Chapter 68
နွေဦးသို့ရောက်လာသောအခါ Haishi မြို့တွင် ပန်းပွင့်ငယ်လေးများက လမ်းတစ်လျှောက် ပွင့်လန်းလာသည်။ ဘွဲ့ယူပြီးနောက် ချန်ချူက သူ(မ)၏ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကိုကျင်းပခဲ့သည်။ သူ(မ)မိသားစုနှင့် သူငယ်ချင်းများအတွက် လက်မှတ်များကိုချန်ထားရန် သူ(မ)၏လက်ထောက်ရှန်းရှန်းကို ညွှန်ကြားခဲ့လေသည်။
နွေဦးရာသီက ပြီးပြည့်စုံလှ၏။ ဖျော်ဖြေပွဲခန်းမထဲတွင် ကုမြောင်က ထင်ရှားနေသည့်ဝတ်စုံကိုဝတ်ကာ အထူးခြားဆုံးနေရာတွင်ထိုင်နေသည်။ စန္ဒရားတေးသံကလည်း လေနှင့်အတူမျောလွင့်နေ၏။ စင်ပေါ်တွင် အတောက်ပဆုံးဖြစ်နေသည့်မိန်းကလေးကိုငေးရင်း ကုမြောင်မျက်လုံးထဲတွင် အလင်းရောင်များထင်ဟပ်နေသည်။ ဖုရုန်းက သူ့ဘေးတွင်ထိုင်နေသောလူငယ်လေးကို အချိန်နှင့်အမျှလှည့်လှည့်ကြည့်နေပြီး သူ၏ပီတိဖြာနေမှုများကို ခံစားမိနေလေသည်။ ဖျော်ဖြေပွဲပြီးသွားသည့်အခါ သူ(မ)က
“သူ(မ)ရဲ့ဖျော်ဖြေပွဲကို ဘယ်လိုထင်လဲ။”
“အရမ်းကောင်းတယ်။”
ကုမြောင် ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ ဖုရုန်းက သူ့ကိုခေါင်းအစခြေအဆုံး စေ့စေ့စပ်စပ်ကြည့်လာသဖြင့် ကုမြောင်ခပ်လန့်လန့်ဖြစ်သွားရလေသည်။ ထို့ကြောင့် ကုမြောင်က လည်ချောင်းရှင်းကာ ယဥ်ကျေးစွာဖြင့်
“ဘာဖြစ်လို့လဲ မဒမ်။ ကျွန်တော်ဘာကူညီပေးရမလဲဗျ။”
ဖုရုန်းက ထူးဆန်းစွာပြုံးလိုက်ပြီး ခေါင်းရမ်းကာ
“ဘာမှမဟုတ်ပါဘူး။ ဒီတိုင်းသိချင်လို့ပါ။ မင်းကဘာအလုပ်လုပ်တာလဲ ကောင်လေး။”
ထိုအန်တီကြီးမှာ အနည်းငယ်ထူးဆန်းသည်ဟု ကုမြောင်ထင်လိုက်သော်လည်း ယဥ်ကျေးစွာသာ စကားပြန်ပြောလိုက်လေသည်။
“ကျွန်တော် Game Development ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။”
ဖုရုန်းက ခေါင်းညိတ်လိုက်သော်လည်း သူ(မ)ကျေနပ်သည်၊ မကျေနပ်သည်မှာ မရှင်းလင်းပေ။
“မင်းမှာ ကောင်မလေးရှိလား။”
“မိသားစုကရော ဘယ်သူတွေလဲ။”
ကုမြောင်က နှုတ်ခမ်းကိုစေ့ကာ နေရခက်ခက်ဖြင့်ပြန်ဖြေလိုက်သည်။
“မိသားစုမရှိပါဘူး။ ကျွန်တော်တစ်ယောက်တည်းပါ။”
ရုတ်တရက် ကျန်းရှင်းပြောပြသည့် အန်တီကြီးများနှင့် သူတို့၏ blind date ချိတ်ဆက်တတ်ခြင်းအကြောင်းကို ကုမြောင်သတိရသွားသည်။ ထိုအခါ သူ့နှလုံးခုန်သံတို့လျင်မြန်လာပြီး စကားတစ်ခွန်းကို ခပ်မြန်မြန်ဖြည့်စွက်လိုက်သည်။
“ကျွန်တော့်မှာ စေ့စပ်ထားတဲ့မိန်းကလေးတော့ရှိပါတယ်။”
ကုမြောင်ထင်ထားသည့်အတိုင်း ထိုစကားကိုကြားသည့်အခါ သူ့ရှေ့မှအန်တီကြီး၏ပြုံးနေသောမျက်နှာက ပျောက်ကွယ်သွားပြီး ကျန်စကားများထွက်မလာတော့ချေ။
ထိုအချိန်တွင် အခြားတစ်ဖက်မှချန်ချူကတော့ သူတို့ဖြစ်ပျက်နေသည့်ကိစ္စများကို မသိခဲ့။ ဖျော်ဖြေပွဲပြီးဆုံးသွားသည်နှင့် မီဒီယာအင်တာဗျူးများစွာကို ဖြေကြားရသည်။ မိတ်ကပ်ဖျက်၍ အဝတ်အစားလဲပြီးသည့်အချိန်တွင် ကောင်းကင်၏အမြင့်တစ်နေရာ၌ လကိုပင်မြင်တွေ့နေရလေပြီ။ message များကြောင့် သူ(မ)ဖုန်းမှာ ပေါက်ကွဲလုနီးပါးဖြစ်နေ၏။ အတန်းဖော်များနှင့် ဆရာ၊ဆရာမများက ဂုဏ်ပြုစာတိုများပို့ပေးကြခြင်းဖြစ်ပြီး သူ(မ)နှင့်မတွေ့တာကြာပြီဖြစ်သော လျိုချင်းချင်းထံမှ message လည်း ပါဝင်လေသည်။ သူတို့တစ်ယောက်ချင်းစီကို ချန်ချူ reply ပြန်ခဲ့သော်လည်း message တစ်စောင်ကိုဖတ်လိုက်သည့်အချိန်တွင် သူ(မ)အပြုံးတို့ ရပ်တန့်သွားခဲ့ရသည်။
“နင်ဘယ်တုန်းကစေ့စပ်လိုက်တာလဲ။ မနက်ဖြန်သူ့ကိုခေါ်လာပြီး အားလုံးရှင်းပြ။”
တရုတ်နှစ်သစ်ကူးအတွက် အိမ်ပြန်လာပြီးနောက် ဖုရုန်း၏ဒေါသများ ပျောက်ကွယ်သွားခဲ့သည်။ ထိုအဖြစ်အပျက်ကို သူ(မ)မေ့လျော့သွားသကဲ့သို့ ချန်ချူ့ကောင်လေးကိုခေါ်လာရန်အကြောင်းကိုလည်း မပြောတော့ချေ။
နွေဦးလေညင်းက နွေးထွေးညင်သာ၏။ ချန်ချူက ဂီတခန်းမနံဘေးမှ ကော်ဖီဆိုင်တွင်ထိုင်နေရင်း လက်တစ်စုံက စက္ကူခွက်တစ်ခုကို ရုတ်တရက် သူ(မ)ဆီသို့ကမ်းပေးလာသည်။
“Hot cocoa”
ကုမြောင်က သူ(မ)ကိုညင်သာစွာကြည့်လိုက်ပြီး
“ကော်ဖီသောက်ရင် နင်ညအိပ်မပျော်မှာစိုးလို့။”
ချန်ချူက Hot Cocoa ကို တစ်ငုံသောက်လိုက်ပြီး ညင်သာစွာဖြင့်
“ငါနင့်ကိုပြောစရာရှိတယ်။”
“အင်း။ ပြောလေ။ ဘာအကြောင်းလဲ။”
ချန်ချူက နှုတ်ခမ်းကိုစေ့ကာ
“ငါ့အမေက မနက်ဖြန်ကျရင် နင့်ကိုအိမ်ခေါ်လာစေချင်နေတယ်။”
“ငါ့ကို အိမ်-အိမ်ခေါ်လာစေချင်နေတယ်။ ဟုတ်လား။”
ကုမြောင်အသံမှာ တုန်ယင်သွားလေသည်။ ထို့နောက် သူကစိုးရိမ်ပူပန်စွာဖြင့်
“နင့်မိဘတွေက ဘာကြိုက်တတ်လဲ။ နင့်ကိုကြီးကရော ဘယ်လိုမျိုးမှကြိုက်တာလဲ။ သူတို့ငါ့ကို သဘောမကျရင် ဘယ်လိုလုပ်မလဲ။”
“နေပါဦး။”
ချန်ချူက စိတ်ပူပန်နေသည့်ကုမြောင်ကိုတားလိုက်ပြီး ညင်သာသောအသံဖြင့် နှစ်သိမ့်လိုက်သည်။
“ဘာမှစိတ်မပူနဲ့။ ငါ့အဖေနဲ့ ကိုကြီးက စကားပြောဖို့လွယ်တယ်။ ခက်တာက ငါ့အမေပဲ။”
ကုမြောင်ထိုင်ချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် လက်များတုန်ယင်နေခဲ့သည်။
“ငါဘာလုပ်ရမလဲ။”
“စိတ်မပူပါနဲ့။ ငါ့အမေက အိတ်တို့ လက်ဝတ်တန်ဆာတို့ဆိုကြိုက်တယ်။ မနက်ဖြန်ကျရင် ငါတို့နှစ်ယောက် သင့်တော်မဲ့ဟာလေးတွေ အတူတူသွားကြည့်ကြမယ်လေ။ စကားပြောတဲ့အချိန်ကျရင် သူ(မ)ပြောတဲ့အကြောင်းအရာနောက်ကနေ ဖြည်းဖြည်းချင်းလိုက်ပြောလိုက်။ အားလုံးအဆင်ပြေသွားလိမ့်မယ်။”
နွေဦးညချမ်းမှာ သက်သောင့်သက်သာရှိနေသော်လည်း ကုမြောင်တစ်ညလုံးအိပ်မပျော်ပေ။ အမှောင်ထုထဲတွင် ကောင်းကင်၌သာနေသောလကိုသာ ငေးကြည့်နေမိပြီး စိတ်မသက်မသာဖြစ်နေသည်။ ကုမြောင်တွင် မိသားစုလည်းမရှိသောကြောင့် လူကြီးများနှင့် ပြောဆိုဆက်ဆံသည့်အတွေ့အကြုံလည်း အလွန်နည်းပါးသည်။ အထီးကျန်ဆန်သည့်သူ့ဘဝတွင် ချန်ချူသည်သာ တစ်ခုတည်းသောအလင်းရောင်ဖြစ်ခဲ့သည်။ ထို့ကြောင့် ချန်ချူ့မိသားစုက သူ့ကိုမနှစ်သက်ဘဲ သူတို့ကိုခွဲပါက မည်သို့ဆက်ဖြစ်မည်ကို ကုမြောင်မတွေးရဲပေ။
ကုမြောင် သူ(မ)လက်ကိုတွဲကာ အေးချမ်းဆိတ်ငြိမ်သော Villa ထဲသို့ဝင်လာသော်လည်း သူ၏ပူပန်မှုများက မငြိမ်သက်သွားခဲ့ချေ။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ထိုသို့သောညမျိုးတွင် မိန်းကလေးတစ်ယောက်၏ဦးဆောင်မှုနောက်မှ ရှက်ကြောက်နေသည့်ခံစားချက်ဖြင့် ထိုနေရာသို့ဝင်လာခဲ့ဖူးသည်။ မီးအလင်းရောင်များက ကြမ်းပြင်ပေါ်တွင် အရောင်လက်နေ၏။ ဖုရုန်းက ထိုင်ခုံပေါ်တွင် ကျက်သရေရှိစွာထိုင်နေပြီး သူတို့ကိုနှုတ်ဆက်ခြင်းမရှိဘဲ တည့်တည့်သာကြည့်နေလေသည်။ သူ(မ)၏လေသံမှာလည်း အေးစက်စက်ပင်။
“မင်းရောက်လာပြီပဲ။”
ရုတ်တရက် ကုမြောင်အသက်ရှူသံတို့ ရပ်တန့်သွား၏။
‘ဒါ မနေ့ကငါတွေ့ခဲ့တဲ့အန်တီမဟုတ်လား။’
မနေ့ကသူပြောခဲ့သည့်အကြောင်းအရာများကိုပြန်တွေးကာ ကုမြောင် သူ့ကိုယ်သူ အပြစ်ပေးလိုက်ချင်နေသည်။ ကံကောင်းစွာဖြင့် ချန်ရို့ဟိုင်က သူတို့ဆီသို့လျင်မြန်စွာရောက်လာပြီး ကိစ္စများကိုချောမွေ့သွားစေခဲ့သည်။
“ရောက်ကြပြီလား။ သမီးတို့လာမယ်ဆိုလို့ သမီးအမေက အိမ်ထိန်းအန်တီကို အစောကြီးထဲက အစားအစာတွေပြင်ဆင်ခိုင်းထားတာ။”
“မင်္ဂလာပါ ဦးလေး။”
ကုမြောင်က လျင်မြန်စွာနှုတ်ဆက်လိုက်၏။
“ဟေး။ ဒီကောင်လေးကြည့်ရတာ တက်တက်ကြွကြွလေးပါလား။”
ချန်ရို့ဟိုင်က ကြင်နာစွာပြုံးပြ၏။
“ဘယ်မှာအလုပ်လုပ်တာလဲ။”
“ကျွန်တော် Chuangyu မှာ အလုပ်လုပ်ပါတယ်။”
ကုမြောင်က လေးစားစွာပြန်ဖြေလိုက်၏။
“ကုမြောင်က အရမ်းအထင်ကြီးဖို့ကောင်းတာ။ မနှစ်ကပဲ CTO ဖြစ်သွားပြီလေ။”
ချန်ချူက ထပ်မံဖြည့်စွက်ပေးလိုက်၏။
“Chuangyu လား။ မဆိုးဘူး မဆိုးဘူး။ လွန်ခဲ့တဲ့(၂)နှစ်ကမှ ဒီလောကထဲရောက်လာတာမဟုတ်လား။ ဒီလိုအသက်ငယ်ငယ်လေးနဲ့ CTO ဖြစ်လာတယ်ဆိုတော့ အနာဂတ်ကတော့ အံ့မခန်းပဲကွ။”
ချန်ရို့ဟိုင်က ချီးကျူးလိုက်သည်။ ထို့နောက် သူကခဏရပ်သွားပြီး သတိထားစွာဖြင့်
“ဟုတ်တယ်မလား ဖုရုန်း။”
ဖုရုန်းက အေးစက်စက်ဖြင့် ဘာစကားမျှမပြောခဲ့ချေ။ ချန်ယွယ်ကလည်း ကုမြောင်ကို သေသေချာချာလေ့လာနေပြီးမှ အသံနိမ့်နိမ့်ဖြင့်
“အရင်ဆုံး ညစာစားကြစားတာပေါ့။”
ယနေ့ပြင်ဆင်ထားသည့်ဟင်းလျာများမှာ အလွန်ခမ်းနား၏။ ချန်ရို့ဟိုင်က ကုမြောင်ယူလာပေးသည့်ဝိုင်ကိုဖွင့်ပြီး သဘောကျစွာသောက်လိုက်သည်။ ကုမြောင်က အေးအေးဆေးဆေးဖြင့် အခွံခွာထားသည့်ပုစွန်တချို့ကို ချန်ချူ့ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။ ထမင်းစားခန်းတစ်ခုလုံး တိတ်ဆိတ်နေသော်လည်း နေရခက်၍ ထူးဆန်းနေခြင်းမျိုးမရှိချေ။ ဖုရုန်းက စကားသိပ်မပြောဘဲ တိတ်တဆိတ်သာလေ့လာနေလေသည်။ ဟင်းလျာများအားလုံး ကုန်စင်သွားသည့်အခါ သူ(မ)မျက်နှာပေါ်တွင်ရှိနေသော မကျေနပ်မှုများလည်း တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
ညစာစားပြီးနောက် ကုမြောင်က ချန်ရို့ဟိုင်နှင့် ဂရုတစိုက်စကားပြောနေပြီး ဖုရုန်းက ဘေးမှတိတ်တဆိတ်နားထောင်နေခဲ့သည်။ ထိုအခါမှသာ ကုမြောင်တွင် မိသားစုမရှိကြောင်းနှင့် လက်ရှိအနေအထားသို့ရောက်ရန် မိမိကိုယ်ကိုယ်သာ ကြိုးစားရုန်းကန်ခဲ့ခြင်းဖြစ်ကြောင်း ဖုရုန်းနားလည်လာခဲ့သည်။ ဖုရုန်းမှာ ငယ်ငယ်ကတည်းက ချန်ရို့ဟိုင်နှင့်အတူ ချမ်းသာကြွယ်ဝစွာ ကြီးပြင်းလာခြင်းဖြစ်သည်။ ဘဝတစ်လျှောက်လုံးတွင်လည်း ယောက်ျားဖြစ်သူနှင့် သားဖြစ်သူက ပိုးမွေးသလိုမွေးထားခဲ့သဖြင့် သက်သောင့်သက်သာရှိခဲ့သည်။ သို့သော် ချန်ရို့ဟိုင်နှင့် ကုမြောင်တို့၏စကားဝိုင်းကိုနားထောင်ကြည့်သည့်အခါ အေးစက်နေသည့်သူ(မ)နှလုံးသားမှာ လုံးဝနူးညံ့သွားခဲ့လေသည်။
အပြင်ဘက်တွင် မိုးစက်များကျလာပြီး လေပြင်းတိုက်ခတ်လေရာ မြို့ကြီးကိုပင်လှုပ်ခါသွားစေလေသည်။ ကောင်းကင်က မှောင်မည်းနေ၏။ ပြန်ရတော့မည့်အချိန်ကျပြီဖြစ်ကြောင်း ကုမြောင်သိလေသည်။ သို့သော် ဖုရုန်းက
“အပြင်ဘက်မှာ မိုးအရမ်းသည်းနေတယ်။ ဒီညတော့ ဒီမှာပဲအိပ်လိုက်ပါလား။”
ကုမြောင် မှင်တက်သွားပြီး ထိုနေရာမှာပဲ တောင့်သွားကာ မည်သို့တုံ့ပြန်ရမည်မှန်း မသိတော့ချေ။ ချန်ချူ့ကိုလှမ်းကြည့်လိုက်သည့်အခါ ချန်ချူက သူ့ကိုခေါင်းညိတ်ပြလေသည်။
“ကျေးဇူးတင်ပါတယ် အန်တီ။”
ကုမြောင် သတိထား၍ပြန်ပြောလိုက်သည်။
ညဘက်တွင် Villa ၌ တိတ်ဆိတ်နေ၏။ အပြင်ဘက်မှမိုးကလည်း တဖြည်းဖြည်းဆဲလာပြီး ပြတင်းပေါက်တွင် မိုးစက်များစင်နေလေသည်။ ဧည့်သည်အိပ်ခန်းထဲတွင် ကုမြောင်လှဲလျောင်းနေရင်း သူ့နှလုံးသားကလည်း အေးဆေးငြိမ်သက်နေသည်။ ထိုအချိန်တွင် ဖုန်းက vibrate မြည်လာ၏။ ချန်ချူ့ထံမှ message ရောက်လာခြင်းဖြစ်သည်။
“အိပ်နေပြီလား မြောင်ကော။”
“မအိပ်ပါဘူး။”
ကုမြောင် လျင်မြန်စွာစာပြန်လိုက်သော်လည်း အခြားတစ်ဖက်မှာ စာမပြန်လာတော့ပေ။ အခန်းတစ်ခုလုံးတိတ်ဆိတ်သွားသည့်အချိန်တွင် တံခါးက တဖြည်းဖြည်းပွင့်လာသဖြင့် ကုမြောင်ချက်ချင်းထထိုင်လိုက်သည်။
“ချူချူလား။ ဘယ်လိုလုပ်ပြီးရောက်လာတာလဲ။”
ပြတင်းပေါက်အပြင်ဘက်တွင် လသာနေ၏။ ချန်ချူက လက်ညှိုးနှင့်နှုတ်ခမ်းကိုကပ်ကာ ကုမြောင်ကို တိတ်တိတ်နေရန်သတိပေးလိုက်သည်။ ချန်ချူက ကြောင်ငယ်လေးကဲ့သို့ တိတ်တဆိတ်ဝင်လာပြီး သူ့အိပ်ရာပေါ်မှစောင်ထဲသို့ဝင်လိုက်တော့သည်။ ထို့နောက် သူ့ကိုတင်းကျပ်စွာဖက်ထားပြီး ကြောင်တစ်ကောင်ကဲ့သို့ ချွဲနေလေသည်။
ညအမှောင်ထဲတွင် ချန်ချူ့အသံက ပျားရည်ကဲ့သို့ချိုသာနေ၏။
“နင့်ကိုအဖော်လုပ်ပေးဖို့လာတာလေ။ ဒီနေ့ အတော်လေးစိတ်ပူနေမှာပဲဆိုပြီး။ အေးအေးဆေးဆေးနားလို့ရအောင် ကူညီပေးချင်လို့။”
ထိုသို့ပြောပြီးနောက် သူ(မ)က ကုမြောင်လည်ပင်းကိုဖက်ကာ သူ့ကိုနမ်းလိုက်လေသည်။ ကုမြောင်ကလည်း သူ(မ)ကိုပြန်နမ်းလိုက်၏။ ယခုတလောတွင် ဖျော်ဖြေပွဲအတွက်ပြင်ဆင်နေရခြင်းကြောင့် အလုပ်များနေသဖြင့် မတွေ့ဖြစ်ခဲ့ကြချေ။ ယခုမှသေသေချာချာပြန်တွေ့ရခြင်းဖြစ်သောကြောင့် ဖုံးကွယ်ထားသည့်ခံစားချက်များ ပျံ့နှံ့လာလေသည်။
“မရဘူး ချူချူ။”
ကုမြောင်က ရုတ်တရက်ရပ်လိုက်ပြီး အသံတိုးတိုးဖြင့်
“ဒါက နင့်အိမ်ကြီးမှာလေ။”
လရောင်က အခန်းထဲတွင်ဖြာကျနေ၏။ ကုမြောင်နဖူးပေါ်မှချွေးများနှင့် လည်ပင်းပေါ်မှသွေးကြောတို့ကို ချန်ချူ သေသေချာချာမြင်နေရသည်။ သူက အံကိုကြိတ်ကာ စိတ်ထိန်းထားပြီး ရှေ့ဆက်မတိုးရဲပေ။
“ရတယ်။ တိတ်တိတ်လေးပေါ့။”
ချန်ချူက တိုးတိုးလေးပြောလိုက်သည်။ ကုမြောင်က မျက်မှောင်ကြုတ်ကာ သူ၏မျက်လုံးနီများကိုမှိတ်ထားလိုက်ပြီး
“ငါ ကွန်ဒုံးမယူလာမိဘူး။”
ချန်ချူက အနည်းငယ် အဆင်မပြေဖြစ်သွားပြီး
“ဘာလို့မယူလာတာလဲ။”
ကုမြောင်က သူ(မ)အနားသို့ကပ်ကာ သူ(မ)မျက်လုံးကိုနမ်းလိုက်ပြီး ညင်သာစွာတောင်းပန်လိုက်၏။
“ငါတောင်းပန်ပါတယ်။”
ချန်ချူက စိတ်ပျက်လက်ပျက်နှင့် သူ့မျက်နှာကိုဆွဲဆိတ်လိုက်သော်လည်း သူ၏ ချွေးထွက်နေသောမျက်နှာမှာ နီမြန်း၍ ဆွဲဆောင်မှုရှိနေသည်။ လရောင်ကလည်း အလွန်ညင်သာနေ၏။ ကုမြောင်က သူ့ရင်ခွင်ထဲမှမိန်းကလေးကို ငုံ့ကြည့်လိုက်သည်။ သူ(မ)က အနည်းငယ်မောဟိုက်နေပြီး နှာခေါင်းပေါ်တွင် ချွေးစတချို့တင်နေကာ မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများကလည်း လေးလံနေသည်။ ကုမြောင် တံတွေးမျိုချလိုက်ပြီး သူ(မ)မျက်နှာကိုပွတ်သပ်ကာ
“ချူချူ။”
သူ့လက်ဖဝါးတွင် အသားမာများရှိနေသောကြောင့် ချန်ချူ့ပါးပြင်နှင့်ထိတွေ့သည့်အခါ အနည်းငယ်တစ်မျိုးဖြစ်သွားသည်။ ချန်ချူက အသံတိုးတိုးဖြင့်
“ဘာဖြစ်လို့လဲ။”
သူ(မ) မည်သို့မျှမတုံ့ပြန်လိုက်နိုင်ခင်တွင် ကုမြောင်က သူ(မ)ကို စောင်ထဲသို့ဆွဲနှစ်လိုက်ပြီဖြစ်သည်။ ကုမြောင်က သူ(မ)၏ ညအိပ်ဝတ်စုံအနားစကို မ,တင်လိုက်ပြီး အောက်သို့ဝင်သွားသည့်အခါ သူ(မ)မတားလိုက်နိုင်ခင်တွင် သာယာမှုတစ်ခုက သူ(မ)ခန္ဓာကိုယ်တစ်လျှောက်လုံးကို စီးဆင်းသွားတော့သည်။ လေထုထဲတွင် အပူချိန်မြင့်တက်နေ၏။ ခံစားချက်မှာ ထူးဆန်း၍ စိတ်လှုပ်ရှားစရာကောင်းနေသော်လည်း ချန်ချူ အသံမထွက်ရဲပေ။ သူ(မ) နှုတ်ခမ်းကိုကိုက်ကာ အသက်ကိုဖြည်းဖြည်းရှူနေသော်လည်း တွန့်လိမ်လာသည့်ခြေထောက်တွန်းအားကြောင့် သူ(မ)အောက်မှအိပ်ရာခင်းတို့ ရှုပ်ပွကုန်တော့သည်။ အပြင်ဘက်မှမိုးကလည်း တဖြည်းဖြည်းတိတ်လာ၏။ ချန်ချူက ချွေးများပြန်ကာ အိပ်ရာပေါ်တွင်လှဲလျောင်းနေပြီး မျက်လုံးများကလည်း တွေဝေနေသည်။ ဥယျာဥ်မှ မှိန်ဖျဖျအလင်းရောင်ကိုမြင်နေရ၏။ ချန်ချူ၏ရင်ဘက်မှာ နိမ့်ချည်မြင့်ချည်နှင့် ခြေလက်များကလည်း လျှပ်စီးကူးနေသကဲ့သို့ တကြွကြွဖြစ်နေသည်။ ကုမြောင်က စောင်ထဲမှတွားသွား၍ အပေါ်တက်လာသည့်အခါ သူ့မျက်နှာတွင်ချွေးပြန်နေပြီး နှုတ်ခမ်းတွင်မူ စိုစွတ်ကာ အရောင်လက်နေသည်။
“ချူချူ။ နေရမခက်ဘူးမလား။”
ကုမြောင်က ချန်ချူ့မျက်နှာကိုကိုင်ကာ အသက်ပြင်းပြင်းရှူရင်းမေးလိုက်သည်။ ချန်ချူ့မျက်နှာမှာ နီရဲလာပြီး ရှက်စိတ်ကိုဖုံးကွယ်ကာ ခေါင်းသာညိတ်ပြလိုက်လေသည်။
“နေရမခက်လို့တော်ပါသေးတယ်။”
ကုမြောင်က tissue လှမ်းယူလိုက်ပြီး
“ငါသုတ်ပေးမယ်။”
“မလုပ်နဲ့။”
ချန်ချူက သူ့ကိုမကြည့်နိုင်တော့လောက်သည်အထိ ရှက်သွားပြီး အိပ်ရာပေါ်မှပြေးဆင်းကာ
“ငါ့အခန်းငါပြန်တော့မယ်။ နင်လည်း စောစောအိပ်တော့။”
ကြမ်းပြင်တွင် ကော်ဇောခင်းထားသောကြောင့် နာကျင်မှုမရှိသော်လည်း သူ(မ)ခြေထောက်များမှာ အားနည်း၍ ကိုက်ခဲနေသည်။ ကုမြောင်က ကူညီပေးရန်လှမ်းလိုက်သော်လည်း သူ(မ)က သူ့ကိုရှောင်ခဲ့လေသည်။
အခန်းတစ်ခုလုံးတိတ်ဆိတ်သွား၏။ ကုမြောင်က နီရဲနေသည့်သူ့နားရွက်ကိုကိုင်ကြည့်လိုက်ပြီး ပေါက်ကွဲလုနီးပါးဖြစ်နေသော နှလုံးခုန်သံကိုသတိပြုမိလိုက်သည်။ အချိန်အတော်ကြာမှသာ သူ မျက်လုံးမှိတ်၍ အိပ်ပျော်သွားလေတော့သည်။
နောက်တစ်နေ့နံနက်တွင် alarm သံကြောင့် ကုမြောင်နိုးလာ၏။ ချန်ချူ့အိမ်တွင် ပထမဆုံးလာအိပ်ဖူးခြင်းဖြစ်သောကြောင့် နောက်ကျမှထသည်ဟူ၍ impression မ down ရစေရန် alarm ကို (၆)နာရီခွဲပေးထားခဲ့သည်။ ကုမြောင်၏ခြေလှမ်းများက ပေါ့ပါးနေရာ သစ်သားကြမ်းပြင်တွင်ပင် ခြေသံမကြားရချေ။ အပြင်ဘက်တွင် ကောင်းကင်ကအနည်းငယ်မှောင်နေသေးသော်လည်း ပထမထပ်ထမင်းစားခန်းတွင်မူ အလင်းရောင်တစ်ခုလင်းနေပြီဖြစ်သည်။ ကုမြောင် အိပ်ရာထနောက်ကျပြီဟုထင်ကာ အနည်းငယ်နောင်တရသွား၏။ အောက်ထပ်သို့ဆင်းမည့်အချိန်တွင် ချန်ရို့ဟိုင်၏အသံကိုကြားလိုက်ရသည်။
“ကုမြောင်ဆိုတဲ့ကလေးကို မင်းဘယ်လိုထင်လဲ။”
အခန်းထဲတွင် အိုးခွက်ပန်းကန်တို့၏အသံကိုလည်း ကြားနေရသည်။
“အဆင်ပြေသလိုပါပဲ။”
ဖုရုန်းက တည်ငြိမ်သောအသံဖြင့်ပြန်ပြောလိုက်၏။ ထိုစကားကိုလှမ်းကြားလိုက်သဖြင့် ကုမြောင်၏လက်ဖျားများ တုန်ယင်လာပြီး ကြောက်စိတ်တစ်ခုဝင်သွားလေသည်။ ပြတင်းပေါက်အပြင်ဘက်တွင် ကောင်းကင်က တဖြည်းဖြည်းလင်းလာ၏။ ဖုရုန်း၏အသံနှင့်အတူ ခြေသံတချို့ကိုလည်း သူကြားလိုက်လေသည်။
“ဘာလို့ဒီနေ့ ဂဏန်းစွပ်ပြုတ်လုပ်မှာလဲ။ သွားပြန်လဲလိုက်။”
ဖုရုန်းကပြောလိုက်သည်။ ထိုအခါ အန်တီတစ်ယောက်၏အသံက ပူပန်စွာဖြင့်
“မဒမ်က ဂဏန်းစွပ်ပြုတ်ကြိုက်တာမဟုတ်ဘူးလား။”
ဖုရုန်းက တစ်ခဏတိတ်ဆိတ်သွားပြီးမှ စကားကိုခပ်ဖြည်းဖြည်းပြန်ပြောလိုက်သည်။
“ကောင်လေးက ဂဏန်းနဲ့ allergic ရှိတယ်လို့ ချူချူပြောတာကြားတယ်။ အဲ့ဒါကြောင့် ဂဏန်းစွပ်ပြုတ်မလုပ်တော့ဘဲ ဝက်သားပေါက်စီပဲလုပ်လိုက်။”
မနေ့ညကမိုးရွာသော်လည်း ယနေ့တွင် လှပစွာနေသာလေသည်။ မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ကုမြောင်၏ခြေထောက်ပေါ်သို့ဖြာကျနေသည်။ ကုမြောင်က ထိုနေရာတွင်သာရပ်နေပြီး ရုတ်တရက် သူ့ဝမ်းကွဲအစ်ကိုနှင့် ဒေါ်လေးတို့၏ အေးစက်သောစကားလုံးများကိုကြားခဲ့ရသည့်အချိန်ကို ပြန်သတိရသွားသည်။
အပြင်ဘက်တွင် ငှက်များအော်မြည်နေကြ၏။
ချန်ရို့ဟိုင်က
“မင်းကတော့ ပါးစပ်ကနေသာ ကောင်းကောင်းမပြောတာ။ တကယ်တမ်းကျ ကြင်နာတတ်တဲ့သူပဲ။”
ဖုရုန်းက ညင်သာစွာသဘောတူလိုက်လေသည်။ ချန်ရို့ဟိုင်က ဆက်၍
“ကလေးက မဆိုးပါဘူး။ သူများကို အမြဲတမ်းနေရခက်အောင်လုပ်မနေနဲ့။ ကြားလား။”
ထိုအခိုက်အတန့်တွင် ကုမြောင်လက်ဖျားများ တုန်ယင်ကာ မျက်လုံးများဝိုင်းစက်သွားသည်။ နေရောင်ခြည်မှာ နွေးထွေးနေပြီး ငှက်များ၏တေးသံနှင့်ပေါင်းစပ်လိုက်သည့်အခါ အေးစက်မှုတို့ပျောက်ကွယ်သွားလေသည်။ ကုမြောင် အသက်ကိုမှန်မှန်ရှူလိုက်သဖြင့် နှလုံးခုန်သံတို့ တဖြည်းဖြည်းငြိမ်သက်သွားသည်။
ထိုနေရာတစ်ခုလုံးတိတ်ဆိတ်နေ၏။ ဖုရုန်း၏အသံက တဖြည်းဖြည်း ပို၍ညင်သာလာသည်။
“သိပါတယ်။ မကြာခင် မိသားစုတွေဖြစ်လာတော့မှာပဲကို။”
မိုးရွာပြီးနောက် ကောင်းကင်တွင် နေရောင်ခြည်၏အနှစ်သာရတို့ ပြည့်နှက်နေသည်။ ကုမြောင်မျက်လုံးထဲတွင် နွေးထွေးမှုအရိပ်အယောင်တို့ဖြတ်သန်းသွား၏။ ကုမြောင်ငယ်စဥ်က လောကကြီး၏စွန့်ပစ်မှုကိုခံရပြီး တစ်ခါတစ်ရံတွင် သူချစ်ရသူများကိုခေါ်ဆောင်သွားတတ်သဖြင့် အမြဲအထီးကျန်ခဲ့ရသည်။ အချိန်အတော်ကြာ ဖြတ်သန်းပြီးမှသာ တောက်ပသည့်လရောင်တစ်ခုက သူ၏မှောင်မည်းနေသောနှလုံးသားကို အလင်းရောင်ပြပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ကုမြောင် ကြယ်လေးတစ်ပွင့်ဖြစ်ချင်လာပြီး လမင်းကိုအဖော်ပြုရင်း ရှင်သန်ချင်လာခဲ့သည်။
ကမ်းရိုးတန်းမြို့မှဆောင်းရာသီက ညင်သာ၏။ လှေကားပေါ်တွင်ရပ်နေရင်း မီးလင်းနေသည့်အခန်းကိုငေးကြည့်ကာ ကုမြောင်တဖြည်းဖြည်းနားလည်လာသည်။ နတ်ဘုရားက မည်သူ့ကိုမျှပစ်မထားခဲ့ဘူးဆိုတာကိုပင်။ နှစ်ကာလများကုန်ဆုံးသွားသည်နှင့် ကုမြောင်က လမင်းနှင့်အနီးကပ်ဆုံးသော ကြယ်လေးတစ်ပွင့်ဖြစ်လာပြီး သူဆုံးရှုံးခဲ့ရသောအရာများအားလုံးကို အခြားတစ်နည်းဖြင့် ပြန်လည်ရရှိလိုက်ပေသည်။
*****
Aurora Novel Translation Team