Chapter 115

အခန်း(၁၁၅) မိသားစုတစ်ခုလုံးရဲ့ကလေးလေး
ပေချင်းချင်း အဲ့ဒါကိုကြားတော့ ငိုရခက်၊ရီရခက်ဖြစ်သွားခဲ့တယ်။
ချန်ကျားကျီက တကယ်ကို စိတ်တိုစရာကောင်းတယ်။သူ(မ)ကိုယ်ဝန်ရှိနေတဲ့သတင်းကို လူတိုင်းဆီ ဘယ်လိုလုပ် ပြောပြလိုက်ရတာလဲ။
လီရိလန်က ပေချင်းချင်းရဲ့အတွေးတွေကို မြင်နေရတဲ့အတိုင်း သူ(မ)က ပေချင်းချင်းလက်ကိုဆုပ်ကိုင်ပြီးတော့ ပေချင်းချင်းကို နှစ်သိမ့်ပေးလိုက်တယ်။ “ကျားကျီကို အရမ်းပါးစပ်ဖွာနေလို့ အပြစ်တင်မနေပါနဲ့။အမေတို့အားလုံးက သမီးကိုစိတ်ပူနေကြတာ။”
“ချန်ကျားကျီက သမီးကိုယ်ဝန်ရှိနေတာကိုသိတော့ အမေတို့ထက်တောင် ပိုပြီးစိတ်လှုပ်ရှားနေတာ။” ကူရှောင်းက ပေချင်းချင်းကိုကြည့်ပြီး ညင်သာစွာပြုံးလိုက်တယ်။ “ချန်ကျားကျီက အရမ်းကိုကောင်းတဲ့ ခင်ပွန်းတစ်ယောက်ပါ။”
“ဟုတ်တယ်၊ဟုတ်တယ်။ ချင်းချင်းကိုယ်ဝန်ရှိတာက ကောင်းတဲ့ကိစ္စတစ်ခုပဲ။ငါတို့ပျော်နေသင့်တာ။” လီရိလန်က ပြောကာ သူ(မ)ရဲ့ black card ကိုထုတ်လိုက်ပြီး ပေချင်းချင်းရဲ့လက်ထဲကို ထည့်ပေးလိုက်တယ်။ “အမေ ဒီကတ်ကိုသမီးကို ပေးလိုက်မယ်။သမီးလိုချင်တာဝယ်လို့ရတယ်။”
ပေချင်းချင်းက ကတ်ကိုကြည့်ပြီး “ကတ်ကို မတော်တဆ အလွန်အကျွံသုံးမိသွားရင် ဘယ်လိုလုပ်မလဲ။”
လီရိလန်ကလည်း အသာပြုံးရင်း “သမီးလွတ်လွတ်လပ်လပ်သုံးလို့ရပါတယ်။ဒါက unlimited black card ပဲ။ သမီးလိုချင်ရင် ယွမ်သန်းချီပေးစရာမလိုဘဲ လေယာဉ်တောင်ဝယ်လို့ရတယ်။”
ပေချင်းချင်းတစ်ယောက် အဲ့ဒီစကားကိုကြားတော့ သူ(မ)မျက်လုံးတွေက ချက်ချင်းဝိုင်းစက်သွားတယ်။ “အဲ့လိုမဖြစ်နိုင်ဘူး မဟုတ်လား။ limit က အရမ်းမြင့်တယ်။ကျွန်မ ပိုက်ဆံတွေယူပြီး ထွက်ပြေးသွားမှာ မကြောက်ဘူးလား။”
“မကြောက်ပါဘူး။” လီရိလန်က ပေချင်းချင်းကိုကြည့်ပြီး ပြုံးလိုက်တယ်။
“အခု သမီးရဲ့ဗိုက်ထဲမှာ ချန်ကျားကျီရဲ့ကလေးလေးရှိနေပြီလေ။သမီးက ချန်ကျားကျီနဲ့ ကလေးလေးကို ချစ်တယ်။ဘာပဲဖြစ်ဖြစ် သမီးကထွက်ပြေးမှာမဟုတ်ဘူး။”
လီရိလန်က အဲ့ဒီလိုပြောပြီးနောက် သူတို့သုံးယောက် ရယ်မောလိုက်ကြတယ်။
ပေချင်းချင်းရဲ့လူနာဆောင်က ပျော်ရွှင်စရာမြင်ကွင်းနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဆေးရုံရဲ့ အလယ်ဗဟိုမှာ အထူးကုသဆောင်တစ်ခုရှိနေတယ်။
ပေပေက အရမ်းစိတ်တိုနေပြီး လူနာဆောင်ထဲကအရာအားလုံးကို ပစ်ပေါက်နေတယ်။
“အိုက်ယား။ ကလေးလေး ကလေးလေး သမီး ဒါကို ပစ်ပေါက်လို့မရဘူးလေ။ဒါက ဆေးရုံရဲ့ နှလုံးခုန်နှုန်းတိုင်းတဲ့ပစ္စည်း။ဒါတစ်ခုကို သန်းချီကုန်တယ်။သမီး ဒါကိုရိုက်ခွဲလိုက်ရင် အဲ့ဒါကို ပြန်လျော်ပေးဖို့ ဒီလောက်ပိုက်ဆံအများကြီး အမေတို့မှာ ဘယ်လိုလုပ်ပြီးရှိမှာလဲ။”
စန်းဟုန်မေ့က ကြမ်းပြင်ပေါ်မှာ ပစ္စည်းတွေကို ဖျက်ဆီးပစ်ဖို့ကြိုးစားနေတဲ့ ပေပေ့ကိုကြည့်ပြီး ချက်ချင်းပဲ ထိတ်လန့်စွာနဲ့တစ်ချက်အော်လိုက်တယ်။ “သမီးတစ်ခုခုကို တကယ်ရိုက်ခွဲချင်နေရင် မေမေ သမီးရိုက်ခွဲဖို့ လက်ဖက်ရည်ပန်းကန်နည်းနည်း ထပ်ဝယ်ပေးပါ့မယ်။”
“ထွက်သွား။ ထွက်သွား။” ပေပေက စန်းဟုန်မေ့နဲ့ ပေယွင်စုန့်ကို အော်ပြောပြီး ငိုနေခဲ့တယ်။
ပေယွင်စုန့်နဲ့စန်းဟုန်မေ့တို့ကလည်း ပေပေ့ကိုကြည့်ပြီး စိုးရိမ်တကြီး ပြောလိုက်တယ်။ “ကလေးလေး။ ဒေါသထွက်မနေပါနဲ့။ဒေါသထွက်ဖို့ မတန်ပါဘူး။”
ပေပေက အဲ့ဒါကိုကြားတော့ ရယ်လိုက်တယ်။
သူ(မ)က ရယ်ပြီးတော့ ဗိုက်ကိုထိုးပြကာ စိတ်ပျက်လက်ပျက်ပြောလိုက်တယ်။ “သမီး ပိုကောင်းလာနိုင်သေးလား။ပိုပြီးကောင်းလာနိုင်သေးတယ်လို့ ထင်လို့လား။သမီးရဲ့ကလေးလေးက မရှိတော့ဘူး။ သမီးတစ်ဘဝလုံး ကိုယ်ဝန်မရနိုင်တော့ဘူး။သမီးက ချို့ယွင်းချက်ရှိတဲ့လူတစ်ယောက်လို ဖြစ်သွားပြီ။ဒီမြို့မှာရှိတဲ့ ဘယ်သခင်လေးကမှ သမီးကိုလပ်ထပ်တော့မှာမဟုတ်ဘူး။”
“မဟုတ်ဘူး၊မဟုတ်ပါဘူးကွယ်။” စန်းဟုန်မေ့က ပေပေ့ကိုဖက်ပြီး သူ(မ)နောက်ကျောကို ပွတ်သပ်ပေးလိုက်တယ်။ “သမီးလေးက ပြန်ကောင်းလာမှာပါ။သမီးလေး သေချာပေါက် ပြန်ကောင်းလာမှာပါ။ သမီးက ‘ပေ’မိသားစုရဲ့တန်ဖိုးရှိတဲ့ သမီးလေးပါ။”
စန်းဟုန်မေ့ရဲ့စကားတွေက ပေပေ့ကို တုန်လှုပ်သွားစေခဲ့တယ်။သူ(မ)က စန်းဟုန်မေ့ကို စိုက်ကြည့်လိုက်ပြီး တင်းနေအောင် ဖက်ထားရင်း အော်ငိုလိုက်တယ်။ “မေမေ သမီးဘဝက ဘာလို့ အရမ်းစိတ်ပျက်စရာကောင်းနေရတာလဲ။သမီးမှာ ဘာလို့ ကလေးတစ်ယောက်တောင် မရှိနိုင်တော့တာလဲ။အဲ့ဒီခွေးမ ပေချင်းချင်းကတော့ ကိုယ်ဝန်ဆောင်နိုင်တယ်။”
“သူ(မ)က သမီးရဲ့ကလေးကို သတ်လိုက်တာဖြစ်ရမယ်။အဲ့လိုပဲဖြစ်ရမယ်။” ပေပေက ကြောင်တောင်တောင်ဖြစ်နေပြီ။
သူ(မ)ရုတ်တရက် စန်းဟုန်မေရဲ့ပခုံးကို ဆွဲလိုက်ပြီး “မေမေ သမီးကို နောက်ထပ်တစ်ခုလောက်လုပ်ပေးလို့ရမလား။မေမေကူညီမယ်ဆိုရင် သမီးအနာဂတ်မှာ အရမ်းအရမ်းကိုကောင်းကောင်း အသက်ရှင်နိုင်မှာ။”
စန်းဟုန်မေ့ကလည်း ပေပေ့တောင်းဆိုချက်ကို မဆိုင်းမတွနဲ့ချက်ချင်းသဘောတူလိုက်တယ်။
“သမီးသာကောင်းကောင်းအသက်ရှင်နိုင်မယ်ဆိုရင် သမီးလုပ်ချင်တဲ့ကိစ္စတွေကို မေမေသေချာပေါက်ကူညီပေးမယ်။ ”
ပေပေက ပေယွင်စုန့်ကိုလှည့်ကြည့်ပြီး ထပ်ပြောလိုက်ပြန်တယ်။ “ဖေဖေလည်း သမီးကိုကူညီမယ်မဟုတ်လား။”
ပေယွင်စုန့်ကလည်း ခေါင်းညိတ်ပြီး “သမီးလေးက ဖေဖေတို့ရဲ့ တစ်ဦးတည်းသောသမီးလေးပါ။”
*****
Aurora Novel Translation Team