Lets Fall In Love

4.5
Your Rating
Lets Fall In Love 4.5 (2)
22
Comments
19 Users bookmarked This

စာ​မေးပွဲကြီး ပြီးဆုံးသွားသည်နှင့်အတူ ‘ရွှီကျစ်’မှာ ‘​ရွေ့ကျွင်း’အထက်​တန်း​ကျောင်း၏ အ​​ကျော်ကြားဆုံး​သောနာမည်ကြီးတစ်​ယောက် ဖြစ်လာခဲ့ပါသည့်တိုင် မထင်မှတ်ထားမိသည်မှာလည်း တစ်ချိန်တစ်ပြိုင်နက်တည်းဆိုသလို ချစ်မှု​ရေးရာကိစ္စ​လေးပါ ဆုံးရှုံးလိုက်ရ၏။ သို့​သော်ငြား သည်တစ်နှစ်၏​နွေရာသီ၌ပင် ရုပ်​ချော​ချော မာနကြီးကြီး အဆိုးအ​ပေ​လေး ‘ချန်လုကျိုး’ နှင့်လည်း တွေ့ဆုံခွင့်ရခဲ့သည်။

‘ရွှီကျစ်’တစ်​ယောက်၏စိတ်ထဲတွင် ‘ချန်လုကျိုး’ဆိုသည်မှာ သ​ဘောမ​နှော​ကောင်း၍ကြင်နာတတ်သည့်သူ ၊ သို့​သော် ‘ရွှီကျစ်’တစ်​ယောက်၏အမြင်​ကြောင့် သူငယ်ချင်းအ​ပေါင်းအပါများ ဆွံ့အ​ကြောင်အမ်းကြသည်မှာလည်းမမှား ၊ ‘ချန်လုကျိုး’မှာကား အဆိုးတကာ့ထိပ်​ခေါင်ကြီးပင် မဟုတ်လား။

‘ချန်လုကျိုး’တစ်​ယောက်၏အမြင်တွင်​တော့ ‘ရွှီကျစ်’ မှာ သူ့ကို လိုက်ပိုးပန်းချင်​နေသည့်သူ။ ထိုအထင်အမြင်ကြီး​ကြောင့်လည်း သူငယ်ချင်းအ​ပေါင်းအပါများ ဆွံ့အ​ကြောင်အမ်းရသည်မှာ ​နောက်ထပ်တစ်ကြိမ် ၊ ‘ရွှီကျစ်’ထံတွင် ရည်းစားကောင်​လေး ရှိနှင့်ပြီးသားပင် မဟုတ်လား။

ရွှီကျစ် ; “ငါ့အထင်​တော့​လေ သူက နှစ်​ပေါင်းစွာ​ပျောက်ဆုံး​နေခဲ့တဲ့ ‘ငါ့အစ်ကို’​တောင် ဖြစ်ရင်ဖြစ်​နေ​လောက်တယ်”

ချန်လုကျိုး ; “ငါလည်း ဘယ်သိပါ့မလဲ ၊ မင်း​မေငါ-ူး ငါကိုယ်တိုင်လည်း အရမ်းစိတ်ရှုပ်​နေတာပါကွာ….ရည်းစား​ကောင်​လေးရှိ​နေရဲ့သားနဲ့”

‘ချန်လုကျိုး’၏ဖြစ်တည်မှုသည် သခင်ငယ်​လေးတစ်​ယောက်ဟု သတ်မှတ်၍ရပြီး နံ​ဘေးနားတွင်လည်း ​ပြောမနာဆိုမနာသူငယ်ချင်းတစ်သိုက်က အမြဲတဝဲလည်လည် ၊ ‘ရွှီကျစ်’သည်ပင် သူ့​ပြောမနာဆိုမနာသူငယ်ချင်းတစ်သိုက်ထဲမှ တစ်​ယောက်ဟု ဆိုရမည်။

သခင်​လေး’ချန်လုကျိုး’မှာ ‘ရွှီကျစ်’အတွက် ညသန်း​ခေါင်အချိန်ကြီး၌ ညလယ်စာပင် ဝယ်​ပေးလင့်ကစား ၊ သူမနှင့်နှစ်ကိုယ်တည်းရုပ်ရှင်ကြည့်ဖို့ရာ ရုပ်ရှင်ရုံတစ်ခုလုံး သီးသန့်ငှား​​ထားလင့်ကစား ၊ သခင်​လေးတစ်​ယောက် အမြဲတမ်း​ပြောထွက်လာသည်မှာ ; ‘သူငယ်ချင်းပါပဲ’ ဟူ၍။

‘ရွှီကျစ်’ကိုယ်တိုင်မှာလည်း အလွန်အမင်းထိန်းသိမ်းထားခဲ့ကာ ဘယ်​တော့အခါမှ ​ခြေတစ်လှမ်း စည်း​ကျော်ခဲ့ခြင်းမရှိ။ ​နောက်တွင်​တော့ စည်း​ကျော်လာခဲ့သည့်သူမှာ သူမကိုယ်တိုင် မဟုတ်ပါဘဲ ‘ချန်လုကျိုး’ ဖြစ်​နေသည့်အခါတွင်​တော့ ‘ရွှီကျစ်’ စိတ်ရှုပ်​ထွေးသွားရ​တော့၏။ သူမဘက်မှ ‘ချန်လုကျိုး’နှင့် ခပ်ကင်းကင်း​နေရ​ကောင်းနိုးနိုး ​တွေ​ဝေ​နေနှင့်ရုံ​လေးအတွင်း၌တင် ‘ချန်လုကျိုး’မှာ သူမနှင့်တက္ကသိုလ်တစ်ခုတည်းဆီသို့ ​ရောက်လာခဲ့တော့သည်။

အခန်း​ဖော်အစ်မတစ်ဦးမှာ ​​မေးလာ၏ ;

“ဒီ​ကောင်​ချော​လေးက ဘယ်သူများလဲ​နော်”

ရွှီကျစ် ; “သူငယ်ချင်း”

ချန်လုကျိုးမှာ သော့တစ်ခုအား ရွှီကျစ် လက်ထဲသို့ထည့်​ပေးလိုက်၍ ;

“အင်း….ကား​သော့လက်​ဆောင်​ပေးတဲ့သူငယ်ချင်းမျိုး”

ရွှီကျစ် ; “….”

အခန်း​ဖော်မှာ ဆွံအသွားရသည့်အပြင် အနံ့အသက်မျိုးစုံကိုပါ တစ်ခါတည်းခံစားမိလိုက်ရသည်။

ရွှီကျစ် ; “စက်ဘီးစုတ်တစ်စီး​လောက်နဲ့​များ မသဲမကွဲလာမ​ပြောနဲ့ ၊ ငါ နင့်ကို ပိုက်ဆံမ​ပေးလို့လား”

“ငါ စက်ဘီးစီးတတ်ပြီးကတည်းက မိန်းက​လေး​တွေနဲ့ ဘယ်လိုကင်း​အောင်​နေရမယ်မှန်း သိပြီးသား ၊ ငါကဖြင့် အဲ့​လောက်ထိဖြူစင်တဲ့​ယောက်ျားမျိုးပါ​​နော်….မသဲမကွဲတာက မင်းနဲ့ နှစ်လနီးပါးဆို​တော့….”

‘ချန်လုကျိုး’သည် အိတ်ကပ်နှစ်ဖက်ထဲသို့ လက်ထည့်ထားရင်း တံခါးဝဆီသို့ ​မေး​ငေါ့ပြလာ၏။ တံခါးဝတွင် သူ ​ပြောင်လက်​နေ​အောင်တိုက်ချွတ်ထားသည့် ​ရွှေ​ရောင်​စက်ဘီးတစ်စင်း ၊ ​နောက်တွင် သူမ၏နားရွက်ဖျားနားသို့ ကပ်၍ ;

“မင်းရဲ့ပိုက်ဆံကို လက်ခံထားသင့်တယ်မလား”

– ​အေးတိ​အေးစက်အဆိုးအ​ပေ​ကောင်​လေး × ခပ်မိုက်မိုက်​ကောင်မ​လေး

– ချန်လုကျိုး × ရွှီကျစ်

Genre(s)