18+

The Story is Not Over Yet

4.8
Your Rating
The Story is Not Over Yet 4.8 (6)
0.9K
Comments
27 Users bookmarked This

ပျော်ရွှင်စရာအဆုံးသတ်လို့ထင်ထားတဲ့ ငါ့ဇာတ်လမ်းရဲ့အဆုံးသတ်ဟာ ပျက်စီးသွားရတယ်။

“ငါတို့ ကွာရှင်းကြရအောင်”

တခြားအမျိုးသမီးတစ်ဦးကို ချစ်မြတ်နိုးနေတဲ့ ငါ့ယောက််ျားဟာ ငါ့ကို သနားစရာကောင်းအောင်နင်းခြေပစ်ခဲ့တယ်။

ပြိုလဲပြီး သေခြင်းတရားကိုရွေးချယ်ခဲ့တဲ့ ငါ့ရှေ့မှာ ခရမ်းရောင်မျက်ဝန်းတောက်တောက်တွေနဲ့ နယ်စားမင်းဖီရီရယ်ဆိုတဲ့နတ်ဆိုးတစ်ကောင်ပေါ်လာတယ်။

“မင်း ငါနဲ့စာချုပ်ချုပ်မလား။ မင်းလိုချင်တာမှန်သမျှ ငါဘာမဆိုပေးမယ်”

“ရှင်က ဘယ်သူလဲ”

“ငါကနတ်ဆိုးပဲ”

နီစွေးစွေးနှုတ်ခမ်းတွေက ပြုံးလာပြီးတဲ့နောက် နတ်ဆိုးတစ်ကောင်အလား ချိုမြိန်စွာတီးတိုးစကားဆိုလာတယ်။

“အပြန်အလှန်အနေနဲ့ မင်းရဲ့ညတိုင်းကို သိမ်းပိုက်ဖို့အတွက် ဒီလိုအချိန်တိုင်းမှာ ပြတင်းပေါက်ကနေဝင်လာခဲ့မယ်။ ဒါက ငါတို့စာချုပ်ထဲမှာပါတဲ့အပေးအယူပဲ”

ငါ့ကို ဒီလိုမျိုးလုပ်ခဲ့တဲ့လူတွေရဲ့ဘဝကိုသာ နင်းခြေပစ်နိုင်မယ်ဆိုရင် ငါ့ခန္ဓာနဲ့စိတ်ဝိညာဉ်ကို နတ်ဆိုးဆီရောင်းစားပစ်လိုက်ရရင်လည်း ဘာမှမဖြစ်ဘူး။

“ဒီခန္ဓာကိုယ်မှာထွင်းထားတဲ့ အနီရောင်အမှတ်အသားက မင်းကို ငါပိုင်တယ်ဆိုတဲ့သက်သေပဲ”

Genre(s)
Tags(s)