Chapter 119
- Home
- All Mangas
- Their Substitute Marriage
- Chapter 119 - ချန်ကျန်းကျီးနဲ့ လုယောင်တို့ လက်ထပ်ကြတော့မယ်

အခန်း (၁၁၉) ချန်ကျန်းကျီးနဲ့ လုယောင်တို့ လက်ထပ်ကြတော့မယ်
ချန်ကျားကျီနဲ့ပေချင်းချင်းတို့ အိမ်ကို ပြန်ရောက်တော့ ထိတ်လန့်စရာသတင်းတစ်ခုကို ကြားလိုက်ရတယ်။
“ချင်းချင်း၊ချန်ကျားကျီး။ အမေ သားတို့ကို ပြောပြစရာတစ်ခုရှိတယ်။ စိတ်မလှုပ်ရှားကြနဲ့နော်။”
ချန်ကျားကျီနဲ့ပေချင်းချင်းတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မနေနိုင်တော့ဘဲ မေးလိုက်မိတယ်။ “ဘယ်လောက် အရေးကြီးလို့လဲ။”
“မင်းညီလေး ချန်ကျန်းကျီ လက်ထပ်တော့မယ်။” လီရိလန်က သူတို့နှစ်ယောက်ကိုကြည့်ပြီး ဝမ်းနည်းနေတဲ့အမူအရာနဲ့ ပြောလိုက်တယ်။ “ဒါပေမဲ့ သူနဲ့လက်ထပ်မဲ့သူက လုယောင်ပဲ။”
ချန်ကျားကျီနဲ့ပေချင်းချင်းတို့ ခဏလောက် ထိတ်လန့်သွားကြပေမဲ့ အမြန်ဆုံး စိတ်အေးအေးထား လိုက်ကြတယ်။ သူတို့နှစ်ယောက်က လုယောင်နဲ့ ချန်ကျန်းကျီတို့ကို ဆေးရုံထဲမှာ အခုပဲတွေ့ခဲ့တာ။ လုယောင်နဲ့ချန်ကျန်းကျီတို့ကြားမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ သူတို့နှစ်ယောက် တွေးကြည့်လို့ရတယ်။
ပေချင်းချင်းက လီရိလန်ကိုကြည့်ပြီး သေသေချာချာမေးလိုက်တယ်။ “အမေ လုယောင်က ကိုယ်ဝန်ရှိနေတာလား။”
“သမီးဘယ်လိုလုပ်သိတာလဲ။” လီရိလန်က အရမ်းအံ့သြသွားတယ်။ “ဒီအကြောင်းကို ဘယ်သူမှမသိသေးဘူးလို့ အမေထင်နေတာ။ သမီးက ဘယ်လိုလုပ်သိသွားတာလဲ။”
“သမီး ဒီနေ့ သားဖွားမီးယပ်အထူးကုဆေးရုံကိုသွားတော့ သူတို့နှစ်ယောက်ကိုတွေ့လိုက်တယ်။ အဲ့ဒါကြောင့် လုယောင်က ကိုယ်ဝန်ရှိနေတယ်လို့ ထင်လိုက်တာ။”
လီရိလန်က သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။ “ဟုတ်တယ်၊ လုယောင်လိုလူက ချန်ကျန်းကျီနဲ့လက်ထပ်လိမ့်မယ်လို့ အမေမထင်ထားခဲ့ဘူး။ အမေထင်တာ လုယောင်သဘောကျတဲ့လူက…”
လီရိလန်က ဆက်မပြောခင် ခဏလောက်ရပ်တန့်သွားတယ်။ အဲ့ဒီနောက် သူ(မ)က ရယ်ပြီးတော့ ပြောလာတယ်။ “ဒါပေမဲ့ လူပြောင်းသွားတယ်။ သူတို့ရဲ့အကြိုက်တွေကလည်း ချက်ချင်းပြောင်းသွားတယ်။ မင်းရဲ့ညီလေး လက်ထပ်ဖို့အတွက် အခု နည်းနည်းအခက်အခဲဖြစ်နေတယ်။”
“သူ ဒီနိုင်ငံကို ပြန်လာချင်တာဆိုရင်တော့ ဒီကိစ္စကို မေ့လိုက်တော့။” ချန်ကျားကျီက ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်တယ်။ “သူက ကျွန်တော့်ကို ထပ်တလဲလဲ စိန်ခေါ်ခဲ့တာ။ ကျွန်တော် သူ့ကို ပြန်လာခွင့်မပြုနိုင်ဘူး။”
“ဒီကိစ္စကို သားအဖေနဲ့ပြောမှရမယ်။ သူက လုယောင်နဲ့လက်ထပ်ချင်တယ်ဆိုကတည်းက သူပြန်လာရမယ်လို့ သားအဖေက တွေးနေတာ။ လုယောင်ရဲ့မိသားစုအတွက် သူ့ကို ပြန်လာခွင့်ပြုမှရမယ်။”
သူတို့သုံးယောက် ‘ချန်’အိမ်တော်ကို ပြန်လာခဲ့တယ်။
အဲ့ဒီအချိန်မှာ ‘ချန်’မိသားစုရဲ့ဧည့်ခန်းထဲမှာ ရယ်မောသံတွေ၊စကားပြောသံတွေနဲ့ ပြည့်နေခဲ့တယ်။ အေးချမ်းတဲ့ပတ်ဝန်းကျင်တစ်ခု ဖြစ်နေတယ်။
“အစ်ကိုကြီးနဲ့မရီးတို့ ပြန်လာကြပြီပဲ။” ချန်ကျန်းကျီက ချန်ကျားကျီနဲ့ပေချင်းချင်းကိုကြည့်ကာ ပြုံးနေပြီး တော်တော်လေးပျော်နေတဲ့ပုံပေါ်နေတယ်။
ပေချင်းချင်းက ချန်ကျန်းကျီကိုကြည့်ကာ ပြက်ရယ်ပြုပြီး ပြောလိုက်တယ်။ “ပျော်စရာတွေနဲ့ကြုံတဲ့အခါ လူတွေက စိတ်ဓာတ်မြင့်မားလာကြတာပဲ။ မတ်လေးရဲ့သတင်းကောင်း ရောက်လာကတည်းက သူ့စိတ်ဓာတ်တောင် တော်တော်လေးတိုးတက်လာပြီ။”
“တကယ်တော့ ယောင်ယောင်က ငါ့ရဲ့နတ်သမီးပဲ။ ငါ့နတ်သမီးကိုရလို့ ပျော်ရွှင်တာက ပုံမှန်ပါပဲ။” ချန်ကျန်းကျီက လုယောင်ကိုကြည့်ပြီး ကြင်နာယုယတဲ့ပုံစံနဲ့ ပြောလာတယ်။ “ငါ ယောင်ယောင်ကို နှစ်ပေါင်းများစွာ သဘောကျလာခဲ့တာ။ ဒီအချိန်မှာ ယောင်ယောင်က ငါ့ကိုလက်ထပ်ဖို့သဘောတူလိုက်ပြီ။ ငါလိုချင်နေတဲ့အရာကို ငါတကယ်ရခဲ့တယ်။”
ချန်တျန်းဖိန်ကတော့ ဖြစ်ပျက်ခဲ့တဲ့အသေးစိတ်အကြောင်းအရာတွေကို နားမလည်ဘူး။ လုယောင်နဲ့ချန်ကျန်းကျီတို့က တစ်ယောက်နဲ့တစ်ယောက် တကယ်ကြိုက်နေကြတာလို့ပဲ ထင်နေတယ်။
အဲ့ဒါကြောင့် သူက ပျော်ရွှင်စွာပြောလိုက်တယ်။ ” ယောင်ယောင်က ငါ့မျက်စိအောက်မှာပဲ ကြီးပြင်းလာခဲ့တာ။ သူ(မ)က မြင့်မြတ်တဲ့မိသားစုက မိန်းမပျိုလေးပဲ။ ယောင်ယောင်က ချန်ကျားကျီကို သဘောကျတယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ချန်ကျန်းကျီကို သဘောကျလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
အဲ့ဒီလိုပြောတော့ လုယောင်ရဲ့ပုံစံက ချက်ချင်းအောင့်သက်သက်ဖြစ်သွားတယ်။ နေ ဒါပေမဲ့ သူ(မ)စိတ်မပူဘူး။ ချန်ကျန်းကျီနဲ့ လက်ထပ်ထားသရွေ့ ချန်ကျားကျီနဲ့နီးစပ်ဖို့အခွင့်အရေးတွေ အများကြီးရှိသေးတယ်။
သူ(မ)မှာ အခွင့်အရေးရှိသရွေ့ ချန်ကျားကျီကို လုံးဝ ပြန်ပိုင်ဆိုင်ရလိမ့်မယ်။
မိသားစုဝင်တွေက မင်္ဂလာကိစ္စကို တစ်လအတွင်းလုပ်ကြဖို့ ဆွေးနွေးခဲ့ကြတယ်။
“တစ်လက အရမ်းကြာလွန်းတယ်။ ဆယ်ရက်ပဲထားလိုက်ရအောင်။” တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ လုယောင်က ညင်သာတဲ့အသံနဲ့ ရုတ်တရက် ဝင်ပြောလာတယ်။ “အန်ကယ်၊အန်တီ ကျွန်မမှာ အခု ကိုယ်ဝန်ရှိနေပြီဆိုတာ သိပါတယ်နော်။ နောက်တစ်လအထိ အချိန်ဆွဲထားရင် ကျွန်မရဲ့ဗိုက်က ပိုပြီးတော့ ကြီးလာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် လူတွေက သံသယဖြစ်မှာသေချာတယ်။”
သူတို့တွေ သဘောတူဖို့ သူ(မ)ထပ်ပြီးပြောလိုက်တယ်။ “ကျွန်မဒီလိုလုပ်နေတာ ချန်ကျန်းကျီအတွက်ပါ။”
*****
Aurora Novel Translation Team