Don’t fall in love with your boss

3.6
Your Rating
Don’t fall in love with your boss 3.6 (7)
651
Comments
44 Users bookmarked This

ချန်ဝေ သူမဘ၀ရဲ့ နောင်တအရဆုံးအဖြစ်အပျက်ကတော့ ‘ဥပဒေကျောင်းတော်ရဲ့ အလင်းရောင်လေး’ လို့ လူသိများတဲ့ လုရွှင် ကို သူမ အသက် ၁၉နှစ်မှာ အပြစ်လုပ်ခဲ့မိတာပါပဲ။

 

သူမက လုရွှင်ရဲ့လရောင်ဖြူလေးကို သူမရဲ့မောင်ဖြစ်သူ ချန်ချွမ်းရအောင် ကူညီပေးခဲ့မိတယ်။

 

တစ်နေ့မှာ လုရွှင်က သူမရဲ့သူဌေး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ။ ချန်ဝေက မြင်းလို နွားလိုအလုပ်,လုပ်ပြီး အပြစ်ကိုပြန်ပေးဆပ်ဖို့ပဲ တတ်နိုင်တော့တာ‌ပေါ့။

 

ဒါပေမယ့် အခုတော့ ဘုရားသခင်က သူမကို အသက် ၁၉ နှစ်ကိုပြန်ရောက်ဖို့ အခွင့်ရေးပေးလာခဲ့ပြီ။

 

ချန်ဝေ ; ဘယ်လိုပဲဖြစ်ဖြစ် လုရွှင်ကို ကောင်းကောင်းဖားပြီးတော့ လုရွှင်နဲ့သူ့ရဲ့လရောင်ဖြူလေးကို ဒီတစ်ခါတော့ အတွဲဖြစ်အောင်လုပ်ကိုလုပ်ပေးရမယ်။

 

ဒါပေမယ့်…ဘာလို့ သူမက လုရွှင်ကို ပိုပိုပြီး အပြစ်လုပ်မိနေတယ်လို့ ခံစားနေရတာပါလိမ့်?

 

ကယ်ကြပါအုံး! သူမက အနာဂတ်သူဌေးကို ရည်းစားရသွားအောင်ကူညီပေးချင်တာပါနော်! အနာဂတ်သူဌေးနဲ့ ရည်းစားဖြစ်ချင်တာမဟုတ်ဘူးလေ!

_______

 

(ပြဇာတ်ရုံငယ်လေး)

 

ချန်ဝေက သူမရဲ့သူဌေးအကြောင်းကို နောက်ကွယ်မှာ မကျေမနပ်ပွစိပွစိပြောနေခဲ့တယ် : “လုရွှင် မှာ ကိုယ်ပိုင်ဘ၀မရှိဘူးလား မသိဘူးနော်…သူကတစ်နေကုန် တစ်နေကန်း အလုပ်လုပ်တဲ့အပြင် အချိန်ပိုတောင်ဆင်းလိုက်သေးတယ်…သူကျောက်ကပ် ချို့ယွင်းမှာ မကြောက်ဘူးလား မသိဘူး”

 

တစ်နေ့မှာတော့ သူမရဲ့သူဌေးက သူမကို ရုံးခန်းထဲခေါ်ကာ : “ဒီနေ့ အချိန်ပိုမဆင်းနဲ့တော့…ကိုယ့်အိမ်ကို လိုက်ခဲ့”

 

ချန်ဝေ : ? ? ?

 

လုရွှင်က ခပ်ရေးရေးပြုံးလိုက်ပြီး : “သူဌေးကောင်း တစ်ဦးက ၀န်ထမ်းတွေကို သံသယဖြစ်စေလို့မရဘူးလေ။ ဒီည ကိုယ့်ကျောက်ကပ် မချို့ယွင်းဘူးဆိုတာကို ကိုယ်,ကိုယ်တိုင် အဖြေပေးမယ်”

 

ဥပဒေကျောင်း‌တော်ရဲ့ စာအတော်ဆုံးပန်းတစ်ပွင့် ML × ပါးနပ်ပြီး ပုံမှန်မဟုတ်တဲ့ ခွေးခြေထောက်(လက်ပါးစေ) FL

 

ဥပဒေလောကမှာ ဥပဒေကျောင်းသား နဲ့ ဥပဒေကျောင်းသူ ဘယ်လိုတွေချစ်ကြိုက်ကြတာလဲဆိုတာ ဒီနေ့ပြောပြမယ်။

 

Genre(s)
Tags(s)