Translator' note
T/N ကတော့ ရှောင်ချုန်းရဲ့ကျေးဇူးတင်စကား နဲ့ Special extra တွေ ရေးသွားပါမယ်။ အစကတော့ Special extra တွေအတွက် တစ်ပိုင်းသပ်သပ်ထုတ်ပေးမလို့ပေမယ့် အကြောင်းအရာများများမပါတာကြောင့် ကိုယ် တဆင့်ပြန်ပြောပြသလိုပဲ ရေးသွားပေးပါမယ်။
Special extra from physical book ;
ချန်လုကျိုးရဲ့မွေးနေ့တစ်ခုမှာ ရွှီကျစ် သစ်သားအိမ်တစ်လုံးထပ်ပေးခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ကျောင်းကျောင်း လိုချင်တဲ့ ပန်းခြံအကျယ်ကြီးရော ကားပါးကင်အကျယ်ကြီးရော ပါ,ပါတယ်တဲ့။
ချန်လုကျိုးနဲ့ရွှီကျစ်တို့ရဲ့ ချစ်သူသက်တမ်း ၁၀ နှစ်အကြာမှာတော့ ရွှီကျစ်ရဲ့ဖုန်းထဲက ချန်လုကျိုး nickname တွေဟာဆိုရင် “ချန်လုကျိုး” , “သီးသန့်အမှတ် 713 ရတဲ့လူ” , “salt” , “honey baby” ,”ကာဗွန်နိတ်ဆိုဒါ” ကနေပြီး နောက်ဆုံး “နည်းပြဆရာ ‘ကျောင်း’ ” ထိ ဖြစ်လာပါတယ်။ “honey baby” ဆိုတဲ့နာမည်တုန်းကတော့ ကျောင်းကျောင်းတို့ ဆန္ဒပြပုန်ကန်လိုက်ပါသေးတယ်။ ဘာလို့ဆိုတော့ ဘောလုံးအသင်းတစ်သင်းနာမည်တစ်ခုက ‘honey baby ကာဗွန်နိတ်ဆိုဒါ’ ဆိုပြီး ပေးထားတာရှိလို့ပါတဲ့။ အဲ့ဒီမှာ ‘လောင်ကုန်း’လို့ခေါ်ပေးပါဆိုပြီး ပူဆာလိုက်သေးတယ်။ But no ပါ။ ရွှီကျစ်က ချန်ကျောင်းကျောင်း လို့ပဲ ဆက်ခေါ်ခဲ့ပါတယ်။
နည်းပြဆရာ’ကျောင်း’ကျတော့ ချန်လုကျိုးက ဆယ်နှစ်အကြာထိ ပရော်ဖက်ဆာနဲ့လက်တွဲပြီး နည်းပြရာထူးနဲ့ သုတေသနတွေ ဆက်လုပ်နေလို့ပါ။ ရွှီကျစ်က ပရော်ဖက်ဆာရာထူးထိရောက်အောင်လုပ်ခိုင်းပေမယ့် ကျောင်းကျောင်းက ဒီရာထူးမှာပဲ ဆက်နေ,နေခဲ့တယ်။
အစတုန်းကတော့ ရွှီကျစ် နားမလည်နိုင်ခဲ့ပေမယ့် တစ်ညကျတော့ ရွှီကျစ်က ‘နောက်ဆုံးကောက်ချက်’ ထဲမှာရေးသားထားတဲ့ ၊ ‘ဘယ်ရှု့ထောင့်ကနေပဲကြည့်ကြည့် လောင်ရှစ်က တောက်ပခန့်ညားနေတော့တာပဲဗျာ’ ဆိုတဲ့ ၊ ချန်လုကျိုးကို ထည့်သွင်းဖော်ပြသွားတဲ့ နည်းပြဆရာကြီး ‘ပိုင်ကျန်း’ ကို သွားသတိရလိုက်တယ်။ အဲ့ဒီဆရာကြီးက ပင်စင်ယူသွားတဲ့အထိ နည်းပြရာထူးနဲ့နေခဲ့ပေမယ့် ကျောင်းသားကျောင်းသူတွေ လေးစားချစ်ခင်တာကို အမှန်တကယ်ခံစားသွားခဲ့ရတဲ့လူ။
ရွှီကျစ်က အဲ့ဒီအခါမှာပဲ ချန်လုကျိုး လုပ်ချင်နေတဲ့ဆန္ဒကို သဘောပေါက်လိုက်ပါတော့တယ်။
“သူက ဒီအရာတစ်ခုကို လက်ဆင့်ကမ်းသယ်ပိုးပြီး ကလေးဆန်လိုက်တာလို့လည်းပြောချင်ပြောလို့ရပေမယ့် ဒီလောကကြီးကို အရွဲ့တိုက်ရင်ဆိုင်ပစ်ချင်နေတာ”တဲ့
___________
နေရောင်ခြည်မပျောက်ကွယ်သွားသရွေ့ မင်းရော ငါရော အနာဂတ်ဆိုတာရှိနေမှာပဲ။
မိုးရွာတဲ့နေ့တွေမှာတောင် ငါတို့တွေက အဝတ်အစားပေါ်ကရေစက်တွေကို ခါချပစ်ခဲ့ဖူးတာပဲမလား။ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာအတွက်တော့…..ပျော်ပျော်ရွှင်ရွှင် ဆက်သွားမယ် ၊ စိတ်ညစ်နေလည်း ဆက်သွားမယ် ၊ မျှော်လင့်ချက်အပြည့်နဲ့လည်း ဆက်သွားမယ် ၊ ဘာကိုမှ မမျှော်လင့်ထားဘဲနဲ့လည်း ဆက်သွားမယ် ၊ ဘယ်လိုနည်းနဲ့မဆို ဆက်သွားမယ်။
အဓိကအချက်က ငါတို့က ဒီလောကကြီးကို ရွေးချယ်ခဲ့တဲ့သူတွေ ၊ ဒီလောကကြီးက ငါတို့ကို ရွေးချယ်ထားတာမဟုတ်ဘူး။
‘လွတ်လပ်မှု’ကသာလျှင် ဒီလောကကြီးထဲမှာ အရေးကြီးဆုံးအရာပါ။ ကောင်းကင်ပေါ်တက်ပြီး ပန်းခူးချင်တာဖြစ်စေ ၊ သစ်ကိုင်းခြောက်တွေနဲ့ မြစ်ပြင်ပေါ် တံတားခင်းချင်တာဖြစ်စေ ၊ လူ့လောကကြီး နှင်းတွေလေတွေ ဖုံးလွှမ်းချင်လွှမ်းနေပါစေပေါ့။
ချန်လုကျိုး ငါ့ကို လှည့်ကြည့်လိုက်….
ငါ နင့်ဘေးနားမှာ အမြဲတမ်းရှိနေမှာ….
ပုံပြင်လေးက မပြီးဆုံးသေးပါဘူး…..
ငါတို့တွေအားလုံး အနာဂတ်တွေရဲ့အနာဂတ်တွေဆီအထိ အတူတူဆက်လျှောက်သွားကြဦးမှာ…..
စာရေးသူ ; အာတုန်းထုဇစ်
ဘာသာပြန်သူ ; Xiao Chong
___________________