Chapter 111

အခန်း (၁၁၁) သူ(မ)ကိုယ်ဝန်ရှိနေတယ်
ပေချင်းချင်း တံခါးကို လော့ချပြီးပြီးချင်း ဗိုက်ထဲကနေ ပျို့တက်လာခဲ့တယ်။ သူ(မ) toilet ဘေးမှာ အန်ချလိုက်တယ်။
ကြက်ထမင်းပေါင်းက အရမ်းရသာရှိပါတယ်။ ဒါပေမဲ့ ပါးစပ်ထဲကနေ အစာအိမ်ထဲကိုရောက်သွားတော့ အစာအိမ်ထဲမှာရှိတဲ့ တစ်စုံတစ်ခုက အရသာရှိတဲ့အစားအသောက်ကို ငြင်းဆန်နေသလိုမျိုး ခံစားရတယ်။ အဲ့ဒါက သူ(မ)ကို ပျို့အန်ချင်စိတ်ဖြစ်စေခဲ့တယ်။
သူ(မ) သည်းခြေရည်တွေထွက်လာတဲ့အထိ အချိနိအတော်ကြာအောင် အန်ပစ်လိုက်တယ်။ အဲ့ဒီနောက် သူ(မ)ရပ်လိုက်တယ်။
သူ(မ) ဖြူဖပ်ပြီး အားနည်းစွာနဲ့ နံရံကို မှီလိုက်တယ်။ အဲ့ဒီအချိန်မှာ ချန်ကျားကျီက တံခါးကိုခေါက်ပြီး စိုးရိမ်စွာနဲ့ မေးလာတယ်။ “ချင်းချင်း ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။”
ပေချင်းချင်း ပလုတ်ကျင်းလိုက်ပြီးတော့ မျက်နှာသစ်လိုက်တယ်။ အဲ့ဒီနောက် တံခါးဖွင့်ပြီး ချန်ကျားကျီကို ကြည့်လိုက်ရင်း ကြိုးစားပြီးပြောလိုက်တယ်။ “မနေ့ညတုန်းက အိမ်ပြန်တဲ့လမ်းမှာ အအေးမိသွားတာထင်တယ်။ ကျွန်မအခု နေလို့မကောင်းဘူး။”
“မင်းအတွက် ဂျင်းလက်ဖက်ရည်ပြင်ပေးဖို့နဲ့ ပဲနီလေးဟင်းရည်ချက်ပေးဖို့ ကိုယ် အိမ်အကူကို ပြောလိုက်မယ်။” ချန်ကျားကျီက သူ(မ)ကိုဖက်ကာ နဖူးလေးကို ညင်သာစွာ နမ်းလိုက်ပြီး သူ(မ)ကို ညင်သာစွာ ကြည့်လိုက်တယ်။ “နှစ်ရက်လောက် ကောင်းကောင်း အနားယူသင့်တယ်။ ဘယ်မှမသွားနဲ့ဦး။”
“ကျောင်းကိုဘယ်လိုလုပ်မှာလဲ….”
“ကိုယ် မင်းအတွက် ကျောင်းကိုခွင့်တိုင်ပေးမယ်။” ချန်ကျားကျီက သူ(မ)ကိုကြည့်ပြီး ပြောလိုက်တယ်။ “မကြာခင် နွေရာသီအားလပ်ရက်ရောက်တော့မှာ။ မင်း ကျောင်းကို သွားသွား မသွားသွား ဘာမှမဖြစ်ပါဘူး။”
ပေချင်းချင်း အများကြီးစဥ်းစားမနေတော့ဘဲ ခေါင်းညိတ်ပြလိုက်တယ်။
ချန်ကျားကျီထွက်သွားတော့ ပေချင်းချင်းလည်း ဧည့်ခန်းထဲမှာ ကာတွန်းကားကြည့်နေပြီး သေလောက်အောင် ပျင်းလာခဲ့တယ်။
သူ(မ)ရဲ့စိတ်တွေက ပျံ့လွင့်နေတယ်။ ဒီမနက်ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို စဥ်းစားပြီးတော့ ရုတ်တရက် သူ(မ) သေသေချာချာ တွေးကြည့်မိတယ်။
ဖုန်းကိုထုတ်ပြီး ပြက္ခဒိန်မှာ ရာသီလာတဲ့ရက်ကိုကြည့်လိုက်တယ်။ ရာသီလာရက်က တစ်ပတ်နောက်ကျနေတာကို တွေ့တော့ သူ(မ)လန့်သွားတယ်။
“ငါ ကိုယ်ဝန်ရှိနေလို့များလား။”
ပေချင်းချင်း ချွေးစီးတွေပြန်လာပြီး အရမ်းကြောက်လန့်သွားတယ်။
သူ(မ)လည်း ဆီးစစ်တံဝယ်ဖို့ ရပ်ကွက်အပြင်ဘက်က ကုန်စုံဆိုင်ကို ထွက်လာလိုက်တယ်။
အိမ်ပြန်ရောက်တော့ ရေချိုးခန်းထဲမှာ ခိုးကြောင်ခိုးဝှက်နဲ့ ဆီးစစ်ခဲ့တယ်။
အဖြေက နှစ်ကြောင်းဖြစ်နေတယ်။ သူ(မ) တကယ်ပဲ ကိုယ်ဝန်ရှိနေပြီ။
ဒီသတင်းက မိုးကောင်ကင်ကနေ ပေချင်းချင်းဆီကို လျှပ်စီးတစ်ခုဝင်လာသလိုပဲ။
သူ(မ) ပေပေနဲ့ပတ်သက်နေတဲ့အရာတွေရဲ့အလယ်မှာရှိနေပေမဲ့လည်း ကိုယ်ဝန်ရဖို့တော့ မမျှော်လင့်ထားမိခဲ့ဘူး။
သူ(မ)စိတ်ခံစားချက်တွေ ရောထွေးနေတယ်။ ပေချင်းချင်းအနေနဲ့ ကလေးတွေကို သဘောကျပေမဲ့ အခုကလေးလေးက အဆိုးဆုံးအချိန်မှာ ရောက်လာခဲ့တဲ့ပုံပဲ။
မိသားစုတစ်ခုလုံးက ကလေးလေးရောက်လာကို စောင့်မျှော်နေကြတယ်ဆိုပေမဲ့ သူ(မ)ကတော့ မုန်တိုင်းတွေနဲ့ ရင်ဆိုင်ရတော့မယ်လို့ခံစားနေရတယ်။
သူ(မ)လည်း သေချာစဥ်းစားပြီး ချန်ကျားကျီကိုမပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။ ရေချိုးခန်းထဲကအမှိုက်တွေကို သိမ်းဖို့ အိမ်အကူကိုပြောလိုက်ပြီး တည်ငြိမ်စွာနဲ့ အိပ်ခန်းထဲပြန်လာခဲ့လိုက်တယ်။
သူ(မ) နှစ်နစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့ပြီး အိပ်မက်ထဲမှာ ကလေးလေးက သူ(မ)နဲ့အတူ မြက်ခင်းပေါ်မှာ ပျော်ရွှင်စွာ ပြေးလွှားနေတယ်။ အိပ်မက်ထဲမှာ တစ်ယောက်ယောက်က ငြင်းခုန်နေတာကို မပီမပြင် ကြားလိုက်ရတယ်။
“ငါဂရုမစိုက်ဘူး။ ပေချင်းချင်းကို ငါ့ကိုထွက်တွေ့ခိုင်းရမယ်။ ငါက သူ့အမေအရင်း။ ငါ့သမီးကို ငါတွေ့ခွင့်ရှိတယ်။”
စူးစူးဝါးဝါးအော်သံတွေက ပေချင်းချင်းကို အိပ်မက်ထဲကနေ လက်တွေ့ဘဝကို ဆွဲခေါ်လာခဲ့တယ်။
သူ(မ) ရုတ်တရက် ကုတင်ပေါ်မှာ ထထိုင်လိုက်ပြီး နောက်တစ်စက္ကန့်မှာ စန်းဟုန်မေ့ရဲ့အသံက ထပ်ထွက်လာပြန်တယ်။ “မင်း ပေချင်းချင်းကို မနှိုးပေးဘူးဆိုရင် သူ(မ)အိပ်ခန်းကိုသွားပြီး ငါကိုယ်တိုင်ပြောရလိမ့်မယ်။”
ပေချင်းချင်း မျက်မှောင်ကြုတ်လိုက်မိကာ စက်ဆုတ်ရွံရှာတဲ့ခံစားချက်တွေ ထွက်ပေါ်လာခဲ့တယ်။
သူ(မ) အဝတ်အစားလဲပြီး အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်။ အောက်ထပ်က စန်းဟုန်မေ့နဲ့ ပေယွင်စုန့်တို့ရဲ့မျက်နှာကိုကြည့်ပြီး သူ(မ)စိတ်ထဲမှာ ချမ်းစိမ့်စိမ့်ဖြစ်လာတယ်။
သူ(မ)တို့နှစ်ယောက်လုံးမှာ ကိုယ်ဝန်ရှိနေပြီ။ ဒါပေမဲ့ သူတို့ကတော့ ပေပေကိုပဲ အဖိုးတန်ရတနာအဖြစ် ဆက်ဆံကြတယ်။ သူတို့အတွက် သူတို့ရဲ့သမီးအရင်းက လမ်းဘေးက အမှိုက်ပုံတစ်ခုသာသာပဲ။
စန်းဟုန်မေ့က ပေချင်းချင်းထွက်လာတာကိုမြင်တော့ စူစူးဝါးဝါးအော်လိုက်တယ်။”ပေချင်းချင်း နင်အခုချက်ချင်း ပေပေရဲ့ကုတင်ဘေးမှာ ဒူးထောက်ပြီး တောင်းပန်လိုက်။”
*****
Aurora Novel Translation Team