Chapter 2

“ဒီနေ့ မင်းသမီးလေး ထမင်းစားလို့ကောင်းတယ်ထင်တယ်”
“ဟုတ်တယ် သူမ ဒီနေ့စားစရာတွေကို ကုန်အောင်စားတယ်.. ဖွံ့ဖြိုးဆဲအရွယ်မို့ဖြစ်မလားပဲ”
“အဲဒါလည်း ဖြစ်နိုင်တယ်.. အရင်ကဆို အဆာပြေမုန့်တွေကို ကုန်အောင်မစားဘူး ဒါပေမယ့် အခုတော့ နည်းနည်းလေးတောင်ချန်မထားဘူး”
“ကောင်းလိုက်တာ ငါ့အတွက်လေးတောင်မကျန်တော့ဘူး”
မင်းသမီးလေးရဲ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပေးနေတဲ့ အိမ်အကူတွေက ရယ်မောနေကြသည်
ဒါပေမယ့် သူတို့ထဲက တစ်ယောက်ကမှ မကျေမနပ်ဖြစ်မိတာမျိုး မရှိကြပေ.. မင်းသမီးလေးသည် နန်းတော်တစ်ခုလုံး၏အချစ်ကို ရရှိခဲ့ပြီး ထိုအထဲတွင် အစေခံများသည်လည်း အပါအဝင်ဖြစ်သည်
ဆာလော့ဂ်၏တော်ဝင်မိသားစုသည် မျိုးဆက်များတစ်လျှောက်ရှားပါးလာခဲ့သည်.. သားစဉ်မြေးဆက်များသည် အလွန်ရှားပါးလာသောကြောင့် မျိုးဆက်တစ်ခုတွင် တော်ဝင်မျိုးဆက် ကလေးတစ်ဦးသာ မွေးဖွားနိုင်ခဲ့ပြီး တစ်ခါတစ်ရံတွင် တစ်ဦးတစ်ယောက်မျှ မွေးဖွားနိုင်ခြင်းမရှိပေ
မွေးဖွားလာလျှင်တောင်မှ တော်ဝင်ကလေးများသည် အသက်မရှည်နိုင်ကြပေ.. ဆယ်နှစ်ကျော်အရွယ်များတွင် အကြောင်းတစ်ချို့ကြောင့်ဆုံးပါးသွားကြသည်.. တော်ဝင်မိသားစု၌ မင်းသားလေးဖြစ်ဖြစ် မင်းသမီးလေးဖြစ်ဖြစ် အကုန်လုံးက အရမ်းအဖိုးတန်လှပေသည်.. တစ်တိုင်းပြည်လုံးက ရတနာလေးသဖွယ်မှတ်ယူကြပေလိမ့်မည်
မင်းသမီးလေး ချောင်အာတွင် မွေးချင်းမရှိပေ..သူမ၏အရင် မင်းသားလေးနှစ်ပါးကိုမွေးဖွားနိုင်ခဲ့သော်လည်း ပထမမင်းသားလေးသည် မွေးပြီးနှစ်လအကြာမှာပဲ ဆုံးပါးခဲ့ပြီး ဒုတိယမင်းသားလေးသည် မွေးပြီးပြီးချင်းပထမရက်မှာတင် ဆုံးပါသွားခဲ့သည်
ထို့နောက်တွင် မောင်းမမိဿံများစွာ ခန့်အပ်ခဲ့သော်လည်း ထိုသူတို့၏ကိုယ်ဝန်အားလုံးပျက်ကျကာ နောက်ဆုံးတွင် ကောင်းမွန်စွာမွေးဖွားကြီးပြင်းလာနိုင်သူမှာ ချောင်အာတစ်ယောက်သာရှိသည်
ထို့ကြောင့်ပင် ချောင်အာ ထိခိုက်မှု ဒဏ်ရာသေးသေးလေးရရှိမှုသည်ပင် နန်းတော်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်
လက်ရှိဘုရင်သည် တော်ဝင်သွေးသားမဟုတ်ပေ.. သူသည် မြင့်မြတ်သော မိသားစုကြီးတစ်ခုမှဖြစ်ပြီး မင်းသမီကို လက်ဆက်၍ ထီးနန်းတက်ခဲ့ခြင်းဖြစ်သည်
ယခင်တော်ဝင်မျိုးဆက်တွင် တော်ဝင်မင်းသမီးတစ်ဦးတည်းသာရှိသဖြင့် ထီးနန်းမလွှဲအပ်မီ မြင့်မြတ်သောအိမ်တော်မှ အမျိုးသားတစ်ဦးကို မင်းသမီးနှင့် ထိမ်းမြားလက်ထပ်ပေးခဲ့သည်
ချောင်အာ၏မိခင်သည် မင်းသမီးတစ်ပါးဖြစ်ပြီး ဖခင်သည် ဘုရင်ဖြစ်သည်
ယခင်မျိုးဆက်၏ တစ်ဦးတည်းသော မင်းသမီးသည် ချောင်အာ၏မိခင်ဖြစ်သည်
တော်ဝင်နန်းတော်က ဘုရင်မင်းမြတ်အား မောင်းမမိဿံများယူကာ အမွေဆက်ခံသူများ ထပ်မံမွေးထုတ်နိုင်ရန်ကြိုးစားခဲ့ကြသော်လည်း ဤသည်မှာခက်ခဲတာကြောင့် မအောင်မြင်ခဲ့ပေ
“မင်းသမီးလေး ဒီလိုပဲ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာမယ်ဆိုရင် ဘယ်လောက် တောင် ကောင်းလိုက်မလဲ”
“ဟုတ်တယ် ဟုတ်တယ်”
“ဧကရီ ယောင်းရီသာ အသက်ရှင်နေသေးရင်….”
“မင်းသမီးလေးက ဧကရီ ယောင်းရီနဲ့ အရမ်းတူတာပဲ….”
ယောင်းရီသည် ယမန်နှစ်က ကွယ်လွန်သွားခဲ့သော ဧကရီမိဖုရားဖြစ်သည်.. နှစ်ကြိမ်မြောက်ကိုယ်ဝန်ဆောင်ခဲ့ရပြီးနောက် သူမသည် ဤလောကမှထွက်ခွါသွားတော့သည်
“မင်းသမီးလေး အိပ်ပျော်နေပြီလား”
“အိပ်ပျော်နေပြီထင်တယ်.. ခုဏက အိပ်ယာပေါ်မှာ လဲလျောင်းနေတာတွေ့လို့ အခန်းမီးတွေတောင် ပိတ်ခဲ့လိုက်သေးတယ်”
“တကယ်လား? ဒါဆိုလည်း အနားယူကြရအောင်လေ”
အဝတ်အစားတွေ စီစဉ်ပြီးသွားတဲ့ အိမ်အကူတွေက အကြောဆန့်ရင်း သမ်းဝေလိုက်သည်
ညနက်နေပြီဖြစ်သောကြောင့် နန်းတော်ကြီးတစ်ခုလုံး တိတ်ဆိတ်နေပြီး အမှောင်ထုကြီးက လွှမ်းခြုံထားလေသည်
‘အားလုံး အိပ်ပျော်နေကြပြီထင်တယ်’
မကြာသေးခင်အချိန်အတောအတွင်း၌ ချောင်အာတွင် လျှို့ဝှက်ချက်တစ်ခုရှိလာခဲ့သည်
ချောင်အာသည် ကုတင်ပေါ်မှ တိတ်တဆိတ် ဆင်းလာပြီးနောက် ကုတင်အောက်တွင် ဝှက်ထားသော လက်ကိုင်ပုဝါထုပ်ကို ထုတ်ယူလိုက်သည်
လက်ကိုင်ပုဝါအတွင်းတွင် အဆာပြေမုန့်များနှင့် ထမင်းလုံးတစ်လုံးပါရှိသည်
အသက်ခြောက်နှစ်အရွယ်သာရှိသေးသော ချောင်အာသည် စေ့စေ့စပ်စပ်ဂရုတစိုက်ရှိနေသည်
အခန်းတံခါးဝတွင် မည်သူမျှမရှိကြောင်းကို သူမစစ်ဆေးခဲ့သော်လည်း တံခါးကနေတော့ထွက်မလာခဲ့ပေ.. ပြတင်းပေါက်က သိပ်မမြင့်တဲ့အတွက် ကုလားထိုင်တစ်လုံးကို ချထားပြီး ပြတင်းပေါက်ကို ကျော်တက်ကာ အမှောင်ထဲ၌ အလျင်အမြန်လျှောက်သွားလိုက်သည်
သူမ၏ ဦးတည်ရာသည် စွန့်ပစ်ထားသော နန်းတော်၏ နောက်ဖေးခြံသို့ဖြစ်သည်
နန်းတော်ထဲတွင် မည်သူမျှ နေထိုင်ခြင်းမရှိသော စွန့်ပစ်ထားသော နန်းတော်တစ်ခုရှိသည်
အချိန်အတော်ကြာ ပစ်ထားခံခဲ့ရခြင်းကြောင့် မြက်ပင်များကပင် ချောင်အာ၏ ခါးအထိ ကြီးထွားနေပြီဖြစ်၏.. မကြာသေးခင်အချိန်ကအထိ ချောင်အာသည် ထိုနေရာရှိမှန်း မသိခဲ့ပေ
အကယ်၍ ဘောလုံးမတော်တဆ ချော်သွားခဲ့ခြင်းကြောင့်မဟုတ်ရင် ဒီလိုစွန့်ပစ်ထားသော နန်းတော်ရှိကြောင်းကို သူမ မသိနိုင်ပေ
စွန့်ပစ်ထားသော နန်းတော်သည် ဖုန်မှုန့်များဖြင့် ပြည့်နေခဲ့သည်.. အရှေ့ရော အနောက်ရောမြက်ပင်ရှည်များဖြင့်ဖုံးလွှမ်းနေပြီး အနောက်ဘက်ရှိ မြက်ပင်ကြီးများအကြားတွင် ဟောင်းနေသော သစ်သားတံခါးငယ်တစ်ခုရှိသည်
ထိုသစ်သားတံခါးကို သံချေးတက်နေသောသော့ဖြင့်ခတ်ထားပြီး အောက်ဘက်တွင် မြေအောက်ခန်းတစ်ခုရှိနိုင်ကြောင်း ချောင်အာလို ကလေးမလေးက မှန်းဆနိုင်ခဲ့သည်