Chapter 109
- Home
- All Mangas
- Their Substitute Marriage
- Chapter 109 - နောက်ကျနေတဲ့ ခင်ပွန်းတစ်ယောက်ရဲ့အနမ်း

အခန်း(၁၀၉) နောက်ကျနေတဲ့ ခင်ပွန်းတစ်ယောက်ရဲ့အနမ်း
ချန်ကျားကျီ ရဲစခန်းကို အပြေးအလွှားရောက်လာတဲ့အချိန်မှာ ရဲစခန်းကို သတင်းမီဒီယာတွေအကုန်လုံးက ဝိုင်းနေကြတယ်။
အဲ့ဒီအချိန်မှာ ချန်ကျားကျီနဲ့ပေချင်းချင်းတို့ရဲ့သတင်းတွေက မရေမတွက်နိုင်တဲ့ page တွေပေါ်မှာ ပလူပျံနေပြီး လူတွေအတွက် ညအချိန်မှာပြောတဲ့ ပြောစရာစကား ဖြစ်လာခဲ့တယ်။
သူတို့နှစ်ယောက်ကြားက မတော်မဆတစ်ခုက မင်္ဂလာဆောင်တဲ့ညမှာ လူသတ်မှုတစ်ခုဖြစ်တဲ့အထိ အံ့သြစရာကောင်းလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
မရိုးသားတဲ့သတင်းထောက်တွေက အမြတ်ထုတ်ဖို့အတွက် ပထမဆုံးသတင်းကို ယူဖို့ပဲ ဒီနေရာမှာ ထိုင်စောင့်နေကြတာ။
သူ ဖုန်းကိုထုတ်လိုက်ပြီး နံပါတ်တစ်ခုကို ဆက်လိုက်တယ်။
“ရဲစခန်းအပြင်ဘက်မှာ သတင်းထောက်တွေ အများကြီးရှိနေတယ်။ ခင်ဗျား ဘာမှမလုပ်ဘူးလား။”
“မစ္စတာချန်။ တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်တို့ရဲ့ ပေါ့ဆမှုကြောင့်ပါ။ ကျွန်တော် ချက်ချင်းသွားပြီး အမိန့်ထုတ်လိုက်ပါ့မယ်။”
ချန်ကျားကျီ ကားကို လမ်းဘေးမှာ ထိုးရပ်လိုက်တယ်။
ဆယ်မိနစ်လောက်ကြာတော့ ကင်းလှည့်တဲ့ ရဲအဖွဲ့တစ်ဖွဲ့ ရောက်လာပြီး သတင်းထောက်တွေကို အဝေးမောင်းထုတ်လိုက်တယ်။
သတင်းထောက်တွေ ထွက်သွားတာကို ကြည့်ပြီးမှ ချန်ကျားကျီ သူ့ကားကို ရဲစခန်းဆီကို ဖြည်းဖြည်းချင်းမောင်းလာခဲ့တယ်။
ရဲစခန်းကို ရောက်ရောက်ချင်း သူ့ရည်ရည်ချက်ကို ထုတ်မပြောခဲ့ဘူး။ တာဝန်ခံက သူ့ကိုကြည့်ပြီး ယဥ်ယဥ်ကျေးကျေးနဲ့ ပြောလာတယ်။ “မစ္စတာချန် ဟုတ်တယ်နော်။ ခင်ဗျားရဲ့ဇနီးက ခင်ဗျားကို ဧည့်တွေ့ခန်းမှာ စောင့်နေတာ တော်တော်ကြာနေပြီ။”
ချန်ကျားကျီ နည်းနည်း မျက်မှောင်ကြုတ်သွားတယ်။ ဒါပေမဲ့ ဘာမှမပြောတော့ဘဲ ရဲအရာရှိနောက်ကနေ ဧည့်တွေ့ခန်းကို လိုက်သွားလိုက်တယ်။
ဧည့်တွေ့ခန်းက ကျယ်ဝန်းပြီး လင်းထိန်နေတယ်။ အဲ့ဒီနေရာမှာ ပေချင်းချင်းက တစ်ယောက်တည်း ထိုင်နေတယ်။
ချန်ကျားကျီ တံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အချိန်မှာ ပေချင်းချင်းရဲ့ ပါးလွှာတဲ့ကျောပြင်လေးကို တွေ့လိုက်ရတယ်။
သူ(မ)က မင်္ဂလာဝတ်စုံကို ဝတ်ထားတုန်းပဲ။ ပြီးတော့ သူ(မ)ရဲ့မိတ်ကပ်တွေက လှပနေသေးတယ်။ သူ(မ)ရဲ့ဆံပင်တွေကလည်း သပ်သပ်ရပ်ရှိနေသေးတယ်။ ဒါပေမဲ့ သူ(မ)ကိုယ်ပေါ်က မင်္ဂလာဝတ်စုံကတော့ ဓာတ်နဲ့အဖြတ်ခံထားရပြီး သွေးတွေ ပေကျံနေခဲ့တယ်။
အသံကိုကြားလိုက်ရတာမို့ ပေချင်းချင်း လှည့်ကြည့်လိုက်တယ်။
မျက်ဝန်းနှစ်စုံ တွေ့ဆုံလိုက်ရတော့ အရာအားလုံးကို အသံတိတ်နဲ့သာ စကားပြောနေခဲ့ကြတယ်။
ပေချင်းချင်းရဲ့ ကြေကွဲနေတဲ့အကြည့်တွေကို မြင်ရမယ်လို့ သူထင်ထားခဲ့ပေမဲ့ တည်ငြိမ်တဲ့အကြည့်တွေကိုသာ သူ(မ)မျက်နှာပေါ်မှာ တွေ့လိုက်ရတယ်။
“ရှင်က ကျွန်မထင်ထားတာထက် ၁၅ မိနစ်ပိုပြီး နောက်ကျတာပဲ။” ပေချင်းချင်းက သူ့ကိုကြည့်ပြီး ပြုံးပြလိုက်တယ်။
ဒီအချိန်မှာ သူ(မ)က လေပြေတွေလိုပဲ တည်ငြိမ်နေတယ်။ သူ(မ)က ပြစ်မှုကျူးလွန်ထားတဲ့ မိန်းမတစ်ယောက်နဲ့ လုံးဝတူမနေဘူး။ အဲ့ဒီအစား သူ(မ)ချစ်သူနဲ့ date မဲ့ မိန်းကလေးတစ်ယောက်လို တစ်ဖက်လူနောက်ကျနေတာကို စောဒကတက်နေခဲ့တယ်။
ချန်ကျားကျီက သူ(မ)နဲ့ မျက်နှာချင်းဆိုင်မှာထိုင်ကာ အချိန်အကြာကြီးစောင့်နေခဲ့ရတဲ့သူ(မ)ကို တောင်းပန်လိုက်တယ်။
“အဆင်ပြေပါတယ်။ အရမ်းနောက်မကျပါဘူး။ ရဲအရာရှိကပြောတယ်။ တစ်ယောက်ယောက်က သူကိုယ်တိုင်လာဝန်ခံသွားပြီး ဒီကိစ္စက ကျွန်မနဲ့ဘာမှမဆိုင်ဘူးဆိုတာ အတည်ပြုလိုက်ပြီတဲ့။ အဲ့ဒါကြောင့် သူတို့က ကျွန်မကို လွှတ်ပေးလိုက်ပြီ။” ပေချင်းချင်းက ချန်ကျားကျီကိုကြည့်ပြီး ဆက်ပြောလိုက်တယ်။ “ဒါ ရှင်ဖြေရှင်းပေးလိုက်တာပဲဆိုတာ ကျွန်မသိပါတယ်။”
ချန်ကျားကျီလည်း သက်ပြင်းချပြီး ပြောလိုက်တယ်။ “ချန်ကျန်းကျီ အဲ့ကောင်လေးက ကိုယ့်ကို ဒါနဲ့ ရိုက်ချလိုက်တာပဲ။”
“ချန်ကျန်းကျီး ရဲစခန်းမှာ သူကိုယ်တိုင်ဝန်ခံလာအောင်လို့ ရှင်အများကြီးလုပ်ခဲ့တာပဲ။”ပေချင်းချင်း ချန်ကျားကျီကို အချစ်တွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေလိုက်တယ်။ “ရှင် ကျွန်မကို ကာကွယ်ပေးမယ်ဆိုတာ ကျွန်မသိတယ်။”
“ကိုယ် မင်းအမေကို မြို့လယ်ခေါင်က ဗီလာမှာ နေရာချထားပေးပြီးသွားပြီ။ သူ(မ)ကိုပြုစုပေးဖို့ သူနာပြုတစ်ယောက်လည်း ငှားပေးထားတယ်။”
ပေချင်းချင်းရင်ထဲ ကြည်နူးသွားမိတယ်။ ချန်ကျားကျီက နာရီအနည်းငယ်လောက်နဲ့ အရာအားလုံးကို စီစဥ်နိုင်ခဲ့တယ်။ သူ(မ)ရှေ့က ဒီအမျိုးသားက သူ(မ)အတွက် တကယ်ကို မှန်ကန်တဲ့ အမျိုးသားပဲ။
သူ(မ) ချန်ကျားကျီကို တင်းတင်းကျပ်ကျပ်ဖက်ပြီး ပြောလိုက်တယ်။ “ကျွန်မ အိမ်ပြန်ချင်တယ်။”
“ကောင်းပြီ။ ကိုယ်မင်းကို အိမ်ကိုခေါ်သွားပေးမယ်။”
ချန်ကျားကျီ ပြောပြီးတော့ သူ(မ)ကို ပွေ့ချိီပြီး ခေါ်လာခဲ့တယ်။
ချန်ကျားကျီဘက်က အခုလိုမျိုး သူ(မ)ကို ခေါ်သွားလိမ့်မယ်လို့ သူ(မ) မထင်ထားခဲ့ဘူး။
သူ(မ)မျက်နှာကို သူ့ပခုံးတစ်ဖက်မှာ အပ်ထားရင်း သူ့လည်ပင်းကိုလည်း ချက်ချင်းဖက်ထားလိုက်တယ်။
“လူတွေအများကြီး ကြည့်နေတယ်လေ။ ရှင်ဘာတွေလုပ်နေတာလဲ။” ပေချင်းချင်းရဲ့ အသံက အနည်းငယ်ရှက်ရွံ့နေပြီး သူ(မ)မျက်နှာကနေ လည်ပင်းအထိ နီရဲလာတယ်။
ချန်ကျားကျီကလည်း ပြုံးပြီး ပြန်ပြောလိုက်တယ်။ “မင်းက ကိုယ့်ဇနီးလေ။ ကိုယ်မင်းကို ဒီလိုလုပ်ပေးတာ ဘာမှားလို့လဲ။ ပြီးတော့ ဒီနေ့က ကိုယ်တို့ရဲ့ မင်္ဂလာပွဲနေ့ဆိုတော့ သတို့သားက သတို့သမီးကို ဒီလိုမျိုး သယ်ပေးသင့်တာပဲလေ။
ချန်ကျားကျီ အဲ့လိုပြောပြီးတော့ ပေချင်းချင်းရဲ့ဦးခေါင်းထက်မှာ အနမ်းတစ်ပွင့်ခြွေလိုက်တယ်။
“ဒါက နောက်ကျနေတဲ့ မင်းယောကျာ်းရဲ့ အနမ်းပဲ။”
*****
Aurora Novel Translation Team