Chapter 55
PingCheng မြို့၏ညမှာ နှင်းများစွာကျ၍ လှပနေ၏။ ပြတင်းပေါက်အပြင်ဘက်သို့လှမ်းကြည့်သောအခါ ပင်လယ်ထဲတွင် ကြယ်လေးများအရောင်လက်နေသကဲ့သို့ပင်။
အခန်းထဲတွင် တိတ်ဆိတ်နေ၏။ ကမ်းစပ်မှညင်သာသောလှိုင်းရိုက်သံကိုတောင် ကြားနေရသည်။ ချန်ချူက စောင်ထဲတွင် နွေးထွေးစွာဝင်ခွေနေပြီး ခေါင်းကိုသာအပြင်ထုတ်ထားသည်။
“နင်အိပ်ပြီလား။”
ချန်ချူ ဝိုးတဝါးအသံဖြင့် လှမ်းမေးလိုက်၏။ ထိုအခါ ဆိုဖာပေါ်တွင်လဲလျောင်းနေသည့်ကုမြောင်က ခေါင်းထောင်လာပြီး
“ဟင့်အင်း။ မအိပ်သေးဘူး။”
သူ အိပ်မပျော်ပေ။
“ဒါဆိုလည်း စကားပြောရအောင်လေ။”
ချန်ချူက ဆိုဖာဘက်သို့လှည့်လိုက်၏။ ကောင်းကင်တွင် လသာနေပြီး လရောင်က အခန်းထဲဝင်နေသဖြင့် ဆိုဖာပေါ်တွင်အရိပ်ထင်နေသည်။ ထိုအရိပ်ကိုကြည့်နေရင်း ချန်ချူ့စိတ်ထဲတွင် အေးချမ်းတည်ငြိမ်သွားတော့သည်။
“အင်း။ ရတာပေါ့။”
ကုမြောင်က အချိန်တစ်ခဏစဥ်းစားလိုက်ပြီး
“ဘာအကြောင်းပြောကြမလဲ။”
မှောင်မည်းနေသည့်ညတွင် ချန်ချူက ရုတ်တရက်
“ငါ့ကို သရဲအကြောင်းပြောပြပါလား။”
Aircon သံမှတစ်ပါး အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။ ကုမြောင်က တစ်ခဏစဥ်းစားလိုက်ပြီး
“ငါငယ်ငယ်တုန်းက ကြားဖူးတဲ့အကြောင်းတစ်ခုရှိတယ်။ စန္ဒရားတစ်ခုအကြောင်း။”
ချန်ချူက တက်ကြွလာပြီး
“ငါ့ကိုပြောပြ။ ငါ့ကိုပြောပြ။”
ကုမြောင်က မှောင်မည်းနေသည့်ညနှင့်လိုက်ဖက်အောင် အသံကိုနှိမ့်လိုက်ပြီး
“ဟိုးရှေးရှေးတုန်းက စန္ဒရားတီးရတာကြိုက်တဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။”
ချန်ချူက ငြိမ်၍နားထောင်နေလေသည်။
“တစ်နေ့ကျတော့ သူ(မ)မိသားစုက အိမ်အသစ်ကိုပြောင်းသွားတာပေါ့။ အဲ့ဒီအိမ်အသစ်ရဲ့ဧည့်ခန်းထဲမှာ စန္ဒရားတစ်လုံးရှိတယ်။ ကောင်မလေးက ညတိုင်း စန္ဒရားသံကိုကြားနေရတယ်တဲ့။”
ချန်ချူ လန့်လာပြီး တံတွေးမျိုချလိုက်သည်။
“တစ်ညမှာ အဲ့ဒီကောင်မလေးက သတ္တိမွေးပြီး အောက်ထပ်ကိုဆင်းကြည့်လိုက်တော့ စန္ဒရားအပေါ်မှာ လက်တစ်စုံကပျံသန်းနေပြီး ခလုပ်တွေကိုနှိပ်နေတာကိုတွေ့လိုက်ရတယ်။”
ချန်ချူ မျက်လုံးကျယ်လာပြီး မေးလိုက်သည်။
“အဲ့ဒါနဲ့ ဘာဆက်ဖြစ်သွားလဲ။”
“အဲ့ဒါပြီးတော့ ငါမေ့သွားပြီ။”
‘ဟင် ဒါပဲလား။’
ချန်ချူတစ်ယောက် မျှော်လင့်ချက်ပျက်စီးသွားသော်လည်း ကြောက်ဟန်ဆောင်ကာ အသံတိုးတိုးလေးဖြင့်
“ကြောက်စရာကြီးနော်။”
ချန်ချူ့အသံမှာ ညင်သာနေသော်လည်း တိတ်ဆိတ်နေသည့်ညနှင့်ပေါင်းစပ်လိုက်သောအခါ သနားစရာကောင်းနေလေသည်။ ကုမြောင်က အိပ်ရာထဲတွင်ရှိနေသောချန်ချူ့ပုံစံကိုလှမ်းကြည့်လိုက်ရင်း ရုတ်တရက် အပြစ်ရှိသလိုခံစားမိသွားသည်။
“တောင်းပန်ပါတယ်။ ငါနင့်ကို မပြောပြလိုက်သင့်ဘူး။”
ကုမြောင်က ဩရှရှအသံဖြင့် တောင်းပန်၏။
“ရပါတယ်။ ငါနားထောင်ချင်လို့ပြောခိုင်းတာပဲဟာ။”
အခန်းက တိတ်ဆိတ်သွားပြန်သည်။ Heater မှအနွေးဓာတ်ကြောင့် သူတို့နှစ်ယောက် သက်သောင့်သက်သာရှိနေကြသည်။
“မြောင်ကော။”
စောင်နှင့်အိပ်ရာပွတ်တိုက်သည့်အသံကို ကြားလိုက်ရသည်။ ချန်ချူ့အသံက နူးညံ့ညင်သာနေ၏။
“ငါနည်းနည်းကြောက်လာလို့။ ငါ့ကိုအဖော်လုပ်ပေးလို့ရမလား။”
ကုမြောင်လည်စေ့က အပေါ်အောက်လျင်မြန်စွာလှုပ်ရှားသွားတော့သည်။ ပြတင်းပေါက်မှတစ်ဆင့် လရောင်တို့ဝင်ရောက်နေ၏။ ကုမြောင်လှည့်လိုက်သည့်အခါ အဖြူရောင်ခေါင်းအုံးပေါ်တွင်ပြန့်ကျဲနေသော ချန်ချူ့ဆံပင်ရှည်တို့ကိုတွေ့လိုက်ရလေသည်။
“မြောင်ကော။”
“ဟင်။”
သူ့အသံက တုန်ယင်နေ၏။ ထိုသို့ခေါ်လိုက်သည့်အချိန်တိုင်း သူ့နှလုံးသားတစ်ခုလုံးကိုလှုပ်ခါလိုက်သကဲ့သို့ ကုမြောင်ခံစားရသည်။
“ငါ့မျက်လုံးတွေမှိတ်လိုက်တိုင်း အဲ့ဒီပုံရိပ်တွေကိုပဲ မြင်နေတာ။”
ချန်ချူ ရှိုက်သံဖြင့်ပြောလိုက်သည်။ ကုမြောင်ကလည်း ကံကြမ္မာကိုမလွန်ဆန်နိုင်တော့သကဲ့သို့ မျက်လုံးကိုမှိတ်ထားလိုက်၏။ ထို့နောက် သူခြုံထားသောစောင်ကိုဖယ်ကာ အိပ်ရာဆီသို့လျှောက်သွားလေသည်။ ကြမ်းပြင်ပေါ်မှကော်ဇောတွင် ခြေသံကိုကြားရပြီးနောက် ကုမြောင် အိပ်ရာဘေးတွင် တုံ့ဆိုင်းစွာရပ်နေလိုက်သည်။ ချန်ချူ့မျက်လုံးထဲတွင် လရောင်တို့ရောင်ပြန်ဟပ်နေ၏။ စောင်ကြားထဲမှ လက်ကိုထုတ်လိုက်ပြီး ချန်ချူက ကုမြောင်ကိုဆွဲခေါ်လိုက်လေသည်။ ရုတ်တရက် သူ အိပ်ရာပေါ်သို့လဲကျသွား၏။ လက်တစ်ဖက်ဖြင့်ထောက်လိုက်သောအခါ ချန်ချူ့ကို သူ့ရင်ခွင်ထဲတွင် သိမ်းပိုက်ပြီးသားဖြစ်သွားခဲ့သည်။
“ဆောရီး။”
ကုမြောင်တစ်ယောက် လက်တွေတုန်ယင်နေပြီး သေချာပြန်ထလိုက်သည်။ သို့သော် ချန်ချူက ကုမြောင်လည်ပင်းကိုသိုင်းဖက်ထားပြီး သူ့ကိုပြန်ဆွဲခေါ်လိုက်လေသည်။ ထိုအခိုက်အတန့်တွင် သူတို့နှုတ်ခမ်းများထိတွေ့သွားကြပြီး အသက်ရှူသံတို့လိမ်ယှက်ကုန်တော့သည်။ ထိုအခြေအနေက ကုမြောင်ကိုမွန်းကျပ်စေ၏။ ထိုနေရာမှထသွားသင့်သည်ကို သူသိသော်လည်း သူ(မ)နှုတ်ခမ်း၏အထိအတွေ့များကြောင့် သူဆင်ခြင်နိုင်စွမ်းမရှိခဲ့ချေ။ သူ့လက်များကိုလှုပ်ရှားလိုက်သေးသော်လည်း နောက်ဆုံးတွင် မျက်လုံးမှိတ်ကာ အနမ်းတွင်သာ စိတ်နှစ်ထားလိုက်တော့သည်။ တိတ်ဆိတ်နေသောအခန်းထဲတွင် ရံဖန်ရံခါကြားရတတ်သောအသံတို့က သူတို့နှစ်ယောက်ကို ရှက်သွေးဖြာစေပြီး နှလုံးခုန်မြန်စေခဲ့သည်။ သူတို့နှစ်ယောက်ကြားတွင် ခြားနေသောစောင်ကိုဖယ်ရှားလိုက်ပြီးနောက် သူတို့ခန္ဓာကိုယ်နှစ်ခုက နီးကပ်စွာရှိသွားလေတော့သည်။ ချန်ချူ့လျှာကလည်း သူ့ပါးစပ်ထဲသို့ဝင်ရောက်နေသဖြင့် ထိုအခိုက်အတန့်တွင် ကုမြောင်ရူးမတတ်ဖြစ်နေခဲ့သည်။ ပုံမှန်အေးဆေးနေကျမျက်နှာတွင် ယစ်မူးနေသည့်ပုံစံမျိုးပေါ်လာ၏။ သူ့လက်တွေက ချန်ချူ့ပါးပြင်ဆီသို့ရွေ့လျားနေရင်း သူ(မ)လည်ပင်းဆီသို့ရောက်လာကာ တဖြည်းဖြည်းအောက်ဆင်းသွားတော့သည်။
ထိုအချိန်တွင် ရုတ်တရက် စားပွဲပေါ်မှဖုန်းက မြည်လာ၏။ ချန်ချူ့ညှပ်ရိုးပေါ်တွင် သူ့လက်များရပ်တန့်သွားပြီး ပျောက်ဆုံးနေသောအသိတရားတို့ ချက်ချင်းပြန်ဝင်လာခဲ့သည်။
“ငါတောင်းပန်ပါတယ်။”
ကုမြောင် ထစ်ထစ်အအနှင့်ပြောလိုက်ပြီး ကပျာကယာထလိုက်သည်။
ပြတင်းပေါက်အပြင်ဘက်တွင် ကြယ်ရောင်တို့တောက်ပနေ၏။ ချန်ချူက အိပ်ရာပေါ်တွင်လဲလျောင်းနေရင်း မျက်နှာတစ်ခုလုံးနီရဲနေခဲ့သည်။ ခေါင်းအုံးပေါ်တွင်လည်း ဆံပင်များကရှုပ်ပွနေ၏။ ကုမြောင်နှလုံးသားထဲမှမီးက သူ့အောက်ပိုင်းသို့ကူးစက်နေတော့သည်။ လက်သီးကိုဆုပ်ထားရင်း ကုမြောင် သူ့ကိုယ်သူပါးရိုက်ပစ်လိုက်ချင်နေသည်။ လေထဲတွင် စိုစွတ်မှုတို့ရှိနေသဖြင့် ကုမြောင်က လက်လှမ်းကာ စောင်ကိုယူ၍ ချန်ချူ့ကိုခြုံပေးလိုက်ပြီး ဖုန်းကိုလှမ်းယူကာ သူ(မ)ကိုပေးလိုက်သည်။
“ငါ-ငါ ရေချိုးခန်းသွားလိုက်ဦးမယ်။”
စကားမထစ်သည်မှာကြာပြီဖြစ်သော်လည်း ထိုတစ်ညတည်းတွင် ကုမြောင် အကြိမ်ကြိမ်စကားထစ်နေတော့သည်။ စောင်ထဲတွင်ဖုံးကွယ်နေသောချန်ချူက အဝေးမှ “click” ဟူသောအသံကို လှမ်းကြားလိုက်သည်။ ရေကျသံမှတစ်ပါး အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်၏။ ချန်ချူလည်း စောင်ကိုဖယ်ကာ အိပ်ရာ၏အစွန်းတွင်ထိုင်၍ ဖုန်းကိုဖွင့်လိုက်သည်။ မည်သူက စာပို့လိုက်သည်ကို သူ(မ)သိချင်လေပြီ။
သို့သော် WeChat screen ပေါ်လာသည့်အခါ သူ(မ)စိတ်ထဲမှဒေါသတို့ကို အကြောက်တရားက ဖုံးလွှမ်းသွားတော့သည်။
“သမီး အိပ်နေပြီလား။ မနက်ဖြန်ကျရင် အမေ့ကို ဟိုတယ်ပုံလေးပို့ပေးပါဦး။”
၎င်းမှာ ဖုရုန်းဆီမှစာဖြစ်သည်။ အချိန်ကိုကြည့်သော် ည(၁၁)နာရီကျော်နေပြီဖြစ်၏။ သူ(မ) ဖုန်းကိုပြန်ချကာ အိပ်ချင်ယောင်ဆောင်နေရန်ဆုံးဖြတ်လိုက်သည်။ ပင်လယ်၏ညမြင်ကွင်းမှာ အဆုံးအစမဲ့လှပလွန်းသဖြင့် ချန်ချူ အချိန်ကြာကြာငေးကြည့်နေရင်း ပါးပေါ်မှနီမြန်းမှုတို့ ပျောက်ကွယ်သွားတော့သည်။ ရေချိုးခန်းထဲမှရေသံက မရပ်သေးသဖြင့် ချန်ချူ လိုက်သွားသင့်မသွားသင့်ကို တုံ့ဆိုင်းနေမိသည်။
“မြောင်ကော။”
တံခါးလက်ကိုင်ကိုကိုင်လိုက်သည့်အခါ သေသေချာချာမပိတ်ထားခြင်းကြောင့် တံခါးကချက်ချင်းပွင့်သွားတော့သည်။ ကုမြောင်က ကျောပေးထားသဖြင့် ကျယ်ပြောသောကျောပြင်၊ သေးသွယ်သောခါးနှင့် ရေစက်လေးများတစ်စက်ချင်းကျနေသည်ကို ချန်ချူတွေ့လိုက်ရသည်။ ရေကိုရုတ်တရက်ပိတ်လိုက်ပြီးနောက် ကုမြောင် နားရွက်များနီရဲသွားပြန်သည်။
“နင် ဘယ်လိုလုပ်ပြီးရောက်လာတာလဲ။”
သို့သော် ချန်ချူပြန်မဖြေလိုက်ပေ။ ကုမြောင်၏ဆွဲဆောင်မှုရှိသော six-pack နှင့် မဖော်ပြတတ်သောမြင်ကွင်းကို ထပ်ခါတလဲလဲမြင်ယောင်၍ သူ(မ)စိတ်များတွေဝေနေတော့သည်။ သူ(မ) ရှေ့ဆက်တိုးသွားသဖြင့် ရေချိုးခန်းထဲတွင် ခြေသံအချို့ပဲ့တင်ထပ်သွားသည်။
“ရေအေးနဲ့ချိုးတာက ခန္ဓာကိုယ်အတွက်မကောင်းဘူး။”
ချန်ချူ့အသံက ရေချိုးခန်းထဲတွင်ပဲ့တင်ထပ်နေပြီး ကုမြောင်၏နှလုံးသားကို တုန်ယင်သွားစေခဲ့သည်။ သူ့လည်ချောင်းထဲတွင် အသံကြိုးများအလုပ်မလုပ်တော့သကဲ့သို့ သူ စကားမပြောနိုင်ဘဲရှိနေခဲ့သည်။ ချန်ချူ့ခြေသံများမှာ ပေါက်ကွဲလုနီးပါးဖြစ်နေသည့်သူ့နှလုံးသားပေါ်သို့ လှမ်းလာသလိုပင်။
“ငါနင့်ကို ကူပေးရမလား။”
နွေးထွေးနေသည့်သူ(မ)လက်များက သူ့လက်မောင်းကိုကိုင်လိုက်ပြီး ရေစက်များနှင့်အတူ လျှောဆင်းသွားတော့သည်။
“အာ…အင်း”
သူ့အသက်သွေးကြောတစ်ခုလုံးကို ညင်သာသောလက်များဖြင့်ကိုင်တွယ်ခံလိုက်ရတာကြောင့် ကုမြောင်ညည်းတွားလိုက်၏။ တဒုတ်ဒုတ်ခုန်နေသည့်နှလုံးခုန်သံကလည်း နားထဲတွင်ဆူညံနေပြီး မြီးညောင်ရိုးမှဖိအားတို့က မြင့်တက်လာသည်။ ရေအေးဖြင့်ငြိမ်းသတ်ခဲ့ရသော အသိတရားတစ်ခုကို ပြန်လည်ခေါ်ဆောင်လိုက်သကဲ့သို့ပင်။
“ချူချူ။ ရပ်လိုက်။”
ခပ်ဩဩအသံဖြင့် ခုခံလိုက်သော်လည်း သူ့စကားလုံးများက ဖိတ်ခေါ်နေသည့်အသံနှင့်ပိုတူလေသည်။ ချန်ချူ့လက်ကလည်း မရပ်တန့်သွားချေ။ ကုမြောင်တစ်ယောက် အသက်ထွက်သွားသကဲ့သို့ အသက်ရှူရပ်လုမတတ်ဖြစ်နေ၏။ ရုတ်တရက် သူငယ်ငယ်တုန်းကမက်ခဲ့သည့်အိပ်မက်တစ်ခုကို ကုမြောင်သတိရသွားသည်။ အိပ်မက်ထဲတွင် ညတစ်ည၌ ဖုန်မှု့န်ကဲ့သို့နိမ့်ကျနေသည့်နှလုံးသားတစ်စုံက အမြင့်တွင်နေသောနတ်သမီးတစ်ပါးကို ဖျက်ဆီးခဲ့မိသည်။ သို့သော် ယခုတွင်မူ ထိုအိပ်မက်က အမှန်တကယ်ဖြစ်လာလေပြီ။
ကုမြောင်မှာ အရာအားလုံးကိုမေ့ကာ အသိတရားမဲ့သွားပြီး စွဲလမ်းနေသကဲ့သို့ မျက်လုံးကိုမှိတ်ထားလေသည်။ ဖျော့တော့နေသည့်လည်ပင်းတွင် အပြာရောင်သွေးကြောများကြွလာပြီး အေးစက်စက်သူ့မျက်နှာပေါ်တွင် ယစ်မူးနေသည့်အကြည့်မျိုးပေါ်လာသည်။ ထိုအခိုက်အတန့်တစ်ခုတွင် အချိန်အတော်ကြာသည်အထိ ကောင်းကင်မှဆင်းသက်လာသကဲ့သို့ခံစားနေရပြီး ညည်းသံပြုနေခဲ့သည်။ သို့သော် တစ်ခဏကြာသော် သူ့ရှေ့မှရှက်နေသည့်မိန်းကလေးကိုမြင်လိုက်ရသည့်အခါ ချက်ချင်းပင် တောင်းပန်လိုက်၏။
“တောင်းပန်ပါတယ် ချူချူ။ ငါတောင်းပန်ပါတယ်။”
ကုမြောင်စိတ်ထဲတွင် ဗလာဖြစ်သွားပြီး တောင်းပန်လိုစိတ်သာရှိတော့သည်။
‘ငါဘယ်လိုဖြစ်လို့ သူ(မ)ကိုဒီလိုမျိုး ဖျက်ဆီးလိုက်ရတာလဲ။’
နီမြန်းနေသောမျက်လုံးများဖြင့် သူ ချန်ချူ့ကို ရေချိုးခန်းဘေးသို့ဆွဲခေါ်လာပြီး သူ(မ)လက်များကို ဆက်တိုက်ဆေးကြောပေးနေလိုက်သည်။ သူ့အသံကလည်း ရေချိုးခန်းထဲတွင်ပဲ့တင်ထပ်နေ၏။
“ငါတကယ်တောင်းပန်ပါတယ် ချူချူ။”
ကုမြောင်က သူ(မ)လက်ကိုကိုင်ကာ ခွင့်လွှတ်ပေးရန်တောင်းပန်နေတော့သည်။
“ဘာတောင်းပန်စရာလိုလို့လဲ။”
ချန်ချူလည်း နီရဲနေသည့်သူ့မျက်လုံးများကိုကြည့်ကာ ညင်သာစွာမေးလိုက်သည်။
“ငါ…”
လက်ထဲမှဆပ်ပြာက အမြှုပ်ထွက်လာသဖြင့် သူ(မ)လက်များကို နူးညံ့မွှေးပျံ့သွားစေသည်။ ရုတ်တရက် ထိုလက်များက သူ့ကိုကိုင်ခဲ့သည်ကိုသတိရသွားသည့်အခါ ကုမြောင် အသက်ရှူရပ်လုမတတ်ဖြစ်သွားရပြန်သည်။
“ငါဒီလိုမျိုး မလုပ်ခဲ့သင့်ဘူး။”
ကုမြောင် မျက်လုံးမှိတ်ထားခဲ့၏။ သူ(မ)လက်တွေကိုတောင် သူ မကြည့်နိုင်တော့ချေ။
“ငါနင့်ကို ဒီလိုမလုပ်ခိုင်းခဲ့သင့်ဘူး။”
သူ(မ)ကို ထိုသို့မဖျက်ဆီးလိုက်သင့်ပေ။
ချန်ချူက ရေပိုက်ခေါင်းကိုဖွင့်လိုက်၏။ ထိုအခါ ကုမြောင်လက်ပေါ်မှ အညစ်အကြေးနှင့် မသန့်စင်မှုများကို ရေကဆေးကြောသွားသည်။
“ဒါပေမဲ့ မြောင်ကော။”
သူ(မ)မော့ကြည့်လိုက်သည့်အခါ မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများတွင် တုံ့ဆိုင်းမှုတစ်ခုကိုတွေ့လိုက်ရသည်။
“ငါတို့က ရည်းစားတွေလေ။ ဘယ်ဟာမှားနေတယ်၊ မလုပ်သင့်ဘူးဆိုတာမျိုး မရှိပါဘူး။ ဟုတ်တယ်မလား။”
ပတ်ဝန်းကျင်က တိတ်ဆိတ်နေ၏။ ရေပိုက်ခေါင်းကို အပြည့်မပိတ်ထားသောကြောင့် ရေစက်တချို့ကျနေသေးသည်။ သူ(မ)က နှုတ်ခမ်းကိုကိုက်ကာ ခေါင်းငုံ့လိုက်ပြီး မသဲမကွဲအသံဖြင့်
“မြောင်ကောက တကယ့ခေတ်နောက်ကျတဲ့လူပဲ။”
ရုတ်တရက် ကုမြောင်တစ်မျက်နှာလုံး နီရဲသွားတော့သည်။
“ငါ-ငါ-ငါ…”
“အင်းပါလေ။”
ချန်ချူက မျက်တောင်ခတ်လိုက်ရင်း ဆက်ပြော၏။
“အိပ်ရာဝင်ကြတာပေါ့ ခေတ်နောက်ကျတဲ့မြောင်ကောရေ။”
ချန်ချူက တဘက်ကိုယူ၍ လက်သုတ်လိုက်ပြီး စိတ်ထဲမှရှက်ကြောက်မှုတို့ကိုဖုံးကွယ်ကာ တည်ငြိမ်အေးဆေးစွာဖြင့် တံခါးဆီသို့လျှောက်သွားလိုက်သည်။
“မြန်မြန်ဆေးကြောပြီး အိပ်ရာဝင်တော့။”
သူ(မ) ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးမှ ရပ်လိုက်ပြန်သည်။ ထို့နောက် မျက်မှောင်ကြုတ်၍
“ဆိုဖာပေါ်မှာအိပ်ခိုင်းတာမဟုတ်ဘူးနော်။ ငါက အအေးမခံနိုင်ဘူး။ နင့်ကိုဖက်ပြီးအိပ်ချင်တာ။”
ကုမြောင်က ထိုနေရာတွင်သာမှင်တက်၍ကျန်ရစ်ပြီး ထိုစကားကိုကြားသောအခါ ဘာလုပ်ရမှန်းမသိတော့ချေ။
“ကြားရဲ့လား။”
သူ(မ)က နောက်ပြန်လှည့်ကာ အေးအေးဆေးဆေးမေးလိုက်၏။
အဝေးမှအလင်းရောင်တို့က ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ဝင်လာသည်။ သူ့နှလုံးသားမှာ တုန်ယင်နေဆဲဖြစ်ပြီး ကုမြောင် ဘာမှပြန်မပြောဘဲ ခေါင်းသာညိတ်လိုက်တော့သည်။
ညက လှပနေ၏။ သူ ရေချိုးခန်းထဲမှထွက်လာချိန်တွင် ချန်ချူက အိပ်ရာပေါ်တွင်ထိုင်နေဆဲဖြစ်သည်။ သူ(မ)၏ မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများက အလင်းရောင်ကြောင့်တောက်ပနေ၏။ ကုမြောင် ဘာဖြစ်သွားမှန်းမသိဘဲ ခြေလှမ်းများက သူ(မ)ဆီသို့သာ ဦးတည်သွားနေတော့သည်။ နူးညံ့နေသည့်ချန်ချူ့ခန္ဓာကိုယ်က သူ့ဆီသို့မှီလာပြီး သူ့ကို ခပ်တိုးတိုးလေးပြောလာသည်။
“Goodnight လူရိုးကြီး။”
“Goodnight”
အချိန်အတော်ကြာသွားပြီးနောက် သူ(မ)အသက်ရှူသံတို့ တည်ငြိမ်လာသော်လည်း ကုမြောင်ကတော့ အိပ်မပျော်နိုင်သေးချေ။ အဝေးမှ လင်းလက်နေသည့်နေရာကိုငေးကြည့်နေရင်း စိတ်ထဲတွင်ရှိနေသော မိမိကိုယ်ကိုရွံရှာစိတ်များလည်း ပျောက်ကွယ်သွားသည်။ ချန်ချူပြောခဲ့သောစကားများကို ကျေးဇူးတင်ရပေမည်။
*****
Aurora Novel Translation Team