The Troublemaker Daughter Of The Grand Duke Wants To Live Alone
ကျွန်မ ဗီလိန်ရဲ့ကိုယ်ထဲကိုကူးပြောင်းလာခဲ့တယ်။
သူ(မ)ကတော့ အမျိုးသမီးဇာတ်ဆောင်ကိုနှိပ်စက်ညှဉ်းပန်းခဲ့လို့ အဆုံးမှာပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့မယ်ရီကွန်လာတဲ့လေ။
မွေးပြီးပြီးချင်းပြန်ပေးဆွဲခံခဲ့ရပြီး မိဘမဲ့ဂေဟာကနေ အိမ်ပြန်ရောက်လာတဲ့နောက်ပိုင်း သူ(မ)ကို ဘုရင်ခံချုပ်ကွန်လာရဲ့မိသားစုထဲက ပြဿနာအိုးသမီးတော်လေးလို့ခေါ်တွင်ကြတယ်။
သူ(မ)အပေါ်ချစ်ခင်မြတ်နိုးမှုမရှိတဲ့ အစ်ကိုတွေနဲ့အဖေဖြစ်သူဆီက စွန့်ပစ်ခံရတဲ့အရေးကိုရှောင်ရှားဖို့အတွက် ကျွန်မ နည်းလမ်းတစ်ခုစဉ်းစားမိလိုက်တယ်။
ကြွက်သေလေးတစ်ကောင်လို ဘဝကိုတိတ်တဆိတ်ဖြတ်သန်းရင်း ရင်းနှီးငွေတချို့ရရင် နိုင်ငံရပ်ခြားနေရာတစ်ခုကိုသွားနေမယ်လို့ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ တစ်ခုခုတော့ထူးဆန်းနေတယ်။
မယ်ရီ့ကိုမချစ်ဘူးလို့ ကျွန်မထင်ခဲ့တဲ့အဖေဖြစ်သူက ရုတ်တရက်ကြီး သမီးရူးတစ်ယောက်ဖြစ်လာပြီး အစ်ကိုတွေကလည်း ကျွန်မကို မျက်စိအောက်ကအပျောက်မခံကြဘူး။ ကြောင်တောင်တောင်နိုင်တဲ့ဝမ်းကွဲတစ်ယောက်က ကျွန်မရဲ့ခင်ပွန်းလောင်းကိုအမြင်မကြည်ဖြစ်နေပါသေးတယ်။
ကျွန်မရဲ့ခင်ပွန်းလောင်းဖြစ်တဲ့မင်းသားကလည်း စေ့စပ်ပွဲကိုဖျက်သိမ်းမဲ့အကြံကြောင့် ဒေါသူပုန်ထနေရှာတယ်။ နဂိုမူလဇာတ်လိုက်မကလည်း သူနဲ့အတူထွက်ပြေးဖို့စည်းရုံးလာတယ်။
ကြည့်ရတာ ကျွန်မတော့ တစ်နည်းမဟုတ်တစ်နည်းနဲ့ သူတို့ကို စိတ်အနှောင့်အယှက်ပေးမိခဲ့ပုံပါပဲ။
သူတို့က ကျွန်မကို ဘာလို့ သောက်ကျိုးနည်းကောင်းပေးနေရတာလဲလို့…
ကျွန်မရဲ့အိပ်မက်က တစ်ကိုယ်တည်းရွက်လွှင့်ဖို့ပါဆိုမှ….
Shwe Yee
ဒါလေးကpointနဲ့ဝယ်ဖတ်ရင်တောင်အပိုင်းက6ထိဘဲရောက်သေးတာလား
Aurelia
လက်ရှိကတော့ အပိုင်း၇အထိပဲရှိပါဦးမယ်ရှင့်။ တနင်္ဂနွေနေ့တိုင်း တင်ပေးပါတယ်။ အပိုင်းများလာရင်တော့ တစ်ပတ်နှစ်ပိုင်းတင်ပေးနိုင်အောင်ကြိုးစားပေးပါ့မယ်နော်
Aung Aung
ဒါလေးက စုစုပေါင်း အပိုင်းဘယ်လောက်ရှိလဲ
Aurelia
203ပိုင်းရှိပါတယ်ရှင့်