Chapter 116
- Home
- All Mangas
- Their Substitute Marriage
- Chapter 116 - သူ(မ)ကို တမင်တကာ ရည်ရွယ်ပြီးတိုက်ခိုက်ခဲ့တယ်

အခန်း(၁၁၆) သူ(မ)ကို တမင်တကာ ရည်ရွယ်ပြီးတိုက်ခိုက်ခဲ့တယ်
ပေချင်းချင်း ကိုယ်ဝန်စရှိကတည်းက အန်တဲ့လက္ခဏာက ပိုပိုပြီး သိသာလာတယ်။
ဆရာဝန်က ပေချင်းချင်းကို အဲ့ဒါတွေက သာမန်ဖြစ်နေကြဖြစ်ပြီး အရမ်းစိတ်ပူဖို့မလိုဘူးလို့ ပြောခဲ့ပေမဲ့လည်း ချန်ကျားကျီနဲ့ပေချင်းချင်းတို့ကတော့ သူတို့ရဲ့ပထမဆုံးကိုယ်ဝန်ဖြစ်လို့ အရမ်းကို အလေးအနက်ထားနေကြတုန်းပဲ။
“ချန်ကျားကျီ။ကျွန်မလေ မကောင်းတဲ့အရာတစ်ခုခုဖြစ်တော့မယ်လို့ ခံစားနေရတယ်။” ပေချင်းချင်းက သူ(မ)စိတ်ထဲမှာ တစ်ခုခု တုန်လှုပ်နေသလို ခံစားနေရတယ်။
သူ(မ)အရင်က ဒီလိုဆိုးရွားတဲ့ခံစားချက်မျိုး တစ်ခါမှမဖြစ်ဖူးဘူး။
အရင်တုန်းကဆို သူ(မ)ဘာကိုမှ မကြောက်ခဲ့ဘူး။ ပေပေနဲ့ချန်ကျန်းကျီတို့က ပူးပေါင်းပြီး သူ(မ)ကို နှောင့်ယှက်ကြမယ်ဆိုရင်တောင် သူ(မ)စိတ်ပူမှာမဟုတ်ဘူး။
ဒါပေမဲ့ သူ(မ)ကိုယ်ဝန်စရှိကတည်းက ကြောက်တတ်လာတယ်။
ချန်ကျားကျီက သူ(မ)ရဲ့နောက်ကျောကို ညင်ညင်သာသာနဲ့ပွတ်သပ်ပေးပြီး ပြောလိုက်တယ်။ “စိတ်မပူပါနဲ့။ကိုယ်ရှိပါတယ်။ကိုယ်တို့ရဲ့ကလေးလေးကို ဘယ်သူမှ အနိုင်မကျင့်စေရဘူး။”
ပေချင်းချင်းလည်း သက်ပြင်းချလိုက်ပြီး ချန်ကျားကျီရဲ့ရင်ခွင်ထဲကိုဝင်ကာ ပြောလိုက်တယ်။ “ချန်ကျန်းကျီနဲ့ပေပေတို့က ကျွန်မတို့ကလေးလေးကို ထိခိုက်လာမှာကို ကျွန်မအရမ်းကြောက်တယ်။”
“သူတို့ မလုပ်နိုင်ပါဘူး။ဘယ်သူမှ ကိုယ်တို့ကလေးကို မထိရဲအောင် ကိုယ်မင်းကို ကာကွယ်ပေးမယ်။” ချန်ကျားကျီ သူ(မ)ကိုကြည့်ပြီး ဆက်ပြောလိုက်တယ်။ “မနက်ဖြန်ကစပြီး မင်းကို ဗီလာမှာ ပြန်ထားတော့မယ်။မင်းအမေနဲ့ကိုယ့်အမေက မင်းကိုစောင့်ရှောက်ပေးလိမ့်မယ်။သံသယဖြစ်စရာလူတွေဝင်လာတာကို တားဆီးနိုင်အောင် ဗီလာကို ၂၄ နာရီလုံး စောင့်ရှောက်ဖို့အတွက် လူတွေလည်း ကိုယ် စီစဥ်ထားလိုက်မယ်။”
ပေချင်းချင်းက ချန်ကျားကျီရဲ့စဉ်းစားပေးတတ်တာကိုကြည့်ပြီး မျက်ရည်တွေ စီးကျလာခဲ့တယ်။ “ကျေးဇူးတင်ပါတယ်။”
“အရူးမလေး။ဘာတွေပြောနေတာလဲ။ ကျေးဇူးတင်ရမဲ့လူက ကိုယ်ပါ။မင်းက ကိုယ့်ကို ပြည့်စုံတဲ့အိမ်လေးတစ်လုံးရအောင် ပေးခဲ့တဲ့သူလေ။” ချန်ကျားကျီက သူ(မ)ဆံနွယ်တွေအပေါ်မှာ ခပ်ဖွဖွအနမ်းလေးတစ်ပွင့် ခြွေလိုက်တယ်။
ဒါပေမဲ့လည်း သူ(မ)ဆေးရုံကနေ အိမ်ကိုပြောင်းတဲ့နေ့မှာ ဖိတ်မထားတဲ့ဧည့်သည်တွေ ရောက်လာခဲ့ကြတယ်။
“ပေချင်းချင်း။ငါ့သမီးလေးရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် နင်လျော်ကြေးပေးရမယ်။”
စန်းဟုန်မေ့ ဆေးရုံအဝင်ဝကနေ ခက်ခက်ထန်ထန်မျက်နှာထားနဲ့ ပေါ်လာခဲ့တယ်။လူမိုက်တစ်ယောက်လို ဝင်ပေါက်အလယ်မှာ ခွေးခြေခုံတစ်ခုကိုင်ထားပြီး ပေချင်းချင်းကို ကြည့်ရင်း “နင့်ကြောင့် ငါ့သမီးလေးကိုယ်ဝန်ပျက်ကျသွားတာ။နင် သူ(မ)ကို လျော်ကြေးပြန်ပေးရမယ်။”
ပေချင်းချင်း မျက်မှောင်ကြုတ်လိုက်မိတယ်။သူ(မ)လိုမျိုး လူတစ်ယောက်နဲ့ပြိုင်ပြီးမငြင်းချင်တော့ဘူး။
ချန်ကျားကျီက စန်းဟုန်မေ့ကိုကြည့်ပြီး ခံစားချက်မပါတဲ့ပုံစံနဲ့ မေးလိုက်တယ်။ “ဘယ်လောက်လဲ။”
စန်းဟုန်မေ့က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်တယ်။
ချန်ကျားကျီလည်း ခေါင်းညိတ်ပြီး ချက်လက်မှတ်ပေါ်မှာ ဂဏန်းတစ်ခုကိုချရေးလိုက်ကာ စန်းဟုန်မေ့လက်ထဲကို ထည့်ပေးလိုက်တယ်။
ဒါပေမဲ့ စန်းဟုန်မေ့က ချက်လက်မှတ်ပေါ်က ဂဏန်းကိုကြည့်ပြီး အသံအကျယ်ကြီးအော်ရယ်ရင်း ချက်လက်မှတ်ကို တစ်စစီဆုတ်ဖြဲပြစ်လိုက်တယ်။
ပေချင်းချင်း ကြောင်သွားတယ်။သူ(မ) ချန်ကျားကျီကိုကြည့်ပြီး တိုးတိုးလေး မေးလိုက်တယ်။ “ရှင် နည်းနည်းလေး ရေးပေးလိုက်လို့လား။”
“ကိုယ် ၅ သန်းရေးပေးလိုက်တာ။”
အဲ့ဒီတော့မှ ပေချင်းချင်းတစ်ယောက် ချန်ကျားကျီကို အံ့သြတကြီး ပြန်မေးလိုက်မိတယ်။ “ဒါက အများကြီးပဲ။”
ဒါပေမဲ့ ပေချင်းချင်းပိုပြီး အံ့သြသွားရတာက စန်းဟုန်မေ့ရဲ့သဘောထားကိုပဲ။
စန်းဟုန်မေ့က ပိုက်ဆံကို အရမ်းလောဘကြီးပေမဲ့ ပိုက်ဆံ ၅ သန်းကို ငြင်းလိုက်တယ်။
“မင်းက ဒီပိုက်ဆံနည်းနည်းလေးလောက်နဲ့ငါ့ကို အဝေးကိုပို့ချင်နေတာလား။” စန်းဟုန်မေ့က ချက်ချင်း အော်လိုက်တယ်။ “ငါ့သမီးကိုယ်ဝန်ပျက်ကျခဲ့တာနင့်ကြောင့်ပဲ။နင်က ငါ့သမီးလေးကို အနာဂတ်မှာ ကလေးထပ်မရတော့အောင် လုပ်လိုက်တာ။နင် အဲ့ဒါတွေကို ဒီပိုက်ဆံနည်းနည်းလေးနဲ့ ဖြေရှင်းချင်နေတာလား။ငါတို့ဘဝတွေက အဲ့လောက်တန်ဖိုးမရှိဘူးလို့ နင်ထင်နေတာလား။”
စန်းဟုန်မေ့ရဲ့စကားတွေက မရေမတွက်နိုင်တဲ့လူတွေရဲ့အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားလိုက်တယ်။
စန်းဟုန်မေ့က ပေချင်းချင်းကို နှောင့်ယှက်မှာကို ချန်ကျားကျီ မလိုလားဘူး။အဲ့ဒါကြောင့် သူ ချက်လက်မှတ်ကို ထုတ်ပြီး နံပါတ်အသစ်တစ်ခု ထပ်ရေးပေးလိုက်တယ်။
ဒီတစ်ခါ သူ အစောကနံပါတ်ကို သုံညတစ်လုံးထပ်တိုးပေးလိုက်တယ်။
ဒါပေမဲ့လည်း စန်းဟုန်မေ့က အဲ့ဒီဂဏန်းကို မြင်တော့ ခနဲ့လိုက်ပြီး ချက်လက်မှတ်ကို တစ်စစီထပ်ပြီးဆုတ်ဖြဲကာ ချန်ကျားကျီကို ပစ်ပေါက်လိုက်တယ်။
“သခင်လေးချန်။မင်းမှာ ဒေါ်လာတွေအများကြီးရှိလို့ ငါတို့လိုဆင်းရဲတဲ့လူတွေကို အထင်သေးလို့ရမယ်လို့တော့ မင်းမထင်နဲ့။ငါပြောလိုက်မယ်။ငါတို့လိုဆင်းရဲတဲ့လူတွေက ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိတယ်။”
“ရှင်ဘာလိုချင်တာလဲဆိုတာ ဒဲ့ပြောလိုက်။”ပေချင်းချင်း ဆက်ပြီးသည်းမခံနိုင်တော့ဘူး။စန်းဟုန်မေ့က ဒီအချိန်မှာ အကြောင်းပြချက်မရှိဘဲ သူ(မ)ကို ပြဿနာလာရှာတယ်ဆိုတာ ရှင်းနေတာပဲ။သူ(မ)ဒါကို ဆက်ပြီးလွှတ်ပေးလိုက်ရင် ပြဿနာက ဖြေရှင်းဖို့ လွယ်တော့မှာ မဟုတ်ဘူး။
စန်းဟုန်မေ့က ပေချင်းချင်းကို အပေါ်အောက်ကြည့်ကာ ထေ့ငေါ့ပြီးပြောလိုက်တယ်။ “အိုး ဘယ်သူများလဲလို့။ သခင်မလေးချန်ပဲ။
“သခင်မလေးချန်က ပျော်စရာအဖြစ်အပျက်တွေ ကြုံတွေ့နေရတော့ တကယ်ကို တက်ကြွနေတာပဲ။ သူ(မ)က အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိနေပြီ။ ဒါပေမဲ့ ကလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ သူ(မ)ညီမလေးရဲ့နာကျင်မှုကိုတော့ သူ(မ)မသိဘူး။”
*****
Aurora Novel Translation Team