Arranged Marriage
Follow
ရူးသွပ်စွဲလမ်းမိသူ
ဇာတ်လမ်းအကျဥ်း
Type – Web Novel
Genre –Adult,Drama,Mature,Romance,Smut
Author – 백아름
Translator – Indra
*****
အခုလိုမျိုး လူတစ်ယောက်အပေါ်မှာ ဒီလောက်အထိမက်မောတောင့်တစိတ်တွေဖြစ်မိတာ သူ့အတွက်တော့ ပထမဆုံးအကြိမ်ပဲ။
ခုချက်ချင်း သူ(မ)ကိုသာ သူ့ရင်ခွင်ထဲ ပွေ့ဖက်မထားရဘူးဆိုရင် သူ ရူးသွပ်သွားမိမှာ။နေ့တိုင်းနေ့တိုင်း သူ(မ)ကိုပွေ့ဖက်ပြီး သူ(မ)ရဲ့နှုတ်ခမ်းပါးလေးတွေကို နမ်းရှိုက်နေရတာတောင်မှ သူ(မ)အပေါ်ဖြစ်တည်နေတဲ့ သူ့ရဲ့လောင်ကျွမ်းမတတ်အာသီသပြင်းပြမှုတွေက ဘယ်တော့မှမရောင့်ရဲနိုင်ခဲ့ဘူး။
“လွှတ်။ကျွန်မကိုလွှတ်ပေး။ကျွန်မ ရှင့်ကိုမုန်းတယ်။”
“ဘာလို့လဲ။မင်း ကိုယ့်ကိုမုန်းတယ်ဆိုရင်တောင်မှ မင်းကို ကိုယ့်အပိုင်ဖြစ်အောင်လုပ်မှာ။” သူ့ရဲ့အေးစက်စက်မျက်ဝန်းတွေမှာ သူ(မ)ပုံရိပ်တွေနဲ့ပဲ ပြည့်နှက်နေတယ်။
“အဲ့ဒါကြောင့် ထွက်ပြေးဖို့မတွေးဘဲ ကိုယ့်ဘေးမှာပဲ အမြဲတမ်းနေ’နေပေး။ဟုတ်ပြီလား။မင်းဘက်က ကိုယ့်ကိုမုန်းနေရင်တောင်မှ ကိုယ်ကတော့ မင်းကို လိုအပ်တယ်။”
ချက်ချင်းဆိုသလို သူ(မ)လက်က ထယ်ဆော့ရဲ့ထိန်းချုပ်မှုအောက်ကို ကျရောက်သွားခဲ့တယ်။မုန်တိုင်းက ရုတ်ခြည်းပျောက်ကွယ်သွားသလိုမျိုး ကားတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေရဲ့။
“ကျွန်မ ဒီစကားကို အရင်ကလည်းပြောခဲ့ဖူးပါတယ်။ရှင့်ရဲ့ အေးစက်စက်ရုပ်ရည်နဲ့မှမလိုက် စိတ်ကတော့ တော်တော်လေးဒေါသထွက်လွယ်တယ်ဆိုတာကိုပေါ့။”
သူ(မ)ရဲ့ဆံပင်တွေကို ပွတ်သပ်နေတဲ့လက်က အောက်ဘက်ကိုတဖြည်းဖြည်းရောက်ရှိလာ တယ်။အဲ့ဒီနောက်မှာတော့ သူ(မ)မျက်ရည်တွေကို ညင်ညင်သာသာလေး ဖယ်ရှားပေးခဲ့တယ်။
“ဖြစ်နိုင်တာကကိုယ့်ဘဝမှာ ဘယ်အရာကိုမှ ဒီလောက်အထိမစောင့်ခဲ့ဖူးလို့နဲ့တူပါရဲ့”
သူ့မျက်နှာက တဖြည်းဖြည်းနီးကပ်လာတာကြောင့် ဟယ်ဝန်မျက်လုံးတွေကို မှိတ်ထားလိုက်မိတယ်။သူ့ရဲ့ပင့်သက်လေနွေးနွေးတွေက သူ(မ)နှုတ်ခမ်းပါးတွေကို ကျီစယ်နေသလိုမျိုးပဲ။
“…ဒါပေမဲ့ ကိုယ်က တော်တော်လေးစိတ်ရှည်တတ်တယ်။”
*****
Swara Web Novel Translation
(အပတ်စဥ်စနေနေ့ည ၉ နာရီဝန်းကျင်တိုင်း အပိုင်းသစ်တင်ပေးပါ့မယ်။)
Ei myat myat
🙆🙆🙆🙆🙆
Indra
❤❤
@amaranway777
ဘယ်နေ့တွေတင်တာလဲဟင်
Indra
အပတ်စဥ် စနေနေ့ည ၉ နာရီဝန်းကျင်တိုင်း အပိုင်းသစ်တင်ပေးပါတယ်ရှင့်
@amaranway777
ဟုတ်💙