွေရှိလို့ FL က ML ကို တစ်နှစ်ငှားပြီး ဟန်ဆောင်လက်ထပ်ထားတာ။
ဇာတ်လမ်းက စီးမျောရလွယ်တယ်၊ မရှုပ်ဘူး၊ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာကောင်းပြီး မပျင်းရတာဖတ်ချင်ရင် ကွက်တိပဲ။ ရယ်လည်းရယ်ရတယ်။ ဇာတ်ကောင်တွေရဲ့ personality က သဘောကျစရာကောင်းတယ်။ Smut ဆိုတော့ လူကြီးအခန်းတွေလည်းပါတယ်။ Romance ကလည်း ချစ်စရာ၊ ရင်ခုန်စရာကြီး။
ကိုယ်ကတော့ ML ကြောင့် ဒီဇာတ်လမ်းကို ဖတ်ဖြစ်တာ။ Sly, sexy and cute ,but, dangerous type မျိုး။
လျှောက်ပြောနေရင် ပြောလို့တောင်မကုန်ပါဘူး။ အပိုင်း ၃၀ free ပေးထားတာမို့လို့ ကိုယ်တိုင်စမ်းမြည်းကြည့်တာ ကောင်းပါလိမ့်မယ်။
yumi47
အရမ်းဖတ်ကောင်းတာမို့ကျန်တဲ့အပိုင်းလေးတွေဖတ်ချင်နေပီရူးတော့မယ်
Marilee
အယ် မရူးပါနဲ့ဦး
အဆုံးထိဖတ်သွားဦးလေ
စတာနော်😂
အပိုင်းသစ်တင်ထားပြီးပါပြီလို့။
ဇာတ်လမ်းကလည်း အရှိန်တက်နေပြီ။