Chapter 117

အခန်း (၁၁၇) ငွေညစ်ခြင်း
ပေချင်းချင်း သဘောပေါက်သွားတယ်။
စန်းဟုန်မေ့က ပိုက်ဆံအတွက်မဟုတ်ဘဲ ဒီကို ပြဿနာရှာဖို့သက်သက် လာခဲ့တာ။
ပေပေရဲ့ကလေးလေးကို ဆုံးရှုံးလိုက်ရလို့ သူတို့မိသားစု အကြီးအကျယ်စိတ်ထိခိုက်နေတဲ့ပုံပဲ။ မဟုတ်ရင် စန်းဟုန်မေ့က သူ(မ)ကိုယ်တိုင် အပြင်ထွက်ပြီး အရူးတစ်ယောက်လိုလုပ်ဖို့ ဒီလောက်ထိ အရှက်မဲ့မှာမဟုတ်ဘူး။
“ချန်ကျားကျီ။သူ(မ)ကို လျစ်လျူရှုလိုက်။” ပေချင်းချင်းရဲ့မျက်နှာက အေးစက်နေတယ်။ပေချင်းချင်းက ချန်ကျားကျီရဲ့လက်ကိုကိုင်ပြီး ထွက်လာခဲ့လိုက်တယ်။ “သူ(မ) ပိုက်ဆံလိုချင်တာဆိုရင် အစောတည်းက သူ(မ)က ရှင့်ကို ဂဏန်းတစ်ခုပေးလိုက်မှာ။သူ(မ) ဒီကို ပြဿနာရှာချင်လို့ လာတယ်ဆိုတာ ရှင်းနေတာပဲ။သူ(မ)ကို ပိုက်ဆံဘယ်လောက်ပေးပေး သူ(မ)ကျေနပ်မှာမဟုတ်ဘူး။”
ချန်ကျားကျီက ပေချင်းချင်းကိုကြည့်ပြီးတော့ နောက်ပြန်လှည့်ကာ စန်းဟုန်မေ့ကို အေးစက်စက်နဲ့ ကြည့်လိုက်တယ်။
စန်းဟုန်မေ့က ချန်ကျားကျီရဲ့အေးစက်တဲ့အကြည့်တွေကို လန့်သွားပေမဲ့ သူ(မ)စိတ်ကို ပြင်ဆင်ခဲ့တဲ့ပုံပဲ။သူ(မ)က အားအင်တွေအပြည့်နဲ့ ပေချင်းချင်းဆီကို ပြေးသွားခဲ့တယ်။
ပေချင်းချင်း ရှောင်ချိန်မရလို့ဘူး။စန်းဟုန်မေ့က သူ(မ)ရိုက်တော့မဲ့အချိန်မှာပဲ ချန်ကျားကျီက သူ(မ)လက်ကို ချက်ချင်းဆွဲပြီး သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။
စန်းဟုန်မေ့ လွဲချော်သွားခဲ့တယ်။
စန်းဟုန်မေ့အနေနဲ့ ဒီလိုမျိုး မရှုံးချင်ဘူး။ အဲ့ဒါကြောင့် သူ(မ) ပေချင်းချင်းဆီကို ထပ်ပြီး ပြေးသွားချင်ပေမဲ့ ဘေးမှာရှိတဲ့ အစောင့်တွေက စန်းဟုန်မေ့ကို ဖမ်းချုပ်ထားလိုက်ပြီး ကြမ်းပြင်ပေါ်မှာ ဖိထားခဲ့တယ်။
“မလှုပ်နဲ့။ကျွန်တော်တို့ ရဲခေါ်ထားပြီးပြီ။”
“ခင်ဗျားအမှားလုပ်နေတယ်ဆိုတာ ကျွန်တော်တို့မြင်တာကြာပြီ။ခင်ဗျားက ကျွန်တော်တို့ဆေးရုံမှာ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ကို လုပ်ရဲတယ်။”
စန်းဟုန်မေ့က သူ(မ)အပြောခံရတော့ ပေချင်းချင်းကို အကျယ်ကြီး အော်လိုက်တယ်။ “ပေချင်းချင်း၊နင်ကတော်တော်ရက်စက်တဲ့မိန်းမပဲ။နင်က နင့်မိသားစုကို ပြန်သတ်တာ။”
ပေချင်းချင်း အဲ့ဒီစကားကို ကြားတော့ သူ(မ)တစ်ကိုယ်လုံး တုန်လှုပ်သွားတယ်။ချန်ကျားကျီက ပေချင်းချင်း စိတ်မသက်မသာဖြစ်နေတာကို တွေ့သွားတယ်။သူက ပေချင်းချင်းဆီသွားကာ သူ(မ)ကို ဖက်လိုက်ပြီး နှစ်သိမ့်ပေးလိုက်တယ်။ “သူ(မ)ကို လျစ်လျူရှုလိုက်။သူ(မ)က ရူးနေတဲ့မိန်းမပဲ။”
သူတို့နှစ်ယောက် ဆေးရုံကနေ ထွက်လာချိန်မှာတောင် ပေချင်းချင်းစိတ်ထဲ ကြောက်ရွံ့မှုတွေ စွဲကျန်နေတုန်းပဲ။
“မင်း ဘာတွေ တွေးနေသေးတာလဲ။” ချန်ကျားကျီက စိတ်သောကရောက်နေတဲ့ သူ(မ)ရဲ့မျက်နှာကိုကြည့်ပြီး စိုးရိမ်စွာနဲ့ မေးလိုက်တယ်။ “တစ်နေရာရာက နေလို့မကောင်းလို့လား။ဒါမှမဟုတ် မင်းအမေပြောခဲ့တာတွေကို ပြန်စဥ်းစားနေတာလား။”
ပေချင်းချင်းက ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ထားလိုက်ပြီး ဝမ်းနည်းစွာနဲ့ပြောလိုက်တယ်။ “သူ(မ)ကို ကျွန်မနဲ့နီးကပ်နေပြီလို့ ထင်ထားတာ။ဘာလို့ မုန်းဖို့ကောင်းတဲ့လူတစ်ယောက်လို ပြန်ဖြစ်သွားရတာလဲ။”
ချန်ကျားကျီက သဘောပေါက်တဲ့အပြုံးနဲ့ပြုံးလိုက်ပြီး ပြန်ပြောလိုက်တယ်။ “လူတွေက ပိုက်ဆံအတွက်သေကြတယ်။ပြီးတော့ ငှက်တွေက အစာအတွက်သေကြတယ်။သူတို့အားလုံးက သူတို့လိုအင်ဆန္ဒအတွက် သေကြရတာပဲ။”
“ရှင်ကရော။” ပေချင်းချင်းက ခေါင်းကိုစောင်းပြီး သူ့ကိုကြည့်လိုက်တယ်။ “ရှင်ကရော ဘာအတွက်လုပ်နေတာလဲ။”
ချန်ကျားကျီ မီးပွိုင့်တစ်ခုကို ဖြတ်မောင်းသွားခဲ့တယ်။သူက ပေချင်းချင်းကို လှည့်ကြည့်ရင်း သူ(မ)နားကို တိုးလာပြီး သူ(မ)ရဲ့နှုတ်ခမ်းတွေပေါ်မှာ အနမ်းတစ်ပွင့်ခြွေလိုက်တယ်။ “ကိုယ်က မင်းအတွက် ဒါကိုလုပ်နေတာ။”
ပေချင်းချင်း ခဏလောက် မှင်တက်သွားခဲ့ပြီးနောက် ခေါင်းကို ငုံ့ထားရင်း ရှက်သွေးဖြာနေမိတယ်။ သူ(မ)ရယ်လိုက်ပြီး ပွစိပွစိပြောလိုက်တယ်။ “ရှင်က အရမ်းစကားတတ်တာပဲ။အမှန်တိုင်းမပြောဘူး။”
“ကိုယ်အတည်ပြောနေတာ။” ချန်ကျားကျီက ပေချင်းချင်းကို စိုက်ကြည့်ပြီးတော့ ပြောလိုက်တယ်။ “မင်းနဲ့မတွေ့ခင်တုန်းက ကိုယ့်ဘဝက အရမ်းတိတ်ဆိတ်တယ်။မင်းရှိလာတော့ ဒီကမ္ဘာကြီးက တော်တော်လေး လှပတယ်လို့ ခံစားလာရတယ်။”
“ဒါပေမဲ့ ချစ်ရဲ့ငယ်ချစ်ဦးကတော့ အဲ့လိုဖြစ်မယ်မထင်ဘူး။” ပေချင်းချင်း သူ့ကိုကြည့်ပြီး နှုတ်ခမ်းစူလိုက်တယ်။ “လုယောင်က ရှင့်ကို လက်မလျှော့သေးဘူး။”
“သူ(မ)လက်မလျှော့တော့ရော ဘာဖြစ်လဲ။” ချန်ကျားကျီက ပြန်ပြောလိုက်တယ်။ “ကိုယ်တို့က လက်ထပ်ပြီးပြီလေ။အဲ့ဒါက ပြီးသွားတဲ့ ဆက်ဆံရေးပဲ။”
“သူ(မ)က ပေပေ့လိုဆိုရင် ဘယ်လိုလုပ်မလဲ….”
“သူ(မ)က မတူပါဘူး။” ချန်ကျားကျီက ခိုင်ခိုင်မာမာပြောလိုက်တယ်။ “လုယောင်မှာ ကိုယ်ပိုင်မာနရှိတယ်။အရင်တုန်းက ရှုံးတာကို ဝန်မခံချင်ခဲ့ဘူး။အဲ့ဒါကလည်း သူ(မ)ရဲ့မာနကြောင့်ပဲ။အခုတော့ ဇာတ်သိမ်းသွားပြီ။ကိုယ်တို့က တရားဝင်လင်မယားတွေ ဖြစ်သွားပြီ။လုယောင်က ကိုယ့်ကိုထပ်ပြီး ဆွဲဆောင်မယ်ဆိုရင် သူ(မ)ကိုယ်သူ(မ) ဆွဲချလိုက်တာပဲ ဖြစ်လိမ့်မယ်။”
“ကျွန်မလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်။” ပေချင်းချင်းက ချန်ကျားကျီကို ကြည့်ပြီးပြောလိုက်တယ်။
*****
Aurora Novel Translation Team