The Troublemaker Daughter Of The Grand Duke Wants To Live Alone

5
Your Rating
The Troublemaker Daughter Of The Grand Duke Wants To Live Alone 5 (2)
385
Comments
6 Users bookmarked This

ကျွန်မ ဗီလိန်ရဲ့ကိုယ်ထဲကိုကူးပြောင်းလာခဲ့တယ်။

သူ(မ)ကတော့ အမျိုးသမီးဇာတ်ဆောင်ကိုနှိပ်စက်ညှဉ်းပန်းခဲ့လို့ အဆုံးမှာပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့မယ်ရီကွန်လာတဲ့လေ။

မွေးပြီးပြီးချင်းပြန်ပေးဆွဲခံခဲ့ရပြီး မိဘမဲ့ဂေဟာကနေ အိမ်ပြန်ရောက်လာတဲ့နောက်ပိုင်း သူ(မ)ကို ဘုရင်ခံချုပ်ကွန်လာရဲ့မိသားစုထဲက ပြဿနာအိုးသမီးတော်လေးလို့ခေါ်တွင်ကြတယ်။

သူ(မ)အပေါ်ချစ်ခင်မြတ်နိုးမှုမရှိတဲ့ အစ်ကိုတွေနဲ့အဖေဖြစ်သူဆီက စွန့်ပစ်ခံရတဲ့အရေးကိုရှောင်ရှားဖို့အတွက် ကျွန်မ နည်းလမ်းတစ်ခုစဉ်းစားမိလိုက်တယ်။

ကြွက်သေလေးတစ်ကောင်လို ဘဝကိုတိတ်တဆိတ်ဖြတ်သန်းရင်း ရင်းနှီးငွေတချို့ရရင် နိုင်ငံရပ်ခြားနေရာတစ်ခုကိုသွားနေမယ်လို့ဆုံးဖြတ်လိုက်တယ်။

ဒါပေမဲ့ တစ်ခုခုတော့ထူးဆန်းနေတယ်။

မယ်ရီ့ကိုမချစ်ဘူးလို့ ကျွန်မထင်ခဲ့တဲ့အဖေဖြစ်သူက ရုတ်တရက်ကြီး သမီးရူးတစ်ယောက်ဖြစ်လာပြီး အစ်ကိုတွေကလည်း ကျွန်မကို မျက်စိအောက်ကအပျောက်မခံကြဘူး။ ကြောင်တောင်တောင်နိုင်တဲ့ဝမ်းကွဲတစ်ယောက်က ကျွန်မရဲ့ခင်ပွန်းလောင်းကိုအမြင်မကြည်ဖြစ်နေပါသေးတယ်။

ကျွန်မရဲ့ခင်ပွန်းလောင်းဖြစ်တဲ့မင်းသားကလည်း စေ့စပ်ပွဲကိုဖျက်သိမ်းမဲ့အကြံကြောင့် ဒေါသူပုန်ထနေရှာတယ်။ နဂိုမူလဇာတ်လိုက်မကလည်း သူနဲ့အတူထွက်ပြေးဖို့စည်းရုံးလာတယ်။

ကြည့်ရတာ ကျွန်မတော့ တစ်နည်းမဟုတ်တစ်နည်းနဲ့ သူတို့ကို စိတ်အနှောင့်အယှက်ပေးမိခဲ့ပုံပါပဲ။

သူတို့က ကျွန်မကို ဘာလို့ သောက်ကျိုးနည်းကောင်းပေးနေရတာလဲလို့…

ကျွန်မရဲ့အိပ်မက်က တစ်ကိုယ်တည်းရွက်လွှင့်ဖို့ပါဆိုမှ….

Genre(s)
Tags(s)