An Encounter [Completed]

5
Your Rating
An Encounter [Completed] 5 (2)
181
Comments
25 Users bookmarked This

「 ဇာတ်လမ်း အကျဉ်း 」

 

လီဝေဆိုတဲ့ လူငယ်လေးက ကမ္ဘာမှာ ရူပဗေဒ အမြင့်ဆုံးဆုကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရရှိသွားတယ်ဆိုသည့် သတင်း ထက် ဆုပေးပွဲမတိုင်ခင် တစ်ရက်အလိုမှာ လီဝေရဲ့အ​လောင်းကို နေအိမ်မှာ ရှာ​ဖွေတွေ့ရှိခဲ့သည်ဆို​သောအချက်က လူတွေအားလုံးကို ပိုပြီးအံ့ဩသွားစေခဲ့သည်။ သေဆုံးရတဲ့ အကြောင်းအရင်းကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုကြောင့်ဆိုတာ ပေါ်လွင်နေခဲ့ပါသည်။

ဉာဏ်ကြီးရှင်တစ်ဦးဖြစ်သည့် လီဝေ ဆို​သော အမျိုးသားက အသက် ၃၅ နှစ်မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သည်။

ကျောင်းသား ဂျက်ကီကို ပေးထားခဲ့သည့် လီဝေ၏ အီး​မေးလ်တွင် ရေးထားခဲ့သည်က –

‘ ဒီနှစ်တွေမှာ ကျွန်တော် သိပ်ကို ရူးသွပ်ခဲ့တာ ရူပဗေဒဆိုတဲ့ အရာ တစ်ခုပဲ ရှိတယ်… ရူပဗေဒက ကျွန်တော့်ဘဝကြီးတစ်ခုလုံးပဲ။ ဒါတွေအားလုံး ပြီးဆုံးသွားတဲ့ အဲ့ဒီနေ့မှာ ကျွန်တော့်ကို အ‌မှောင်ထုကြီးက လုံးလုံးလျားလျား ဝါးမြိုသွားလိမ့်မယ်။ ‘

ဘွဲ့ရပြီး နှစ်တွေကြာသွားတဲ့အခါ တစ်ရက်မှာ ကျန်းမန့်က သူမရဲ့ ပစ္စည်းတွေကို ပြန်စီနေခဲ့သည်။ ထိုအချိန်တွင် သူမ အထက်တန်းနှစ်က ရူပဗေဒ စာအုပ်ထဲမှာ လီဝေဆိုသည့် အမည်နှင့် လက်မှတ်ထိုးထား​သော ရည်းစားစာ တစ်စောင်ကို တွေ့ခဲ့သည်။ လီဝေသေဆုံးပြီးနောက်မှာ ကျန်းမန့်က စားမဝင်၊ အိပ်မပျော်ဖြစ်တာ ရက်တွေရှည်လာသည်။ ကျန်းမန့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး သူမ နိုးလာခဲ့သည့် တစ်ရက်တွင်မူ အသက် ၁၆ နှစ်အရွယ် ကို ပြန်ရောက်​နေ​ကြောင်း သိလိုက်ရသည်။

-အနာဂတ်တစ်ချိန်ကို တစ်​ခေါက် ပြန်ရောက်လာသည့်အခါ လီဝေက တစ်ကမ္ဘာလုံးဆိုင်ရာ ရူပဗေဒရဲ့ ထိပ်ဆုံး ပုံရိပ် ဖြစ်လာပြန်သည်။

ဂလိုဘယ် မီဒီယာရဲ့ အင်တာဗျူးတစ်ခုမှာ လီဝေ ပြောခဲ့သည်က

” ကျွန်တော့်ဘဝမှာ အရေးအကြီးဆုံး အရာနှစ်ခုက Physics နဲ့ သူမ ပါ။ ရူပဗေဒက ကျွန်တော့်ရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေမှာ လွတ်မြောက်နိုင်ဖို့ တွေးခေါ်နိုင်စွမ်းကိုပေးခဲ့​ပေမဲ့၊ သူမကတော့ ကျွန်တော့်ဆီကို အလင်းရောင်ယူဆောင်လာပေးခဲ့တယ်။ ”

[ A/N ]

1. အမျိုးသားဇာတ်ဆောင်က Schizophrenia ဆိုတဲ့ ရောဂါကို ခံစားနေရတာပါ။

2. 1V1, ကယ်တင်ခြင်း။

———-

Genre(s)
Tags(s)