Chapter 118
- Home
- All Mangas
- Their Substitute Marriage
- Chapter 118 - သူတို့နှစ်ယောက် ဘယ်လိုဇာတ်သိမ်းသွားကြတာလဲ

အခန်း(၁၁၈) သူတို့နှစ်ယောက် ဘယ်လိုဇာတ်သိမ်းသွားကြတာလဲ
သူတို့ထွက်လာပြီးကတည်းက ပေချင်းချင်း စန်းဟုန်မေ့ကို ထပ်ပြီးမတွေ့ရတော့ဘူး။
စန်းဟုန်မေ့က ဆေးရုံမှာ ပြဿနာဖြစ်တဲ့နေ့ကတည်းက အဖမ်းခံလိုက်ရပြီး အကျဥ်းထောင်မှာ ၇ ရက်ကြာဖမ်းဆီးခံထားရတယ်လို့ ချန်ကျားကျီဆီကနေ သူ(မ)ကြားခဲ့ရတယ်။
အဲ့ဒီအချိန်တည်းက တိတ်ဆိတ်သွားပြီး ဘာမှထပ်မကြားရတော့ဘူး။
ဒီနေ့ ချန်ကျားကျီက ပေချင်းချင်းနဲ့ ဆေးစစ်ဖို့အတွက် သားဖွားမီးယပ်အထူးကုဆေးရုံကို လိုက်လာခဲ့တယ်။
ပေချင်းချင်းက ကိုယ်ဝန်သုံးလတောင်ရှိနေပြီ။ သူ(မ)ရဲ့ဗိုက်က အခုထိပြားနေသေးတယ်ဆိုပေမဲ့ ဒီနေရာမှာ ဘဝသစ်လေးတစ်ခု မွေးဖွားတော့မယ်လို့ ပေချင်းချင်း ခံစားရတယ်။
စစ်ဆေးပြီးတော့ ပေချင်းချင်းတစ်ယောက်တည်း လူနာစောင့်တဲ့အခန်းမှာ ပျင်းနေခဲ့တယ်။ ချန်ကျားကျီက တာဝန်ကျဆရာဝန်နဲ့ ပေချင်းချင်းရဲ့ အခြေအနေအကြောင်းကို ပြောဖို့ သွားနေတယ်။
ပေချင်းချင်း ဗိုက်နည်းနည်းဆာလာတယ်။ သူ(မ) အစားအသောက်ဝယ်ဖို့ ကုန်စုံဆိုင်ကို ထွက်လာခဲဲ့တယ်။ ဒါပေမဲ့ တံခါးကနေဝင်လာတဲ့ ရင်းနှီးနေတဲ့ပုံရိပ်နှစ်ခုကို သူ(မ)တွေ့လိုက်ရတယ်။
ဒီကုန်စုံဆိုင်က သားဖွားမီးယပ်အထူးကုဆေးရုံက ဖွင့်ထားတာ။ ဒီဆေးရုံမှာ အမျိုးသမီးလူနာတွေကိုပဲ တွေ့နိုင်တယ်။
ပေချင်းချင်း စဥ်းစားလို့မရဖြစ်နေပြီး ကုန်စုံဆိုင်ထဲက ထွက်လာလိုက်တယ်။ သူ(မ) လူနှစ်ယောက်နောက်က လိုက်သွားပြီး သူတို့နှစ်ယောက် ဓာတ်လှေကားထဲဝင်သွားတာကို တွေ့လိုက်ရတယ်။
“Miss ဓာတ်လှေကားထဲဝင်မလို့လား။” လမ်းသွားလမ်းလာတစ်ယောက်က ပေချင်းချင်းကို ကြည့်ပြီး ယဉ်ကျေးစွာမေးလိုက်တယ်။
ပေချင်းချင်းက ခေါင်းကိုယမ်းလိုက်ပြီး ပြန်မေးလိုက်တယ်။ “ဒီဓာတ်လှေကားက ဘယ်ကိုရောက်မှာလဲ။”
“အိုး… ဒီဓာတ်လှေကားက အထွေထွေသားဖွားမီးယပ်အထူးကုဌာနကို ရောက်မှာ။”
ပေချင်းချင်း အနည်းငယ် အံ့သြသွားတယ်။ “သေချာရဲ့လား။”
“ကျွန်မက ဒီဆေးရုံမှာ အလုပ်လုပ်တာလေ။ တကယ် သေချာပါတယ်။” လမ်းသွားလမ်းလာက ပြုံးပြီးတော့ ပြောလိုက်တယ်။ “ဒီဓာတ်လှေကားက အမြင့်ဆုံးအထပ်မှာပဲ ရပ်တယ်။ အဲ့ဒီအမြင့်ဆုံးအထပ်မှာရှိတဲ့လူတွေအကုန်လုံးက VIP လူနာတွေပဲ။ အဲ့ဒီဆေးခန်းမှာ လူအရေအတွက်နဲ့လက်ခံတာ။ တစ်နေ့ကို ငါးယောက်ထက်မပိုဘူး။
ပေချင်းချင်း လန့်သွားပြီး စဥ်းစားမရဖြစ်သွားတယ်။ သူ(မ) လမ်းသွားလမ်းလာကို တောင်းပန်ပြီးတော့ ချန်ကျားကျီကို မြန်မြန်သွားရှာခဲ့တယ်။
“မင်း ဘယ်ကိုသွားနေတာလဲ။ ကိုယ် မင်းကို အကြာကြီးလိုက်ရှာနေပေမဲ့ မင်းကို မတွေ့ဘူး။ မင်းတစ်ခုခုဖြစ်နေပြီလားလို့ ကိုယ်ထင်နေတာ။” ချန်ကျားကျီက ပေချင်းချင်းကို ကြည့်ပြီး ဆက်ပြောလိုက်တယ်။ “နောက်တစ်ခါ ဒီလိုလုပ်မယ်ဆို ကိုယ့်ကို မက်ဆေ့ပို့ဖို့ မမေ့နဲ့နော်။”
“ကျွန်မ လုယောင်နဲ့ချန်ကျန်းကျီကိုတွေ့ခဲ့တယ်။”
“လုယောင်နဲ့ချန်ကျန်းကျီ ဟုတ်လား။” ချန်ကျားကျီ ခဏလောက် ကြောင်သွားပြီး အံ့သြစွာနဲ့ ပြောလိုက်တယ်။ “မင်းသေချာရဲ့လား။”
“လုံးဝသေချာတယ်။ ကျွန်မ သူတို့နောက်ကနေ အထွေထွေသားဖွားမီးယပ်ဌာနကို လိုက်သွားခဲ့တာ။”
“ချန်ကျန်းကျီက လုယောင်နဲ့အတူ အထွေထွေသားဖွားမီးယပ်ဌာနကို လိုက်သွားတယ်လို့ ရှင်ထင်လား။ ပေချင်းချင်းက ချန်ကျားကျီကိုကြည့်ပြီး တိုးတိုးလေး မေးလိုက်တယ်။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဘာမှမပြောတော့ပေမဲ့ မတူညီတဲ့အတွေးကိုယ်စီနဲ့ဖြစ်နေခဲ့ကြတယ်။
အဲ့ဒီအချိန်တွင် ၈ လွှာမှာ
လုယောင်က သူ(မ)လက်ထဲက ဆေးစစ်ချက်စာရွက်ကို မနှစ်မြို့တဲ့ပုံစံနဲ့ ကြည့်နေခဲ့တယ်။
ဒါပေမဲ့လည်း သူ(မ)ဘေးမှာရပ်နေတဲ့ ချန်ကျန်းကျီကတော့ စိတ်အေးလက်အေးဖြစ်နေတဲ့ပုံပဲ။
“ရှင် ကျွန်မကို ဘာမှပြောစရာမရှိတော့ဘူးလား။” လုယောင်ရဲ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပြီး အရမ်းစိတ်တိုနေခဲ့တယ်။
“အိုး…မင်းက ဒါကိုပြောချင်တာလား။” ချန်ကျန်းကျီက သူ(မ)လက်ထဲက ဆေးစစ်ချက်စာရွက်ကို ကြည့်ပြီး ပြောလိုက်တယ်။ “မင်းမှာကိုယ်ဝန်ရှိနေပြီဆိုတော့ လက်ထပ်လိုက်ကြရအောင်။”
သူက ဂုဏ်ယူတဲ့ အပြုံးနဲ့ ပြောလိုက်တယ်။ “ကိုယ်တို့ရဲ့မိသားစု background က တူပါတယ်။ ကိုယ်မင်းနဲ့လက်ထပ်လိုက်ရင် ကိုယ့်အဖေလည်း ကျေနပ်သွားလိမ့်မယ်။ ပြီးတော့ ကိုယ်လည်း နိုင်ငံခြားကနေ ပြန်လာလို့ရမယ်။”
လုယောင်က ဒေါသတကြီးနဲ့ လက်ကိုမြှောက်လိုက်ပြီး ပါးရိုက်လိုက်တယ်။ “ရှင်တော်တော်အရှက်မရှိတာပဲ။”
ချန်ကျန်းကျီက သူ့မျက်နှာကို ကိုင်ပြီး ဒေါသထွက်နေတဲ့အမူအရာနဲ့ လုယောင်ကိုကြည့်လိုက်တယ်။ သူက မထိန်းနိုင်တော့ဘဲ ပြောလိုက်တယ်။ “ငါက အရှက်မရှိဘူးလို့ အခုမှ ဘာလို့တွေးနေတာလဲ။ မင်းငါ့ကိုအသုံးချချင်ခဲ့တဲ့အချိန်တုန်းက ငါက အရှက်မရှိဘူးလို့ မင်းဘာလို့ မတွေးခဲ့တာလဲ။”
“ဒီကလေးဘယ်လိုရလာလဲဆိုတာ ရှင် ရှင်းရှင်းလင်းလင်းသိပါတယ်။” လုယောင်က သူ့ကိုကြည့်ပြီး တုန်တုန်ယင်ယင်နဲ့ပြောလိုက်တယ်။ “ကျွန်မ ဒီကလေးကို မယူနိုင်ဘူး။ ကလေးကို မြန်မြန်ဖျက်ချပစ်မယ်။”
“ငါမင်းကို သတိပေးလိုက်မယ်နော်။” ချန်ကျန်းကျီက လုယောင်ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။ “ပေပေက ကလေးထပ်မရနိုင်တော့ဘူး။ အဲ့ဒါကြောင့် မင်းဗိုက်ထဲက ကလေးက ငါ့ရဲ့တစ်ဦးတည်းသောကလေးပဲ။ မင်း ငါ့ကလေးကို ပိုကောင်းအောင် စောင့်ရှောက်သင့်တယ်။ သူတစ်ခုခုဖြစ်သွားရင် မင်းကိုရော၊မင်းမိသားစုကိုရော သူနဲ့အတူ မြေမြှုပ်သင်္ဂြိုလ်ပစ်မှာ။”
ချန်ကျန်းကျီရဲ့ရက်စက်ကြမ်းကြုတ်တဲ့ အကြည့်ကိုကြည့်ပြီး လုယောင် ကြောက်လန့်သွားတယ်။ “ရှင်ဘာလိုချင်တာလဲ။”
ချန်ကျန်းကျီ သူ(မ)ကို ကြည့်ပြီး ပြန်ပြောလိုက်တယ်။ “ငါ့ကိုလက်ထပ်ပြီး ကလေးမွေးပေးပါ။”
*****
Aurora Novel Translation Team