Chapter 67.2
ကုမြောင်တစ်ယောက် လျင်မြန်စွာ အဖျားပျောက်သွား၏။
ရက်အနည်းငယ်အတွင်း တရုတ်နှစ်သစ်ကူးတော့မည်ဖြစ်သည်။ ဖုရုန်းနှင့်ချန်ရို့ဟိုင်တို့က တရုတ်နှစ်သစ်ကူးကျင်းပရန်အတွက် ဆွဇ်ဇာလန်သို့သွားခဲ့ကြသည်။ သူတို့မသွားခင်တွင် ချန်ချူက သူ(မ)တွင်ကောင်လေးရှိနေပြီဖြစ်ကြောင်း ဝန်ခံခဲ့သည်။
ဖုရုန်းက မျက်မှောင်ကြုတ်၍
“ဘာလို့ blind date ကို အတော်လေးစိတ်မပါဖြစ်နေလဲဆိုတာ မအံ့ဩတော့ပါဘူး။ ဒီလောက်ကောင်းတဲ့ကောင်လေးကိုတောင် နင်က အသိအမှတ်မပြုနိုင်ဘူး။ ဆွဇ်ဇာလန်ကပြန်လာတဲ့အခါ နင့်ကောင်လေးကို ငါတို့နဲ့တွေ့ပေး။ ကြားလား။”
ချန်ချူ ခေါင်းညိတ်လိုက်၏။ ထို့နောက် ဖုရုန်းက အထင်သေးသည့်လေသံဖြင့်
“ကျုံးလေးထက် ဘယ်လိုကောင်ကများ သာနေတာလဲဆိုတာ ငါတွေ့ချင်ပါ့။”
ချန်ရို့ဟိုင်က peacemaker ကစားနေရင်း ကိစ္စများကို ပြေလည်စေရန်ကြိုးစားနေခဲ့သည်။ ချန်ချူက စိတ်ရှုပ်စွာဖြင့် သူတို့နှစ်ယောက်ကို လေဆိပ်သို့လိုက်ပို့ပေးခဲ့ရလေသည်။
ယနေ့က နေသာသောနေ့တစ်နေ့ဖြစ်၏။ ချန်ချူက မြှောင်မြှောင်ကိုခေါ်ကာ တရုတ်နှစ်သစ်ကူးအတူကျင်းပရန် ကုမြောင်အိမ်သို့သွားခဲ့သည်။ ၎င်းမှာ သူတို့နှစ်ယောက်အတူရှိသည့် ပထမဦးဆုံးနွေဦးပွဲတော်ပင်။ ကုမြောင်က စိတ်လှုပ်ရှားနေပြီး ပွဲအတွက် များစွာပြင်ဆင်ထားသည်။ Villa ဝင်ပေါက်တွင် အနီရောင်မီးပုံးများနှင့် နွေဦးပွဲတော် ကဗျာစာသားများကို အလှဆင်ထားသည်။ ကော်ဖီစားပွဲပေါ်တွင်မူ ချန်ချူကြိုက်တတ်သော နှစ်သစ်ကူးမုန့်သရေစာများ စုံလင်နေ၏။ ဥယျာဥ်တွင်ပင် နွေဦးပန်းပွင့်များစွာဖြင့်အလှဆင်ထားရာ အဝေးမှကြည့်လျှင် အလွန်နီမြန်းပြီး လှပနေသည်။
နှစ်သစ်ကူးအကြိုနေ့ညစာကို ချန်ချူကိုယ်တိုင်ပြင်ဆင်ခဲ့သော်လည်း စားသောက်ဆိုင်မှလက်ရာကဲ့သို့ အလွန်ခမ်းနားနေလေသည်။ မြှောင်မြှောင်ကိုပင် luxury ဆန်ဆန် villa ကဲ့သို့အိမ်လေးတစ်လုံးဖြင့် ပြင်ဆင်ပေးထား၏။ မြှောင်မြှောင်က ထိုအိမ်လေးပေါ်တွင် ဆင်းလိုက်တက်လိုက်ခုန်ပေါက်ကာ ဆော့ကစားနေခဲ့သည်။ ညစာစားပြီးနောက် ချန်ချူက
“ငါနင့်ကို နှစ်သစ်ကူးလက်ဆောင်တစ်ခုပေးမလို့။”
ကုမြောင်က ပျော်ရွှင်စွာပြုံးလိုက်သဖြင့် မျက်လုံးထဲတွင်ရှိနေသောအေးစက်မှုများအားလုံး ပျောက်ကွယ်သွားသည်။
“ဘာလက်ဆောင်လဲ။”
ချန်ချူက သူ့လက်ကိုဆွဲကာ ဘေးဘက်သို့ခေါ်သွားပြီး သူ(မ)အိတ်ထဲမှ box တစ်ခုကို ထုတ်ပြလိုက်လေသည်။
“ရော့။ မြန်မြန်ဖွင့်ကြည့်လိုက်။”
၎င်းမှာ ခဲရောင်စာရွက်၊ ငွေရောင်ဖဲကြိုးတို့ဖြင့် လှပစွာထုပ်ပိုးထားသော gift box လေးဖြစ်သည်။ ကုမြောင်က ထိုဖဲကြိုးကို ဂရုတစိုက်ဖြည်လိုက်ပြီး အဖုံးကိုဖွင့်လိုက်သည်။ ဆောင်းရာသီဖြစ်သဖြင့် ပြတင်းပေါက်အပြင်ဘက်တွင် လေအေးတို့တိုက်ခတ်နေ၏။ သို့သော် box လေးထဲတွင်မူ နွေးထွေးနေသည့် cream အရောင် လည်စီးပဝါတစ်ထည်ရှိနေလေသည်။ နူးညံ့သည့်အထိအတွေ့က သူ့လက်ချောင်းများမှတစ်ဆင့် နှလုံးသားထဲသို့စီးဝင်သွား၏။ တုန်ယင်နေသောလက်များဖြင့် ကုမြောင်ထိုပုဝါကိုထုတ်ယူလိုက်သည့်အခါ မညီညာသည့်ချုပ်ရိုးများကို သတိထားလိုက်မိသည်။ ထို့နောက် သူ့စိတ်ထဲတွင် သံသယစိတ်တစ်ခုဝင်လာ၏။
“ဒါကို နင်ကိုယ်တိုင်ထိုးထားတာလား။”
စိတ်လှုပ်ရှားမှုများစွာဖြင့် သူ့မျက်လုံးများ လင်းလက်လာသည်။ ချန်ချူက ခေါင်းညိတ်လိုက်ပြီး ပဝါကိုယူကာ
“နည်းနည်းလောက် ခေါင်းငုံ့ပေးပါလား။ ငါနင့်ကိုဝတ်ပေးမယ်။”
ကုမြောင်၏နှုတ်ခမ်းထောင့်များ ကွေးတက်သွား၏။ ထို့နောက် ချက်ချင်းပင် ခါးညွတ်ပေးလိုက်သည်။ သူ့လည်ပင်းတွင် နွေးထွေးနူးညံ့သည့် ပဝါ၏ထိတွေ့မှုကိုခံစားနေရပြီး ကုမြောင်မှာတော့ ထိုနေရာတွင်သာရပ်၍ ပြုံးနေမိလေသည်။ ချန်ချူကလည်း ကျေနပ်စွာဖြင့် ခေါင်းတစ်ညိတ်ညိတ်နှင့်
“ကြည့်ကောင်းတာပဲ။ ဒီအရောင်က နင်နဲ့လိုက်တယ်။”
“ဒါပေမဲ့…”
ချန်ချူက တုံ့ဆိုင်းစွာဖြင့် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး
“ပထမဆုံးထိုးဖူးတာဆိုတော့ တချို့နေရာတွေက သိပ်ပြီးမသပ်ရပ်ဘူးဖြစ်သွားတယ်။ ငါ့ရဲ့ အချစ်သင်္ကေတအနေနဲ့ ဒါလေးကို ဒီတိုင်းသိမ်းထားနော်။ ထုတ်တော့မဝတ်နဲ့။”
“ဟင့်အင်း။”
သူက ပြုံး၍ “ငါက ထုတ်ဝတ်ချင်တာ။”
ကုမြောင်မှာ သူ၏စိတ်ဆန္ဒနှင့် ပျော်ရွှင်နေသည့်နှလုံးသားကို မနည်းထိန်းချုပ်ထားခဲ့ရလေသည်။
‘ချူချူက ငါ့အတွက်ထိုးပေးထားတာကွ။’
ချန်ချူကလည်း ပြုံးလိုက်ပြီး “နင်ကြိုက်တယ်ဆိုတော့လည်း နင့်သဘောပါပဲ။”
ကုမြောင်က စိတ်လှုပ်ရှားစွာဖြင့် သူ(မ)ကိုဖက်လိုက်ကာ သူ(မ)ပခုံးပေါ်တွင်မျက်နှာအပ်ရင်း
“ငါတကယ် အရမ်းကြိုက်တယ်။”
သူ့နှလုံးသားထဲမှပျော်ရွှင်မှုမှာ မီးတောင်ပေါက်ကွဲတော့မည်ကဲ့သို့ အဆက်မပြတ်ဆူပွက်နေလေ၏။ သူ့ဘဝတွင်ရရှိဖူးသည့်လက်ဆောင်များထဲတွင် အကောင်းဆုံးလက်ဆောင်ဟု ကုမြောင်ခံစားရလေသည်။
“ဟုတ်ပါပြီ။”
ချန်ချူက နှုတ်ခမ်းဆူလိုက်ပြီး
“သွားမယ်လေ။ နွေဦးပွဲတော်လည်း စတော့မယ်ထင်တယ်။”
TV တွင် သီချင်းများ၊ အကများဖြင့် ပွဲတော်မြင်ကွင်းက အသက်ဝင်နေခဲ့သည်။ သူတို့နှစ်ယောက် ဆိုဖာပေါ်တွင် နီးနီးကပ်ကပ်ထိုင်လိုက်ကြသည်။ ကုမြောင်က သူ့ရင်ခွင်ထဲတွင်ရှိနေသော မိန်းကလေး၏နဖူးကို နမ်းလိုက်သည်။ သူ့ပုံစံမှာ ကပ်ချွဲတတ်သည့်ခွေးအကြီးကြီးတစ်ကောင်ကဲ့သို့ ချန်ချူ့အနားတွင်ပွတ်သပ်နေကာ သူ(မ)ကို မနေနိုင်ဘဲဖြစ်စေခဲ့သည်။ ထိုအခါ ချန်ချူက သူ့ပေါ်ကိုချက်ချင်းခွကာ လေးနက်စွာနမ်းလိုက်တော့သည်။ သွေးကြောများထင်းထနေသည့် ကုမြောင်၏လက်က ချန်ချူ့ကိုရစ်ပတ်လိုက်ပြီး အနားကပ်လာသည့်ချန်ချူ့ခါးကို တင်းကျပ်စွာဖက်ထားခဲ့သည်။ ထို့နောက် ကုမြောင်၏လျှာက သူ(မ)လျှာကို ညင်သာစွာစုပ်ယူနေရင်းနှင့် ချန်ချူတစ်ယောက် သူ့ရင်ခွင်ထဲတွင် တဖြည်းဖြည်းပျော့ပြောင်းလာတော့သည်။
“ချူချူ။”
သူ(မ)နာမည်ကို အသံဩဩဖြင့်ခေါ်လိုက်ရင်း သူ့ခံစားချက်များမှာ မထိန်းချုပ်နိုင်အောင်ဖြစ်နေခဲ့လေသည်။
“ဟမ်။”
ရေကျနေသည့်အသံများကြားတွင် ချန်ချူ့အသံက ဝိုးတဝါးဖြစ်နေလေသည်။
“နင်-နင် ပြန်ဆင်းသင့်တယ်။”
ကုမြောင်မှာ စိတ်ထဲတွင်ရှိနေသည့် အသိတရားလက်ကျန်လေးကိုထိန်းထားခဲ့သည်။ ချန်ချူက ညင်သာစွာရယ်လိုက်ပြီး သူ(မ)၏သေးသွယ်သောခြေထောက်များဖြင့် သူ့ခါးကိုရစ်ပတ်ကာ
“ဟင့်အင်း။”
ကုမြောင်ပါးများ နီမြန်းသွား၏။ ပြင်းပြသောဆန္ဒတို့ကို ချုပ်တည်းထားရသည်။ ထို့နောက် တစ်ခုခုကိုထိန်းချုပ်ထားရသလို အသံကွဲအက်အက်ဖြင့်
“ငါပြောတာနားထောင်။ မဟုတ်ရင် ငါ့ကိုယ်ငါထိန်းနိုင်တော့မှာမဟုတ်ဘူး။”
“ဒါဆိုလည်း မထိန်းနဲ့။”
ချန်ချူက သူ့အနားသို့ကပ်လာပြီး နီမြန်းနေသည့်နားရွက်ကိုနမ်းလိုက်ပြီးနောက် လျှာဖြင့် ညင်သာစွာလျက်လိုက်လေသည်။
“မြောင်ကော။”
ချန်ချူ့အသံထဲတွင် သဘောကျမှုများစွာပါဝင်နေပြီး နွေးထွေးသည့်အသက်ရှူသံက သူ့နားရွက်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။ အချိန်နာရီတို့ရပ်တန့်သွားသကဲ့သို့ ကုမြောင်ခန္ဓာကိုယ်ထဲမှသွေးများအားလုံး အောက်ပိုင်းသို့ပြေးဆင်းနေလေသည်။ ကုမြောင်ကတော့ စိတ်ဆန္ဒများထဲတွင် နစ်မွန်းနေပြီဖြစ်သည်။ ထိုအချိန်တွင် ချန်ချူက သူ့နားအနီးသို့ကပ်ကာ
“ငါနင့်ကိုချစ်တယ်။”
ထိုအချိန်တွင် ကုမြောင်၏ကမ္ဘာကြီးမှာ ပြန့်ကျဲသွားပြီး ကျန်ရှိနေသည့်အသိတရားတို့လည်း လွင့်စင်သွားခဲ့တော့သည်။ မှတ်ဉာဏ်များအားလုံးမှာလည်း ဝိုးတဝါးနှင့်တွေဝေစရာများ ဖြစ်ကုန်သည်။
ပြတင်းပေါက်တွင် လေအေးတို့တိုက်ခတ်နေပြီး ချန်ချူကလည်း စိတ်ဆန္ဒပြင်းထန်သောကြောင့် ချွေးများပြန်လာသည်။ ရုတ်တရက် ကုမြောင်က လက်ရှိအခြေအနေကိုပြန်သတိရသွားပြီး
“ချူချူ ငါ့မှာ ကွန်ဒုံးမရှိဘူး။”
ချန်ချူ့အသံမှာ နူးညံ့နေသော်လည်း တွေဝေမှုတို့ရောယှက်နေ၏။
“ဘယ်လိုလုပ်မလဲ။”
“သွားဝယ်လိုက်မယ်။”
ထိုသို့ပြောပြီးနောက် ကုမြောင် လျင်မြန်စွာပြေးထွက်သွား၏။ အေးစက်သည့်ဆောင်းလေကလည်း ပြင်းထန်နေသည်။ နှစ်သစ်ကူးအကြိုနေ့အချိန်က ဆောင်းအလယ်ဖြစ်နေသည်ပင်။ လမ်းများက ခြောက်ကပ်နေပြီး အတော်ဝေးသည့်နေရာရောက်မှသာ မပိတ်သေးသည့် convenience store တစ်ခုကို ကုမြောင်ရှာတွေ့ခဲ့သည်။ အေးစက်နေသည့်ဆောင်းညတွင် သူ့ခန္ဓာကိုယ်မှာ ပူပြင်းနေဆဲဖြစ်ပြီး အိမ်သို့အပြေးပြန်ခဲ့လိုက်သည်။
ကုမြောင် သူ(မ)နှုတ်ခမ်းကိုဖိနမ်းလိုက်ပြီး ဆောင်းလေ၏အအေးဓာတ်ကိုသယ်ဆောင်လာခဲ့သည်။ သူတို့ခန္ဓာကိုယ်နှစ်ခုမှာ တင်းကျပ်စွာရစ်ပတ်နေကြပြီး ခန္ဓာကိုယ်အပူချိန်တို့ ဖလှယ်နေကြသည်။ သက်ပြင်းရှိုက်နေရင်း ကုမြောင်မျက်လုံးများမှာ နီမြန်းနေပြီး လည်ပင်းတွင်ထောင်ထွက်နေသောသွေးကြောများကိုလည်း သိသိသာသာမြင်နေရသည်။ သို့သော် ကျန်ရှိနေသေးသည့် အသိတရားလက်ကျန်ဖြင့် သူ့ဆန္ဒကိုထိန်းချုပ်ကာ
“ချူချူ သေချာရဲ့လား။”
ချန်ချူက သူ့ကိုဆွဲလိုက်ပြီး သူ့စကားလုံးများကို အနမ်းတစ်ခုဖြင့်ငြိမ်သက်စေခဲ့သည်။ လေထုက ပို၍ပူပြင်းလာ၏။ သူတို့ခန္ဓာကိုယ်နှစ်ခုက စိတ်အားထက်သန်မှုများနှင့်အတူ လိမ်ယှက်နေခဲ့သည်။ ချန်ချူ့အမြင်အာရုံများလည်း တဖြည်းဖြည်းဝေဝါးလာပြီး ရုတ်တရက် စူးရှသည့်နာကျင်မှုကိုခံစားလိုက်ရသည်။
“အမ်း….”
ချန်ချူ မတတ်နိုင်တော့ဘဲ ညည်းသံတစ်ခုပြုလိုက်မိလေသည်။
“ချူချူ နာလို့လား။”
ကုမြောင်နဖူးပေါ်တွင် ချွေးများစိုရွှဲနေပြီး သူ့အသံက ကွဲအက်နေသည်။ သူက ခဏရပ်ကာ တောင့်တင်းလာပြီး သူ့မျက်လုံးများလည်း နီရဲသွားသည်။ ချန်ချူက သူ့ကို မထိန်းချုပ်စေချင်ပေ။ သူ(မ)မျက်တောင်များက တုန်ယင်နေပေမဲ့ အံကိုကြိတ်ကာ ညင်သာစွာဖြင့်
“မနာပါဘူး။”
သူ(မ)အသံမှာ ညင်သာနေပြီး ကောင်းကင်ပေါ်မှအပေါ့ပါးဆုံးတိမ်တိုက်ကဲ့သို့ ငြိမ်သက်နေရာ ပေါက်ကွဲလုနီးပါး သူ့ခန္ဓာကိုယ်ကို ကောင်းကင်သို့ရောက်အောင်ခေါ်ဆောင်သွားခဲ့လေသည်။ ကုမြောင် ထိန်းမထားနိုင်တော့ဘဲ ဖိအားတို့ကို အလိုလိုက်မိတော့သည်။
အိပ်ရာတွင် အသံများမြည်နေပြီး ညည်းညူသံတို့ကိုလည်း ကြားနေရ၏။ အသိဉာဏ်များ ဝေဝါးလာသည်ကိုသာ ချန်ချူခံစားမိတော့သည်။ သူ(မ)ခန္ဓာကိုယ်မှာ စိုစွတ်နေပြီး ချွေးများလည်းရောယှက်ကုန်ကြသည်။ အခြားစိုနေသည့်တစ်ခုခုလည်း ရှိပေဦးမည်။ သူ(မ)၏နောက်ဆုံးမှတ်ဉာဏ်ထဲတွင် ကုမြောင်က ကွဲအက်သောအသံဖြင့် သူ(မ)ကို မေးခွန်းတစ်ခုဆက်တိုက်မေးနေသည်ကိုသာ မှတ်မိတော့လေသည်။ တစ်ညလုံး ပင်ပန်းနေခြင်းကြောင့် သူ့မေးခွန်းကို မစဥ်းစားနိုင်ခဲ့ဘဲ ညည်းသံအချို့ဖြင့်သာ သူ(မ)ပြန်ဖြေနိုင်ခဲ့သည်။
–
ကောင်းကင်က လင်းနေလေပြီ။ ချန်ချူအိပ်ရာနိုးသည့်အခါ နေ့လယ်သို့ပင်ရောက်နေပြီဖြစ်သည်။ ကုမြောင်၏ နွေးထွေးနေသောရင်ခွင်ထဲတိုးဝင်နေရင်း မျက်လုံးဖွင့်လိုက်သည်နှင့် စိုစွတ်နွေးထွေးသည့်အနမ်းတစ်ပွင့်ကို လက်ခံရရှိလိုက်သည်။
“နင်ဘယ်တုန်းကနိုးနေတာလဲ။”
ထိုသို့မေးလိုက်မှသာ သူ(မ)အသံမှာ အတော်အက်ကွဲနေပြီး ယခင်နှင့်မတူသည်ကို သတိထားမိလေသည်။ ခန္ဓာကိုယ်တစ်ခုလုံးကိုက်ခဲနေသော်လည်း ကုမြောင်က ကူ၍သန့်ရှင်းရေးလုပ်ပေးထားသဖြင့် သန့်ရှင်းနေ၏။ ကုမြောင်က သူ(မ)အနားသို့ကပ်ကာ နဖူးကိုထပ်၍နမ်းလိုက်ပြီး
“အစောကြီးထဲကနိုးနေတာ။”
ကုမြောင်မှာ သူ(မ)ကိုကြည့်နေရင်း အချိန်ကြာသည်အထိပင် ကြည့်မဝနိုင်ခဲ့ပေ။ ချန်ချူက တဖြည်းဖြည်းထ၍ထိုင်လိုက်သော်လည်း သူ(မ)လက်တွင် လေးလံနေသည်ကိုသိလိုက်ရသည်။ ပြတင်းပေါက်မှတစ်ဆင့် အလင်းရောင်တို့ ဝင်ရောက်နေ၏။ ချန်ချူက ခေါင်းငုံ့ကြည့်လိုက်သည်။ ရှည်လျားသွယ်လျသည့်သူ(မ)လက်သူကြွယ်တွင် တလက်လက်တောက်ပနေသည့် စိန်လက်စွပ်တစ်ကွင်းရှိနေသည်ကို မြင်လိုက်ရသည်။ သူ(မ) အလွန်အံ့အားသင့်သွားပြီး
“ဒါကဘာလဲ။”
အခန်းတစ်ခုလုံး အလွန်တိတ်ဆိတ်နေ၏။ ကုမြောင်က သူ(မ)ကို အနောက်မှလှမ်းဖက်လိုက်ပြီး သတိထားနေသည့်အသံဖြင့်
“နင်မနေ့က ငါ့ကိုကတိပေးထားတယ်လေ။”
ပြတင်းပေါက်အပြင်ဘက်တွင် ငှက်များအော်မြည်နေကြသည်။ ချန်ချူက ရုန်း၍ လက်စွပ်ကိုချွတ်၏။ သူ(မ)ကိုဖက်ထားသည့်ကုမြောင်က သက်ပြင်းချလိုက်မိသည်။ ထို့နောက် ချန်ချူက
“ခြေလက်သွားဆေးလိုက်ဦးမယ်။ ငါကဘယ်လိုလုပ် ဒီလောက်လေးတဲ့စိန်လက်စွပ်ကို ဝတ်ထားနိုင်မှာလဲ။”
ကုမြောင်က နှုတ်ခမ်းကိုစေ့ထားပြီး မဝံ့မရဲနှင့်မေးလိုက်သည်။
“နောင်ကျရင်ရော ဝတ်ချင်မှာလား။”
ဆောင်းရာသီ၏နေရောင်မှာ နွေးထွေးနေ၏။ ချန်ချူက တစ်ဖက်သို့လှည့်လိုက်ပြီး သူ(မ)မျက်လုံးများထဲတွင် အလင်းရောင်အပြည့်ဖြင့်
“ငါပေးထားတဲ့ကတိကို ပြန်မဖျက်ပါဘူး။”
*****
Aurora Novel Translation Team