Kitsch Wedding
Follow
ဝတ္ထုအမည် – တွယ်ငြိခြင်း ၃၆၅
မူရင်းအမည် – 키치 웨딩 (Kitsch Wedding)
ဝတ္ထုပုံစံ – Webnovel (ကိုရီးယား)
ဝတ္ထုအမျိုးအစား – ခေတ်ပေါ်အချစ်ဇာတ်လမ်း၊ အရွယ်မရောက်သေးသူများ မဖတ်ရ
မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee
****
ဇာတ်လမ်းအကျဥ်း
“ကျွန်မကို လက်ထပ်ပါ။”
ပုဂ္ဂလိက စစ်ဘက်ရေးရာ ကုမ္ပဏီတစ်ခုက ကြေးစားတစ်ယောက်ဆီကို ဝမ် ၂ဘီလီယံတန်တဲ့ တာဝန်တစ်ခု ကျရောက်လာခဲ့တယ်။
လုပ်ရမယ့်တာဝန်က တစ်နှစ်တာ ဟန်ဆောင်လက်ထပ်ပေးဖို့တဲ့။
“အလုပ်ရှင် မဟုတ်မှလွဲရော ခင်ဗျား ရူးနေတာများလား။”
“ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင်မှာ ကွာရှင်းဖူးတယ်ဆိုတဲ့ မှတ်တမ်းပါနေလည်း အဆင်ပြေတယ်ဆိုတဲ့ ရှင်ကမှ ရူးနေတာမဟုတ်ဘူးလား။”
ဒယ်ဆန်း ဆောက်လုပ်ရေးရဲ့ တစ်ဦးတည်းသောသမီး လီရယ်ဟွာ။
ပထွေးဖြစ်သူရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်လွတ်မြောက်ပြီး ပန်းချီဆွဲနိုင်ဖို့အတွက်…
ရယ်ဟွာတစ်ယောက် သူ့ကို တစ်နှစ်တာ ကာကွယ်ပေးနိုင်မယ့် တရားဝင်အုပ်ထိန်းသူတစ်ယောက် ငှားရမ်းခဲ့တော့တယ်။
ဒါပေမဲ့ သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် ငှားရမ်းခဲ့တဲ့ ဂွမ်ရီထယ်ဆိုတဲ့လူဟာ ခန့်မှန်းရခက်တဲ့ အရူးတစ်ယောက် ဖြစ်နေခဲ့တယ်လေ။
စာချုပ်နဲ့ပတ်သက်မှုအဖြစ် စတင်ခဲ့တဲ့ အိမ်ထောင်ရေးနဲ့ အတူနေထိုင်မှုဟာ တဖြည်းဖြည်းနဲ့ ထူးဆန်းတဲ့လမ်းကြောင်းဆီ ဦးတည်လာပါတော့တယ်…
****
သူက ရယ်ဟွာရဲ့ ကုပ်ပေါ်လက်တင်လာခဲ့တယ်။ ကုပ်သားလေးတွေကို အသာလေး ဖျစ်ညှစ်နေတဲ့လက်က ကြီးမားပြီး ပူနွေးလှပါတယ်။
“အခု ဒီမှာပဲ နမ်းလိုက်မယ်ဆိုရင်ရော။”
ရယ်ဟွာတစ်ယောက် အောင့်ထားမိတဲ့အသက်ကို ဖြေလွှတ်လိုက်မိတယ်။ သူ့ရဲ့ တောင့်တင်းနေခဲ့တဲ့ ခန္ဓာကိုယ်က ပြေလျော့လာခဲ့တယ်။ ဒီလူ ဘယ်လိုလုပ်ပြီးတော့များ ဘာမဟုတ်တာလေးလောက်နဲ့ မုဒ်ဝင်အောင် လုပ်နိုင်တာပါလိမ့်။
“ရတယ်လေ ကိစ္စမရှိပါဘူး။”
ဂွမ်ရီထယ်က မျက်ခုံးတစ်ဖက်ပင့်လိုက်တယ်။ ရယ်ဟွာက ခပ်ရေးရေးပြုံးရင်း စကားဆက်လိုက်တယ်။
“ဟန်ဆောင်လင်မယားအဖြစ် ရင်းနှီးတဲ့ပုံစံဖြစ်ချင်တယ်ဆိုရင် နမ်းတာလောက်ကတော့…”
ဒါပေမဲ့ ရယ်ဟွာ စကားဆုံးအောင်တောင် မပြောလိုက်နိုင်ပါဘူး။ ရုတ်တရက် ရီထယ်က သူ့ကို အားနဲ့ဆွဲယူလိုက်တာမို့ မွေးညင်းလေးတွေအကုန် ထောင်တက်သွားတော့တယ်။
ရယ်ဟွာရဲ့ မျက်လုံးတွေ ပြူးကျယ်သွားချိန်မှာတော့ သူ့မျက်နှာက နီးနီးကပ်ကပ်လေးတင် ရှိနေခဲ့ပါပြီ။ ရယ်ဟွာရဲ့ မြင်ကွင်းတစ်ခုလုံးကို ဂွမ်ရီထယ်ကပဲ နေရာယူသိမ်းပိုက်ထားခဲ့တယ်လေ။
သူက ရယ်ဟွာ့ကို မျက်လုံးခပ်စိုက်စိုက်တွေနဲ့ ကြည့်နေခဲ့တယ်။ သူ့နှုတ်ဖျားက ပူနွေးနွေးတီးတိုးစကားက ရယ်ဟွာ့ အသားနုနုလေးအပေါ် တို့ထိကျီစယ်လာတော့တယ်။
“အဲဒီလိုမလုပ်ချင်ဘူး အရူးမလေး။”
သူ စကားပြောလိုက်တိုင်းမှာ သူတို့နှစ်ယောက်ရဲ့ နှုတ်ခမ်းတွေက မထိတထိ ရှပ်တိုက်ပွတ်သပ်ထိတွေ့မိတော့တယ်။ စူးရဲရဲအကြည့်နဲ့အတူ ချိုမြိန်မှုလေး မသိမသာရောစွက်နေတဲ့ ခြိမ်းခြောက်မှုတစ်ခု ထွက်ပေါ်လာခဲ့တယ်။
“အနမ်းလေးတစ်ပွင့်လောက်နဲ့ အဆုံးသတ်မှာမဟုတ်ဘူး။”
****
Swara Webnovel Translation
Author Profile
Latest entries
BlNovember 26, 2023Swamping with Imtimacy Season-1
DestinyNovember 19, 2023The Male Protagonists Are Trapped In My Paintings
AristocracySeptember 29, 2023If You Wish For A Married Couple’s Duties
Apathetic ProtagonistSeptember 26, 2023The Villainess Paints A Picture
admin
12345679
angle khaing
Yes
Aye Aye Thwe
😍
[email protected]
ဘာသာပြန်မဖတ်ဖူးတော့စိတ်ဝင်စားဖို့ကောင်းတယ်။
Marilee
ဟုတ်တယ် ဘာသာပြန်ဝတ္ထုလေးတွေက ဖတ်စရှိလို့ ဖတ်တတ်သွားရင် တကယ်ကောင်းတာ။ ဒါလေးဆိုရင် ဇာတ်ကောင်တွေရော၊ဇာတ်လမ်းရော သမားရိုးကျနဲ့ ကွဲထွက်ပြီး တော်တော်ဆွဲဆောင်မှုရှိတယ်။