Chapter 105
- Home
- All Mangas
- Their Substitute Marriage
- Chapter 105 - သူဒီမှာရှိသရွေ့ အရာအားလုံး အဆင်ပြေသွားမှာပါ

အခန်း(၁၀၅) သူဒီမှာရှိသရွေ့ အရာအားလုံး အဆင်ပြေသွားမှာပါ
ခန်းမထဲမှာ လူတိုင်းက အဲ့ဒီကိစ္စကို ဆွေးနွေးနေခဲ့ကြတယ်။
ကူရှောင်းက ပေချင်းချင်းနဲ့ ချန်ကျားကျီကို အပြေးအလွှားလာကြည့်ရင်း ထိတ်လန့်မှုတွေအပြည့်နဲ့ မေးလိုက်တယ်။
“ဒီကိစ္စက ဘယ်လိုဖြစ်ရတာလဲ။ အမေ သမီးရဲ့အဖေနဲ့ ခဏလေးလွှတ်ပေးလိုက်မိတာကို ဒီလောက်ပြဿနာအကြီးကြီး ဖြစ်သွားခဲ့ရတယ်လို့။ ဘာတွေဖြစ်နေတာလဲ။”
“ဒီလူတွေက ပေချင်းချင်းကို ချောက်ချဖို့ ကြိုးစားနေကြတာ။” ချန်ကျားကျီ ဒေါသထွက်နေတဲ့ မျက်နှာထားနဲ့ ပြောလိုက်တယ်။ “ဒီအဖွဲ့က ကြိုတင်ပြင်ဆင်ပြီး လာခဲ့ကြတာ။ သူတို့ကို ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
ပေချင်းချင်း အရမ်းဝမ်းနည်းသွားတယ်။ “ဒါကျွန်မအမှားပါ။ ကျွန်မ ပေပေကို မြင်ကတည်းက ရှောင်ခဲ့သင့်တာ။ ဒီတစ်ခေါက် သူ(မ) ဒီလောက်ထိရက်စက်လိမ်မယ်လို့ ကျွန်မမထင်ထားမိခဲ့ဘူး။”
” ဒီလိုကိစ္စမျိုး သမီးမလုပ်ဘူးဆိုတာ အမေယုံတယ်။ အဆင်ပြေပါတယ်။ ချန်ကျားကျီနဲ့ အမေက သမီးကို ကာကွယ်ပေးမှာပါ။” ကူရှောင်းက ပေချင်းချင်းကို ကြင်ကြင်နာနာနဲ့ ကြည့်လိုက်တယ်။
ပေချင်းချင်းက ခေါင်းကိုယမ်းလိုက်ပြီး ပြောလိုက်တယ်။ “ဟုတ်တယ်။ သမီးမကြောက်တော့ဘူး။”
ကူရှောင်းပြောပြီးတဲ့အချိန်မှာပဲ လီရိလန်ကလည်း အပြေးအလွှားရောက်လာတယ်။
သူ(မ)ခြေလှမ်းတွေက အယောင်ယောင်အမှားမှားနဲ့ ဖြစ်နေပြီးမျက်ဝန်းတွေမှာ မျက်ရည်တွေနဲ့ ပြည့်နေခဲ့တယ်။ သူ(မ)က ပေချင်းချင်းရဲ့လက်ကို ဆွဲလိုက်ပြီး စိတ်လှုပ်ရှုားစွာနဲ့ ပြောလိုက်တယ်။ “အမေ့သမီးလေး သမီး.. သမီးလေး..”
“အမေ။ ဒီကိစ္စတွေကို သမီးမလုပ်ခဲ့ဘူး။” ပေချင်းချင်းက လီရိလန်ကိုကြည့်ပြီး ပြောလိုက်တယ်။ “သူတို့က သမီးကို ချောက်ချဖို့ကြိုးစားနေကြတာ။”
လီရိလန်က သေလုမတတ်ငိုနေခဲ့တယ်။ သူ(မ)က တုန်ရီနေတဲ့အသံနဲ့ ပြောလိုက်တယ်။ “အမေ့ကလေးလေးက ဒီကိစ္စမျိုးကို ဘယ်တော့မှမလုပ်ဘူးဆိုတာ အမေသိတယ်။”
လီရိလန်က သူ(မ)ကိုစိတ်ပူနေတာကို ပေချင်းချင်းတွေ့လိုက်ရတယ်။ အဲ့လိုဖြစ်နေတာကို ဆက်ပြီးကြည့်မနေနိုင်တော့တာကြောင့် သူ(မ) ကူရှောင်းကိုကြည့်ပြီး ပြောလိုက်တယ်။ “အမေ သမီးအတွက် တစ်ခုခုလုပ်ပေးဖို့ တောင်းဆိုလို့ရမလား။ သမီးအမေကို အနားယူဖို့ နားနေခန်းထဲကို ခဏလောက် ခေါ်သွားပေးပါလား။”
လီရိလန်က ပေချင်းချင်းဘာပဲပြောပြော ထွက်သွားဖို့ ငြင်းဆိုလိုက်တယ်။ သူ(မ) ပေချင်းချင်းလက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီးတော့ ပြန်ပြောလိုက်တယ်။ “မဟုတ်ဘူး။ အမေထွက်မသွားနိုင်ဘူး။ အမေတို့သွားရင် သူတို့တွေ သမီးကိုအနိုင်ကျင့်လိမ့်မယ်။ သူတို့တွေအကုန်လုံးက မကောင်းတဲ့လူတွေ။”
လီရိလန် အဲ့ဒီလိုပြောကာ လှည့်ကြည့်လိုက်တော့ လူတိုင်းရဲ့မျက်လုံးထဲမှာ သူတစ်ပါးကို ဒုက္ခရောက်စေချင်နေမှုတွေနဲ့ ပြည့်နှက်နေခဲ့တာကို တွေ့လိုက်ရတယ်။ သူ(မ)စိတ်ခံစားချက်တွေ ပိုပြီးလှိုင်းထန်လာခဲ့တယ်။
သူ(မ) ပေချင်းချင်းကို ကာကွယ်လိုက်ပြီး ပြတ်ပြတ်သားသားပြောလိုက်တယ်။ “ချင်းချင်း စိတ်မပူပါနဲ့။ သမီးကို ဘယ်သူမှ အနိုင်မကျင့်စေရဘူး။ ရဲတွေရောက်လာရင် အမေသမီးနဲ့ ရဲစခန်းကိုလိုက်ခဲ့မယ်။ တစ်ခုခုဖြစ်ခဲ့ရင် အမေတာဝန်ယူမယ်။”
လီရိလန်နဲ့ ကူရှောင်းတို့က သူ(မ)ကို ကာကွယ်ပေးနေတာကို ပေချင်းချင်း တွေ့လိုက်ရတယ်။ ဒါပေမဲ့ သူ(မ)ရဲ့အမေအရင်းကတော့ ဘယ်လိုလုပ်ပြီး သူ(မ)ကို မီးပုံထဲတွန်းချချင်နေရတာလဲ။ သူ(မ) ရုတ်တရက် အဖြစ်အပျက်တစ်ခုကို ခံစားမိလိုက်တယ်။
အခုရှိနေတဲ့လူတွေထဲမှာ သူ(မ)ကို အကောင်းဆုံးဆက်ဆံပေးနေတဲ့သူတွေက သူ(မ)နဲ့သွေးမတော်သားမစပ်တဲ့လူတွေပဲ။
“အမေ စိတ်မပူပါနဲ့။” ချန်ကျားကျီက လီရိလန်ကိုကြည့်ပြီး ပြတ်သားစွာပြောလိုက်တယ်။ “ပေချင်းချင်းသာ ကျွန်တော်နဲ့အတူတူရှိနေရင် သူ(မ) ဘာမှမဖြစ်စေရဘူး။”
“သွားကြမယ်။ ချန်ကျားကျီကို ယုံလိုက်။ သူကဘေးမှာနေပြီး ပေချင်းချင်းကို ကာကွယ်ပေးလိမ့်မယ်။” ကူရှောင်းက အဲ့လိုပြောပြီး လီရိလန်နဲ့အတူ ထွက်လာခဲ့တယ်။
လီရိလန်နဲ့ ကူရှောင်းထွက်သွားပြီးတော့ ရဲတွေနဲ့ ဆေးအဖွဲ့တွေက အဲ့ဒီနေရာကို ချက်ချင်းရောက်လာခဲ့ကြတယ်။
သူတို့က အဲ့ဒီနေရာမှာရှိတဲ့ လူတိုင်းရဲ့ ထွက်ဆိုချက်ကို ယူကြတယ်။ အဲ့ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ ပေချင်းချင်းကို ကြီးမားတဲ့ရာဇဝတ်မှုကို ကျူးလွန်ထားတယ်လို့ သံသယရှိတာကြောင့် ရဲစခန်းကို ခေါ်ဆောင်လာခဲ့ကြတယ်။
ရဲစခန်းကိုသွားတဲ့လမ်းမှာ ပေချင်းချင်းရဲ့ အမူအရာက အရမ်းကို တည်ငြိမ်နေခဲ့တယ်။
သူ(မ) ဒီအန္တရာယ်ကို ရှောင်ခဲ့မယ်ဆိုရင်တောင် နောက်ထပ်တစ်ခု ထပ်ရှိလာဦးမှာကို သူ(မ)သိတယ်။ သူ(မ)က အန္တာရယ်ကို ရှောင်ရှားနိုင်တယ်ဆိုတာကို သူတို့သိအောင်လုပ်တာထက် သူတို့ကို လွှတ်ပေးထားပြီး သူတို့ကိုအလဲထိုးနိုင်မဲ့ပျော့ကွက်ကို ဖမ်းလိုက်တာက ပိုကောင်းတယ်။
ပေချင်းချင်း ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်တယ်။
အဲ့ဒီအချိန်မှာ ညိုမည်းနေတဲ့ ကောင်းကင်ကြီးကြောင့် တစ်မြို့လုံး မည်းမှောင်နေခဲ့တယ်။ ဒီနေရာမှာ အလှဆင်ထားတဲ့ မှိတ်တုတ်မှိတ်တုတ်မီးသီးလေးတွေက အရမ်းကိုလက်ရာမြောက်ပြီး အထက်တန်းဆန်နေခဲ့တယ်။
ဒီညက ပျော်ရွှင်စရာကောင်းပြီး အံ့သြစရာကောင်းတဲ့ မင်္ဂလာပွဲလေးဖြစ်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ပေပေကြောင့် ဒါတွေအကုန်လုံးက ပျက်စီးသွားခဲ့ပြီ။
အဲ့ဒါက သူ(မ)အနေနဲ့ ပေပေနဲ့ ချန်ကျန်းကျီတို့အပေါ်ကို အရမ်းဂရုဏာထားပြီး ပြန်လာဖို့အခွင့်အရေးပေးခဲ့မိလို့ပဲ။
ဒီတစ်ခါတော့ အဲ့ဒီနှစ်ယောက်ကို နောက်ထပ်ဘာအခွင့်အရေးမှ ပေးတော့မှာမဟုတ်ဘူး။
*****
Aurora Novel Translation Team