Part-1
ဒီဇာတ်လမ်းက မပြီးသေးဘူး
(အပိုင်း ၁)
********
မူရင်း စာရေးသူ – 정으뜸
ဘာသာပြန် – Carmen
Editor – Aurelia
*****
“……ဟား”
သည်းမခံနိုင်တဲ့ညည်းညူသံတစ်သံ သူ(မ)ရဲ့ နှုတ်ခမ်းလွှာကြားက လွတ်ထွက်သွားတယ်။ သူ့ရဲ့အေးစက်စက်အထိအတွေ့က သူ(မ)ရဲ့ရင်ဘတ်ကို ထိတွေ့ပွတ်တိုက်သွားရုံလေးဆိုပေမဲ့ အက်ဇလာမှာ ခံနိုင်ရည်ကမရှိ။
တစ်စုံတစ်ယောက်ရဲ့လက်က သူ(မ)ရဲ့ခန္ဓာကိုယ်ကိုထိတွေ့မိတာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပေမဲ့ သူနဲ့အတူဖြတ်သန်းရတဲ့ အခုလိုအချိန်တိုင်းဟာ အက်ဇလာ့အတွက် အမြဲသစ်လွင်နေတော့တာလေ။
“ရှီး..”
ဇာဂက်ဆီက တိုးညင်းတဲ့ညည်းညူသံတစ်ခု ထွက်လာပြီးတဲ့နောက်မှာ သူ့နှုတ်ခမ်းအစုံနဲ့ အက်ဇလာ့ရဲ့လည်ပင်းပေါ်ကို ဖိနမ်းပစ်လိုက်တယ်။ သူ့နှုတ်ခမ်းသားတွေက ပူနွေးနေပြီး အဲဒီပူနွေးနွေးနှုတ်ခမ်းလွှာတွေက သူ(မ)ရဲ့လည်တိုင်ကို ပြင်းပြင်းထန်ထန်စုပ်ယူနမ်းရှိုက်နေတယ်။
နောက်တော့ သူဟာ အက်ဇလာ့ရဲ့ရင်ဘတ်ပေါ်ကို မြွေတစ်ကောင်လိုလျှောဆင်းသွားတယ်။ မသေးလွန်းမကြီးလွန်းဘဲ သစ်သီးမှည့်တစ်လုံးနဲ့တူတဲ့ သူ(မ)ရဲ့ရင်သားတွေကို ဇာဂက် ငုံထွေးပစ်လိုက်တယ်။ အက်ဇလာလည်း သူ(မ)ရဲ့ရင်ဘတ် တောင့်တင်းလာတာကိုခံစားလိုက်ရပြီး ခေါင်းကို နောက်လှန်ချလိုက်မိတယ်။
ဒီအထိအတွေ့ကို သူ(မ)ခန္ဓာကိုယ်က တုံ့ပြန်မှာမဟုတ်ဘူးလို့ထင်ထားတာ အသိသာချည်းပါ။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို သူ(မ)ခေါင်းထဲ ဗလာကျင်းသွားပြီး ဘာကိုမှရေရေရာရာမတွေးနိုင်တော့ဘူး။
အက်ဇလာ သူ(မ)ရဲ့အောက်နှုတ်ခမ်းကို ပြင်းပြင်းထန်ထန်ကိုက်ထားလိုက်မိတယ်။ တကယ်လို့သာ နှုတ်ခမ်းကိုမကိုက်ထားမိရင် ကိုယ်တိုင်တောင်သတိမထားလိုက်မိဘဲ သူ့ကိုလိုချင်တယ်လို့ထုတ်ပြောမိလောက်လေရဲ့။
သူ(မ)ရဲ့နီစွေးစွေးခန္ဓာကိုယ်က ပိုမိုပြင်းထန်တဲ့လှုံ့ဆော်မှုကို လိုလားတောင့်တနေတယ်။ ဇာဂက်က သူ(မ)ရဲ့အောက်ဘက်ဆီကို လျှောဆင်းသွားချိန်မှာ အက်ဇလာကလည်း သူ့အနက်ရောင်ဆံပင်တွေကို ဆွဲဆုပ်ထားလိုက်မိတော့တာပေါ့။
“ဟာ့… ဇာ.. ဇာဂက်..”
ငိုရှိုက်သံတွေနဲ့ ညည်းညူသံတွေက ရှက်ရွံ့စိတ်တို့ကင်းမဲ့နေတယ်။ အက်ဇလာ ဇာဂက်ကို လိုချင်နေတယ်။ ဒါပေမဲ့ သူကတော့ အေးအေးလူလူသာ။
သူ့လက်ချောင်းရှည်တွေက သူ(မ)ရဲ့ရင်ဘတ်ကနေ ဆင်းသက်လာပြီး ချက်ပေါ်ကို ပွတ်တိုက်သွားပြီးတဲ့နောက် ခါးနှစ်ဖက်ကိုပါပွတ်သပ်ရင်း တင်ပါးတွေကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်တယ်။
ဒီလိုဆုပ်ကိုင်ထားလိုက်မိချိန်မှာ သူ(မ) အသည်းအသန်ကွေးကုပ်ထားမိတဲ့ခြေချောင်းတွေ အားအင်အလုံးစုံဆုတ်ယုတ်သွားသလို ခံစားလိုက်ရတယ်။ ဇာဂက်ကလည်း အဲ့ဒီအခိုက်အတန့်လေးကို လက်လွတ်မခံဘဲ ပွင့်ဟသွားတဲ့ အက်ဇလာ့ရဲ့ခြေထောက်ကြားကို လက်တစ်ဖက်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာတယ်။
“အက်ဇလာ……”
ပုံမှန်ဆိုရင် ကလေးဆန်ပြီး နောက်ပြောင်တတ်တဲ့ ဇာဂက်ရဲ့အသွင်အပြင်က ညဘက်အချိန်အခါမျိုးမှာတော့ ဒီလိုလူကြီးဆန်နေတတ်တယ်။ သူက တိုးဖွဖွအသက်ရှူသံမျိုးနဲ့ အက်ဇလာရဲ့နာမည်ကို ညင်ညင်သာသာခေါ်ညည်းလိုက်တယ်။ သူ့ရဲ့ခရမ်းရင့်ရောင်မျက်ဝန်းအစုံက ရီဝေထွေလီနေတဲ့အကြည့်မျိုးနဲ့ အက်ဇလာ့ကိုကြည့်လာပြီးတဲ့နောက် သူ(မ)ရဲ့ခြေထောက်တွေကြားကို အကြည့်ရောက်သွားလေတယ်။
သူ့ရဲ့ရှည်သွယ်သွယ်လက်ချောင်းတွေက အက်ဇလာရဲ့အတွင်းပိုင်းထဲကို ညင်ညင်သာသာထိုးဖောက်ဝင်ရောက်လာတယ်။ အမြဲလိုလို အေးစက်နေတတ်တယ်လို့ သူ(မ)ခံစားခဲ့ဖူးတဲ့ ဇာဂက်ရဲ့လက်ချောင်းတွေက ပူနွေးနေတယ်။
သူ့လက်ချောင်းတွေက သူ(မ)ရဲ့အတွင်းသားထဲကို ညင်ညင်သာသာမွှေနှောက်လှုပ်ရှားလာချိန်မှာတော့ အက်ဇလာလည်း အိပ်ရာခင်းကိုဆုပ်ကိုင်ထားပြီး တင်းတင်းဆွဲဆုပ်ထားလိုက်မိတာများ အသိစိတ်လွတ်ထွက်သွားတော့မတတ်ပါပဲ။
အခုဆိုရင် သူ(မ)မှာ မျက်လုံးတွေဖွင့်ထားလား ပိတ်ထားလားဆိုတာတောင် မပြောတတ်တော့ပါဘူး။ ဒီနေရာက သူ(မ)ရဲ့အိပ်ခန်းပဲဖြစ်ရမယ်။ ဒါပေမဲ့ မျက်နှာကြက်ကနေ လနဲ့ကြယ်တွေကိုတောင် မြင်နေရတယ်။ နူးညံ့တဲ့ရှိုက်သံနဲ့ပွတ်တိုက်သံတွေက အိပ်ခန်းထဲမှာပျံ့လွင့်နေပြီး တစ်ခန်းလုံးလည်း မောဟိုက်နေတဲ့ညည်းညူသံတွေနဲ့ ပြည့်နှက်နေလေရဲ့။
“ဇာ… ဇာဂက် …… ကျေးဇူးပြုပြီး ဟားးးးးး ”
အက်ဇလာလည်း သတိလက်လွတ်နဲ့ ခါးကိုအပေါ်ကော့ပေးလိုက်မိပြီး သူ့နာမည်ကိုအော်ခေါ်လိုက်တယ်။ ပူလောင်ပြင်းပြနေတဲ့ သူ(မ)ရဲ့ခန္ဓာကိုယ်ကိုလက်ချောင်းလေးတွေသုံးရုံနဲ့တင် စိတ်ကျေနပ်မှုပေးဖို့ဆိုတာ သိပ်ခက်ခဲပါတယ်။ အက်ဇလာ ဒီလိုဖြစ်နေတဲ့ပုံစံကို မြင်နေရတဲ့ဇာဂက်က ထပ်ပြီးသည်းမခံနိုင်တော့တဲ့ပုံနဲ့ ဆဲရေးလာတယ်။
နောက်တော့ သူက လက်ချောင်းတွေကို ဂရုတစိုက်ဆွဲထုတ်ပြီး ဘောင်းဘီရှည်ကို အမြန်ချွတ်ချလိုက်တယ်။ အက်ဇလာခမျာ ရီဝေဝေအကြည့်တွေကြားကနေ သူ့ပစ္စည်းကြီးက သိသိသာသာထောင်မတ်နေတာကို မြင်လိုက်ရတယ်။ဇာဂက်က အက်ဇလာကို ခါးကနေဆွဲကိုင်ရင်း သူ့အနားကို နီးနီးကပ်ကပ်ဆောင့်ဆွဲလိုက်ပြီး သူ့အရာကို သူ(မ)ရဲ့အတွင်းသားထဲ ကျပ်ကျပ်တည်းတည်းထိုးထည့်လိုက်တယ်။
“ဟား.. အက်ဇလာ”
ပူနွေးနွေးယောက်ျားဂုဏ်အင်တစ်ခုက သူ(မ)ထဲကိုတိုးဝင်လာရင်း သူ့အပေါ်ပိုင်းခန္ဓာကိုယ်ကလည်း သူမပေါ်ကို ပိကျလာပြီး သူ(မ)ရဲ့နာမည်ကိုလည်း ညည်းနေသေးတယ်။ အက်ဇလာရဲ့နဖူးမှာတော့ ချွေးသီးချွေးပေါက်တွေတောင် ထွက်နေရှာပြီ။ အက်ဇလာက ဇာဂက်ကို သူ(မ)ရဲ့ခြေထောက်နှစ်ချောင်းနဲ့ တင်းတင်းကျပ်ကျပ်ရစ်ပတ်ထားလိုက်တာများ အတွင်းပိုင်းကလာတဲ့ ပြည့်ကျပ်နေတဲ့ပူနွေးမှုတစ်ခု လွတ်ထွက်သွားမှာကိုစိုးနေသလိုမျိုးပါပဲ။
“မင်း အဲဒီလိုညှစ်ထားမယ်ဆိုရင်….ဟား..”
အဲ့ဒါ နှိုးဆွမှုတစ်ခုလိုပါပဲ။ ဇာဂက်က ညင်သာစွာလှုပ်ရှားနေတဲ့ ထိန်းချုပ်မှုကနေ လွတ်ထွက်သွားပြီး အက်ဇလာရဲ့ခါးကိုထိန်းကိုင်ထားရင်း ပြင်းပြင်းထန်ထန်ဆောင့်နေတော့တယ်။
ဇာဂက်ရဲ့လှုပ်ရှားနေတဲ့ဆံပင်တွေဆီကနေ စီးကျလာတဲ့ချွေးစက်တွေက အက်ဇလာရဲ့ရင်ဘတ်နဲ့ဗိုက်ပေါ်ကို ကျဆင်းလာခဲ့တယ်။
တုတ်ခိုင်လှတဲ့ သူ့အသားချောင်းကြီးက ဝင်ချည်ထွက်ချည်နဲ့ သူ(မ)ရဲ့အတွင်းထဲကို ကုတ်ခြစ်နေတာကြောင့် အက်ဇလာခမျာ အသိစိတ်တောင်ခပ်ယဲ့ယဲ့။ ယမ်းခါနေမိတဲ့ခေါင်းထဲမှာလည်း အတွေးတစ်မျှင်တောင်ရှိမနေပါဘူး။
သူ ဘယ်သူလဲဆိုတာအရေးမကြီးဘူး။ သူ(မ)အနေနဲ့တော့ သူ့ရင်ခွင်ထဲမှာ ဒီလိုမျိုးလေးပဲဆက်ပြီး ရက်နည်းနည်းကြာတဲ့အထိ နေချင်မိတော့တယ်။
“နောက်ထပ်ထပ်ပြီး……”
ပွင့်ဟနေတဲ့နှုတ်ခမ်းလွှာတွေကနေ ဘာစကားတွေထွက်လာမှန်းတောင် သူ(မ)သိတော့ပါဘူး။ အက်ဇလာရဲ့ဖျစ်ညှစ်မှုတွေကြားမှာ ဇာဂက်တစ်ယောက် သူ(မ)ရဲ့အတွင်းသားထဲကို ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ခပ်ကြမ်းကြမ်းလေးထိုးသွင်းပစ်လိုက်တယ်။
သူ့ပစ္စည်းကြီးကလည်း အထဲမှာ ပိုပိုပြီးကြီးမားလာသလိုခံစားလိုက်ရတယ်။ ဒီလိုနဲ့ပဲ သူ(မ)ရဲ့အတွင်းသားတွေများ ပြဲကွဲထွက်သွားလေမလားလို့တောင် တွေးလိုက်မိပေမဲ့လည်း စိတ်တော့မပူမိဘူး။
သာယာခြင်းရဲ့ချိုမြိန်မှုက အဲဒီလိုစိုးရိမ်မှုမျိုးထက် ပိုပြင်းထန်နေလို့ပါ။ သူ့ဘက်က တစ်ချက်လောက် ထိထိမိမိဆောင့်ထည့်လိုက်ချိန်တိုင်းမှာ ယားယံနေတဲ့ သူ(မ)ရဲ့အတွင်းသားတွေထဲကိုပါကုတ်ခြစ်သွားသလိုပဲလေ။
သူလည်း ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်တော့ဘဲ ကိုယ်အပေါ်ပိုင်းကို ငုံ့ကိုင်းလိုက်ပြီး အက်ဇလာရဲ့ပွင့်ဟနေတဲ့နှုတ်ခမ်းသားတွေဆီကို ရောက်ချလာတယ်။
ပူပြင်းတဲ့ဒီလေငွေ့တွေက သူ(မ)ဆီကပဲလား။ ဒါမှမဟုတ် သူအသက်ရှူထုတ်လိုက်တဲ့အငွေ့တွေပဲလားဆိုတာလည်းမသိ။
ဘယ်သူဘယ်ဝါဖြစ်ပါစေ… ထွေးယှက်နေတဲ့လျှာတွေကတော့ တပ်မက်မှုအပြည့်နဲ့လုံးထွေးနေကြလေရဲ့။
သိပ်ကိုချိုမြိန်တယ်။ သူ့အသက်ရှုသံကလည်း ချိုတယ်။ ချွေးစက်တွေကလည်းချိုမြတယ်။ သူ(မ)ရဲ့အတွင်းထဲမှာ ကြီးထွားလာတဲ့အရာကလည်း ချိုတယ်။ သူထံကထွက်လာတဲ့ ညည်းညူသံတွေအားလုံးကလည်း ချိုမြနေတာပဲ။
အသိစိတ်လွတ်သွားတော့မတတ်ဖြစ်နေတဲ့အချိန်တွေမှာ အက်ဇလာက သူ(မ)ရဲ့ဗိုက်အောက်ပိုင်းကြွက်သားတွေကို ညှစ်ထားလိုက်ပြီး သူနဲ့မဝေးကွာချင်တဲ့အလား သူ့ပခုံးကိုလည်း အားနဲ့ဖိကိုက်ထားလိုက်တယ်။
“အာ့…”
တစ်ချိန်တည်းမှာပဲ ဇာဂက်ရဲ့လှုပ်ရှားမှုတွေက အနည်းငယ်ပိုပြင်းထန်လာတယ်။ သူ(မ)ထဲကို သူ ပြင်းပြင်းထန်ထန်တိုးဝင်လာချိန်မျိုးမှာ အက်ဇလာကလည်း သူ့လက်မောင်းတွေကို ဆုပ်ကိုင်ထားလိုက်ရတယ်။ အဲ့ဒီအခါ သူ့လက်မောင်းပေါ်မှာ သွေးကြောတစ်ခုထောင်ထလာပြီး ကြွက်သားတွေကို တောင့်တင်းသွားစေတော့တာပေါ့။ နောက်တော့ သူ(မ)အတွင်းထဲကို ပူနွေးတဲ့အရည်တွေနဲ့ ဖျန်းပက်ခံလိုက်ရပြီး ဇာဂက်တစ်ယောက် အက်ဇလာရဲ့ကိုယ်ပေါ်ကို ပြိုကျလာလေရဲ့။
“ဟာ့…ဟား…”
ပြင်းထန်တဲ့အသက်ရှူသံတွေသာ ထွက်ပေါ်နေတယ်။ အက်ဇလာလည်း သူ(မ)ရဲ့မျက်လုံးတွေကိုမှိတ်ထားမိတာမို့ အိပ်ခန်းရဲ့မျက်နှာကြက်ကို ကြည့်ဖို့နဲ့ ဇာဂက်ရဲ့အနက်ရောင်ဆံပင်တွေ သာယာမှုအပြည့်နဲ့နစ်မြုပ်နေတာကို ကြည့်ဖို့ မျက်လုံးဖွင့်လိုက်တယ်။
သူ့ပစ္စည်းက သူ(မ)ထဲမှာ တုန်ခါနေဆဲ။ ခုန်လှုပ်နေတဲ့နှလုံးခုန်သံဟာ သူ့ဆီကလား၊ သူ(မ)ဆီကလားဆိုတာမသိတော့ပါဘူး။
အက်ဇလာ ခေါင်းကိုတစ်ဖက်လှည့်ပြီး ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။ မှောင်မိုက်တဲ့ညတစ်ညဖြစ်တာကြောင့် လနဲ့ကြယ်တွေကို ဘယ်ဆီဘယ်ဝယ်မှာမှ မြင်မနေရဘူး။
********
သူ(မ)မှာ ပြင်းထန်တောက်လောင်တဲ့အချစ်တစ်ခုရှိခဲ့ဖူးတယ်။ ယောက်ျားနဲ့မိန်းမချစ်ကြိုက်တဲ့ဖြစ်စဉ်က တစ်ခုနဲ့တစ်ခုဆင်တူပေမဲ့ ဒယ်နီရယ်နဲ့သူ(မ)တို့က အဲ့ဒီအချစ်ကိုပိုင်ဆိုင်ဖို့အတွက် တခြားသူတွေထက် ပိုခက်ခဲခဲ့တာကြောင့် ဒီအချစ်က ပိုထူးခြားတယ်လို့ သူ(မ) ယုံကြည်ခဲ့တယ်။
ဒယ်နီရယ်က သူ့တစ်သက် သူ(မ)တစ်ယောက်တည်းကိုသာ ချစ်ခဲ့ဖူးကြောင်းတီးတိုးပြောခဲ့ဖူးပြီး သူ(မ)ကလည်း အဲ့ဒီအချစ်က ဘယ်သောအခါမှပြောင်းလဲသွားမယ်လို့ သံသယမဝင်ခဲ့ဖူးဘူး။ သူတို့ရဲ့အချစ်က ပူနွေးတောက်လောင်နေခဲ့ကြတာ မီးပြင်းဖိုအလယ်ကိုပစ်ချခံလိုက်ရသလိုပါပဲ။ သူနဲ့သူ(မ)က နာမည်ကြီး ဝတ္ထုစာအုပ်တစ်အုပ်ထဲက အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်ဆောင်များလိုဖြစ်နေပြီး ဒီကမ္ဘာက သူ(မ)အတွက်ပြင်ဆင်ထားတဲ့ စင်မြင့်ကြီးတစ်ခုလိုဖြစ်နေပုံပါပဲ။
ဒါပေမဲ့….
“ဟယ်လို ငါ့နာမည်က’စလေဗီယာ’လေ။ ဒီနေ့ကစပြီး ဒီအိမ်တော်ကြီးမှာလာနေမဲ့သူပေါ့”
ဒါက သူ(မ)ကိုယ်သူ(မ) နားလည်မှုလွဲနေခဲ့တာပဲ။ စာအုပ်ရဲ့နောက်ဆုံးမှာအဆုံးသတ်ထားတဲ့ ‘ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း’ ဆိုတဲ့နောက်ကွယ်မှာ ဇာတ်လမ်းကဆက်ပြီး စီးဆင်းနေခဲ့တယ်လေ။
********
“ငါတို့ ကွာရှင်းကြရအောင်”
အက်ဇလာက သူ(မ)ရဲ့အိတ်ထဲမှာ ခေါက်ထားတဲ့စာရွက်တွေကို ဆွဲထုတ်လိုက်တယ်။ သူ့နှုတ်ခမ်းတွေ တုန်ယင်မနေစေဖို့ မျက်နှာထားကို ခပ်တင်းတင်းတည်ထားလိုက်တယ်။
ဒါက သူ အမြဲတမ်းလိုချင်နေခဲ့တဲ့ အခိုက်အတန့်ပဲဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း ဒီလိုအခြေအနေမျိုးကိုကြုံလိုက်ရပြန်တော့လည်း ဒန်နီရယ် အံ့ဩသွားရပြန်တယ်။ သူက အံ့ဩသွားတဲ့အမူအရာနဲ့ပဲ အက်ဇလာရဲ့ခက်ထန်နေတဲ့မျက်နှာထားကိုတစ်လှည့်၊ သူ(မ)ရဲ့လက်ထဲက ကွာရှင်းစာချုပ်ကိုတစ်လှည့် ကြည့်လိုက်မိတယ်။
“နင်ဘာလုပ်နေတာလဲ။ ယူလေ။ ငါ့လက်တွေတောင်နာနေပြီ”
“…ဪ ဟုတ်သားပဲ”
တလက်လက်တောက်ပနေတဲ့ ရွှေရောင်ဆံပင်တွေပိုင်ဆိုင်ထားတဲ့ဒန်နီရယ်က အက်ဇလာ့လက်ထဲက စာရွက်စာတမ်းတွေကို လှမ်းယူလိုက်တယ်။ စာရွက်နည်းနည်းလေးပေါ်မှာ ရှည်လျားလှတဲ့နှစ်ကာလတွေကို အတိုချုပ်ထားနိုင်တာ အံ့ဩဖွယ်ကောင်းလှပေမဲ့ ကြည့်ရတာထူးဆန်းနေတယ်။
သူ(မ)ရဲ့လက်ထဲကနေ လွတ်သွားတဲ့စာရွက်တွေကို ကြည့်နေမိတဲ့အက်ဇလာက သူ့ဘေးမှာ မျက်နှာသေနဲ့ထိုင်နေတဲ့စလေဗီယာ့ကို လှည့်ကြည့်လိုက်တယ်။
စလေဗီယာက အက်ဇလာ့ကို တမင်တကာပြချင်လို့ပဲဖြစ်ဖြစ် လှောင်ပြောင်ချင်လို့ပဲဲဖြစ်ဖြစ် သူ(မ)ရဲ့လက်ကို ဗိုက်ပေါ်ရွှေ့ပြီးတင်လိုက်လေရဲ့။ ပြီးတော့ အောင်နိုင်သူအပြုံးမျိုးကို ဆင်မြန်းရင်း ရယ်မောလိုက်တယ်။
“…ဘယ်နှစ်လရှိပြီလဲ”
အက်ဇလာ အဲ့ဒီလိုမေးလိုက်တဲ့အခါ စာရွက်စာတမ်းတွေကိုကြည့်ရှုနေတဲ့ ဒန်နီရယ်က စိတ်ရှုပ်ထွေးသွားဟန်နဲ့ အိုးခနဲအာမေဋိတ်သံပြုလိုက်ပြီး သူ(မ)ရဲ့အကြည့်တွေကိုရှောင်သွားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မေးခွန်းကိုပြန်မဖြေဘဲ နှုတ်ခမ်းတင်းတင်းပိတ်ထားပုံထောက်တော့ သူ့မှာ နောက်ဆုံးလက်ကျန်အသိစိတ်လေးတော့ နည်းနည်းကျန်ရှိသေးပုံရတယ်။
“သုံးလရှိပြီလေ။ ကြည့်တာနဲ့မသိဘူးလား”
အက်ဇလာရဲ့မေးခွန်းကို စလေဗီယာက ကိုယ်စားဖြေပေးခဲ့တယ်။ သူ(မ)က ချစ်စဖွယ်အသံလေးနဲ့ ပြန်ပြောလာပြီး ကြော့ရှင်းတဲ့အပြုံးမျိုးပြုံးလိုက်တယ်။ မသိရင် တော်ဝင်မင်းသမီးတစ်ပါးပါပေါ့လေ။
နောက်ဆုံးမှာတော့ ဒန်နီရယ်နဲ့အတူကျန်ရစ်နေခဲ့သူက စလေဗီယာပါပဲ။ ဒီဇာတ်လမ်းရဲ့အစကတော့ အက်ဇလာနဲ့ပေါ့။ ဒါပေမဲ့ ဒီလူရဲ့ဇာတ်ပေါင်းခန်းကတော့ သူ(မ)မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ဖြစ်နေတယ်။ အက်ဇလာလည်း စလေဗီယာရဲ့ဗိုက်ပေါ်ကနေ အကြည့်လွှဲလိုက်ပြီး စာရွက်တွေကို စိတ်ရှုပ်ထွေးဟန်အမူအရာနဲ့ ကြည့်နေဆဲဖြစ်တဲ့ဒန်နီရယ်ကို စိုက်ကြည့်လိုက်တယ်။
“ငါကတော့ ဂုဏ်ပြုစကားမပြောပေးနိုင်ဘူး။ နင် နားလည်တယ်မဟုတ်လား”
အက်ဇလာရဲ့စကားကြောင့် ဒန်နီယယ်လည်း ဘာစကားတစ်ခွန်းမှမပြောဘဲ မျက်မှောင်ကြုတ်လိုက်မိတယ်။ အက်ဇလာက အဲ့ဒီအမူအရာရဲ့အဓိပ္ပါယ်ကို မသိဘဲ ဒန်နီရယ့်ကိုအကြာကြီးစိုက်ကြည့်နေမိတယ်။ သူက သူ(မ)ကို ဂုဏ်ပြုစကားများ ပြောပေးစေချင်သေးတာလား။ သူ(မ) မဲ့ပြုံးတစ်ခုပြုံးလိုက်မိပါရဲ့လေ။
သူက အက်ဇလာ့အတွက်တော့ အဆုံးထိအောင် ယုတ်မာတဲ့စောက်ရုပ်ဆိုးကောင်တစ်ယောက်သာဖြစ်တယ်။ အက်ဇလာ့အနေနဲ့ ဘာအဓိပ္ပာယ်မှမရှိတဲ့ အပြုံးတစ်ပွင့် ပြုံးပြလိုက်ပြီး သူ(မ)ရဲ့ဘေးနားမှာ ချထားတဲ့အိတ်ကို ကောက်ယူလိုက်တယ်။
လက်တစ်ဖက်တည်းနဲ့သယ်သွားနိုင်တဲ့ ညစ်ထေးနေတဲ့ခပ်သေးသေးအိတ်လေးတစ်လုံး…။ အဲဒါက အက်ဇလာ့မှာပိုင်ဆိုင်မှုအလုံးစုံဖြစ်တဲ့ ခရီးဆောင်အိတ်လေးတစ်လုံးပါပဲ။
သူ(မ)က ဒီစံအိမ်ကြီးမှာ နေထိုင်ခဲ့တာ နှစ်နည်းနည်းကြာခဲ့ပြီဆိုပေမဲ့ သူ(မ)နဲ့အတူယူဆောင်သွားရမဲ့အရာဆိုလို့ ဒါလေးတစ်ခုပဲရှိပါတယ်။ အဲဒါက တော်တော်လေးရယ်စရာကောင်းလှပါတယ်။
******
SEMPER
SWARA WEBNOVEL TRANSLATION