အနှိုင်းမဲ့သခင်(နီဆွေး)

4.5
Your Rating
အနှိုင်းမဲ့သခင်(နီဆွေး) 4.5 (2)
28
Comments
2 Users bookmarked This

ထာဝရကမ္ဘာတွင် ရတနာတပါးရှိသည်။ ထိုရတနာ၏တည်နေရာအား မည်သူမှမသိသော်ငြား လောကအရှင်စံမြန်းရာ ထာဝရနန်းတော်တွင်တည်ရှိသည်ဟု ဆိုကြသည်။ တစ်ခုတည်းသော ပြဌာန်းချက်မှာ “ထိုရတနာအား ပိုင်ဆိုင်သူသည် နောင်တတ်မည့်လောကအရှင် ဖြစ်လာပေလိမ့်မည်” ဟူ၍ပင်။
 
        ရတနာအားရယူရန် သတ်မှတ်ချက်များနှင့်ပြည့်မှီရန်လိုအပ်ပေသည်။ သို့သော်လဲ ထိုသတ်မှတ်ချက်များအား မသိရှိကြ။ ထိုအကြောင်းအရာများအားသိရှိသူများမှာ မဟာနတ်ဘုရား၁၀ပါးသာ ရှိလေသည်။ ထိုသူများအားရှာဖွေရန် စွန့်စားသူတို့က အဖွဲ့များဖွဲ့၍ ပင်လယ်ပြာ၌ ခရီးထွက်ကာ စွန့်စားခန်းများဖွင့်ကြလေတော့သည်။

နီဆွေး – “ရတနာတွေဘာတွေ ငါလုံးဝစိတ်မဝင်စားဘူး ငါစိတ်ဝင်စားတာတစ်ခုပဲရှိတယ် လက်စားချေမယ်”

မဟာနတ်ဘုရား၁၀ပါး – “မင်းစကားမင်းမှတ်ထား​နော်!”

       ကဲကဲ ဒီဇာတ်လမ်း​လေးက နီ​ဆွေး နဲ့ ရှန်​ဇေ ဆိုတဲ့​ကောင်​လေးနှစ်ယောက်က အစပြုပါတယ်။ ကြိုတင်သတိ​ပေးချင်တာက​တော့ mcက op (overpowered)ပါ​။ အရမ်းကြမ်းသလို အရမ်းလဲအူ​ကြောင်​ကြောင်နိုင်ပါတယ်။ အဖွဲ့သား​တွေကလဲ ကြမ်းပါတယ်။ တစ်​ယောက်တစ်မျိုးစီလဲ ​​ပေါပါတယ်။ အဖွဲ့လိုက်ကြမ်းတာပါသလို တစ်ဦးချင်းအပီတွယ်တာ​​တွေလဲ ရှိပါတယ်​။

မှတ်ချက်-mcက အနာဂတ်လက်တွဲ​ဖော်၁​ယောက်ပဲရမှာပါ ကျန်တာက​တော့ ကိုယ်လဲမသိပါဘူး။ အ​ရေးကြီးဆုံးက​တော့အဖွဲ့ဝင်​တွေကြားမှာ အချစ်​ရေးကိစ္စ​တွေရှိမလာနိုင်ပါဘူး။

Genre(s)
Tags(s)