chapter 4
နာမည်ကတူသလိုလိုဖြစ်နေလို့ခွဲပြထားပါတယ်
ဗီလိန် – Cheon sa yeon
မိန်းကလေး- Cha soo yeon
Kin Woo-jin ကိုစဥ်းစားမိတာဟာတိုက်ဆိုင်မှုဘဲ။
ဝတ္ထုထဲမှာ Kin Woo-jin ကလွဲပြီး ပြောနိုင်မယ့် ဇာတ်ကောင် မရှိဘူး။အကွာအဝေးတစ်ခုကနေ ငါ့နောက်လိုက်နေတာကို ခံစားမိလိုက်တဲ့အခါ
သူ့ရဲ့စွမ်းရည်ကငါ့စိတ်ထဲပေါ်လာတော့တယ်။
Han Yi-gyeol ကိုယ်ထဲကငါနိုးထပြီးတဲ့နောက်
Kin Woo-jin ကိုတွေ့တဲ့တစ်ခုတည်းသောအချိန်က ငါ Cheon Sa-yeon ကိုတွေ့တဲ့အချိန်ဘဲ။စင်္ကြံမှာငါနဲ့ငြင်းခုန်ခဲ့တဲ့ Kin Woo -jin က နည်းအမျိုးမျိုးနဲ့အမှတ်ရစရာဖြစ်ခဲ့ပြီး ငါသူ့ကိုရှင်းရှင်းလင်းမှတ်မိခဲ့တယ်။
ထိုထက်ကား Kin Woo-jinက Cheon Sa-yeon ရဲ့အမိန့်ကိုလိုက်နာနိုင်တဲ့ စွမ်းရည်ရှိပြီး လုပ်နိုင်တဲ့သူတစ်ဦးဖြစ်တယ်။ ဝတ္ထုထဲမှာ သူကအကြိမ်များစွာပေါ်လာခဲ့ပြီး အချိန်အများစုမှာ အဓိကဇာတ်ကောင်ကိုစောင့်ကြည့်တဲ့ ခွေး အနေနဲ့ပေါ့။
သူ့ရဲ့တည်ရှိမှုကိုမှုန်ဝါးစေတဲ့ Kin Woo-jin ရဲ့စွမ်းရည်ကအလွန်ကို အသုံးဝင်တယ်။ သာမန်လူတွေထက်ပိုပြီး အာရုံခံစားနိုင်တဲ့ SS rank အဓိကဇာတ်ကောင်တောင် သူ့ကိုမမိနိုင်ဘူး။
အကယ်၍ငါသာKin Woo-jin ရဲ့စွမ်းရည်ကိုကြိုတင်မသိခဲ့ဘူးဆိုရင် ငါ့နောက်ကလူကိုသာမန်လူလို့ဘဲ့ ငါထင်နေလိမ့်မယ်။
”မင်းအခုချိန်ထိအခြေအနေကိုနားမလည်သေးဘူးလား…..ငါ့နောက်ကိုမလိုက်နဲ့လို့ပြောနေတာအကြံပေးတာမဟုတ်ဘူး။ အဲဒါအမိန့်ဘဲ့။ခြိမ်းခြောက်မှုကမင်းကိုမရပ်တန့်စေခဲ့ဘူးဆိုရင်မင်းငါ့နောက်ကိုခွေးလိုမျိုးနောက်တစ်ကြိမ်ထပ်လိုက်နိုင်တယ်”
အကယ်၍Kin Woo-jin သာငါ့ရဲ့ဘာသတင်းကိုမှမရသေးရင် သူ့အပေါ်ခြိမ်းခြောက်တာကအလုပ်မဖြစ်ဘူး။ ဒါပေမယ့်သူက ကျွန်တော်မီးကငြိမ်းသတ်နေတဲ့ဗွီဒီယိုကို ပို့ပေးပြီးပြီ။ Cheon Sa-yeon က Kin Woo-jin ကို ကျွန်တော့်နောက်လိုက်ခိုင်းတာဘာအကြောင်းဘဲ့ရှိရှိ
ရုတ်တရက်ပြောင်းလဲပီးနောက်ငါလုပ်မယ့်အပြုအမူကိုမြင်ဖို့ဘဲ့ဖြစ်မယ်။ အဲဒါထကျကြောျပွီးဘာအဓိပ်ပါယျမှမရှိနိုငျတော့ဘူး။
အမိန့်အတိုင်းငါ Cha Soo -yeon ကိုပြန်ပေးဆွဲခဲ့ပြီး အဓိကဇာတ်ဆောင်ကသူ့ကိုကယ်ဖို့ လာလိမ့်မယ်။ အစီအစဥ်သာအနှောင့်အယှက်မရှိတော့ဘူးဆိုရင် Cheon Sa yeon ကငါ့အပေါ်စိတ်ဝင်စားမှုရှိလာတော့မှာ မဟုတ်တော့ဘူး။
‘ဒါကအဲလိုဘဲ ဖြစ် သင့်တာမို့လို့ နောက်ထပ်ပြဿနာမရှိသင့်တော့ဘူး။ ‘
Cheon Sa-yeonက ငါ့အပေါ်အကြောင်းပြချက်မရှိဘဲစိတ်ဝင်စားလာတာ စိတ်ပျက်စရာဘဲ။ ငါသူ့နဲ့အဝေးမှာနေဖို့ဆုံးဖြတ်ထားတာကြောင့် Cheon Sa-yeon ငါ့အပေါ်စိတ်ဝင်စားနေစဥ်မှာ သူ့ဆိီကထှကျပွေးဖို့တညျးလမျးရှာတာ……. စိတ်ကူးထဲမှာတောင်ကြောက်စရာဘဲ။
Kin Woo Jin ရှိတဲ့အဆောက်အအုံကနေထွက်လာပြီး တက္ကဆီကျုတားလိုက်တယ်။ G 7နယ်မြေသွားရန်သူ့ကိုပြောတော့ ယဥ်မောင်းက
”အို..မင်းမှာစွမ်းရည်ရှိတာလား။ မရှိဘူးဆိုရင် အဲဒီG 7 နယ်မြေမှာ မီးဧကရီဘာဆိုလားဒါမှမဟုတ်အခြားတစ်ခုခုရှိတာလား?”
”ဟုတ်တယ် မီးလျှံဧကရီ Cha Soo-yeon သူ့နဲ့တစ် ဂိုဏ်း တည်းသားပါ”
ငါအရှက်မရှိစွာလိမ်ပြောလိုက်တယ်။
”ဝိုးးး မင်းရဲ့စွမ်းရည်ကဘာလဲလူငယ်လေး”
”အာ ငါ့မှာအထင်ကြီးစရာဘာမှမရှိပါဘူး။ ဂိုဏ်းမှာဆိုငါက စာရွက်စာတမ်းလုပ်တဲ့သူပါ”
ငါအဆင်မပြေတဲ့အပြုံးနဲ့ဖြေကြားတဲ့အခါယာဥ်မောင်းကအပြုံးနဲ့
”ဒါဘဲလား” လို့ပြောခဲ့တယ်
မိနစ်လေးဆယ့ကြာပြီးတဲ့နောက်မှာတက္ကဆီကရပ်လိုက်တယ်။ငါတက္ကဆီကထွက်လိုက်တဲ့အခါမှာ သတင်းမှာမြင်ခဲ့တာထက်ပိုများတဲ့လူအုပ်ကြီးကြောင့်ငါသက်ပြင်းချလိုက်မိတယ်။ Cha Soo yeon ကိုဒီနေရာကနေထုတ်ဖို့ငါဘယ်လိုလုပ်ရမလဲ။
မီးလျှံဧကရီ လို့ခေါ်တဲ့Cha Soo yeon ကJayna
ဂိုဏ်းကပိုင်ဆိုင်တဲ့A rank စွမ်းရည်ရှိသူပါ။ Han yi gyeol ကလေကိုင်တွယ်နိုင်သူလိုဘဲ Cha Soo yeon ကမီးကိုင်တွယ်နိုင်တဲ့ ကိုးရီးယားရဲ့စွမ်းရည်ကိုယ်စားပြုထဲကတစ်ယောက်သူ့ရဲ့လှပတဲ့သွင်ပြင်နဲ့ သန်မာတဲ့စွမ်းရည်တွေကြောင့် နောက်လိုက်အများအပြားရှိသူပါ။
လူအုပ်ကြီးကိုဖြတ်ပြီးအပြာရောင်တောက်နေတဲ့ဂိတ်တံခါးကိုငါကြည့်လိုက်တယ်။ ကြယ်အစုအဝေးလိုမျိုး အမည်းရောင်နက်အပြာနက်ရောင်တွေကကျပန်း ရောထွေး နေပြီး ဘဲဥပုံသဏ္ဍာန်တောက်ပနေတယ်။ အဲဒီထဲမှာ မည်သည့်သာမန်လူကိုမဆိုရုတ်တရက် သတ်ဖြတ်တော့မည့်ဆိုးရွားတဲ့မွန်းစတားတွေရှိနေတယ်။
ဝတ္ထုထဲမှာဖော်ပြခဲ့တဲ့အတိုင်းဆို ဂိတ်တွေကလွန်ခဲ့တဲ့နှစ်၂၀ ကတည်းကပေါ်လာခဲ့တာ။ ကမ္ဘာတစ်ဝန်းမှာရုတ်တရက်ပေါ်လာခဲ့တဲ့ဂိတ်တွေက မွန်းစားတားတွေကိုစတင်ပေါ်ပေါက်စေခဲ့တယ် ရုတ်တရက် ကမ္ဘာတစ်ဝန်းအရှုပ်အထွေးတွေဖြစ်စေခဲ့တယ်။
ဂိတ်ပေါ်လာပြီး၆လအကြာမှာတော့ သာမန်လူတွေကတစ်ယောက်ပြီးတစ်ယောက်နိုးထလာခဲ့တယ်။ စွမ်းအင်သုံးတဲ့သူတွေကအုပ်စုဖွဲ့လာခဲ့ပြီး ‘ရှင်းလင်းခြင်း’ လို့ခေါ်တဲ့ မွန်းစတားအားလုံးကိုသတ်ခြင်းဖြင့် မွန်းစတားတွေကိုထိန်းချုပ်ရန်ဂိတ်ထဲကိုဝင်လာခဲ့တယ်။
ဂိတ်ထဲကနေမွန်းစတားထွက်လာဖို့ကိုတားဆီးဖို့ ဂိတ်ကို၂လကြာတစ်ခါရှင်းလင်းဖို့လိုအပ်လာကြတယ်။ ပြီးနောက် စွမ်းရည်အသုံးပြုသူတွေက ဂိတ်ကိုထိန်းချုပ်ဖို့ ဂိုဏ်းတွေတည်ထောင်လာခဲ့တယ်။
လူများစွာသည်ကမ္ဘာကြီးကိုရက်စက်ကြမ်းကြုတ်သောမွန်းစတားလက်ထဲမှ ကယ်တင်ပေးကြတဲ့စွမ်းရည်အသုံးပြုသူတွေအပေါ် စိတ်အားထက်သန်ကြတယ်။ မင်းမှာသာ စွမ်းရည်ရှိရင် စည်းစိမ်နဲ့ကျော်ကြားမှုကိုရနိုင်တဲ့ခေါတ်ဘဲ။
‘ဒါပေမယ့် Han Yi gyeol……… ‘
ဘယ်လောက်ဘဲစဥ်းစားစဥ်းစား Cheon. Sa yeon လိုလူတစ်ယောက်ကိုဘာလို့သူ့ဘဝကိုထိန်းချုပ်ခွင့်ပေးလိုက်လဲနားမလည်နိုင်ဘူး။
ကျွန်တော်သာဖြစ်ခဲ့ရင် ငါ့ရဲ့စွမ်းရည်ကိုအစောကတည်းကအသိအမှတ်ပြုခွင့်ပေးလိုက်ပြီး ငါ့ဘဝကိုသက်သောင့်သက်သာနဲ့ပိုက်ဆံရှိရှိနေလိမ့်မယ်။ မဟုတ်ဘူး ငါမွန်းစတားကိုမဖမ်းဘူးဆိုရင်တောင်မှ Han yi gyeolရဲ့စွမ်းရည်တွေကအလွန်အသုံးဝင်တာမို့လို့ ငါဘယ်ကိုဘဲသွားသွား ငါအစာငတ်ပြီး မသေနိုင်ဘူး။
”ဝါးးး ”
”မီးလျှံဧကရီ”
”Cha soo yeon ssi!အင်တာဗျူးဖို့အချိန်နည်းနည်းလောက်ပေးပါ”
(ဒီမှာssiဆိုတာက ကိုးရီးယားမှာ လူနာမည်ပြောရင်နောက်ကထည့်ပြောတဲ့ဟာလေးပါ)
ရှင်းလင်းတဲ့ကောင်းကင်ကြည့်ကပြီး Han Yi gyeol ရဲ့ဘဝကို ငါငြီး တွားနေတုန်း ပတ်ဝန်းကျင်ကဆူညံလာတယ်။ Cha soo yeon ဂိတ်ကနေထွက်လာတယ်နဲ့တူတယ်။ ငါ့အနောက်ကလူအုပ်ရဲ့တွန်းဖယ်ခြင်းခံရခြင်းနဲ့အတူ Cha soo yeon ကနီးကပ်လာခဲ့တယ်။
”စောင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ G7နယ်မြေဟာရှင်းလင်းပြီးပါပြီ။
ငါ့နဲ့အတူဂိတ်ထဲလိုက်ဝင်ခဲ့တဲ့ အဖွဲ့ဝင်တွေအားလုံးလုံးခြုံပြီးတော့ ဂိတ်အတွင်းမှာ ဘာပြဿနာမှမရှိပါဘူး”
Cha soi yeon ရဲ့အသံဟာ အင်တာဗျူးတူကိုတုန့်ပြန်ခဲ့တယ်။ Cha soo yeon ဟာလူအုပ်ကြီးတွေ့တာတောင် အံသြမှုစိုးဥ်းမျှမပြဘဲ အင်တာဗျူးကိုကျွမ်းကျင်စွာ ဦးဆောင် ခဲ့တယ်။ လူအုပ်ထဲကနေငါ သူ့ရဲ့အင်တာဗျူးကိုနားထောင်ခဲ့တယ်။ ငါလူအုပ်ကိုဖြတ်လို့ရတာနဲ့ငါဖြတ်ကျော်လာခဲ့တယ်။ လူအုပ်ထဲကနေ Cha soo yeon ကိုဖမ်းဖို့ဆိုတာဝေးလွန်းတယ်။ စကားတောင်မပြောနိုင်ဘူး။
လူတွေဝန်းရံနေတဲ့ Cha Soo yeonကိုဘယ်လိုခွဲထုတ်ရမလဲငါစဥ်းစားနေတယ်။ ငါဆံပင်တစ်ခုတည်းကိုတောင်မမြင်နိုင်ဘူး။ ငါ့ရဲ့စွမ်းရည်ကိုသုံးဖို့စဥ်းစားလိုက်ပေမယ့် မကြာမီ ငါ့စိတ်ကိုပြောင်းလိုက်တယ်။
‘ဒါက ဒီကိစ္စရဲ့နောက်ဆုံးသောနည်းလမ်းဘဲ့’
ရည်ရွယ်ချက်ပြီးမြောက်စေဖို့အနည်းငယ်စောင့်ပြီးနောက် အင်တားဗျူးပြီးတော့လူအုပ်ထဲကနေထွက်နေတဲ့Cha soo yeon ဆီတည့်တည့် ငါပြေးသွားခဲ့တယ်။
” Cha soo- yeon seonbaenim(senior)!”
လမ်းပေါ်မှာရပ်ထားတဲ့ကားဆီဝင်တော့မယ်Cha soo yeon က သူ့ရဲ့ခေါင်းကိုငါ့ဘက်လှည့်လိုက်တယ်။ ငါအမြဲတမ်းလုပ်ခဲ့တဲ့အဖြူစင်ဆုံးအပြုံးနဲ့ သူ့ဆီလျှောက်သွားလိုက်တယ်။
”ဘယ်သူလဲ”
”good morning ! မင်းနဲ့တွေ့ရတာဂုဏ်ယူစရာပါ။ အာ..ကျွန်တော် ကRoheon ဂိုဏ်းရဲ့ အသစ်ဝင်ရောက်သူပါ။
Roheon ဂိုဏ်းက အဓိကဇာတ်ကောင်ရှိနေတဲ့ဂိုဏ်းပါ။ ငါ့ရဲ့စကားတွေကြောင့် Cha soo yeon ကပုံမှန်အတိုင်းအဓိကဇာတ်ကောင်ကိုသွားတွေးမိတယ်။ ဒါကြောင့်သူမ ရင်းနှီးတဲ့မျက်နှာကိုပြင်လိုက်တယ်။
”Roheon ဂိုဏ်းကိုအသစ်ဝင်ရောက်သူလား။
မင်းကစွမ်းရည်အသုံးပြုသူပေါ့။”
”ဟုတ်ကဲ့ ဒါပေမယ့်ကျွန်တော့် စွမ်းရည်က Cha soo yeon seonbaenim(senior)လောက်မကောင်းပါဘူး။ ကျွန်တော့် နာမည် Han yi-gyeol ပါ”
Cha soo-yeon ကကျွန်တော်ရှက်ရွံံ့စွာနဲ့ ဂရုတစိုက်ဆန့်ထုတ်ထားတဲ့လက်ကို ဝမ်းမြောက်စွာ ကိုင်ခဲ့တယ်။
”မင်းနဲ့တွေ့ရတာ ဝမ်းသာပါတယ်”
”ကျွန်တော် ရောဘဲ။ ကျွန်တော် seonbaenim (senior)ကိုတကယ်ကြိုက်တာ။ ကျွန်တော်ကဖန်တစ်ယောက်ပါ။ အာ!… seonbanimလို့ခေါ်တာအဆင်ပြေရဲ့လား”
”ရတာပေါ့။ မင်းက Roheon ဂိုဏ်းကအဖွဲ့ဝင်လား။ Roheon ဂိုဏ်းက စွမ်းရည်အသုံးပြုသူအသစ်ကို ဒီအချိန်မှာရခဲ့တာလား…”
”ဒါက ကျွန်တော့် ကို့လမ်းပေါ်ကနေခေါ်ခဲ့တာကြောင့်ပါ။”
”အာာာ”
ကံကောင်းထောက်မစွာ ငါ့ရဲ့အမြန်စဥ်းစား Cha soo-yeon ကသူ့ရဲ့ခေါင်းကိုဘာသံသယမှမရှိဘဲ ညိတ်ခဲ့သည်။ သူ့ရဲ့ကြမ်းတမ်းတဲ့ပုံနဲ့ဆန့်ကျင်ပြီး လူကတော့ရိုးစင်းနေပါတယ်။ အခုချိန်မှာ ငါ့ပုံက အမှန်တကယ်ကို ဆုရနိုင်တဲ့ရုပ်ပါ။
”မင်းဘာလို့ရောက်လာတာလဲ”
” ဘာမှမဟုတ်ပါဘူး…….”
ငါစဥ်းစားချင့်ချိန်တဲ့ပုံနဲ့အသက်ရှူလိုက်ပြီးငါ့အသံကိုနိမ့်လိုက်တယ်။
”အမှန်တော့ ကျွန်တော် ဒီကိုလာတာseonbaenim ကိုအရေးကြီးတဲ့သတင်းလာပို့တာပါ။”
”အဲဒါဘာလဲ”
”ဒါပြီးရင်တခြားအစီအစဥ်ရှိသေးလား”
ငါတိုးတိုးလေးမေးတဲ့အခါ Cha soo yeon ကအံသြတဲ့အကြည့်ကိုသူ့မျက်နှာမှဖော်ပြခဲ့သော်လည်း ရိုးသားစွာပြန်ဖြေခဲ့တယ်။
”မရှိဘူး။ ငါနောက်ထပ်မစဥ်းစားရသေးဘူး။”
”ဒါကောင်းတယ်”
ငါအမှန်တကယ်စိတ်သက်သာရာရသွားတဲ့အခါ Cha soo yeon ကသူ့မျက်လုံးထဲမှာပြင်းထန်တဲ့သိလိုစိတ်နဲ့ငါ့ကိုကြည့်ခဲ့တယ်။ ငါဘာအကြောင်းကြောင့် ဒီလိုအချိန်ဖြုန်းနေတာလဲ။
ဒီအချက်ကြောင့်ဘဲလေ သူမအတွက်လုံလောက်ပြီလို့ငါခံစားရတဲ့အတွက် ငါငြင်ငြင်သာသာလေးပြုံးပြီး ငါ့ရဲ့အဓိကအချက်ကိုပြောခဲ့တယ်။
”သူကပြောခဲ့တယ်။သူအဆင့်မြင့်စားသောက်ဆိုင်မှာမှာယူထားပြီး ကျွန်တော့ကို Cha soo-yeon seonbaenim ကိုခေါ်လာပေးဖို့အဖိုးတန်တာဝန်ကိုပေးခဲ့တယ်။”
”သူ…..”
”ဟုတ်ကဲ့ Ha Tae-heon seonbaenim ”
Cha soo yeon ကငါပြောတာကြားတဲ့အခါမှာ သူမရဲ့မျက်လုံးတွေကကျယ်လာပြီး သူမ ရဲ့ပါးတွေက ချက်ချင်းအနီရောင်သန်းလာတယ်။
သူမကငါ့ကိုကြည့်လိုက်တော့ သူမရဲ့မျက်နှာမှာရှုပ်ထွေးမှုတွေပြည့်နေပြီးတော့ သူမရဲ့မျှော်လင့်ချက် ကိုမဖုံးထားနိုင်ခဲ့ဘူး။ သူမကသူ့ကိုတကယ်ကြိုက်တာဘဲ။ ငါအနည်းငယ် စိတ်ထိခိုက်မိတယ်။
”ငါ …….တကယ်လား။ Tae heon ?”
”ဟုတ်ကဲ့ တကယ်ပါ”
”ဒါပေမယ့် သူဘာလို့စာမပို့ ဖုန်းမခေါ်တာလဲ..”
ငါပြုံးခဲ့တယ်
”သူကအခုမီတင်လုပ်နေတယ်။ မီတင်ကရုတ်တရက်ပေါ်လာခဲ့တာ Cha soo yeon seonbaenim ဂိတ်ရှင်းတဲ့အချိန်မှာ။ ဒါကြောင့်သူကျွန်တော့်ကိုဖြစ်နိုင်သမျှမြန်မြန်လာခိုင်းခဲ့တာ။ သူပြောခဲ့တယ်သူစားသောက်ဆိုင်ကို မီတင်ပြီးတာနဲ့ ချက်ချင်း လာခဲ့မယ်လို့။”
”ငါသိပြီ”
Cha soo yeon ရဲ့ပါးပြင်ကပိုပြီးနီလာပြီး သူမရဲ့ခေါင်းကိုငြိမ့်ခဲ့တယ်။ ဒါကသူမသူ့ကိုအလွန်ကြိုက်တဲ့ပုံဘဲ။ သူမသူ့ကိုအရမ်းချစ်ရမယ်။ ငါ့ရဲ့အချိန်ကြာကြီးပျောက်ဆုံးနေခဲ့တဲ့အသိရှိစိတ်ကငါ့နှလုံးကိုလှုပ်ခါခဲ့တယ်။ အကယ်၍အခြေအနေသာပေးခဲ့ရင် သူ့ရဲ့ခံစားချက်ကိုလိမ်ခဲ့တယ်လို့ ငါဝန်ခံခဲ့မယ်။
Ha Tae heon သူကချောက်နက်ဝတ္ထုထဲက အဓိကဇာတ်ကောင်ဘဲ။
သူကချောမောတဲ့ကောင်ဘဲ။ မရေမတွက်နိုင်အောင်မိန်းမလှလေးတွေကိုကယ်ခဲ့ပြီးသူတို့ရဲ့အချစ်ကိုပေးအပ်ခြင်းကိုခံရတယ်။ သူ့မှာချောမောတဲ့မျက်နှာ စွမ်းရည်ကောင်း ပြည့်စုံတဲ့ကိုယ်ရည်ကိုယ်သွေး နဲ့ ဉာဏ်ရည်ထက်မြက်မှု ဒါတွေအားလုံးရှိတဲ့သူဘဲ။
Cheon Sayeon ကချောမောမှု စွမ်းရည်ကောင်း ဉာဏ်ထက်မြက်မှုတွေရှိပေမယ့် သူ့မှာလူသားဆန်မှုမရှိဘူး။ အခြားတစ်ဖက်မှာ Ha Tae heon က အဓိကဇာတ်ကောင်အဖြစ်အံဝင်ခွင်ကျဖြစ်နေတယ်။
”ငါဘယ်ကိုသွားသင့်တာလဲ”
”ငါအဲဒီကိုလမ်းညွှန်ပေးမယ်”
ငါမောင်းသူနေရာမှာမြန်မြန်ဝင်ထိုင်လိုက်ပြီး ရဲ့ရင်စွာဖြေလိုက်တယ်။
မောင်းသူနေရာက မမျှော်လင်စွာနံယူဆောင်သွားခြင်းခံရသော်လည်း Cha soo yeon ကဘာစကားမှမပြောဘဲ ခရီးသည်ခုံမှာဝင်ထိုင်လိုက်တယ်။ သူ့မျက်နှာကြည့်လိုက်တော့ သူမမှာအသိတစ်ဝက်သာရှိပုံပေါ်တယ်။
”ကျွန်တော် အခုကားမောင်းပြီနော်”
Cha soo yeon ရဲ့ထိုင်ခုံခါးပတ်ကို ဂရုတစိုက်ပတ်ပြီးနောက်ကားကိုစတင်မောင်းခဲ့တယ်။
Cha soo yeon ကိုကြိုးစားအားထုတ်မှုမရှိဘဲဖမ်းနိုင်ဖို့ငါလိမ်ခဲ့တာပါ။ အချိန်ပြန်လှည့်နိုင်ခဲ့ရင်တောင်မှ ငါအတူတူဘဲလုပ်မှာပါ…….
ငါသက်ပြင်းချလိုက်တယ်..