Chapter 108
- Home
- All Mangas
- Their Substitute Marriage
- Chapter 108 - သူ့ကို အခွင့်အရေးတစ်ခုပေးဖို့ လုပ်ခဲ့တယ်

အခန်း(၁၀၈) သူ့ကို အခွင့်အရေးတစ်ခုပေးဖို့ လုပ်ခဲ့တယ်
ချန်ကျန်းကျီက အဲ့ဒါကိုကြားတော့ အရမ်းကြောက်လန့်သွားပြီး ဆိုဖာပေါ် ပြိုလဲကျသွားတယ်။
ချန်ကျားကျီက ဒီကိစ္စတွေ လုပ်နိိုင်တယ်ဆိုတာ သူသိတယ်။
ချန်တျန်းဖိန်ကတော့ ချက်ချင်း ဒေါသတွေထွက်လာမို့ ချန်ကျားကျီကိုကြည့်ပြီး ပြောလိုက်တယ်။ “မင်းဘာဖြစ်ချင်နေတာလဲ။ မင်းညီလေးကို သေခိုင်းလိုက်မှ မင်းကျေနပ်မှာလား။”
“ဒီပြဿနာတွေက ‘ပေ’မိသားစုရဲ့သမီးနှစ်ယောက်ကြားက ပဋိပက္ခတွေလေ။ မင်းညီလေးနဲ့ ဘာဆိုင်လို့လဲ။ ဘာလို့ သူ့ကို အသားထဲစိုက်နေတဲ့ ဆူးတစ်ချောင်းလို ဆက်ဆံနေရတာလဲ။”
“တော်ကြပါတော့။” လီရိလန်က အဖေနဲ့သား အငြင်းအခုန်ဖြစ်နေတာကိုတွေ့တော့ ချက်ချင်း မတ်တတ်ရပ်ပြီး သူတို့ကို နားချဖို့ ကြိုးစားလိုက်တယ်။ “ပြောစရာရှိရင် အေးအေးဆေးဆေးပြောကြပါ။ ဘာလို့ ငြင်းခုန်နေကြတာလဲ။”
သူ(မ)က အဲ့လိုပြောပြီးတော့ ချန်တျန်းဖိန်ကို စိုက်ကြည့်လိုက်တယ်။ “ရှင်က အသက်ပဲကြီးနေပြီ ဘာလို့ရှင့်သားနဲ့ လိုက်ပြီးငြင်းနေရတာလဲ။”
“သူနဲ့ လိုက်တွက်ကပ်ချင်နေတဲ့သူက ငါလား။” ချန်တျန်းဖိန် အရမ်းဒေါသထွက်သွားတယ်။ “သူလုပ်နေတာကိုကြည့်ဦး။ သူ့ရဲ့မိသားစုကို အနိုင်ကျင့်တဲ့ အပြင်လူတွေကို သူဘယ်လိုလုပ်ကူညီနိုင်ရတာလဲ။ ဒီကိစ္စသာ အပြင်ကိုပေါက်ကြားသွားရင် တခြားသူတွေ တိတ်တိတ်လေး လှောင်နေကြလိမ့်မယ်။”
“ရှင့်မှာ တခြားသူတွေအကြောင်းကိုပြောဖို့သတ္တိပဲ ရှိတာလား။” လီရိလန်က သူ့ကို စိုက်ကြည့်ပြီး မေးလိုက်တယ်။ “အဓိက ပြဿနာကို ဖန်တီးတဲ့သူက ဘယ်သူလဲဆိုတာ စဥ်းစားကြည့်လိုက်ပါဦး။ အကုန်လုံးက ရှင့်သားရဲ့ အမှားတွေပဲ။”
ချန်တျန်းဖိန်းက အဲ့ဒါတွေကိုကြားတော့ ဘာထပ်ပြောရမယ်မှန်းမသိဘဲ တိတ်ဆိတ်သွားခဲ့တယ်။
သူ ချန်ကျားကျီကို ဒေါသတကြီးကြည့်ပြီး ပြောလိုက်တယ်။ “မင်းဘာပဲလုပ်လုပ် ကိစ္စမရှိဘူး။ မင်းညီနဲ့ပတ်သက်တဲ့ကိစ္စကိုတော့ ငါခွင့်ပြုမပေးနိုင်ဘူး။ သူက နောက်နှစ်ရက်နေပြီးရင် နိုင်ငံခြားကို စာသင်ဖို့ ပြန်သွားတော့မှာ။ မင်းသူ့ကိုအပြစ်ပေးချင်ရင် အရင်ဆုံး ငါ့ကိုကျော်ပြီးမှရမယ်။”
သူ့အဖေက အဲ့ဒီလိုသဘောထားရှိမယ်ဆိုတာ ချန်ကျားကျီ သိထားပြီးသား။ သူဂရုမစိုက်ဘဲ ချန်ကျားကျီကိုပဲ သေသေချာချာစိုက်ကြည့်နေလိုက်တယ်။
ချန်ကျန်းကျီကတော့ ချန်ကျားကျီရဲ့အကြည့်တွေကို မကြည့်ရဲဘဲ ခေါင်းကိုငုံ့ထားခဲ့တယ်။
ဒီအချိန်မှာ ချန်ကျားကျီက ဒေါသထွက်နေတဲ့ ခြေင်္သေ့တစ်ကောင်လိုပဲ။ သူဒေါသထွက်နေတဲ့အချိန်တွေမှာ လုံးဝ ဝါးမျိုပစ်လိမ့်မယ်။
“အစ်ကိုကြီး… ကျွန်တော့်ကိုလွှတ်ပေးဖို့ ကျွန်တော်ဘာလုပ်ပေးရမလဲ။” ချန်ကျန်းကျီက ခေါင်းကိုငုံ့ထားပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ပြောလိုက်တယ်။
“ရဲစခန်းကိုသွားပြီး မင်းကိုယ်တိုင်ဝန်ခံလိုက်။” ချန်ကျားကျီက သူ့ကိုကြည့်ပြီး အေးစက်စက်ပြောလိုက်တယ်။
“မဖြစ်နိုင်ဘူး။” ချန်ကျန်းကျီက အဲ့ဒီအကြောင်းကို စဉ်းတောင်မစဉ်းစားမိခဲ့ဘူး။ သူရုတ်တရက် ချန်ကျားကျီကို မော့ကြည့်ပြီး ပြန်ပြောလိုက်တယ်။ “အဲ့ဒီမိန်းမအတွက်နဲ့ ဒီကိစ္စကိုဝန်ခံခိုင်းဖို့ စဉ်းတောင်မစဉ်းစားနဲ့။”
ချန်ကျားကျီကလည်း ရိသဲ့သဲ့နဲ့ ခေါင်းညိတ်ပြီး ပြောလိုက်တယ်။ “ကောင်းပြီလေ။ ငါက မင်းကို ရွေးချယ်ဖို့အခွင့်အရေးပေးနေတာ။ တကယ်တော့ မင်းကိုယ်တိုင်သွားမပြောလည်း ပေချင်းချင်းကို ရဲစခန်းကနေထုတ်ပေးဖို့ ငါ့မှာ နည်းလမ်းရှိတယ်။ အဲ့ဒါက….”
သူပြောပြီးတော့ သူ့အကြည့်တွေက ပိုပြီးအေးစက်လာခဲ့တယ်။
“သူ(မ)ကို ထုတ်ပေးဖို့ ငါကိုယ်တိုင်ရဲစခန်းကို သွားရမယ်ဆိုရင် မင်းပေးရမဲ့တန်ဖိုးက မင်းကိုယ်တိုင်သွားဝန်ခံရမဲ့တန်ဖိုးထက် ပိုများသွားမှာကို ငါစိုးရိမ်မိတယ်။”
ချန်ကျားကျီ လှောင်ပြုံးပြုံးပြီး ဆက်ပြောလိုက်တယ်။ “ငါမင်းကို ခြိမ်းခြောက်နေတာမဟုတ်ဘူးနော်။ ဘာလို့လဲဆိုတော့ မင်းက ခြိမ်းခြောက်မှုတစ်ခုအနေနဲ့တောင် လုံးဝတန်ဖိုးမရှိလို့ပဲ။”
အဲ့လိုပြောပြီး ချန်ကျားကျီက သူ့အပေါ်ကုတ်အင်္ကျီကို ကောက်ယူပြီး အပြင်ထွက်သွားလိုက်တယ်။
“ဒီလောက်နောက်ကျနေမှ ဘယ်သွားမလို့လဲ။” လီရိလန်က ချန်ကျားကျီ ထွက်သွားတော့မှာကိုမြင်တော့ စိုးရိမ်စိတ်တချို့နဲ့ မေးလိုက်တယ်။
“ကျွန်တော့်မိန်းမကို သွားကယ်မလို့။”
ချန်ကျားကျီက လှည့်မကြည့်တော့ဘူး။ ချန်ကျန်းကျီက ရုတ်တရက် မတ်တတ်ထရပ်ပြီး အော်ပြောလိုက်တဲ့အချိန်မှာ သူက အဝေးကိုရောက်နေခဲ့ပြီ။
“အစ်ကိုကြီး။ ကျွန်တော်ကိုယ်တိုင်သွားဝန်ခံရင် ကျွန်တော့်ကို ဘာလုပ်မှာလဲ။”
ချန်ကျားကျီက သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။ သူ ချန်ကျန်းကျီကို လှည့်ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံးပြီး ပြန်ပြောလိုက်တယ်။ “ငါမင်းကို လွန်ခဲ့တဲ့ငါးမိနစ်က ဒီအခွင့်အရေးကိုပေးခဲ့တယ်။ ဒါပေမဲ့ မင်းက အဲ့ဒီအခွင့်အရေးကို မဆုပ်ကိုင်ခဲ့ဘူး။ အခု မင်းမှာ အဲ့ဒီအခွင့်အရေးမရှိတော့ဘူး။”
သူပြောပြီးတော့ ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့တယ်။
ချန်ကျန်းကျီက အဲ့ဒါကို ကြားလိုက်ရတော့ သူ့မျက်နှာတစ်ခုလုံး ဖြူဖပ်သွားတယ်။
သူ ထိတ်လန့်စွာနဲ့ ချန်တျန်းဖိန်ကိုကြည့်ပြီး ပြောလိုက်တယ်။ “ဖေဖေ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ အစ်ကိုကြီးက ကျွန်တော့်ကို ထပ်ပြီး ပစ်မှတ်ထားနေပြန်ပြီ။”
လီရိလန်က ချန်ကျန်းကျီကို ကြည့်ပြီး ဒေါသတကြီးနဲ့ ပြောလိုက်တယ်။ “မင်းအစ်ကိုကြီးက မင်းကိုပစ်မှတ်ထားနေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒါက မင်းရဲ့အမှားပဲလေ။ သူက မင်းကိုအခွင့်အရေးပေးခဲ့တာပဲ။ မင်းကသာ အဲ့ဒီအခွင့်အရေးကို မယူခဲ့တာ။”
ချန်တျန်းဖိန်ရဲ့မျက်နှာကတော့ မည်းမှောင်နေတယ်။ သူ အရမ်းဒေါသထွက်နေပေမဲ့ အခုအချိန်မှာ ချန်ကျားကျီကို မဆန့်ကျင်နိုင်ဘူး။
ကုမ္ပဏီမှာရှိတဲ့ ရာထူးမြင့်တဲ့သူတွေက ချန်ကျားကျီကို အားထားကြတယ်။ သူသာ ချန်ကျားကျီနဲ့ ပြတ်ပြတ်သားသားခွဲထွက်လိုက်ရင် ဒါရိုက်တာဘုတ်အဖွဲ့ကနေ ကန်ထုတ်ခံရမဲ့ပထမဆုံးသူက သူပဲဖြစ်သွားလိမ့်မယ်။
သူ သူ့စိတ်ထဲက မကျေနပ်ချက်တွေကို ထိန်းချုပ်ထားပြီး ချန်ကျန်းကျီကို ကြည့်လိုက်တယ်။ “သား ငါတို့ယောကျာ်းတွေက အခြေအနေအရ ပြောင်းလဲတတ်ရမယ်။ မင်းအစ်ကို အဲ့ကောင်မကို လွှတ်ပေးဖို့ ရဲစခန်းကိုသွားပြီး မတောင်းဆိုခင် မင်းမြန်မြန်သွားဝန်ခံလိုက်။”
*****
Aurora Novel Translation Team