chapter 3
”Han Yi-gyeol အကြောင်း?”
”ဟုတ်တယ်”
Cheon Sa-yeon ရဲ့မေးခွန်းကြောင့် Kim Woo-jin က အံသြတဲ့ မျက်နှာနဲ့ပြောလိုက် တယ်။ ရုတ်တရက် ဆင့်ခေါ်ပြီး ဒီလိုမေးခွန်းတွေ မေးလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါဘူး။ သို့သော်၊ သူကဲ့သို့ နောက်လိုက် တစ်ဦးက ချောမောတဲ့ ဆရာကြီးရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့ နည်းလမ်းမရှိပေ။ Kim Woo-jin က သူ့ခေါင်း နောက်ကို ကုတ်လိုက်ပြီး ချက်ချင်းပြန်ဖြေလိုက်တယ်။
”ဘာမှမထူးခြားပါဘူး။ သခင်မခေါ်မချင်း ထုံးစံအတိုင်း သူ့အခန်းထဲမှာဘဲနေနေတာ”
”ဟမ်”
Cheon Sa-yeon က နက်ပြာရောင်လည်စည်းကို ချည်နှောင်ပြီး
”အဲဒါပြီးတော့ရော” လို့ ထပ်မေးတယ်။
“တောင်းပန်ပါတယ်?”
“အခြား ထူးထူးခြားခြား ရှိသေးလား”
”ဟုတ်ကဲ့….အမ်”
Kim Woo-jin ခဏတုံ့ဆိုင်းသွားသည်။
ပုံမှန်မဟုတ်ဘဲ ထူးတော့ထူးခြားနေတာ
သာမာန်အားဖြင့် သူမျက်နှာချင်းဆိုင်ခဲ့ဖူးတဲ့ Han Yi-Gyeol က စိတ်ထဲပေါ်လာတယ်။ သူနဲ့ မျက်လုံးချင်းတောင် မဆုံရဲခဲ့ပေမယ့် အခုချိန်မှာကတော့မတူဘဲထူးခြားနေတယ်။
Han Yi-gyeol က သူ့ကိုကြည့်တဲ့ပုံစံက ဂုဏ်သိက္ခာရှိမှုနဲ့ ယုံကြည်မှုရှိမှုကိုပြနေတယ်။
သူ့ရဲ့ နောက်ဆုတ်သွားတဲ့ ကိုယ်ဟန်အနေအထားကတောင် မော်ဒယ်တစ်ယောက်လို ဖြောင့်မတ်နေ ပြီး သူ့ရဲ့ အသံနေအသံထား၊ သူ့ရဲ့ လေယူလေသိမ်းနဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက် အပါအဝင် အရာအားလုံး ပြောင်းလဲသွားပါတယ်။ သူက မတူကွဲပြားတဲ့လူတစ်ယောက်လိုပဲ။
”နည်းနည်းတော့ ထူးဆန်းတယ်။ သူ မငိုဘူး………ဒါမှမဟုတ် ရှင်းပြရခက်တယ် အငွေ့အသက်တွေ ပြောင်းသွားသလိုဘဲ”
ဒါပေမယ့် ဒီအကြောင်းကို သူဌေးကို ပြောပြဖို့ နည်းနည်းခက်တယ်။ သူ တတ်နိုင်သလောက် ရှင်းပြဖို့ ကြိုးစားပေမယ့် အားလုံးကို မှန်ကန်စွာ သူနားလည်နိုင်ပါ့မလားမသိပါဘူး
”မှန်တယ်။”
ကံကောင်းထောက်မစွာနဲ့ဘဲ Cheon Sa-yeon သည် ဝတ်စုံဂျာကင်ကို ဝတ်ကာ အခြားအရာတွေကိုပါ ယူလိုက်ပြီး
“ဒီနေ့ Han Yi-Gyeol အပြင်ထွက်မယ်”
”ဟုတ်ကဲ့”
”သူ့နောက်ကို လိုက် မင်းထူးဆန်းတာ တစ်ခုခုရှိရင် သတင်းပို့ပါ။”
Kim Woo-jin နောက်ကိုလိုက်ဖို့ အမိန့်ပေးတဲ့အတွက် အနည်းငယ် အံ့အားသင့်သွားပေမယ့် အံ့အားသင့်မှုကို မပြဘဲ ခေါင်းညိတ်လိုက်ပါတယ်။ ဒီအချိန်မတိုင်ခင်တုန်းက Cheon Sa-yeon က Han Yi-gyeol ကို လူတစ်ယောက်အဖြစ် ဘယ်တော့မှ အသိအမှတ်မပြုခဲ့ပါဘူး
Han Yi-gyeol ကို သူယုံကြည်တာက မိုက်မဲတာကြောင့် မဟုတ်ဘူးဆိုတာ သူသိတယ်။ သူ့အားနည်းချက်ကို ဆုပ်ကိုင်ထားတာကြောင့် သဘာဝကျတဲ့ ရွေးချယ်မှုတစ်ခုဖြစ်တယ် Cheon Sa-yeon ဟာ Han Yi-gyeol ရဲ့ နောက်ဆုံးကျန်နေတဲ့ သွေးချင်းဆွေမျိုးတွေနဲ့ ပတ်သက်မှု ရှိတယ်ဆိုတာ သူ့နောက်လိုက်တွေအားလုံး သိကြပါတယ်။
‘တကယ်တော့… သူက လျစ်လျူရှုဖို့ ထူးဆန်းလွန်းနေတယ်’
Han Yi-gyeol ကို စောင့်ကြည့်ဖို့ အမိန့်ပေးခဲ့တာ
Kim Woo-jin က မနေ့က ဆရာကြီးအခန်းထဲက Han yi-gyeolထွက်လာခဲ့ပြီး မငိုခဲ့တာကို ပြန်သတိရတော့ အကုန် ပုံမှန်ဖြစ်နေ သလိုပါဘဲ။ သူသည် အတက်ရောဂါရှိသကဲ့သို့ အော်ဟစ်ပြီး တုန်လှုပ်တတ်သည်။ ဘာမှမဖြစ် ရင်တော့ ကောင်းတာပေါ့၊ ဒါပေမယ့် Han Yi-gyeol က သူ့သွေးသားဆွေမျိုးတွေကို စွန့်လွှတ်ပြီး တခြားအစီအစဉ်တွေရှိခဲ့ရင်…
”ဘယ်လိုစိတ် အနှောက်အယှက် ဖြစ်စရာကောင်း တဲ့ကောင်လဲ။”
Kim Woo-Jin မျက်နှာကို ရှုံ့လိုက်ပြီး လျှာကို ကျစ်လုပ်လိုက်သည်။ သူသည် ကြွက်သေတစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာ နေထိုင်သင့်သည်။ အခု သူအရမ်းဒုက္ခဖြစ်စေ ပြီ။
* * *
နောက်တစ်နေ့တွင် Kim Woo-jin သူ့အခန်းဝန်ဆောင်မှုကို မှာကြားပြီးနောက် ဟိုတယ်မှ အေးအေးလူလူ ထွက်ခွာသွားသည့် Han Yi-gyeol နောက်သို့ လိုက်သွားကာ ပြုံးလိုက်မိသည်။ ဒီ အားလပ်နေတာက ဘာလဲ။ မင်းတကယ်ရူးသွားတာလား? Kim Woo-jin သူရဲ့စွမ်းရည်ကို မြှင့်တင်ခဲ့သည်။
Kim Woo-jin ရဲ့ စွမ်းရည်က ‘သူ့ရဲ့တည်ရှိမှုကို မှုန်ဝါးစေတာ’ ၎င်းက သူ့ကို မမြင်နိုင်စေဘူး မြင့်မားသော စွမ်းရည်မဟုတ်သော်လည်း အခြားသူများနောက်လိုက်ရန် အသုံးဝင်သေးသည်။
သူ့အစွမ်းအစကို အသုံးချပြီးနောက် သူ့အပေါ် အခြားသူများ၏ အမြင်အာရုံ မှုန်ဝါးသွားကာ သူ၏ တည်ရှိနေမှုကို သိသိသာသာ လျော့နည်းမေည်။ Kim Woo-jin ရဲ့ မူလအသွင်အပြင်ကို သိတဲ့သူတွေတောင် သူ့အစွမ်းအစကို အသုံးချလိုက်ရင် သူ့ကို အသိအမှတ်မပြုမိဘဲ ဖြတ်ကျော် သွားလိမ့်မယ်။ စွမ်းရည်ကို ပိတ်တဲ့အချိန်ထိ အကျိုးသက်ရောက်မှုက ကြာရှည်ခဲ့ပြီး စိတ်စွမ်းအားကို အဆက်မပြတ်သုံးစွဲတာကြောင့် သူ အလွယ်တကူ ပင်ပန်းနွမ်းနယ်နိုင်တာကလွဲပြီး အခြား ဝန်ထုပ်ဝန်ပိုး မရှိပါဘူး
သူယူလာတဲ့ ဦးထုပ်ကို ဆောင်းပြီး ခပ်ဝေးဝေးမှာနေရင်း Han Yi-gyeol နောက်လိုက်ခဲ့တယ်။ Kim Woo-jin အပန်းဖြေဥယျာဉ်သို့ ပထမဆုံးသွားသည့် ခရီးလိုမျိုး သူငယ်တန်းကျောင်းသူလေးတစ်ယောက်က ပတ်ပတ်လည်ကို ကြည့်နေတဲ့ Han Yi-gyeolရဲ့ နောက်ကျောကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ အမိန့်ပေးသည့်အတိုင်း Han Yi-gyeol သည် Cha Soo-yeon ကိုပြန်ပေးဆွဲရန် G7 ဇုန်ဂိတ်သို့သွားနိုင်သည်။ ဒီနေရာနဲ့ တော်တော်ဝေးတာမို့ သူ တက္ကစီတစ်စီး ငှားလိမ့်မယ်…
“ဒါဘာလဲ”
ထိုအချိန်တွင် Han Yi-Gyeol သည် စတင်ပြေးလာခဲ့တယ်။ ငါ့ကို မှတ်မိနေတာလား ? ဒါ ဖြစ်နိုင်ပါ့မလား။ Kim Woo-jin က Han Yi-gyeol အမြန်ပြေးတဲ့ နေရာကို မျက်မှောင်ကြုတ်လိုက်တယ်။
“Kyaaaa!”
” မီးသတ်ကား မလာသေး ဘူး။မင်းကားကို မောင်းပါ”
“ဘာလဲ? မီးခိုးလား”
ထူထပ်သော မီးခိုးငွေ့များ ထွက်လာသည့် အဆောက်အအုံတစ်ခု ရှိနေသည်။ မီးလောင်တဲ့ထဲက ငိုကြွေးသံကို ပရိတ်သတ်တွေကြားထဲကနေ Han Yi-Gyeolကြားနေ ရပါတယ်။
‘အံ့သြစရာကောင်းပဲ။ မင်းဘာလို့ပြေးတာလဲ။ မီးလောင်နေတဲ့ အဆောက်အဦကို ကြည့်ဖို့ မင်းပြေး နေတာလား။’
မီးသတ်ကားတွေနဲ့ မီးသတ်သမားတွေ ချက်ချင်းရောက်လာတယ်။ ကျယ်လောင်သော ဥဩသံများနှင့်အတူ ပတ်ဝန်းကျင်သည် ပို၍ပင် ရှုပ်ထွေးလာသည်။
ထိုကဲ့သို့ လူစည်ကားသော နေရာတွင် ပစ်မှတ်၏ အပြုအမူကို နားလည်ရန် ခက်ခဲလာသည်။ Kim Woo-jin သည် Han Yi-gyeol ၏ ရှိရာကို တစ်ချက်ကြည့်လိုက်ရာ သူ ထွက်ပြေးရန် ရည်ရွယ်ချက်မရှိသဖြင့် ပြန်လှဲ့ ခဲ့တယ် လှည့်ပတ်ကြည့်ရုံဖို့ ပိုကောင်းမယ်ထင်တယ်။
ပြီးနောက်-
Kim Woo-jin က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိတယ်
“မင်းဘာလုပ်နေတာလဲ? လူယုတ်မာ”
မီးလောင်နေတဲ့ အဆောက်အဦးရဲ့ လမ်းတစ်ဖက်ကနေ Kim Woo-jin သည် လေးထပ်ဈေးဝယ်စင်တာ၏ ခေါင်မိုးပေါ်တွင် မတ်တပ်ရပ်လျက် Han Yi-gyeol ကို သူ့ဖုန်းဖြင့် ရိုက်ကူးနေတယ်
Han Yi-Gyeol သူ့ရဲ့လေ စွမ်းအားကို အသုံးပြုပြီး လေထဲတွင် ပျံဝဲကာ မီးငြိမ်းသတ်နိုင်ဖို့ ရေပိုက်မှ ရေစီးကြောင်းကို ရွှေ့ပေးခြင်း၊ သို့မဟုတ် သူ့ကဲ့သို့ လေထဲတွင် မျောပါခြင်းဖြင့် မီးသတ်သမားများကို ပြတင်းပေါက်များမှတစ်ဆင့် အဆောက်အဦအတွင်းသို့ ဝင်ရောက်ဖို့ ကူညီပေးတယ်
Han Yi-gyeol ရဲ့ ကျေးဇူးကြောင့် မီးက အမြန်ငြိမ်းသွားတယ်။ လွတ်မြောက်သွားတဲ့ ကလေးတစ်ယောက်ကို ကိုင်ဆောင်ထားတဲ့ အမျိုးသမီးက Han Yi-gyeol ကို ကျေးဇူးစကားဆိုခဲ့တယ်။
” ကျစ်”
Kim Woo-jin က Han Yi-gyeol ရဲ့ ရှက်ပြုံးလေး ပြုံးနေတဲ့ပုံကို ရိုက်ယူထားတဲ့ ဗီဒီယိုကို Cheon Sa-yeon ဆီကို ပို့လိုက်ပါတယ်။
အပြောင်းအရွှေ့ အပြီးသတ်ပြီး အချိန်ကို စစ်ဆေးခဲ့စဥ် 1:50 ဖြစ်ခဲ့သည်။ Cha Soo-yeon ဂိတ်မှ ထွက်ခွာရန် ခန့်မှန်းချိန်သည် ၃ နာရီ ဖြစ်သည်။ အခုအချိန်မှာ သူတို့ အချိန်မီရောက်ချင်တယ်ဆိုရင်တော့ မြန်မြန်ရွှေ့ရမှာဖြစ်ပေမယ့် အခြေအနေကို နားမလည်နိုင်တဲ့ နှေးကွေးတဲ့လူယုတ်မာကတော့ အသုံးမဝင်တဲ့အရာတွေနဲ့ အချိန်ဖြုန်းနေ ပါတယ်…
”ဟိုင်း”
”……..?”
သူ့နောက်က ရင်းနှီးတဲ့အသံကိုကြားတော့ လှည့်ကြည့်လိုက်ပေမယ့် ကော်လာက ရုတ်တရက်ဆုပ်ကိုင်ခံလိုက်ရ တယ်။ Kim Woo-jin က ထိတ်လန့်တကြားနဲ့ ခေါင်းကို မြှောက်လိုက်တော့ သူ့ကို အပျော် လုပ်ပြနေတယ့် Han yi gyeolကို သူ့အရှေ့ဘက်
အဆောက်အုံတစ်ခုတည်းမှာတွေ့လိုက်ရတယ်။
”ဘာ……ဘာလဲ !”
” ကြည့်လို့ ကောင်းရဲ့လား”
Han Yi-Gyeol က ခပ်တိုးတိုး အသံလေးနဲ့ မေးလိုက်တယ်။ သူရဲ့ အညိုရောင်ဆံပင်များသည် နေရောင်ထဲတွင် တလက်လက်တောက်ပနေပြီး လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။
“ချီးဘဲ.. မင်းဘာလုပ်နေတာလဲ?”
ခဏတာ အရှက်ရပြီးနောက် Kim Woo-jin ငြိမ်သက်သွားပြီး သူ့ကော်လာပေါ်ရှိ Han Yi-gyeol ၏လက်ကို ခါလိုက်ချသည်။
သူမကြောက်ခဲ့ဘူး။ သူနည်းနည်း အံ့သြသွားရုံတယ်၊ ဟုတ်တယ် ဒါက Han Yi-gyeol လေ။
“ဟေ့ မင်းထင်တဲ့သူက ဘယ်သူလဲ ငါမသိဘူး၊ ဒါပေမယ့် တစ်စုံတစ်ယောက်ကို မင်း လည်ပင်းကနေ ဒီလိုမျိုး ဖမ်းဆုပ်ထားရင်…”
“မင်းတကယ်ကြောက်ခဲ့တာဖြစ်မယ်။”
“ဘာလဲ?”
“မင်းဘယ်လောက်တောင်ကြောက်လို့ မင်းရဲ့စွမ်းရည်က ရပ်တန့်သွားလဲဆိုတာ ငါသိချင်မိတယ်”
Han Yi-Gyeol က အေးဆေးတည်ငြိမ်စွာပြောတယ်။
“မှန်တယ်မလား Kim Woo-jin”
“……..”
သူ့တစ်ကိုယ်လုံးကြက်သီးထခဲ့တယ်
Damn it!
လည်ပင်းကို ဆုပ်ကိုင်လိုက်လို့ အာရုံစူးစိုက်မှု ပျက်ပြီး အံ့သြသွားတာပါ
Kim Woo-jin ဟာ သူ့ရဲ့ စွမ်းရည်ရဲ့ အခြေအနေကို အလျင်အမြန် စစ်ဆေးခဲ့ပြီး မကြာခင်မှာ ဖြူ ဖျော့လာခဲ့ပါတယ်။
“ငါ့ကို မင်းဖမ်းမိခဲ့တာလား?”
စွမ်းရည်ဟာ အသက်ဝင်နေဆဲ။ သူဘယ်တော့မှ မပိတ်ခဲ့ဘူး။ Han Yi-Gyeol က သူ့ကို လှောင်ပြောင်ခဲ့တာ ။ ဒီ Han Yi-gyeol……
”ခွေးကောင်!”
”ဟမ်”
ဒေါသကြီးတဲ့ Kim Woo-jin ၏ ခန္ဓာကိုယ်က လေထဲသို့ မြှောက် တက်သွားသည်။ Han Yi-Gyeol က လက်ညှိုးကို မြှောက်လိုက်တဲ့အခါ သူ့တစ်ကိုယ်လုံးသည် ခေါင်မိုးပေါ်ကမြှောက်တက် သွားသည်။ Han Yi-Gyeol သာ သူ့စွမ်းအားတွေ ဆုံးရှုံးသွားခဲ့ရင် သူ့ကိုယ်သူ ကယ်တင်ဖို့ အချိန်မရှိပဲ အဆောက်အဦးပေါ်ကနေ ပြုတ်ကျလိမ့်မယ်။ Kim Woo-jin သည် အခြေအနေကို သဘောပေါက်ပြီး ထွက်ပြေး ရန် အသည်းအသန် ရုန်းကန်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ လေသည် သူ့အရေပြားကို ကြမ်းတမ်းစွာ ကုတ်ခြစ်ခဲ့သည်။
“ငါ့ကို လွှတ်ပေး လူယုတ်မာကောင်! မင်းဘာလို့ ဒီလိုအမှိုက်လိုမျိုးဆွဲနေရတာလဲ”
“အရှက်မရှိတဲ့ သူလျှိုလေးကို သူ့နေရာမှာ ထားသင့်တယ်တာပေါ့”
Kim Woo-Jin ကတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး စိတ်ရှုပ်နေခဲ့ပါတယ်။
“ဘာတွေဖြစ်တာလဲဟာ”
သူ့ရှေ့မှာ တုန်တုန်ယင်ယင်နဲ့ ငိုလေ့ရှိတဲ့ Han Yi-gyeol သူ့ရှေ့ကလူက မျက်နှာတစ်ခုတည်းပေမယ့် လုံးဝကို မတူဘူး။
သူ ဘာဖြစ်သွားတာလဲ မသိပါဘူး။ ဟောလီးဝုဒ်မင်းသားနဲ့ ယှဉ်နိုင်တဲ့ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ လူတိုင်းကို လှည့်စားခဲ့တာဖြစ်မလား။ ဒါမှမဟုတ် တစ်ယောက်ယောက်က Han Yi-gyeol ကို ဝင်ပူးနေ တာလား။
အရေးအကြီးဆုံးကတော့၊ ဒီအခြေအနေကို သူ့ရဲ့သွေးအေးတဲ့ဘော့စ်ကို ဘယ်လိုရှင်းပြရမလဲ။
“မင်း ငါ့နောက်ကို လိုက်ပြီး ဘာလုပ်တာလဲ”
“ဘာလဲ?”
“ငါ့ကို အမှန်အတိုင်းပြောရင် မင်းကို ငါလွှတ်ပေးမယ်။”
Kim Woo-jin က ခဏလောက်စဉ်းစားလိုက်တော့ ရိုးရိုးသားသားဖြေတာက ပိုကောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အစောကြီး ဖမ်းမိခဲ့တာမို့ ဘာမှ မတတ်နိုင်ဘူး
”ဗီဒီယို! ငါဗီဒီယိုရိုက်ထားတာ!”
“ဘာဗီဒီယိုလဲ”
“မီးငြိမ်းလိုက်တာ။ အခု အဆင်ပြေပြီ လား ၊ shit! မင်းရဲ့ စွမ်းအားတွေကို ဖယ်လိုက်စမ်းပါ!”
Han Yi-gyeol Kim Woo-jin ၏ ကြမ်းတမ်းသော ဆဲဆိုစကားများကို လျစ်လျူရှုပြီး ပခုံးတွန့်လိုက်သည်။ Kim Woo-jin ကို ဖြေလျှော့လိုက်တဲ့အခါ Kim Woo-jin ရဲ့ အရေပြားကို ကုတ်ခြစ်တဲ့လေက ဟန်ရီဂေးလ်ရှေ့မှာ လေပြည်အဖြစ် ပြောင်းလဲသွားသည်။
Han Yi-Gyeol Kim Woo-jin ၏ အိတ်ကပ်များကို ပေါ့ပေါ့ပါးပါး နှိုက်ပြီး သူ့လက်ကိုင်ဖုန်းကို ယူကာ အကြိမ်အနည်းငယ် နှိပ်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
”ဟေ့ကောင်၊ တခြားတစ်ယောက်ရဲ့ အဖိုးတန်ဖုန်းကို ဘာလို့ဒီလိုလုပ်တာလဲ”
Kim Woo-jin က သူ့သွားတွေကို ကြိတ်ထားတော့ Han Yi-gyeol က ဝမ်းနည်းတဲ့အမူအရာနဲ့
“ဟင့်အင်း… မင်းပို့ပြီးတဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး ငါ ဘာမှ မလုပ်နိုင်ဘူး။ ဒါပေမယ့် …. ပြန်သွား၊ မင်းငါ့နောက်လိုက်နေတာ ကြည့်စရာဘာမှမရှိဘူး။”
Kim Woo-jin ၏ ခန္ဓာကိုယ်အား ရှေ့သို့ဆွဲယူကာ ဆဲလ်ဖုန်းကဲ့သို့ ခေါင်မိုးပေါ်ကို လှိမ့်ချလိုက်သည် ။
”ဒီအရူး…… အခု မင်းတကယ်ပြောနေတာလား”
”မင်း သူ့ကို ဗီဒီယို ပို့လိုက်တာနဲ့တင် လုံလောက်နေပြီ။ Cha Soo-yeon ပြန်ပေးဆွဲမှုသည် စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်သောကြောင့် ကျွန်တော့ အား စစ်ဆေးရန်မလိုအပ်ပါ။”
“ဒါ ဖြစ်နိုင်ပါ့မလား!”
“ဘယ်လိုလုပ်မဖြစ်နိုင်ရမှာလဲ? မင်းလုပ်စရာရှိတာက Han Yi-gyeol က Cha Soo-yeon ကို အမိန့်အတိုင်း ပြန်ပေးဆွဲခဲ့တယ်လို့ ပြန်တင်ပြရင်ရပြီ”
Kim Woo-jin က သူ့နောက်ကို လိုက်နေတာ
ဘာကြောင့်လဲဆိုတာ သူသိတယ်။ သူ့ညီမလေးကို ရှာဖို့ တွေးနေပြောနေတဲ့
Han Yi-gyeol ဟာ တကယ်ကို လျင်မြန်တဲ့ဉာဏ်ရှိသူပါ။
”မင်း………”
“မင်းမလုပ်ချင်ရင် ‘ငါဆီကဖမ်းခံရပြီး မကူညီနိုင်ခဲ့ဘူး’လို့ အမှန်အတိုင်းပြောပါ။ ငါဂရုမစိုက်ဘူး။”
အမှန်တကယ်တော့ သူမလုပ်နိုင်ဘူး။
ထိုနောက် Han Yi-Gyeol က တောက်ပစွာ ပြုံးလိုက်သည်။ Han Yi-gyeol သူ့ဆဲလ်ဖုန်းရှိအချိန်ကို စစ်ဆေးပြီး Kim Woo-jin ကို လှမ်းကြည့်ကာ ဆက်ပြောသည်။
”မင်း အခြေအနေကို နားမလည်သေးဘူးလား ငါ့နောက်မလိုက်ဖို့ ပြောနေတာဟာ အကြံပေးတာ မဟုတ်ဘူး။ အမိန့်တစ်ခု ခြိမ်းခြောက်မှုက မတားဘူးနိုင်ဆိုရင် မင်းငါ့နောက်ကို ခွေးတစ်ကောင်လို နောက်တစ်ကြိမ် လိုက်နိုင်တယ်။”
ထိုစကားပြီးနောက် Han Yi-gyeol နောင်တမရဘဲ ပြန်လှည့်သွားသည်။ အိမ်ခေါင်မိုးပေါ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ Kim Woo-jin က သူ့ကို ဖမ်းမမိခဲ့ဘူး။