Chapter 107

အခန်း(၁၀၇) ငါက မင်းကိုနှိပ်စက်မှာ
အဲ့ဒီအချိန်မှာ ချန်တျန်းဖိန်က ထရပ်လိုက်တယ်။
သူ့မိန်းမနဲ့ သားငယ်ကို ကြည့်ပြီး ခေါင်းတွေကိုက်လာတယ်။
“ဘာတွေငြင်းခုန်နေကြတာလဲ။ ငြင်းခုန်နေလို့ရော လူတိုင်းက ပေချင်းချင်း လူသတ်မှုကျူးလွန်ခဲ့တဲ့အကြောင်းကို မေ့သွားလိမ့်မယ်လို့ ထင်နေတာလား။”
“ရှင်ဘာလို့ ဒီလိုမျိုးပြောနိုင်ရတာလဲ။” လီရိလန် ချန်တျန်းဖိန်ကို မကျေမနပ်နဲ့ ကြည့်လိုက်တယ်။ “အဲ့ဒါက ပေချင်းချင်းရဲ့ အမှားမဟုတ်ဘူး။ ပေချင်းချင်းက ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်မသိတယ်။ သူ(မ)ကဘယ်တော့မှ ဒီလိုကိစ္စမျိုးကို လုပ်မှာမဟုတ်ဘူး။”
အဲ့ဒီအချိန်မှာ ချန်ကျန်းကျီက “မေမေ အမြင်မှန်ရပါတော့။ သားက မေမေ့သားအရင်းပါ ဟုတ်ပြီလား။ မေမေဘာလို့ အပြင်လူတွေဘက်က အမြဲတမ်း လိုက်ပြောပေးနေရတာလဲ။”
“ငါ အပြင်လူတွေဘက်က လိုက်ပြောပေးနေတာမဟုတ်ဘူး။ မိသားစုမဟုတ်ပေမဲ့ အကြောင်းပြချက်ရှိလို့ ငါလိုက်ပြောပေးနေတာ။” လီရိလန်က ချန်ကျန်းကျီကို မကျေမနပ်နဲ့ ပြောလိုက်တယ်။ “မင်းကိုယ်မင်းပြန်ကြည့်ဦး။ မေမေ မင်းကို နိုင်ငံခြားမှာစာသင်ဖို့ပြောခဲ့တယ်။ မင်းဘာလို့ ဒီကို ပြန်လာခဲ့တာလဲ။ မင်း မရှက်တတ်ဘူးလား။”
“ကျွန်တော်က အမေ့ရဲ့အဲ့ဒီမိန်းမလောက်တော့ ရှက်စရာမကောင်းပါဘူး။ မြို့မှာရှိတဲ့လူတိုင်းက သူ(မ)ဘာလုပ်ခဲ့လဲဆိုတာတွေ့ ပြီးပြီ။ သူ(မ)နာမည်ပျက်ကို ဘယ််လို ပြန်ရှင်းပေးမှာလဲဆိုတာ ကျွန်တော်သိချင်တယ်။” ချန်ကျန်းကျီ သူ့မိဘတွေ တည်ငြိမ်စွာနဲ့ ကြည့်လိုက်တယ်။ အဆုံးမှာတော့ သူလိမ်နေတယ်ဆိုတာ သိသာလွန်းတယ်။
“ဒါဆိုရင် မင်းပဲပေါ့။”
ချန်ကျားကျီက အဲ့ဒီအချိန်မှာ ဝင်လာခဲ့တယ်။ သူက ချန်ကျန်းကျီ ရေခဲတွေလို အေးစက်နေတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်တယ်။
ချန်ကျန်းကျီက ချန်ကျားကျီရဲ့ အေးစက်တဲ့အကြည့်တွေကို တွေ့လိုက်ရတော့ လိပ်ပြာလွင့်မတတ်ဖြစ်သွားတယ်။ ဒါပေမဲ့ သူက ခေါင်းကိုမော့ပြီး ပြောလိုက်တယ်။ “ငါပြောတာ အမှန်တွေပဲ။ အစကတည်းက ပေချင်းချင်းရဲ့ အမှားပဲ။ ဒါပေမဲ့ အခုဆို ပေချင်းချင်းက လူသတ်ခဲ့တယ်ဆိုတာကို လူတိုင်းကသိသွားကြပြီ။”
“ချန်ကျန်းကျီ ငါက မင်းကို နိုင်ငံခြားမှာ စာသွားသင်ပြီးတော့ ဘဝအသစ်နဲ့ပြန်လာမယ် ထင်ထားခဲ့တာ။ မင်ဒီလောက် ခေါင်းမာနေတုန်းပဲလို့ ငါမမျှော်လင့်ခဲ့ဘူး။” ချန်ကျားကျီက ချန်ကျန်းကျီကို မှုန်ကုပ်ကုပ်နဲ့ကြည့်ပြီး “ဒီနေ့ဖြစ်ပျက်ခဲ့တာတွေက မင်းနဲ့လုံးဝမဆိုင်ပါဘူးလို့ မင်းပြောရဲလား။”
“မဆိုင်ဘူး။” ချန်ကျန်းကျီက အခု သူ့အပြုအမူကို မချိိုးဖောက်တော့ဘူး။
“ငါထပ်မေးမယ်။ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေက မင်းနဲ့လုံးဝမဆိုင်ပါဘူးလို့ ကျိန်ပြောရဲလား။
ချန်ကျန်းကျီ ကျိန်ပြောတော့မှာကို မြင်လိုက်ရတော့ ချန်ကျားကျီက သူ့ကို ထပ်ပြီး အနှောင့်အယှက်ပေးလိုက်တယ်။ “နောက်ဆုံးမှာ သဲလွန်စရှာတွေ့ရင် ပြီးတော့ ဒီကိစ္စမှာ မင်းပါနေတယ်ဆိုရင် မင်း ဒီအိမ်ကိုပြန်လာဖို့ မစဥ်းစားနဲ့တော့။”
ချန်ကျန်းကျီရဲ့မျက်နှာက ဖြူဖပ်လာတယ်။ သူ ချန်တျန်းဖိန်ကို အကူအညီတောင်းသလိုပုံစံနဲ့ ကြည့်လိုက်တယ်။
သူ့သားငယ်ရဲ့အပြုအမူကြောင့် ချန်တျန်းဖိန်က ချန်ကျားကျီကို စိုက်ကြည့်ပြီးပြောလိုက်တယ်။ “မင်းညီလေးက ဘယ်လိုပြောရမှာတုန်း။ သူက မင်းရဲ့ ညီအရင်းပါ။ မင်းက တကယ်ပဲ မိန်းမတစ်ယောက်အတွက်နဲ့ ကိုယ့်ညီလေးကို ဆန့်ကျင်နေမှာလား။”
“ဒီကိစ္စက အဖေနဲ့ဘာမှမဆိုင်ဘူး။ အဖေဝင်မပါပါနဲ့။” ချန်ကျားကျီက ချန်တျန်းဖိန်ကို အေးစက်စွာကြည့်ပြီး ပြောလိုက်တယ်။ “အဖေက ကျွန်တော့်ရဲ့အဖေဆိုပေမဲ့ အမှားအမှန်ကိုမသိသေးဘူး။ အဖေလည်း ကျွန်တော့်ကိုဆန့်ကျင်မယ်ဆိုရင် ကျွန်တော်ယဥ်ကျေးမှုမရှိတော့မှ ကျွန်တော့်ကို အပြစ်မတင်နဲ့။”
“မင်းက ကောင်းကင်ကို ဇောက်ထိုးမှောက်ခုန်လုပ်ပစ်နေတာပဲ။” ချန်တျန်းဖိန် အရမ်းဒေါသထွက်လာပြီး ခေါင်းတွေမူးလာတယ်။ သူ သူ့ရဲ့ခေါင်းကိုကိုင်ပြီး ဆိုဖာပေါ်မှာထိုင်ချလိုက်ရင်း ချန်ကျားကျီကို လက်ညှိုးထိုးပြီး ပျာယာခတ်နေတဲ့အမူအရာနဲ့ပြောလိုက်တယ်။ “မင်းက နာခံမှုမရှိတဲ့ သားမိုက်ပဲ။”
အဲ့ဒီစကားကြောင့် ချန်ကျားကျီက မတ်တတ်ရပ်လိုက်ပြီး ချန်တျန်းဖိန်ကို ငုံ့ကြည့်လိုက်တယ်။ “အဖေ အဖေရဲ့ဘာမှမကောင်းတဲ့သားလိမ္မာလေးကို မထိခိုက်စေချင်ဘူးဆိုရင် ကျွန်တော်နဲ့ ကျွန်တော့်မိန်းမကို ထပ်ခါတလဲလဲ ရန်လာမစစေနဲ့။ မဟုတ်လို့ကတော့ ဒီနေ့ကျွန်တော်ပြောသလိုမျိုး စကားနဲ့ထပ်ပြောမှာ မဟုတ်ဘူး။”
သူပြောပြီးတော့ ပြန်လှည့်လာပြီး ချန်ကျန်းကျီကို ထပ်ကြည့်ပြီးတော့ ဖြည်းဖြည်းချင်း ပြောလိုက်တယ်။ “ချန်ကျန်းကျီ မင်းကျိန်ပြောရဲလား။”
ချန်ကျန်းကျီက အနည်းငယ်ကြောက်ရွံ့နေခဲ့တယ်။ ဒါပေမဲ့ သူ သူ့အမေကိုတစ်ချက်ကြည့်ပြီးတော့ ချန်တျန်းဖိန်ကို ကြည့်လိုက်တယ်။
ပြီးတာ့ မျက်လုံးကိုစုံမှိတ်ထားရင်း သူ့ကံကြမ္မာအတိုင်းလက်ခံလိုက်ကာ ပြန်ပြောလိုက်တယ်။ “ဒီကိစ္စကို ငါ သိပဲသိထားတာ။ အဲ့ဒီကိစ္စထဲမပါဘူး။”
ချန်ကျန်းကျီရဲ့ဝန်ခံချက်ကိုကြားပြီး ချန်ကျားကျီ လှောင်းပြုံးပြုံးလိုက်ကာ ပြန်ပြောလိုက်တယ်။ “အရမ်းကောင်းတယ်။”
ချန်ကျားကျီက သူ့ကိုတိုက်ခိုက်တော့မှာကိုကြည့်ရင်း ချန်ကျန်းကျီချက်ချင်း ပြန်ပြောလိုက်တယ်။ “မင်း မင်းငါ့ကိုခက်ခဲအောင်မလုပ်ဘူးလို့ ကတိပေးခဲ့တယ်နော်။
“ငါမင်းကိုခက်ခဲအောင်မလုပ်ပါဘူး။ ဒါပေမဲ့ ငါက မင်းကိုနှိပ်စက်မှာ။”
*****
Aurora Novel Translation Team