Chapter 113
- Home
- All Mangas
- Their Substitute Marriage
- Chapter 113 - ဒါက သတင်းကောင်းတွေထဲက ကြီးမားတဲ့သတင်းကောင်းတစ်ခုပဲ

အခန်း(၁၁၃) ဒါက သတင်းကောင်းတွေထဲက ကြီးမားတဲ့သတင်းကောင်းတစ်ခုပဲ
ချန်ကျားကျီ ညဘက် အိမ်ပြန်ရောက်တော့ ပေချင်းချင်းရဲ့မိဘတွေက ဒီနေ့မနက် အိမ်ကိုရောက်လာပြီး ပြဿနာရှာသွားတယ်ဆိုတာ သိလိုက်ရတယ်။
“အချိန်ကျလာရင် ဗီလာကို ပြောင်းနေကြမယ်။အဲ့ဒီမှာက တိတ်ဆိတ်ပြီး တံခါးတွေရဲ့လုံခြုံမှုက အရမ်း စိတ်ချရတယ်။ပြီးတော့ မင်းအမေလည်း အဲ့ဒီမှာပဲ နေနေတာ။ သူ(မ)က မင်းကို အရမ်းတွေ့ချင်နေတယ်။” ချန်ကျားကျီ ပြောလိုက်တယ်။
ပေချင်းချင်းကလည်း ပြုံးပြီးတော့ “ရှင့်အတွက် စိတ်ဒုက္ခမဖြစ်ဘူးလား။”
“ကိုယ်က မင်းယောက်ျားပါ။ မင်းကြောင့် ဒုက္ခရောက်ရတာက ကိုယ့်အတွက်ဂုဏ်ယူစရာပေါ့။” ချန်ကျားကျီ ပြောလိုက်ပြီး သူ(မ)လက်ကလေးကိုကိုင်ကာ ညင်ညင်သာသာနဲ့ နမ်းရှိုက်လိုက်တယ်။
ပေချင်းချင်းကလည်း အသာပြုံးရင်း သူ(မ)လက်ကို ပြန်ဆွဲပြီး မေးလိုက်တယ်။ “ရှင့်အဖေက ရှင့်အတွက်စိတ်အနှောင့်အယှက်မဖြစ်ဘူးလား။”
အဲ့လိုပြောလိုက်တော့ ချန်ကျားကျီက သက်ပြင်းကို ဖြည်းဖြည်းချင်းချပြီး ပြန်ပြောလာတယ်။ “ဖေဖေက အမြဲတမ်းအဲ့ဒီအတိုင်းပဲ။သူက ညီလေးကို အမြဲတမ်းမျက်နှာသာပေးတယ်။ထပ်ပြောနေလည်း အသုံးမဝင်ဘူး။”
“ကျွန်မတို့နှစ်ယောက်ရဲ့ကံကြမ္မာတွေက ဆက်သွယ်နေတာပဲ။ရှင့်မိဘတွေက ရှင့်ညီလေးကို မျက်နှာသာပေးတယ်။ ကျွန်မမိဘတွေက ကျွန်မညီမလေးကို မျက်နှာသာပေးတယ်။” ပေချင်းချင်း ခါးသက်သက် ခံစားလိုက်ရတယ်။
“အဲဒါတွေက သူတို့အတွက် စိတ်ပျက်စရာပဲ။” ချန်ကျားကျီက ပေချင်းချင်းကို ဖက်လိုက်ပြီးတော့ သူ့အကြည့်တွေက သူ(မ)ရဲ့ရင်ဘက်တွေဆီကို ဖြည်းဖြည်းချင်း မသိမသာ ရောက်သွားတယ်။
ပေချင်းချင်းလည်း ချန်ကျားကျီရဲ့အကြည့်တွေကို သတိထားမိသွားပြီး သူ(မ)ရင်ဘတ်ကို လက်နဲ့ကွယ်ကာ ပြောလိုက်တယ်။ “ရှင် ရှင် ရှင် မကြည့်နဲ့။”
ချန်ကျားကျီ သူ(မ)ရဲ့နားရွက်နားကပ်ပြီး တိုးတိုးလေး ရယ်မောလိုက်တယ်။ “မနေ့ညက ကိုယ်တို့ ဘယ်လောက်တောင်နမ်းခဲ့ကြလဲ။အခုမှ ဘာလို့ကြည့်လို့မရရမှာလဲ။”
ပေချင်းချင်းရဲ့မျက်နှာက ပန်းသီးတစ်လုံးလို ချက်ချင်းနီရဲလာတယ်။ပေချင်းချင်းက ချန်ကျားကျီကို ဒေါသတကြီးနဲ့ အဝေးကိုတွန်းလိုက်ပြီး ပြောလိုက်တယ်။ “ရှင်က အရမ်းစိတ်ပျက်စရာကောင်းတာပဲ။”
ဒါပေမဲ့လည်း ချန်ကျားကျီက အရမ်းစိတ်ဝင်စားနေတယ်။သူက ပေချင်းချင်းကို ဖက်လိုက်ပြီးတော့ ပြောလိုက်တယ်။ “မင်းက ကိုယ့်ကိုအရမ်းကျီစယ်နေတာပဲ။ဒီညဆက်လိုက်ရအောင်။”
“ဟင့်အင်း။” ပေချင်းချင်းက တကယ့်ကို လန့်သွားခဲ့တယ်။သူ(မ)က ချန်ကျားကျီကို အဝေးကိုတွန်းလိုက်ပြီး ပြောလိုက်တယ်။ “ကျွန်မစိတ်ခံစားချက်မကောင်းဘူး။ဒီနေ့ည ကောင်းကောင်းအနားယူဖို့ လိုအပ်တယ်။”
အဲ့ဒီတော့မှ ပေချင်းချင်း ဒီနေ့စိတ်ခံစားချက်ကောင်းမနေဘူးဆိုတာကို ချန်ကျားကျီ သတိရသွားတယ်။ အဲ့ဒါကြောင့် သူ စိုးရိမ်မှုတွေနဲ့ မေးလိုက်တယ်။ “အခုစိတ်ခံစားချက်ကောင်းသွားပြီလား။ဘာဖြစ်တာလဲ။ ဆေးရုံကို ဆေးသွားစစ်ချင်လား။”
“မလိုပါဘူး၊မလိုပါဘူး။ဒါက ကြီးကြီးမားမားမဟုတ်ပါဘူး။ဆေးရုံကို ဆေးသွားစစ်ဖို့တော့ မလိုပါဘူး။”ပေချင်းချင်း အဲ့ဒီစကားကိုကြားတော့ လက်ကိုယမ်းပြီးတော့ ပြန်ပြောလိုက်တယ်။ “ရှင် ဒီနေ့ည အလုပ်လုပ်ပြီး အိပ်လို့ရပြီ။”
ချန်ကျားကျီက အရမ်းအံ့သြသွားတာမို့ ပြန်မေးလိုက်မိတယ်။ “ကိုယ့်ကို ဘာလို့ အလုပ်လုပ်ဖို့ မောင်းထုတ်နေတာလဲ။ဒါက ကိုယ်တို့လက်ထပ်ပြီးတဲ့ ဒုတိယမြောက်နေ့လေ။ဘာလို့ ကိုယ့်ယောက်ျားအသစ်လေးကို အလုပ်လုပ်ပြီးအိပ်ဖို့ မောင်းထုတ်နေရတာလဲ။”
သူ သူ(မ)ကိုကြည့်ပြီး မကျေမနပ်နဲ့ ပြောလိုက်တယ်။ “ကိုယ် မင်းနဲ့ပဲအိပ်ချင်တယ်။”
“အိုက်ယား ဒါက ကျွန်မအတွက် တကယ်ကိုအဆင်မပြေဘူး။” ပေချင်းချင်းက နည်းနည်းရှက်နေတယ်။သူ(မ)ချန်ကျားကျီကို သူ(မ)ရဲ့ကိုယ်ဝန်အကြောင်းကို မပြောနိုင်သေးဘူး မဟုတ်လား။
ဒါပေမဲ့ ချန်ကျားကျီက ပေချင်းချင်းရဲ့ရှက်ရွံ့နေတဲ့မျက်နှာကြောင့် သူ(မ)ကိုဆက်ပြီး တွန်းအားမပေးတော့ဘူး။အဲ့ဒီအစား သူပြောလိုက်တယ်။ “ကိုယ်က မင်းရဲ့ဘေးမှာနေချင်ရုံလေးပါ။မင်းကမထိစေချင်ရင် ကိုယ်မင်းကို လုံးဝဘာမှလုပ်မှာမဟုတ်ပါဘူး။”
ချန်းကျားကျီရဲ့ဖြားယောင်းမှုတွေကို မငြင်းနိုင်တော့တာမို့ ပေချင်းချင်းအနေနဲ့ သူ့ရဲ့အကျပ်ကိုင်မှုတွေနဲ့ ဖြားယောင်းမှုတွေကို လိုက်လျောပေးရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။
ချန်ကျားကျီက သူ(မ)ကို ဘာမှမလုပ်ဘူးလို့ပြောထားပေမဲ့ သူ(မ)ကိုမနမ်းဘူးလို့တော့ သူမပြောခဲ့ဘူးလေ။
ပေချင်းချင်း သူ့ကိုခုခံဖို့ကြိုးစားခဲ့ပေမဲ့ သူက သူ(မ)ကိုဖက်ပြီးတော့ တစ်ညလုံးနမ်းနေခဲ့တယ်။
ဒီအရာတွေက မကောင်းဘူးလို့ ပေချင်းချင်း တိတ်တိတ်လေးခံစားနေရတယ်။
ချန်ကျားကျီရဲ့အရှိန်က ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် သူ(မ)ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့အချက်ကို ဖုံးကွယ်မထားနိုင်မှာ ကြောက်ရွံ့မိတယ်။
သူ(မ)အဲဲ့ဒီအကြောင်းကို စဥ်းစားလိုက်ပြီး ချန်ကျားကျီကို ပြောပြဖို့ ဆုံးဖြတ်ချက်လိုက်တယ်။
“ချန်ကျားကျီ” ပေချင်းချင်း ထထိုင်လိုက်ပြီး ချန်ကျားကျီကို လေးလေးနက်နက် ကြည့်လိုက်တယ်။
“ဘာဖြစ်လို့လဲ။” ချန်ကျားကျီက သူ(မ)ကိုကြည့်ကာ နားမလည်နိုင်ဖြစ်ပြီး မေးလိုက်တယ်။ “မင်းဘာလို့မအိပ်သေးတာလဲ။အရမ်းနောက်ကျနေပြီ။”
“ကျွန်မ ရှင့်ကိုပြောစရာရှိတယ်။”
ချန်ကျားကျီက နူးညံ့စွာပြုံးလိုက်ကာ သူ(မ)ပခုံးကိုပွေ့ဖက်ရင်း နမ်းလိုက်တယ်။ “နေကောင်းအောင်နေပါ။ဒီအကြောင်းကို မနက်ဖြန်မှ ပြောပြလို့ရတယ်။အလျင်လိုစရာမလိုပါဘူး။”
“မဟုတ်ဘူး။ကျွန်မတို့ အခုပဲပြောကြမယ်။” ပေချင်းချင်း သူ့ကို ခေါင်းမာမာနဲ့ ကြည့်လိုက်တယ်။
ချန်ကျားကျီလည်း သူ(မ)ကို ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ သူ(မ)ဆံနွယ်တွေကို ညင်သာစွာ ပွတ်သပ်ပြီး ပြောလိုက်တယ်။ “ကောင်းပြီလေ။အခုပြောကြတာပေါ့။မနက်နှစ်နာရီကြီးမှာ ကိုယ်ကိုပြောမဲ့ အရမ်းအရေးကြီးနေတဲ့အရာက ဘာများလဲ။”
“ချန်ကျားကျီ” ပေချင်းချင်း သူ့ကိုကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်တယ်။ “ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ။”
*****
Aurora Novel Translation Team