Death Can’t Sleep
Follow
ဝတ္ထုအမည် – အိပ်ပျက်ညများရဲ့ ကယ်တင်ရှင်
မူရင်းအမည် – 죽음은 잠 못 이루고 (Death Can’t Sleep)
ဝတ္ထုပုံစံ – Webnovel (ကိုရီးယား)
ဝတ္ထုအမျိုးအစား – စိတ်ကူးယဥ် အချစ်ဇာတ်လမ်း
မူရင်းစာရေးသူ – 인식론
ဘာသာပြန်သူ – Marilee
****
ဇာတ်လမ်းအကျဥ်း
“ကိုယ် မင်းမရှိဘဲ အိပ်လို့မရတော့ဘူး”
ခပ်ခေါင်ခေါင် မြောက်ဖျားစွန်းမှာ နေ့တိုင်းလိုလို ဓားကိုလွှဲရင်း ရုန်းကန်ရှင်သန်နေရတဲ့ ခပ်နွမ်းနွမ်း မြို့စားတစ်ဦးရဲ့သမီး အာမာရီယွန် အာမာရီ။
တစ်နေ့မှာတော့ ‘လမ်းလျှောက်နေတဲ့ သေမင်းတမန်’ ရယ်လို့ အများသိတဲ့ အင်ပါယာက အာဂမှူးမတ်အနွယ်ဝင် မဟာနယ်စားမင်း မော့ထ်ဆီကနေ ကမ်းလှမ်းချက်တစ်ခုကို ရရှိခဲ့တယ်။
“ငါ့ရဲ့ ဇနီးသာ ဖြစ်လာပေး။ ငါ မင်းကို အရာအားလုံးပေးမယ်”
အာမာရီယွန်တစ်ယောက် ငြင်းရက်ဖွယ်မရှိတဲ့ ကမ်းလှမ်းချက်ကို လက်ခံရဖို့ ဖြစ်လာတော့တယ်။ မင်္ဂလာဦးညမှာ မဟာနယ်စားမင်း တောင်းဆိုလိုက်တာကတော့…
“တစ်ညလုံး ငါ့အနားမှာ ရှိနေပေး။ ဒါပေမဲ့ မင်း နိုးကြားနေမှဖြစ်မယ်”
မဟာနယ်စားမင်းတစ်ယောက် သူ့ဆီ ဓားတစ်လက်ကမ်းပေးပြီး အိပ်ရာဝင်သွားတဲ့နောက်မှာတော့ ဟောဒီ ချောမောလှပပြီး ကြောက်စရာကောင်းတဲ့လူက သူ့လို စစ်သည်တော်တစ်ယောက်ကို ဘာကြောင့် မဖြစ်မနေ လက်ထပ်ရတယ်ဆိုတာ အာမာရီယွန် နားလည်လိုက်ရပါတော့တယ်။
“မင်းက ကိုယ့်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အံ့ဖွယ်တစ်ပါးပါပဲ”
ဖြတ်သန်းရတဲ့ညတွေ ကြာရှည်လာတာနဲ့အမျှ မဟာနယ်စားမင်းတစ်ယောက် ဇနီးဖြစ်သူကို ပိုနက်ရှိုင်းစွာ ချစ်မိလာခဲ့ပြီး အာမာရီယွန်ဟာလည်း သူ့ရဲ့ နူးညံ့ချိုသာမှုတွေကို မလွန်ဆန်နိုင်ဘဲ ဖြည်းဖြည်းချင်း နှလုံးသားကို ဖွင့်ဟမိတော့တယ်….
အဲဒီလိုနဲ့ နှစ်ယောက်ကြားက အက်ရှင် ရိုမန့်စ်လေး စတင်ခဲ့တော့တာပေါ့။
****
Swara Webnovel Translation
Author Profile
Latest entries
BlNovember 26, 2023Swamping with Imtimacy Season-1
DestinyNovember 19, 2023The Male Protagonists Are Trapped In My Paintings
AristocracySeptember 29, 2023If You Wish For A Married Couple’s Duties
Apathetic ProtagonistSeptember 26, 2023The Villainess Paints A Picture
ThingyanMoe
ဘယ်နေ့တွေတင်တာလဲရှင်သူက
Marilee
ဒါလေးက အပတ်စဉ် သောကြာနေ့တိုင်း update ရှိပါတယ်ရှင့်။